အာဏာရှင်စနစ် မုချကျရှုံးရမည်

  • Home
  • Myanmar
  • Kawthaung
  • အာဏာရှင်စနစ် မုချကျရှုံးရမည်

အာဏာရှင်စနစ် မုချကျရှုံးရမည် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အာဏာရှင်စနစ် မုချကျရှုံးရမည်, bokyoke Street, Kawthaung.

09/05/2024

တံတားဦး ⚠️

7:45pm ( 9 May)

​တံတားဦး လေတပ်မှ Jet Fighter[No3] ​(1)စီး ​​အ​​​ရှေ့​မြောက်ဘက်သို့ ပျံတက်။


သတင်းပို့ရန်

30/04/2024

မ​ကွေး⚠️

2:51pm ( 30 Apr)

​မ​ကွေး လေတပ်မှ Jet Fighter ​(1)စီး အ​နောက်​ဘက်သို့ ပျံတက်။

⚠️ရခိုင် ချင်း သတိပြု


သတင်းပို့ရန်

”ပါတီကို ရှင့်တို့ဘက်က ဖျက်သိမ်းလိုက်တာဘဲ ရှင်တို့စိတ်ကြိုက်ဥပဒေပြဌာန်းပြီး ပါတီမှတ်ပုံတင်နိုင်ခြင်းမရှိတဲ့ပါတီကိုတရားဝင...
30/04/2024

”ပါတီကို ရှင့်တို့ဘက်က ဖျက်သိမ်းလိုက်တာဘဲ ရှင်တို့စိတ်ကြိုက်ဥပဒေပြဌာန်းပြီး
ပါတီမှတ်ပုံတင်နိုင်ခြင်းမရှိတဲ့ပါတီကို
တရားဝင်ပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်တာ
ကျမ မဟုတ်ဘူး ရှင်တို့ဘဲ

၂၀၂၀ ရွေးကောက်ပွဲမှာ တခဲနက်ပါဝင်ခဲ့တာကို...
မဟုတ် မတရားစွပ်စွဲပြီး.အာဏာယူလိုက်တာလည်း ရှင်တို့ဘဲ.မဟုတ်ဘူးလား

ကျမအကြိမ်ကြိမ်ပြောပြီးသားဘဲ.ကျမတို့ဘာမှမသိချိန် လာဖမ်းတယ် အဖမ်းခံရတယ် မတရား.တရားစွဲခံရတယ် ထောင်ဒဏ်တွေချတယ်

ကျမ.မသိတဲ့ ကျမမျက်ကွယ်မှာ ဖြစ်နေတာတွေအပေါ် ကျမက ဘာကို အာမခံပြောပေးရမှာလဲ

ကျမပြောလိုက်လို့ရော ရှင်တို့တောင်လက်မခံကြတာ အဲဒီလို ကျမမသိတဲ့ ဖြစ်စဥ်ထဲကလူတွေက ဘယ်လိုလုပ်နားထောင်မှာလဲ.

ကျမက ရှင်တို့လက်ထဲရောက်နေတဲ့ နိုင်ငံရေးသတ္တဝါ.
ရှင်တို့ဘဲ အခုအိမ်ပြန်သွားပါ အခုထောင်ထဲပြန်နေပါ
အမျိုးမျိုးဘဲ.ကျမက ဘာကိုယုံကြည်ရမှာလဲ
ယုံကြည်မှု့ပျက်သွားရင် ပြန်တည်ဆောက်ဘို့ဆိုတာ
၉၉.၉၉ ရာခိုင်နှုံးက မဖြစ်နိုင်တော့ဘူး

ယုံကြည်မှု့က.သိတ်အရေးကြီးပါတယ်
ယုံကြည်မှု့ကို.ဖျက်ဆီးပြစ်ကြတာ
ကျမဖျက်ဆီးပြစ်တာ တခုမှ မရှိဘူး

ကျမကတွေ့ဆုံဆွေးနွေးရေးဆိုတာကို
တလျှောက်လုံးပြောလာတာ.
အဲ့ဒီဘက်က လူကြီးတွေကဘဲ
နားမကြားချင်ယောင်ဆောင်ခဲ့ကြတာဘဲ..
ကျမတို့အစိုးရလက်ထက်မှာလည်း.အလားတူဘဲ ဘာမဆိုဆွေးနွေးအဖြေရှာမယ်လို့.တဖွဖွပြောခဲ့ကြတာ ကျမတို့ပါဘဲ

အဲ့ဒီဘက်က.ဒီလိုယဥ်ကျေးမှု့မျိုးကို
အခုထိအဆင်သင့် မဖြစ်သေးတာကို
ကျမက.ဘာကိုသွားပြီး ယုံကြည်ရမှာလဲ”........။

ဒီစကားတွေကို.ပြည်ထဲရေးဝန်ကြီးအသစ်ဟုဆိုသူ ရာပြည့်ဟာ.​သြဂုတ်လ.၂၈.ရက်နဲ့.၃၀.ရ​က်တွေမှာ တကြိမ်တွေ့ဆုံရင်.တနာရီနီးပါးနဲ့

ထောင်ပိုင်ကြီးရုံးခန်းမှာ.ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဥ်မှာ.ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တဲ့ စကားတွေလို့ဆိုပါတယ်..

ရာပြည့်ရဲ့.ကမ်းလှမ်းချက်က

NLD.ပါတီ မှတ်ပုံပြန်တင်ပေးပါရန်
လက်ရှိဖြစ်ပေါ်နေတဲ့ PDF NUG CRPH အဖွဲ့တွေကို ရပ်တန်းကရပ်ဘို့.သတင်းစကားပြောကြားပေးပါရန်၊နေအိမ်အကျယ်ချုပ်ထားရင် လက်သင့်ခံနိုင်.မနိုင်

တခါထည်းလွှတ်လိုက်ပါက
ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအတွက်.
စိုးရိမ်ပါသောကြောင့်.တဆင့်ချင်းလွှတ်ပေးချင်ကြောင်း

တိုင်းပြည်ငြိမ်းချမ်းရေးဖော်​ဆောင်ဘို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းဆောင်ရွက်မှု့က အရေးကြီးပါကြောင်း.

ဒီအတွက်.တွေ့ဆုံဆွေးနွေးမှု့တွေကို
ဖြစ်နိုင်တာတွေကနေစပြီး.
လုပ်ဆောင်ဘို့တိုက်တွန်းပါကြောင်း.......စသည်ဖြင့်

သတင်းတချို့.အစအနထွက်လာခဲ့ပေမဲ့
သတင်းဌာနကြီးများရဲ့.ဖော်ပြခြင်းမရှိသေးတဲ့အတွက်

(အတည်မပြုနိုင်သေးတဲ့သတင်း)အဖြစ်.ရှိနေတာပါ

ဒေါ်အောင်ဆန်းစုကြည်ရဲ့.လေယူလေသိမ်းနဲ့
ပြောဆိုတတ်ပုံ.သုံးနှုံးတတ်ပုံတွေကတော့
အတော်လေးနီးစပ်နေတာ.ဖြစ်ပါတယ်..

