07/05/2026
*Notice on Application for the GZNU 2026/2027 Academic Year *
**Silk Road Program of Chinese Government Scholarship**
ဒီနေ့တော့ Guizhou Normal University (GZNU) ကနေ ခေါ်နေတဲ့ Silk Road Program of Chinese Government Scholarship အကြောင်းလေး ပြောပြပေးပါမယ်။
** လျှောက်ထားသူများသည် တရုတ်နိုင်ငံသားမဟုတ်သော “Belt and Road” ပူးပေါင်းနိုင်ငံများမှ နိုင်ငံသားများ ဖြစ်ရမည်ဖြစ်ပြီး၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာ၊ ရုရှား၊ ယူဂန်ဒါ စသည့်နိုင်ငံများ ကို အဓိက ဦးစားပေး သွားမှာ ဖြစ်ပါတယ်။
**Master Degree program Chinese taught only အတွက်ဖြစ်ပါတယ်။
*** လျှောက်ထားရမဲ့ မေဂျာကလည်း *Tourism Management * သီးသန့်သာဖြစ်ပါတယ်။ Chinese Taught program ဖြစ်တဲ့အတွက် အသက် ၃၅ နှစ်အောက် HSK 4 အနည်းဆုံးရှိသူဖြစ်ရပါမယ်။
**လျှောက်ထားရမဲ့ ပုံစံကတော့ https://studyinchina.csc.edu.cn/ #/register ဒီlink ထဲမှာ ဝင်ဖြည့်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။
>> Application Deadline ကတော့ April 29,2026 ကနေ May 25,2026 အထိဖြစ်ပါတယ်။
GZNU Type B Agency number ကတော့ 10663 ပဲဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများ အချိန်မီ လျှောက်ထားနိုင်ဖို့ Share ပေးလိုက်ပါတယ်။ သိလိုသည်များကိုလည်း လာရောက်မေးမြန်းနိုင်ပါတယ်။