School Of Agriculture, KSCU

School Of Agriculture, KSCU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from School Of Agriculture, KSCU, College & University, Kachin State, Kachin State.

26/04/2026

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ကျောင်းပေါင်းစုံ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ကျောင်းတွင်းသင်္ကြန်ဖွင့်ပွဲအခမ်းအနား (ဧပြီလ ၁၅ ရက်နေ့) 🍂💛

သီချင်း - မြနန္ဒာ

ယိမ်းအကအလှ - ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ ကျောင်းအသီးသီးမှ ကျောင်းသူလေးများ

'


School of Arts & Sciences, KSCU
School of Medical Science, KSCU
School of Economics, KSCU
School Of Agriculture, KSCU
School of Nursing Science, KSCU
School of Technology, KSCU

"ဝမ်းနည်းကြောင်းသဝဏ်လွှာ"*****************************ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပထဝီဝင်ဌာန၏ ...
11/04/2026

"ဝမ်းနည်းကြောင်းသဝဏ်လွှာ"
*****************************

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပထဝီဝင်ဌာန၏ ဘာသာရပ်တာဝန်ခံ ဆရာမကြီး ဒေါက်တာမြင့်မြင့်ကြည်သည် ယနေ့ ၁၁.၄.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

ဆရာမကြီးအနေဖြင့် တော်-လှန်ရေးကာလအတွင်း အမှန်တရားဘက်တွင်ရဲရဲဝံ့ဝံ့ရပ်တည်လျက် ကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ခဲ့မှုများ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်စတင်တည်ထောင်စဥ်မှစတင်၍ ယနေ့အချိန်ထိ မိမိတတ်စွမ်းသောပညာဖြင့် ရွပ်ရွပ်ချွံချွံကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ကျွန်ုပ်တို့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ဂုဏ်ယူလေးစားလျက် အမြဲအမှတ်တရရှိနေမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် မပြီးပြတ်သေးသော တာဝန်များကို ဆက်လက်ထမ်းဆောင်လျက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးလေးနက်နက် ကတိပြုပါသည်။

ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ ဆရာမကြီး။

ဝမ်းနည်းစွာဖြင့် ဦးညွှတ်အလေးပြုလျက်

#ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မိသားစု

တက်ညီလက်ညီ ပေါင်းရှင်းကြသည်  အပင်လေးတွေစိုက်လို့ပေး လှပနေမယ့် တို့ကျောင်းလေး
08/12/2025

တက်ညီလက်ညီ ပေါင်းရှင်းကြသည်
အပင်လေးတွေစိုက်လို့ပေး
လှပနေမယ့် တို့ကျောင်းလေး

Reminder for School Admission 📌၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ၂၀၂၆ ပညာသင်နှစ်အတွက် တ...
01/12/2025

Reminder for School Admission 📌
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ လက်ခံနေပြီဖြစ်ကျောင်း ကျောင်းသား၊ ကျောင်းသူများထံသို့ ထပ်မံ၍ အသိပေးအကြောင်းကြားအပ်ပါသည်။
လျှောက်ထားနိုင်သောကျောင်းများ 📍
School of Medical Sciences
School of Nursing Sciences
School of Technology
School of Economics
School of Agriculture
School of Arts and Sciences
ကျောင်းအသီးသီး၏ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များနှင့် လျှောက်လွှာလက်ခံမည့်ကာလများမတူညီပါသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့တက်ရောက်လိုသောကျောင်းများ၏ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များကို အသေးစိတ်ဖတ်ရှုစေလိုပါသည်။
တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များကို အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1H8GWiVQMB/

Reminder for School Admission 📌

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ လက်ခံနေပြီဖြစ်ကျောင်း ကျောင်းသား၊ ကျောင်းသူများထံသို့ ထပ်မံ၍ အသိပေးအကြောင်းကြားအပ်ပါသည်။

လျှောက်ထားနိုင်သောကျောင်းများ 📍

School of Medical Sciences
School of Nursing Sciences
School of Technology
School of Economics
School of Agriculture
School of Arts and Sciences

ကျောင်းအသီးသီး၏ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များနှင့် လျှောက်လွှာလက်ခံမည့်ကာလများမတူညီပါသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့တက်ရောက်လိုသောကျောင်းများ၏ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များကို အသေးစိတ်ဖတ်ရှုစေလိုပါသည်။

တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များကို အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1H8GWiVQMB/

25/10/2025

၆၅ နှစ်မြောက် KIO နေ့ကို ဂုဏ်ပြုကြိုဆိုခြင်း။
*******************************************

ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏
၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ သီချင်းဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Title: Anhte Aq Ginra
Composer: Sara Mayit Beezi
Singer: KSCU ကျောင်းသား၊ ကျောင်းသူများ
Players: KSCU ကျောင်းသား၊ ကျောင်းသူများ
Studio: AMEN
Mixing: La Lung
Camera: Awng La
Director: Chinle Awng San Di

#၆၅နှစ်မြောက်KIOနေ့
#ဂုဏ်ပြုကြိုဆိုခြင်း
#ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်

၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူပြီ။ 📌📢*******************************************၂၀၂၅ ခုနှစ...
23/10/2025

၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူပြီ။ 📌📢
*******************************************

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ တက္ကသိုလ်အသီးသီးသို့ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို အောက်ပါကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်သည်။

( က) ၂၀၂၀ ခုနှစ်နှင့် ၎င်းနှစ်မတိုင်မီနှစ်များတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊

( ခ ) နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် (GED နှင့် IGCSE) ရရှိထားသူများ၊

( ဂ ) ကချင်ပညာရေးဌာန (Kachin Education Department, KED)မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊

(ဃ) အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment, BECA) မှ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ် ပြုလက်မှတ် ရရှိပြီးသူများ (ဘာသာရပ်အားလုံးတွင် အနိမ့်ဆုံး (C ) grade ရရှိထားသူဖြစ်ရမည်။)

( င ) ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်အသီးသီး၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ၊

အထက်ပါအချက်အလက်များနှင့် ကိုက်ညီသောသူများသည် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်တွင် ဝင်ခွင့်လျှောက်လွှာများကို ထုတ်ယူပြီး

📌 School of Medical Sciences
📌 School of Nursing Sciences
📌 School of Technology
📌 School of Economics
📌 School of Agriculture
📌 School of Arts And Science

စသည့် ကျောင်း (၆) ကျောင်းတို့တွင် မည်သည့်ကျောင်းသို့မဆို
↘ သက်ဆိုင်ရာကျောင်းများမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

↘ လျှောက်လွှာများကို ၃-၁၁-၂၀၂၅ ရက်နေ့မှ စတင်၍ ကျောင်းသားရေးရာဌာနတွင် ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်းထုတ်ယူနိုင်ပြီး လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်များကို သက်ဆိုင်ရာကျောင်းအသီးသီး၏ ဝင်ခွင့်သတ်မှတ်ချက်များတွင် ကြည့်ရှုနိုင်ပါသည်။









စိုက်ခင်းလေး သာယာလှ‌ပဖို့အရေးတက်ညီလက်ညီ ပေါင်းရှင်းပေး
04/06/2025

စိုက်ခင်းလေး သာယာလှ‌ပဖို့အရေး
တက်ညီလက်ညီ ပေါင်းရှင်းပေး

04/06/2025

“စိုက်ပျိုးရေးသိပ္ပံ (SAI) များမှ အောင်မြင်ခဲ့သည့် စိုက်ပျိုးရေးဒီပလိုမာ (Dip.Agri.) ဘွဲ့ရများအတွက် ပေါင်းကူးအစီအစဉ် (Bachelor Degree Bridging Program) သင်တန်း ခေါ်ယူခြင်း”
**********************************************

၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ နိုင်ငံအဝှမ်းရှိ စိုက်ပျိုးရေးသိပ္ပံအသီးသီးမှ အောင်မြင်ခဲ့ပြီး ဓမ္မဘက်တော်သား Dip.Agri. ဘွဲ့ရရှိသူများကို စိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူနိုင်မည့် ဘွဲ့ကြိုပေါင်းကူးအစီအစဉ်ကို ဖွင့်လှစ် ခေါ်ယူပေးသွားမည် ဖြစ်သည်။

“ဘွဲ့ကြိုပေါင်းကူးအစီအစဉ်တွင် လျှောက်ထားနိုင်သည့် Dip.Agri. holder များ”