မသေချာသေးသော်လည်း.စဥ်းစားနိုင်ဘို့ဖြစ်ပါတယ်

စိနရဲ့.အာဘော်.သတင်းဌာနကြီးရဲ့ဆောင်းပါးမှာ လိုရင်းအနှစ်ချုပ်က.ဗုံးကိုယူမလား.
စာပွဲဝိုင်းမှာ.ဆွေးနွေးမလားဆိုတဲ့.သဘောမျိုး
ရေးသားထားခဲ့ဘူးပါတယ်

NP.သတင်းဌာနက.ကျော်မျိုးမင်းရဲ့တင်ပြမှု့မှာလည်း နှစ်ဘက်ဆွေးနွေးမှု့တွေဟာ.စတင်နေပြီဖြစ်ကြောင်း၊သတင်းအဖြစ်.ထွက်ပေါ်မလာသေးတာသာဖြစ်ကြောင်း
နစက(စစ်ခွေး)ဘက်က.သတင်းစာရှင်းလင်းပွဲမှာလက်နက်ကိုင်တာကို.စွန့်လွှတ်ရင်.
တွေ့ဆုံဆွေးနွေးရေးဟာဖြစ်နိုင်တယ်လို့.ဆိုကြောင်းနဲ့

နောက်ထပ်.ကျော်မျိုးမင်းရဲ့.အပြောက
NUG.ဘက်က မင်းအောင်လှိုင်ကို.သူတို့လက်ထဲအပ်ရမှာဖြစ်ပြီး စစ်တပ်ဟာ.ပြည်သူရဲ့လက်အောက်ကို အရင်ဝင်ရမှာဖြစ်ကြောင်း.တောင်းဆိုနေတယ်လို့
ပြောဆိုသွားပြီး..
တွေ့ဆုံဆွေးနွေးရေးကို.နစက.က.လိုလားပေမဲ့
NUG.ဘက်က.မလိုလားဘူးလို့.ပြောဆိုသွားခဲ့တာပါ

သတင်းတွေဟာ.အတည်မပြုနိုင်သေးပေမဲ့
ဒီသတင်းတွေအားလုံးဟာ.စစ်ခွေးတွေဘက်က
တမင်ဖြန့်​နေတာပါလို့.ဆိုခဲ့ရင်တောင်..

စိနရဲ့.သတင်းဌာနကြီး.အာဘော်အရတော့
တွေ့ဆုံဆွေးနွေးရေးလုပ်နေပါတယ်.
ကမ်းလှမ်းနေပါတယ်.ဆိုတာကို.ကမ္ဘာသိအောင် ကြိုးစားလာနေကြတာက.မြင်သာလာခဲ့ပါတယ်

ဘက်ပေါင်းစုံက.အကြပ်ရိုက်နေတဲ့.အာဏာရူးကို စိနက.ထွက်ပေါက်ရှာပေးပြီး.ကျေဇူးရှင်လုပ်ဘို့
ကြိုးစားလာနေရာမှာ..
တော်လှန်ရေးအတွင်းမှာလည်း.ငွေနဲ့လက်နက်ဖြုံးပြီး တတိယအင်အားစုကို.ပုံဖော်လာနေခဲ့ပါပြီ..

NUG.ဟာ.အနောက်အုပ်စုရဲ့.အလျှင်းသင့်သူလို့ ယူဆသုံးသပ်ပြီးတဲ့နောက် အနာဂါတ်မြန်မာနိုင်ငံမှာ စိနရဲ့အကျိုးစီးပွားကို.ကာကွယ်ပေးမဲ့ .အဖွဲ့တွေ များနိုင်သမျှများအောင်.ပုံဖော်လာနေပါပြီ..

ပုံဖော်ခံထားရတဲ့.တပည့်အသစ်များကလည်း
NUG.ရဲ့.လိုအပ်ချက်.မှားကွက်.လစ်ဟာချက်တွေကို မသိမသာတိုက်ခိုက်ပြောဆိုကြရာကနေ
သိသိသာသာနဲ့.တမင်သက်သက်ကြီးကို
ဆန့်ကျင်ဘက်လုပ်ပြီး.ရပ်တည်လာနေကြပါပြီ..

ဘယ်လိုအခြေအနေတွေဘဲ.ဖြစ်လာပါစေ

မလွဲမသွေ.အဆုံးအထိ.လျှောက်ရမဲ့.လမ်းခရီးဖြစ်တာမို့ မှန်ကန်စွာ.သုံးသပ်ကြပြီး.လက်တွဲညီဘို့ ရန်သူကို.မြင်အောင်ကြည့်တတ်ကြဘို့

လမ်းခရီးမှာပင်.ဖြစ်လင့်ကစား
ခြေဖျားပုပ်ခဲ့ရင် တချောင်းလုံးမပုပ်ခင်လေးမှာ
ခြေဖျားကို.အချိန်မဆိုင်းဘဲ.ဖြတ်ပြစ်ကြဘို့...

သွေးဆိုးသွေးညစ်.သွေးပုတ်တွေကို
အနာမရင်းခင်.ဖောက်ထုတ်ကြမှသာ...

စောအယ်မူး
9 Sep 2023

NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂  ဒသမ ၉၈ သန်း အခွန်အခကောက်ခံရရှိခဲ့ပြီး ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရ...
30/04/2024

NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရရှိခဲ့ပြီး ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ ၂၆၄ သန်းကျော်ရရှိ

ရန်ကုန်၊ဧပြီ ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားသည့် မြို့နယ် ၄၂ မြို့နယ်မှ ၂၀၂၃ ခုနှစ်အတွင် အမေရိ ကန် ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရှိထားကြောင်း ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အခွန်ဘဏ္ဍာများ စဉ်ဆက်မပြတ် ထည့်ဝင်ပံ့ပိုးနေကြသော ပြည်သူလူထုထံ ဝန်မပိစေသည့် ဘဏ္ဍာငွေ ရရှိရေး လမ်းကြောင်းများကို ရှာဖွေ ဖော်ထုတ်လျက်ရှိပြီး စိုးမိုးထိန်းချုပ်နယ်မြေများမှ ရရှိသော အခွန် ဘဏ္ဍာငွေများကိုလည်း တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်ဖြင့် စီမံခန့်ခွဲသုံးစွဲနေကြောင်း ဦးနေဘုန်းလတ်ကပြောသည်။

