ဇာတိမြေ _ကျောက်ရဲ_ရွာသစ်

  • Home
  • Myanmar
  • Chauk
  • ဇာတိမြေ _ကျောက်ရဲ_ရွာသစ်

ဇာတိမြေ _ကျောက်ရဲ_ရွာသစ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဇာတိမြေ _ကျောက်ရဲ_ရွာသစ်, Chauk.

ခရီးရောက်နေပါပြီ
27/08/2025

ခရီးရောက်နေပါပြီ

18/04/2025
14/04/2025
12/04/2025

စက်ဘီးရာသီစတင်ခြင်း

20/12/2024
30/09/2024

ဆိုင်ငှားဖွင့်တော့မယ်ဆိုရင် အပိုင်း (၁)
-----------------------------------------------

စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ ဆိုရင် ခံစားချက်နဲ့ မဆုံးဖြတ်ဘဲ Data အချက်အလက်နဲ့ဘဲ ဆုံးဖြတ်ပါ။

ဥပမာ- ဆိုင်ခန်းတစ်ခန်း ငှားတော့မယ်ဆိုရင်
တော်တော်များများ လုပ်ငန်း အမျိုးအစား တွေ အများစုအတွက် တည်နေရာ Location ကအရမ်း အရေးကြီးတယ်။

ဥပမာ - လက်လီဆေးဆိုင် တစ်ဆိုင် ဖွင့်ဖို့ ဆိုင်ခန်းရှာမယ် ဆိုပါစို့။ တည်နေရာ အချက်အချာ ကျပြီး အကွက်အကွင်း ကောင်းဖို့ကအသက် ဘဲ။

လက်လီ ဆိုင်တစ်ဆိုင် ရောင်းကောင်း ဖို့က လမ်းမကြီး ပေါ်မှာ ဖြစ်စရာမလိုဘူး။

လူအသွားအလာများတဲ့ နေရာတို့လမ်းဆုံလမ်းခွတို့ ရပ်ကွက်​ဈေးအနီးအနားတို့ဆို ပိုအဆင်ပြေတယ်။

Location မကောင်း လို့ကတော့ အဲ့ဆိုင် လခ free ဆိုရင်တောင် မဖွင့်ပါနဲ့
ဝန်ထမ်းစရိတ် ဆိုင်စရိတ်ပါ ရှုံးမယ်

ဆေးဆိုင်ရယ်လို့ မဟုတ်ဘူး မည်သည့် လက်လီ ဆိုင် အတွက်မဆို အရေးအကြီး ဆုံး က Location ပါ ဘဲ

ဆက်ရန်...

ဆိုင်ငှားဖွင့်တော့မယ်ဆိုရင် အပိုင်း (၂)
----------------------------------------------

ကိုယ်ငှားမယ့်ဆိုင် Location အရမ်းကြိုက်ပြီဆိုပါတော့။

လုံးဝ ချက်ခြင်း စရံမချပါနဲ့အုံး။ ပွဲစားအများစု စကားတွေ လုံးဝနားမယောင်ပါနဲ့။ စေတနာမှန်တဲ့ ပွဲစား တွေ ရှိသလို ပွဲဖြစ်ဖို့တစ်ခုထဲ ကြည့်တဲ့ ပွဲစားတွေလဲ အများကြီး။

ခံစားချက်နဲ့ မဆုံးဖြတ်ပါနဲ့။ Data အချက်အလက်နဲ့ဘဲ ဆုံးဖြတ်ပါ။

လက်ရှိ အနေအထား အရ ပျမ်းမျှခြင်း တစ်နေကုန် ဆိုင်ရှေ့က လူဘယ်နှစ်ယောက်
လောက် ဖြတ်လျှောက်တတ်လဲ? အဲ့ထဲကမှ ကိုယ့်ဆိုင်ကို ဘယ်နှစ်ယောက်လောက် ဝင်နိုင်မလဲ? ဝင်လာတဲ့ လူတွေထဲကမှ ဘယ်နှစ်ယောက်လောက် ဝယ်နိုင်ဖို့ အလားအလာရှိလဲ? အဲ့အချက်အားလုံး ကို ခန့်မှန်းခြေ တွက်လို့ရအောင် ၁ ပတ်လောက် အဲ့ဆိုင်နားမှာ တစ်နေကုန်နေပါ။

ပြီးတော့လက်ရှိ ဘာဆိုင်ဖွင့်ထားလဲ ။ ဘာ့ကြောင့်လက်ရှိ ဆိုင်ငှားက ပြောင်းချင်တာလဲ။
လက်ရှိ ဆိုင်ငှားနဲ့ ကိုယ်ဖွင့်မဲ့ဆိုင် လိုင်း တူရင်တော့ ပို လေ့လာရ လွယ်တာပေါ့။

ဆက်ရန်...

