11/09/2026
စိတ်ဝင်စားဖို့ကောင်းတဲ့အတန်း
ကျွန်မတို့ ပထမနှစ်တွေအတွက် အတန်းတွေရွေးရတဲ့အချိန်မှာ ခက်ခဲခဲ့တာက ဘယ်အတန်းက ကိုယ်နဲ့ကိုက်ညီမလဲ၊ ဘယ်အတန်းက စိတ်ဝင်စားစရာကောင်းမလဲဆိုတာကို စဉ်းစားရတဲ့အချက်ပါပဲ။ ဒါပေမဲ့ စီနီယာတွေက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ အကြံပေးချက်အရ 「サブカルチャー論」 ဆိုတဲ့အတန်းကို ရွေးခဲ့လိုက်တယ်။
အဲ့ဒီအတန်းမှာ ဂျပန်ယဉ်ကျေးမှုနဲ့ ဝိညာဉ်တွေနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို သင်ယူရတဲ့အပြင် ဂျပန်မှာ နာမည်ကြီးတဲ့ Anime တွေထဲက သရဲတစ္ဆေတွေက ဘယ်လိုမျိုးသော ကာရိုက်တာတွေနဲ့ ယဉ်ကျေးမှုတွေကနေ ဆင်းသက်လာတယ်ဆိုတာကိုလည်း သိခွင့်ရခဲ့တယ်။
နိုင်ငံတကာက ဝိညာဉ်တွေ၊ သရဲတစ္ဆေတွေအကြောင်းနဲ့ ယဉ်ကျေးမှုတွေဆက်စပ်နေပုံတွေကိုလည်း အနည်းအကျဉ်း သိခွင့်ရခဲ့သလို၊ စိတ်ဝင်စားဖို့ကောင်းတဲ့အတန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျောင်းလေ့လာရေးအနေနဲ့ Kyoto မြို့ထဲက ဘုရားကျောင်းတစ်ခုဖြစ်တဲ့ 六道珍皇寺 ဆိုတဲ့နေရာကို သွားခဲ့ပြီး အဲ့ဒီနေရာရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်တာတွေကိုလည်း အများကြီး သိခွင့်ရခဲ့တယ်။
ဒီအတန်းရဲ့ နောက်ဆုံး Report ရေးတဲ့အချိန်မှာ စာတွေရှာဖတ်ရင်းနဲ့ ကိုယ့်နိုင်ငံရဲ့ ဝိညာဉ်လောကအကြောင်းကို ပိုသိချင်လာခဲ့ပြီး စာတွေလည်း ထပ်ရှာဖတ်ဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် ကိုယ့်အတွက် ဝါသနာပါတဲ့အရာတစ်ခုကို ထပ်ပြီး သိရှိစေခဲ့တဲ့အတန်းလို့ ပြောရင်လည်း မမှားပါဘူး။ 🤲
【စာရေးသူ- 社会共創学科 ၊ ပထမနှစ်ကျောင်းသူ မြန်မာနိုင်ငံမှ P.】
好きな授業
私たち1年生が授業を選ぶときに難しかったことは、どの授業が自分に合っているのか、どの授業が興味深いのかを考えることでした。でも、先輩たちから「面白い授業だよ」とアドバイスをもらい、「サブカルチャー論」という授業を選びました。
この授業では、日本の文化や霊に関することを学ぶだけでなく、日本で有名なアニメに出てくる幽霊や妖怪が、どのようなキャラクターや文化から生まれたのかについても知ることができました。
また、日本だけではなく、世界のさまざまな霊や幽霊と、それぞれの文化との関係についても少し学ぶことができ、とても興味深い授業でした。授業の一環として、京都市内にある「六道珍皇寺」にも行き、その場所の歴史についても詳しく知ることができました。
最後のレポートを書くために資料を調べているうちに、自分の国の霊の世界についてももっと知りたいと思うようになり、さらにいろいろな資料を調べました。そのため、この授業は、自分がもともと興味を持っていたことについて、さらに深く知るきっかけになった授業だと思います。🤲
【執筆者:社会共創学科・1年生/ミャンマー出身 P.】
#光華 #留学生 #大学生活
#好きな授業