04/09/2026
ကိုယ့်ပတ်ဝန်းကျင်မှာ လူကောင်းတွေပဲ ရှိတယ်လို့ သိထားရင် ...
ဒါ ကိုယ်အရွယ် မရောက်သေးလို့ပါ။
ကိုယ့်ပတ်ဝန်းကျင်မှာ လူတိုင်း ကောင်းတာမဟုတ်ဘူးလို့ သိလာရင် ... ဒါ ကိုယ်ရင့်ကျက်လာလို့ပါ။
ကိုယ်တိုင်လည်း သိပ်ပြီး ကောင်းမနေဘူးလို့ သတိထားမိလာရင် ...
ဂုဏ်ယူပါတယ်.... ကိုယ် အသိတရား၊ နိုးကြားမှု ရှိလာပါပြီ။
****
ငယ်ရွယ်တုန်းက လူတွေကို “လူကောင်း... လူဆိုး” ဆိုပြီး ရိုးရိုးလေး ခွဲမြင်တတ်တယ်။
နောက်ပိုင်း ဘဝအတွေ့အကြုံတွေ များလာတဲ့အခါ...
“ဪ… လူတချို့က ကိုယ့်အပေါ် ကောင်းတယ်လို့ ထင်ရပေမယ့် တချို့အချိန်မှာ မကောင်းနိုင်ပါဘူး။ လူတစ်ယောက်မှာ ကောင်းတဲ့ဘက်ရော မကောင်းတဲ့ဘက်ရော ရှိနိုင်တာပဲ” ဆိုတာ နားလည်လာတယ်။
ဒီထက်ပိုပြီး ရင့်ကျက်လာတဲ့အခါ သူများကိုပဲ အပြစ်တင်မနေတော့ဘဲ ကိုယ့်ကိုယ်ကိုယ်ပါ ပြန်ကြည့်တတ်လာတယ်။
“သူများမှာ အားနည်းချက်ရှိသလို ငါ့မှာလည်း အားနည်းချက်ရှိတယ်။ ငါလည်း အမြဲမှန်နေတဲ့ လူကောင်းတစ်ယောက် မဟုတ်ဘူး” လို့ ဝန်ခံနိုင်လာတယ်။
တကယ်တော့ “လူတိုင်းမကောင်းဘူး” ဆိုတာကို သိတာထက် “ကိုယ်တိုင်လည်း ပြည့်စုံတဲ့လူ မဟုတ်ဘူး” ဆိုတာကို သိလာခြင်းက ပိုနက်ရှိုင်းတဲ့ ရင့်ကျက်မှု ဖြစ်ပါတယ်။
--- မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