ဆိုင်ငှားဖွင့်တော့မယ်ဆိုရင် အပိုင်း (၃)
-----------------------------------------------

လက်ရှိဆိုင်ငှား က မကိုက်လို့လား? ဒါမှမဟုတ် ဆိုင်ရှင် က ခဏ ခဏ ဈေးတင်လို့လား? သေချာစုံစမ်းကြည့်ပါ။

အရေးအကြီးဆုံး အပိုင်းရောက်လာပါပြီ။
ပထမ ၆ လအတွင်းတစ်နေ့ ကိုယ့် ပျမ်းမျှရောင်းအား ဘယ်လောက်ရှိနိုင်မလဲ? နောက်ထပ် ၆ လ အတွင်း ရော ဘယ်လောက် ထပ် တိုးသွား နိုင်မလဲ? ဘယ်သူမှတော့ အတိအကျမသိနိုင်ပေမဲ့ ကိုယ့်အတွေ့အကြုံနဲ့အနီးစပ်ဆုံး တော့ ခန့်မှန်းနိုင်ရပါမယ်။

ကိုယ်ရောင်းမဲ့ ပစ္စည်းတွေရဲ့ ပျမ်းမျှ အမြတ်ရာခိုင်နှုန်း ကိုလဲ သိထားရပါမယ်။

ဥပမာ- ကိုယ်ရောင်းမဲ့ ပစ္စည်းတွေရဲ့ ပျမ်းမျှအမြတ် % က ၁၀% ဆိုပါစို့။

တစ်ရက် ကို ၃သိန်း ဖိုးလောက် ရောင်းရမှ တစ်ရက် အကြမ်း အမြတ် ၃သောင်း ကျန်မှာ။

ဆိုင်လခ တစ်လ ၃သိန်း ဆိုပါစို့။ ဆိုင်လခ တစ်ရက်စာ ၁သောင်း ကျမယ် (ပိတ်ရက်မရှိဖွင့်ရမှာနော်)။ ဝန်ထမ်းစရိတ် နဲ့ အခြား အထွေ
ထွေ စရိတ်က တစ်ရက် ၁သောင်း ဆိုပါစို့။
တစ်ရက်ကို စုစုပေါင်း စရိတ်က ၂သောင်း ဖြစ်နေပြီ။

တစ်ရက်ကို ၃သိန်း ဖိုး ရောင်းရလို့ ၁၀% အမြတ်ဆိုရင်တစ်ရက်စာအကြမ်းအမြတ် ၃သောင်း မှာ တစ်ရက်စာ စရိတ် ၂သောင်း
ဖယ်လိုက်ရင်
ကိုယ့်အတွက် အသားတင် အမြတ် ၁သောင်း ဘဲ ကျန်မှာနော်။

ကိုက် မကိုက် ကိုယ့်ဘာကို စဥ်းစား။ Growth rate ကိုလဲ ထဲ့ စဥ်းစားပေါ့ ။ နောက်ပိုင်း တစ်ရက်ကို ၄သိန်း ၅သိန်း ၆သိန်း လောက် ရောင်း အား ရှိလာရင်တော့ ပို ကျန်မှာပေါ့။

အဲ့ကြားထဲ ကိုယ့်နားမှာ Competitor အမယ်တူ ဘယ်နှစ်ဆိုင်လောက်ရှိလဲ? သူတို့ရဲ့ affect ကိုပါ ထဲ့တွက်ရမယ်လေ။

ဘယ်စီးပွားရေးလုပ်ငန်းမှပြောသလောက်မလွယ်ပါဘူး။

စီးပွားရေးလုပ်ရင် ခံစားချက်နဲ့ မဆုံးဖြတ်ဘဲ
အချက်အလက်နဲ့ဘဲ ဆုံးဖြတ်ပါ။

ချစ်ခြင်းအားဖြင့်
တင်မြင့်

©️ Tin Myint

ီ_ဘာ_ဘာ

17/07/2024
10/07/2024

ပညာ +ဥစ္စာ ပူးတွဲရှာလို့ရတဲ့အလုပ်လေးပါ

06/07/2024
06/07/2024

Address

Chauk

Website

Alerts

Be the first to know and let us send you an email when ဇာတိမြေ _ကျောက်ရဲ_ရွာသစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share