(၁) နိုင်ငံအနှံ့ရှိ စိုက်ပျိုးရေးသိပ္ပံ (SAI)အသီးသီးမှ အောင်မြင်ခဲ့ပြီး စစ်တပ်၏ အာဏာသိမ်းမှုကို ဖီဆန်သည့် ဓမ္မဘက်တော်သား CDM များ (ကျောင်းဆင်းနှစ်၊ အသက် ကန့်သတ်ချက် မရှိပါ။)
(၂) တိုင်းရင်းသားဒေသများရှိ စိုက်ပျိုးရေးသိပ္ပံအသီးသီးမှ အောင်မြင်ခဲ့သူများ
(၃) တော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသော စိုက်ပျိုးရေးသိပ္ပံများမှ အောင်မြင်ခဲ့သူများ

“နေ့ရက်၊ အစီအစဉ်”

• ၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းမှ စတင်ပြီး ယခု ၂၀၂၅ ပညာသင်နှစ်၊ ပေါင်းကူးအစီအစဉ်အတွက် လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်သည်။
• ၁၃.၆.၂၀၂၅ ရက် (သောကြာနေ့)တွင် ဝင်ခွင့်စာမေးပွဲ (ဘာသာရပ်ဆိုင်ရာ) ဖြေဆိုရမည်။
• ဝင်ခွင့်အောင်မြင်သူများကို ၁၆.၆.၂၀၂၅ ရက် (တနင်္လာနေ့)မှစတင်ပြီး သင်ခန်းစာများ သင်ကြားပါမည်။
• လျှောက်လွှာပိတ်ရက်မှာ ၁၂.၆.၂၀၂၅ ရက် (ကြာသပတေးနေ့) ဖြစ်သည်။
(ဝင်ခွင့်စာမေးပွဲအတွက် ၉.၆.၂၀၂၅ မှ ၁၁.၆.၂၀၂၅ အထိ အနီးကပ် သင်ကြားပို့ချပေးမည်ဖြစ်ရာ School of Agriculture (SOA), KSCU စာသင်ခန်းတွင် နံနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအတွင်း လာရောက် တက်ရောက်နိုင်ပါသည်။)

“လျှောက်ထားခြင်း”

လျှောက်လွှာများကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန် နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း လာရောက် လျှောက်ထားနိုင်ပါသည်။



19/05/2025

“၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုးရေးတက္ကသိုလ် CDM ကျောင်းသား၊ ကျောင်းသူများအား နေ့သင်တန်းလျှောက်လွှာ ခေါ်ယူခြင်း” 📌

၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အုပ်စုမှ အာဏာသိမ်းခြင်းကို အကြမ်းမဖက်အာဏာဖီဆန်ခြင်း (CDM) ပြုလုပ်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရပ်ကဏ္ဍအသီးသီး၌ ခေါ်ယူသင်ကြားပေးလျက်ရှိပါသည်။

ယခု ၂၀၂၅ ပညာသင်နှစ်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ CDM ပြုလုပ်ခဲ့ကြသော အတန်းစုံမှ B.Agr.Sc. ကျောင်းသား၊ ကျောင်းသူများကို စတင်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

သင်တန်း လျှောက်လွှာများကို (၂၀.၅.၂၀၂၅)ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ပြီး (၁၆.၆.၂၀၂၅) နေ့မှစ၍ သင်ကြားရေးများ စတင်သွားမည်ဖြစ်ပါသည်။

“လျှောက်ထားနိုင်သောအတန်းများ” 📌
**********************************
- ပထမနှစ်
- ဒုတိယနှစ်
- တတိယနှစ်
- စတုတ္ထနှစ်
- နောက်ဆုံးနှစ်

“လျှောက်ထားခြင်း” 📌
*******************
လျှောက်လွှာများကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန် နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း လာရောက် လျှောက်ထားနိုင်ပါသည်။




Today, SOA students have taken Botany Practical Exam
11/04/2025

Today, SOA students have taken Botany Practical Exam

ကျောင်းပတ်ဝန်းကျင် သာယာလှပရေးသစ်ပင် ပန်းမာန် စိုက်ပျိုးပေး3.4.2025
03/04/2025

ကျောင်းပတ်ဝန်းကျင် သာယာလှပရေး
သစ်ပင် ပန်းမာန် စိုက်ပျိုးပေး
3.4.2025

Address

Kachin State
Kachin State

Website

Alerts

Be the first to know and let us send you an email when School Of Agriculture, KSCU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to School Of Agriculture, KSCU:

Share