အခွန်ကောက်ခံရာတွင်လည်း ပြည်သူလူထုကို တိုက်ရိုက်ဝန်ပိစေမည့်အခွန်များ မကောက်ခံဘဲ လောင်စာဆီသယ်လာသည့် ကိစ္စရပ်များ၊ ကျောက်မီးသွေးသယ်လာသည့် ကိစ္စများတွင် ကောက်ခံခြင်းဖြစ်ပြီး အဓိကအားဖြင့် အခွန်ဆိုသည့်ထက် ယခု ကောက်ခံရရှိသည့် ငွေကြေးများ၏ ၈၀ ရာခိုင်နှုန်းသည် ဒဏ်ကြေးများမှရရှိသည့် ငွေများဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုသည်။

ယင်းသို့အခွန်ကောက်ခံရာတွင် NUG မှ သတ်မှတ်ထားသည့် အခွန်နှုန်းထား ထက် မြေပြင် ပအဖ ပကဖ အဖွဲ့များက ပိုမိုကောက်ခံနေကြောင်း ပြောဆိုမှုများရှိနေသည့် အပေါ်တွင် အခွန်ကောက်ခံရန် ဂိတ်ဖွင့်ရာတွင်လည်း registration လုပ်ပြီးမှ ဂိတ်ဖွင့်ကောက်ခံခြင်းဖြစ်ကြောင်း registration မလုပ် ဘဲ ဂိတ်ဖွင့်ခြင်းကို လက်မခံကြောင်း၊ သို့သော် NUG ထိန်းချုပ်မှုအောက်တွင် မရှိသည့် နေရာများ တွင်လည်း ဂိတ်ဖွင့်ကောက်ခံမှုများရှိသည်ဟု ကြားသိရကြောင်း၊NUG ထိန်းချုပ်မှု အောက်တွင် ရှိသည့် အဖွဲ့များကလည်း လုံခြုံရေးအရ ရွှေ့ပြောင်းနေရသည်များ ရှိနေကြောင်း ယင်းအခြေအနေများနှင့် ပတ်သက်၍လည်း ကွင်းဆင်းစစ်ဆေးမည့် အဖွဲ့ဖြင့် စစ်ဆေးရန် စီစဉ်နေ ကြောင်း ဦးလွင်ကိုလတ်က ပြောသည်။

ယင်းသို့ကောက်ခံရရှိသည့်အခွန်ငွေများထဲမှ မြို့နယ်များကို ၈၀ ရာခိုင်နှုန်း ပြန်လည်သုံးစွဲခွင့် ပေးထားခြင်းဖြစ်ကြောင်း ကျန်သည့် ၂၀ ရာခိုင်နှုန်းကို ဗဟိုမှ စီမံခန့်ခွဲကြောင်း၊ယင်း ၂၀ ရာခိုင် နှုန်းသည်ပင် မြို့နယ်များမှ အရေးပေါ်စီမံခန့်ခွဲမှုပေါ်ပေါက်လာလျှင် သုံးစွဲခွင့်ပေးထားကြောင်း ဦးလွင်ကိုလတ်ကပြောသည်။

ယင်းကြောင့် အခွန်သုံးစွဲမှုတွင် ဗဟိုက မူအရ ချမှတ်ပေးထား လက်တွေ့သုံးစွဲမှုကို မြို့နယ်များ ကသာ သုံးစွဲနေခြင်းဖြစ်ကြောင်း ဦးလွင်ကိုလတ်က ပြော သည်။

ထို့ပြင် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချမှုမှ ဩဂုတ်လ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ ၇ သန်း ရရှိပြီး CDM ဝန်ထမ်းများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အထူးငွေစာချုပ်များ ရောင်းချမှုမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်၊ End of Dictatorship/Early Partnership Scheme မှ ဒီဇင် ဘာလ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော်၊ Spring Development Bank ငွေစုရောင်းချရငွေမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်း ရရှိခဲ့ကြောင်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ၅ သန်း ကိုလည်း ရရှိခဲ့ကြောင်း၊ NUG Pay စနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နှင့် ညီမျှသော ငွေ​ကြေးစီးဆင်းမှုကို တော်လှန်ရေးအတွက် ထောက်ကူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာလူမျိုးအများစု မရောက်ဖူးတဲ့ မြန်မာနိုင်ငံမှနိုင်ငံတကာအဆင့်မှီ ရွှေကုက္ကိုလ်မြို့
30/04/2024

မြန်မာလူမျိုးအများစု မရောက်ဖူးတဲ့ မြန်မာနိုင်ငံမှ
နိုင်ငံတကာအဆင့်မှီ ရွှေကုက္ကိုလ်မြို့

30/04/2024

ဖ-က်-ဆ-စ်-တ-ပ်က CH-4UAV မောင်းသူမဲ့လေယာဥ် (ဒရုန်း) များနဲ့ မောင်းသူမဲ့လေယာဥ်ဒရုန်းတပ်မကိုဖွဲစည်းလိုက်ပါတယ်။
။ အဓိကမောင်းသူမဲ့လေယာဥ် အဖြစ် အသုံးပြုမယ့်
တရုတ်နိုင်ငံထုတ် CH-4UAV ဒရုန်း၏အချက်အလက်တွေက

ဒရုန်းအရှည်- 8.5 မီတာ (28 ပေ)

တောင်ပံအရှည်-18 မီတာ(59 ပေ)
အင်ဂျင်-Rotax914

ဒရုန်းပျံတက်နိုင်သည့်အများဆုံးအလေးချိန်- 1300 ကီလို (2900 ပေါင်)

သယ်ဆောင်နိုင်သည့်လက်နက်အလေးချိန်- 345 ကီလို (760 ပေါင်)

အမြင့်ဆုံးတက်နိုင်သည့်အမြင့်- 5000 မီတာ(16404 ပေ)

အဝေးဆုံးပျံသန်းနိုင်သည့်အကွာအဝေး- 5000 ကီလို(3106 မိုင်)

အဝေးဆုံးစ-စ်-ဆင်နိုင်သည့်အကွာအဝေး- 600 ကီလို(373 မိုင်)

လေထဲနေနိုင်ချိန်- 30 နာရီအထက်

တစ်နာရီအမြန်ဆုံးပျံသန်းနှုန်း- 235 ကီလိုမီတာ (146 မိုင်)

တပ်ဆင်နိုင်သည့်လက်နက်-ကလပ်စတာဗုံးပဒေသာများ၊ ပဲ့ထိန်းဒုံးကျည်များ၊ ပဲ့-ထိ-န်း-ဗုံ း-များ

ထမ်းဆောင်နိုင်သည့်တာဝန်-ကင်းထောက်ခြင်းနှင့်မြေပြင်တိုက်ခိုက်ခြင်း

တော်-လှ-န်-ရေး တပ်တွေ အနေနဲ့ သတိပြုရန်၊ ခုခံကာကွယ်နိုင်ရန်နှင့် တန်ပြန်ချေ-မှု-န်း-ရေး နည်းလမ်းရှာဖွေရန် တင်ပြပါတယ်။

ဆွေး-မြေ့-ရိ-ရွဲ-ပြို-ကွဲ-လု-ဆဲဆဲ ဖ-က်-ဆ-စ်-အုပ်စု ရဲ့ နောက်-ဆုံး-အ-သ-က်-ကယ်ဆေး အဖြစ် အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

Crd
Nay Myo Zin

30/04/2024

မော်လမြိုင်

12:10pm ( 30 Apr)

​မော်လမြိုင် ဖြတ်၍ MI-35 တိုက်ခိုက်​ရေးရဟတ်ယာဥ်(1)စီး ​​​​​​​​​​​တောင်ဘက်သို့ ပျံသန်း။
(အပြန်)

စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့်NUG တို့  ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး...
30/04/2024

စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့်NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်

■ နယ်စပ်ကုန်သွယ်ရေးမြို့ ၅ ခုကို ထိန်းချုပ်ထားပြီး နေပြည်တော်၊ ပြင်ဦးလွင်နှင့် လက်နက်စက်ရုံများကို တိုက်ခိုက်နိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်နေသည့် စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ နှစ်ပြည့် ကြေညာချက်တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အနာဂတ် ဖက်ဒရယ်တပ်မတော်၏ အမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင့်၊ တိုက်ပွဲဝင်ခဲ့ရာမှ လက်ရှိကာလတွင် မဟာဗျူဟာ မြောက်ထိုးစစ်များကို စတင်ဖော်ဆောင်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၊ စစ်ရေး ဗဟာဗျူဟာများကို ပူးပေါင်းခင်းကျင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် ဗဟိုကွပ်ကဲရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C ၊ J2C စသည့် ကော်မတီများကို ဖွဲ့စည်းကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

NUG နှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့ အပါအဝင် မြန်မာ တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကိုစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၊ အဓိကျသော စစ်ရေး ပစ်မှတ် များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ ကပစ လက်နက်ထုတ်စက်ရုံများ စသည်တို့ကို ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

"ဓာတ်ပုံ- ကချင်ပြည်နယ်တွင် သိမ်းပိုက်ရရှိသော ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း သွားရောက်စစ်ဆေးစဉ်။

စစ်ကောင်စီလေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစိတ် အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည်တော် အေလာလေ...
30/04/2024

စစ်ကောင်စီလေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစိတ် အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည်တော် အေလာလေတပ် သို့ လာရောက်သယ်ယူ

■ ရုရှားနိုင်ငံတွင် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ် အစိတ်အပိုင်းများကို ပြုပြင်၍ မြန်မာလေတပ်သို့ ပြန်ပို့မည်

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင် ရ ဟတ် ယာဉ် အစိတ်အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည် တော် အေလာ လေတပ်သို့ လာရောက်သယ်ယူကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ရုရှားကုန်တင်လေယာဉ် IL76 သည် နေပြည်တော်လေဆိပ်မှတစ်ဆင့် အေလာလေတပ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး စစ်ကောင် စီ ၏ လေတပ်မှ ပြုပြင်ရန် လိုအပ်နေသည့် တိုက်လေယာဉ်၊ ရဟတ်ယာဉ် အစိတ် အပိုင်းများကို လာရောက် သယ်ယူနေကြောင်း၊ ယနေ့ နံနက်အစောပိုင်းတွင် အဆိုပါ ရုရှားကုန်တင်လေယာဉ် IL76 သည် နေပြည်တော်မှ ရုရှားသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

"တိုက်လေယာဥ်၊ ရဟတ်ယာဉ် နဲ့ပတ်သက်တဲ့ ပြုပြင်ရမယ့် အစိတ်အပိုင်းတွေကို လာသယ်တာ။ အဲဒါတွေကို ရုရှားမှာ ပြင်မှာ။ ဒီမှာ ပြင်လို့ မနိုင်တာတွေကို ရုရှားကိုပို့တာ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် မကြာခဏဆိုသလို ရုရှားကုန်တင်လေယာဉ် IL76 သည် နေပြည်တော်သို့ လာရောက်လေ့ရှိကာ စစ်လက်နက် ပစ္စည်းများ ပို့ဆောင်ခြင်း၊ သယ်ယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရုရှားကုန်တင်လေယာဉ် Il-76 တစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။

🔴💥Prime Level-အဆင့်ကို ရောက်နေတဲ့ အာရက္ခတပ်တော်-****************************************AA လာမယ့်မေလအတွင်း ရခိုင်ပြည်နယ်...
30/04/2024

🔴💥Prime Level-အဆင့်ကို ရောက်နေတဲ့ အာရက္ခတပ်တော်-
****************************************

AA လာမယ့်မေလအတွင်း
ရခိုင်ပြည်နယ်တစ်ခုလုံးကို အောင်လံတော်
စိုက်ထူနိုင်ဖို့ သေချာသွားပြီး...

Congratulation Arakan Army...

အာရက္ခတပ်တော်-AAရဲ့ စစ်ဗျူဟာ၊ တိုက်
ခိုက်ရေးစွမ်းရည်က
Next Level အဆင့်ကို
ရောက်နေပြီးလို့ ဆိုနိုင်တယ်...

စစ်ကို စစ်နဲ့တူအောင်တိုက်တဲ့အပြင်

ရခိုင်ပြည်သူလူထု
တစ်ရပ်လုံးထောက်ခံမှုရထားတဲ့
AA-တပ်တော်အနေနဲ့

အောင်ပွဲသို့ချီရာဝယ်
ရခိုင်ပြည်သူလူထုရဲ့ထောက်ခံမှုက ကြီးစွာသော အထောက်အပံ့ဖြစ်ခဲ့တယ်...

ရခိုင်ကျောင်းဆရာနဲ့
ဘုန်းကြီးတွေက AAလူ
တွေလို့ စရဖအစီရင်ခံစာအရ သိနိုင်ပြီး

၂၀၂၁ နွေဦးတော်လှန်ရေးမှာ ရခိုင်လူထု
တစ်ရပ်လုံးက
AAရဲ့လျှို့ဝှက်တပ်သားဖြစ်လာတာကို

၁၀၂၇- စစ်ဆင်ရေးစပြီး
၂၀၂၃ခုနှစ် နိုဝင်ဘာ၁၃ရက်မှာ အာဏာသိမ်း
စစ်ခေါင်းဆောင် နဖူးတွေ့ ဒူးတွေ့
ကြုံလိုက်ရတယ်...

အမာအမာချင်း ထိပ်တိုက်တွေ့ပြီး
အာဏာသိမ်းစစ်တပ်ရဲ့
နှစ်၇၀အနိုင်ရဗျူဟာဖြစ်တဲ့
ဖြတ်လေးဖြတ်စစ်ဆင်ရေးကို တန်ပြန်ပြလိုက်တယ်....

AA-စစ်ဦးစီးချုပ်တွေရဲ့
ပညာတတ်ခေတ်မီ အတွေးအခေါ်၊ decision ချနိုင်မှုတွေကြောင့်

ပြည်နယ်တစ်ခုလုံး
တစ်စစ စစ်ကောင်စီတပ်ကင်းစင်နေရာဖြစ်လာခဲ့တယ်...

EAOsထဲမှာ
သက်တမ်း၁၅နှစ် ပြည့်တဲ့ AAရဲ့
စစ်ရေး၊ နိုင်ငံရေးနဲ့ ၎င်းတို့ဖော်ဆောင်နေတဲ့
အုပ်ချုပ်ရေးပိုင်းမှာ

ပြည်နယ်ကိုဗဟိုပြု ပြီး
အမျိုးသားနိုင်ငံရေးအဆင့်ခြေလှမ်းကိုပုံဖော်လာတာတွေ့ရတယ်...

ခေတ်ပညာတတ်ဖြစ်
တဲ့အပြင် နိုင်ငံတကာရေးနဲ့ပါ ချိတ်ဆက်သွားနေတဲ့အတွက်

၎င်းတို့မျှော်မှန်းနေတဲ့ ရက္ခိတ
အိပ်မက်ဆိုတာထက်
ပိုမြင့်တဲ့ အမျိုးသားနိုင်ငံရေးခြေလှမ်းအဆင့်ကို ဦးတည်လာတယ်...

ချင်းပြည်နယ်-ပလက်ဝအပါအဝင်
ရခိုင်မြို့၈မြို့ကို
ဖေဖော်ဝါရီပထမအပတ်မှာ အပြီး
သိမ်းယူပြီးနောက်

AAရဲ့ ထိုးစစ္က

မြို့တော်-စစ်တွေ၊

စီးပွားရေးအချက်အချာကျတဲ့
ကျောက်ဖြူ နဲ့

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်- အမ်းကို
ဧပြီလအစမှာ အရှိန်မြှင့်ပြီးထိုးစစ်
ဆင်နေတယ်...

ဖေဖော်ဝါရီလထဲမှာ
ပုဏ္ဏားကျွန်း၊ ရသေ့တောင်ကို သိမ်းပြီး စစ်တွေကို ဝိုင်းပိတ်ပြီး
Lock downချထားတယ်...

ခြင်းထဲကကြက် ကြိုက်တဲ့အချိန်ရိုက်သတ်လို့ရတယ်ဆိုပြီး

မြို့လဲမနာအောင်၊ ပြည်သူလူထုလည်းထွက်
လို့ရအောင်ဆိုပြီး
မသိမ်းပဲ သည်အတိုင်းထားတယ်...

သိမ်းလိုက်တယ်ဆိုတာနဲ့
စစ်ကောင်စီ Navyနဲ့ Air forceကနေ စစ်
တွေတမြို့လုံးကို ချေပစ်လိမ့်မယ်...

စစ်တွေမြို့က စစ်ဘေးရှောင်တွေကို AAသိမ်းထားတဲ့မြို့တွေမှာ လာနေဖို့
ဖိတ်ခေါ်တယ်...

စစ်တွေ အဝင်တံတားတွေကို
စစ်ကောင်စီကAA ဝင်မှာစိုးလို့
ပစ်ချိုးထားပြီး

တစ်ခုတည်းသော ရေလမ်းကို ပိတ်ဆို့ထားလိုက်တော့ စစ်တွေပြည်သူလူထုတွေ ထွက်ပေါက်ပိတ်ပြီး

အချိန်ကြာလာတာနဲ့အမျှ ငတ်မွတ်ကုန်
တယ်...
တဖြည်းဖြည်း မြို့တွင်းမှာ မင်းမဲ့စရိုက်ဖြစ်လာပြီး ခိုးဆိုး
လုယက်ပြီး မြို့ပျက်လိုဖြစ်လာတယ်...

Defense Lineပြင်ထားတဲ့

စစ်တွေ-ဒစက၊ ပါဒလိတ်တပ်တွေပါ ကြာလာတာနဲ့အမျှအချင်းချင်းစိတ်ဓာတ်ပျက်ပြားလာပြီး

နပခတိုင်းမှူးထင်လတ်ဦးနဲ့ ဒကစမှူးထိုးကြိတ်တဲ့အထိဖြစ်ပြီး

နှစ်ယောက်လုံး အရန်တပ်ထဲ
ရောက်ကုန်တယ်...

ရခိုင်ကိုလက်မလွတ်ချင်တဲ့
အာဏာသိမ်းစစ်ခေါင်းဆောင် နည်းပေါင်းစုံနဲ့ ကြိုးစားပေမယ့်

MAL မိန်းမ ခေါကြူရဲ့
သံတွဲကိုပါ ဧပြီလမှာ ဝင်တိုက်နေလို့
စစ်ကောင်စီတပ်ကပျက်ပြီးရင်းပျက်ပဲ...

သံတွဲမြို့နဲ့ ၁၀မိုင်ဝေးတဲ့
တရုတ်တွေရင်းနှီးမြုပ်ထားတဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းက

တရုတ်လူမျိုးတွေပါ စစ်
ဘေးရှောင်နေရပြီးဖြစ်တယ်...

အင်အားကြီးတရုတ်လည်း
ရခိုင်ကမ်းမြှောင်ဒေသမှာ စစ်ကောင်စီဘက် ကြားဝင်ညှိနှိုင်းမယ်လို့ပြောပေမယ့်

စစ်တပ်ကိုနာကျည်းချက်များနေတဲ့
တုံးတိုက်တိုက်၊
ကျားကိုက်ကိုက်လုပ်နေတဲ့AAကို ဖိအားမပေးရဲဘူး...

တစ်ဖက်သတ်စစ်ရေးသာနေတဲ့ AAက
တိုက်ပြီးမှ စစ်နိုင်-စစ်ရှုံးအရ စကားပြောမယ့်မူ စွဲကိုင်ထားတယ်...

မတ်-ဧပြီလအတွင်းမှာ ရခိုင်တောင်ပိုင်း
ဖြစ်တဲ့
တောင်ကုတ်- သံတွဲကို ထုနဲ့အင်အား
နဲ့ ဝင်ဆောင့်နေလို့

AAအနေနဲ့ ၎င်းတို့ရဲ့
စစ်ရေးရည်မှန်းချက်ကို မိုးမကျမှီ အကောင်
အထည်အပြည့်ဖော်နေတယ်...

အာရက္ခတပ်တော်-AAအတွက်
အခက္ခဲဆုံး
စစ်ဆင်ရေးက ဘူးသီတောင်ဖြစ်နေတယ်...

ဘူးသီးတောင်-မောင်တော
နယ်ခြားတပ်စခန်းတွေကို ဝင်တိုက်တဲ့အပြင်

စကခ၁၅ရှိတဲ့ဘူးသီးတောင်ကို ဗျူဟာအရအကြီးအကျယ်ပြင်ဆင်ပြီး

ထိုးစစ်ဆင်တိုက်ခိုက်တာ စီးမိတဲ့
အထိ
အဘက်ဘက်ကခက်ခက်ခက်ခဲခဲ ကြိုးစားပြင်ဆင်ပြီး ဖြတ်တောက်နေရတယ်...

ဘူးသီးတောင်က
လူမျိုးရေး၊ ဘာသာရေးအကဲဆတ်တဲ့
နေရာပါ...

အာဏာသိမ်းစစ်တပ်
အတွက် အကျွမ်းကျင်ဆုံးက သွေးထိုးသပ်လျှိုမှုလုပ်ပြီး

ရခိုင်မှာ comebackဖြစ်ဖို့
ကြိုးစားနေတယ်...

ဖေဖော်ဝါရီ ၁၀ရက်မှာ စစ်မှုထမ်းဥပဒေပြဌာန်းပြီး

စစ်တွေ- ဘင်္ဂါလီဒုက္ခသည်စခန်းက အရွယ်ရောက်
ရိုဟင်ဂျာ ရာနဲ့ချီ ခေါ်နှစ်ပတ်ခန့် စစ်သင်တန်းပေးပြီး
AAတပ်တော်ကို တိုက်ဖို့လွှတ်တယ်...

ဘူးသီးတောင်တိုက်ပွဲမှာ
ရိုဟင်ဂျာ ၅၀ကျော်၆၀သေဆုံးတယ်...

သည်ပြဿနာက ဒါနဲ့မပြီးသေးပဲ

မတ်လ၁၀ရက်နဲ့ မတ်လ၂၅ရက်
မှာ ဘူးသီးတောင်က
ရိုဟင်ဂျာတွေကို ခေါ်
ပြီး AA-အလိုမရှိဆိုပြီး ဆန္ဒပြခိုင်းတယ်...

ARSA၊ ARAစတဲ့
စစ်ကောင်စီလက်သပ်မွေး
ထားတဲ့ ရိုဟင်ဂျာအစွန်းရောက်တပ်တွေကိုပါလက်နက်ခဲယမ်း
ထောက်ပံ့ပြီး တိုက်ခိုင်းတယ်...

၂၀၁၇ ဩဂုတ်၂၅ရက် ရခိုင်ပဋိပက္ခ
ပုံစံ
လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်း
ဖန်တီးပြီး တိုက်တယ်...

ကြားထဲ ဘင်္ဂါလီ-ရိုဟင်ဂျာတွေ ကြားညှပ်ပြီး ရာနဲ့ချီသေဆုံးတော့

လူ့အခွင့်အရေးကောင်စီ
မဟာမင်းကြီးဗိုကာတော့ခ်က စစ်တပ်နဲ့ AAကို ပြင်းထန်တဲ့
စကားလုံးသုံးပြီး ပြစ်တင်ရှုတ်ချတယ်...

စစ်ကောင်စီဘက်က
AAထိုးစစ်ကို အရှိန်လျော့ချင်လို့ လူ့အခွင့်အရေး Institutionအဖွဲ့နဲ့လှည့်တိုက်ပေမယ့်

AAပြောခွင့်ရကလုံးဝကိုဂရုမစိုက်ပဲ လုပ်စရာရှိတာကို
ဆက်လုပ်မယ်ဆိုပြီး Challenge
ခေါ်တယ်...

စစ်တပ်ရဲ့သွေးခွဲနည်းက AAကို မတိုးတော့
ဘူး...

ရခိုင်ပြည်သူလူထုရဲ့ထောက်ခံမှုအပြင်
အာဏာသိမ်းစစ်တပ်ကို
မုန်းတီးရွံရှာနေတဲ့မြန်မာပြည်သူလူထုရဲ့ တခဲနက်ထောက်ခံအားပေးမှုကို

AAရထားတော့ တရုတ်သာမက ဘင်္ဂလားဒေ့ရ်ှကပါ ဝင်မစွက်ဖက်ရဲဘူး...

နိုင်ငံတကာဆိုတာ
ကိုယ့်အကျိုးအမြတ်ကိုကြည့်တာမို့ ရခိုင်ပြည်နယ်မှာ
AAရဲ့အေန
အထားကို သဘောပေါက်တော့ ပွဲကြည့်ပရိ
သတ်ပဲလုပ်တယ်...

AAက ရခိုင်ပြည်နယ်မှာ
နိုင်ငံတကာကစီးပွားရေးရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်လိုက်တယ်...

တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်သဘောပဲ...ရခိုင်မှာ
စစ်ကောင်စီပြိုလဲမှု၊

ဘင်္ဂလားဒေ့ရ်ှကို
အကြိမ်ကြိမ်ထွက်ပြေးနေတဲ့ စစ်ကောင်စီရာနဲ့ချီကြောင့်
ပြက်ရယ်စရာဖြစ်နေခဲ့တယ်...

စစ်ကိုစစ်နဲ့တူအောင်တိုက်တဲ့ ဦးတည်ချက်
သွေမဖည်တဲ့
AAကို ဆိုးရွားကောက်ကျစ်တဲ့နည်းလမ်းပေါင်းစုံသုံးပေမယ့်

AAက ပိုမာကျောလာတယ်... သစ်သားထဲကို သံရိုက်သွင်းသလို

စစ်ကောင်စီတပ် ကစားကွက်ပဲ
တည်ရသေးတယ်

အရှိန်နဲ့တိုက်ချိုးပစ်တော့
စစ်မှုထမ်းဟောင်းတွေ အသက်၅၅- ၆၇နှစ်
ကြားပြန်ခေါ်သုံးဖို့ အမိန့်ထွက်လာတယ်...

နပခစစ်ဌာနချုပ်- အမ်းရဲ့ ရှေ့ကာကင်းဗျူဟာကုန်းဖြစ်တဲ့
ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကို AA ဧပြီ၂၇ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်...

အင်အား၆၀၀ကျော်ရှိတဲ့
ဗိုလ်မှူးချုပ်အဆင့် စကခမှူးထိုင်ထားတဲ့ တောဟိန်းတောင်ဗျူဟာကို

AAက မတ်လ၂၂ရက်က
စတင်တိုက်ခိုက်ခဲ့ပြီး ၁လအကြာမှာ သိမ်း
ပိုက်ရရခဲ့တယ်...

နယ်မြေရှင်းလင်းတာ၊
ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားအကြွင်းအကျန်တွေကို
လိုက်လံရှင်းလင်းတာကြောင့်

AAဘက်ကတရားဝင်သတင်းမထုတ်ပြန်သေးဘူး...
နှစ်ရက်လောက်ကြာမှ သတင်းထုတ်ပြန်တဲ့
AAရဲ့ လုပ်ထုံးလုပ်နည်းကြောင့်

နေရစ္ဆရာ၊Western Newsတို့လို ဒေသခံသတင်းဌာနတွေရဲ့
ထုတ်ပြန်ချက်ကိုသာ ကြည့်နေ
ရတာဖြစ်တယ်...

စစ်ကောင်စီဘက်က
တံတားဦးလေတပ်၊ မကွေးလေတပ်က ဂျက်ဖိုက်တာတွေနဲ့ ပစ်နေပြီး

MLRSလိုအတွဲလိုက်ဒုံးတွေနဲ့
အားသွန်ပစ်နေတဲ့ကြားက
AA တောဟိန်းတောင်ဗျူဟာကို သိမ်းပိုက်နိုင်တာကြောင့်

AAအဖို့ စစ်ကောင်စီတပ်က ငယ်နိုင်သာ
သာအဆင့်ပဲ ရှိတော့တယ်...

အာရက္ခတပ်တော်- AAအနေနဲ့ စစ်ပွဲတိုက်ရာ
မှာ—

— စစ်ဦးတယ်...

— သတင်းဦးတယ်...

— လူဦးတယ်...

— လက်နက်ဦးတယ်...

— နည်းပညာဦးတယ်...

၆လအတွင်းမှာ AA တက်ကြိတ်တာ အာဏာ
သိမ်းစစ်တပ် Run Forest Run ထွက်ပြေး
နေတာ တန်းလို...

A.M.H #(Irony)

#ဧပြီလ ၃၀
Photo Credit #

30/04/2024

တံတားဦး ⚠️

10:47am ( 30 Apr)

​တံတားဦး ​လေတပ်မှ Jet Fighter ​(1)စီး ​​အ​နောက်ဘက်သို့ ပျံတက်။

⚠️ရခိုင် ချင်း သတိပြု


သတင်းပို့ရန်

သီရိပျံချီဗိုလ်မှူးကြီးစောချစ်သူ သို့မဟုတ် ခန့်မှန်းရခက်သည့် BGF တပ်မှူးအောင်ခမ်းApril 30, 2024Myanmar_Now “ဗမာဆိုတာယုံလ...
30/04/2024

သီရိပျံချီဗိုလ်မှူးကြီးစောချစ်သူ သို့မဟုတ်
ခန့်မှန်းရခက်သည့် BGF တပ်မှူး

အောင်ခမ်းApril 30, 2024
Myanmar_Now

“ဗမာဆိုတာယုံလို့မရ” ဟု လူမျိုးရေဆန်သည့် မှတ်ချက်ကို ကရင်လူထုနှင့်တွေ့ဆုံပွဲတစ်ခုတွင် ကရင်နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုခဲ့ဖူးသည်။
“ဗမာဆိုတာယုံလို့မရဘူးလေ … နော့။ အဲ့လိုမျိုးပြောရင်လည်း ဗမာ မကြိုက်ဘူး”

အသက် ၅၅ နှစ်အရွယ် ဗိုလ်မှူးကြီးစောချစ်သူက ကရင်လူထုကို အထက်ပါအတိုင်း ပြောဆိုခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုကလည်း Facebook ပေါ်တွင် ပျံ့နှံ့နေသည်။

တခြားတစ်ဖက်တွင်မူ သူသည် ဗမာလူမျိုးကြီးဝါဒ ကိုင်စွဲကြောင်း တိုင်းရင်းသားများက စွပ်စွဲကြသည့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ ကရင်ပြည်နယ်မှ BGF ခေါ် နယ်ခြားစောင့်တပ်၏ အရာရှိအဖြစ် ၁၄ နှစ်ကြာ သစ္စာခံနေသူ ဖြစ်နေပြန်သည်။

ပူပူနွေးနွေးအဖြစ် ပြီးခဲ့သည့်နှစ်အတွင်းကပင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးသည့် “သီရိပျံချီ” ဘွဲ့ကို နေပြည်တော်တွင် လက်ခံရယူခဲ့ထားသည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာန တစ်ခု၏အဆိုအရ စစ်ကောင်စီဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းနှင့် ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တွေ့ဆုံအပြီး စောချစ်သူကို ဗိုလ်မှူးချုပ်နှင့် ဒေသဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲရေးမှုး (ဒစက-BGF) အဖြစ် စစ်ကောင်စီက ရာထူးတိုးပေးလိုက်သည်ဟု သိရသည်။

ထိုရာထူးက စစ်တပ်ကို သစ္စာခံရန် ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များအဖြစ် အသွင်ပြောင်းလာကြသည့် လက်နက်ကိုင်များ ရရှိသည့် ရာထူးများအနက် အဆင့်အမြင့်ဆုံးဖြစ်သည်။

စစ်ကောင်စီဒုခေါင်းဆောင်နှင့်တွေ့ဆုံပြီး သီတင်းပတ်အနည်းငယ်အကြာတွင် စစ်တပ်လက်အောက်ခံ BGF တပ်အဖြစ် ရပ်တည်တော့မည်မဟုတ်ဟု ဗိုလ်မှူးကြီးစောချစ်သူနှင့် သူ့ကို ထောက်ခံသည့် နယ်ခြားစောင့်တပ်အရာရှိများက ကြေညာသည်။ အဖွဲ့သစ်အမည်ကို ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) ဟု ပေးပြီး စစ်ကောင်စီထံမှ အမိန့်နှင့် လစာတို့ကို လက်မခံတော့ဟု ဆိုပြန်သည်။

ပြန်တမ်းဝင်နယ်ခြားစောင့်တပ်မှူးဘဝမှ စစ်တပ်၏သြဇာကို မနာခံတော့ဟု ကြေညာသော်လည်း စစ်တပ်ကို အတိအလင်း ပုန်ကန်ခြားနားခြင်းလည်း မဟုတ်ပြန်။

မြန်မာ-ထိုင်းနယ်စပ်မှ နယ်ခြားစောင့်တပ်မှူးကြီး စောချစ်သူ၏ရပ်တည်ချက်က ခန့်မှန်းရ ခက်လှသည်။ သူ၏ပြောဆိုမှုများ၊ ထုတ်ပြန်ချက်များက မြေပြင်အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဗိုလ်မှူးကြီးစောချစ်သူ၏ မပုန်ကန်သော ပုန်ကန်မှု

စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ မြန်မာစစ်တပ်အတွက် အဆုံးအဖြတ်အားလုံးကို ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ရွေးကောက်ခံ သမ္မတနှင့် လွှတ်တော်တို့ကို ဂရုစိုက်စရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်အရွယ်အစားကို လိုသလို ချုံ့နိုင်၊ ချဲ့နိုင်သလို သူ့စိတ်ကြိုက် အရာရှိများကို ခန့်နိုင်၊ ဖြုတ်နိုင်သည်။

ဗိုလ်မှူးကြီးစောချစ်သူသည်လည်း မြန်မာစစ်တပ်၏ စစ်သားတစ်ဦးဖြစ်ပြီး သူသည် နေပြည်တော်နှင့် မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဗိုလ်ချုပ်များ၏အမိန့်ကို နာခံရသည်။

သို့သော်လည်း ယခုနှစ် မေလဆန်းမှစတင်ပြီး ဗိုလ်မှူးကြီးစောချစ်သူက အာခံကြောင်း ကြေညာသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း နိုင်ငံအရှေ့ပိုင်း ကယား (ကရင်နီ) ပြည်နယ်မှ နယ်ခြားစောင့်တပ်ရင်း နှစ်ခုသည် စစ်ကောင်စီအမိန့်ကို မနာခံနိုင်တော့ကြောင်း အလားတူကြေညာပြီး စစ်ကောင်စီကို ပြန်တိုက်နေသည်။

နယ်ခြားစောင့်တပ်ရင်းနှစ်ခု စစ်ကောင်စီကို ပထမဆုံးအကြိမ် ပြန်တိုက်ခိုက်
ဗိုလ်မှူးကြီးစောချစ်သူ၏ ပုန်ကန်မှုက ကရင်နီနယ်ခြားစောင့်တပ်များကဲ့သို့ မဟုတ်ဘဲ တစ်မူထူးခြားသည်။

စစ်တပ်အောက်မှ ခွဲထွက်သော်လည်း စစ်တပ်ကို ဆက်လက်အကူအညီပေးနေပြန်သည်။

ဧပြီ ၁၁ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ခလရ (၂၇၅) တပ်စခန်းကို ထိုးစစ်ဆင် သိမ်းပိုက်စဉ် မြဝတီမြို့ကို လုံခြုံရေးယူထားသည့် BGF က ထိုးစစ်ကို ဝင်ရောက်ဟန့်တားမှု မပြုသည့်နည်းဖြင့် ကူညီခဲ့သည်။

စစ်ကောင်စီက ဧပြီ ၂၃ တွင် ထိုစခန်းကို ပြန်လည်သိမ်းပိုက်သည့်အခါ ဗိုလ်မှူးကြီးစောချစ်သူ၏ BGF က ကူညီသည်ဟု မြဝတီဒေသခံများက Myanmar Now ကို ပြောသည်။

လက်ရှိအချိန်တွင် မြဝတီမြို့သည် ဗိုလ်မှူးကြီးစောချစ်သူနှင့် BGF ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ဒေသခံတို့က ဆိုသည်။

မြဝတီမြို့တွင် BGF တပ်စွဲထားသည့် နေရာအများအပြားရှိနေပြီး မြဝတီ၏အနာဂတ်သည် ဗိုလ်မှူးကြီးစောချစ်သူ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေသည်ဟု မဲဆောက်မြို့မှ နိုင်ငံရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“မြဝတီကိုက BGF မပါဘဲနဲ့ သိမ်းဖို့ဆိုတာ မလွယ်ဘူး” ၎င်းက ဆိုသည်။

ခန့်မှန်းရခက်သည့် ဗိုလ်မှူးကြီးစောချစ်သူ၏ ကြွယ်ဝမှု

စောချစ်သူသည် မြန်မာစစ်တပ်၏ စစ်ဗိုလ်ချုပ်ကြီးများနည်းတူ သေနတ်ကိုင်ရင်း စီးပွားရေးလုပ်ငန်းများထူထောင်ထားသူဖြစ်သည်။

မဲဆောက်-မြဝတီဒေသတွင် ထိုင်းနိုင်ငံအခွန်ဌာန အခွန်ငွေရသည့်၊ ကုန်ပစ္စည်းများ စီးဆင်းသည့် နယ်စပ် စက်လှေဂိတ်များစွာရှိရာ မြန်မာဘက်တွင် ထိုဂိတ်အများအပြားကို BGF က ထိန်းချုပ်ထားသည်။

ထိုဂိတ်ပေါက်များမှ ကုန်သွယ်မှုသည် လစဉ် ဘတ်ငွေ သန်းနှင့်ချီအထိ ရှိသည်။

BGF က ထိန်းချုပ်ထားသည့် ဂိတ်များမှ ရရှိသည့် အကျိုးအမြတ်ကို BGF ခေါင်းဆောင်များက အဓိကရရှိကြသည်။

BGF ထိန်းချုပ်ဒေသ တရားမဝင်စီးပွားရေးလုပ်ငန်းများထဲတွင် ယခင်က လောင်းကစားလုပ်ငန်းမျိုးစုံ ပါဝင်ရာမှ နောက်ပိုင်းတွင် ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်ခြင်းလည်း ပါဝင်လာသည်။ ဗိုလ်မှူးကြီးစောချစ်သူနှင့် BGF ခေါင်းဆောင်များသည် မြန်မာ-ထိုင်းနယ်စပ်မျဉ်းအနီး ရွှေကုက္ကိုမြို့သစ်ဆိုသည့် စီမံကိန်းကို တည်ထောင်ပြီး ကျားဖြန့်ဂိုဏ်းများကို အခြေစိုက်စေကြောင်း၊ ထိုကျားဖြန့်ဂိုဏ်းများထံမှ အကျိုးအမြတ်ကိုလည်း ရရှိကြောင်း လေ့လာသူတို့က ဆိုကြသည်။

မြေဧက ၃၀,၀၀၀ ကျယ်ဝန်းပြီး​ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ရထိုင်နိုင်ငံတကာဦးပိုင်လုပ်ငန်း (Yatai International Holdings Group) နှင့် BGF က ထူထောင်ထားသော ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ကြသည်။

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGF က ရရှိသည်၊ ထိုငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်တပ်က ရရှိနေသည်ဟု အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့၏ အင်တာနက်စာမျက်နှာရှိ ဧပြီ ၂၂ ရက်နေ့ ရက်စွဲတပ် သုံးသပ်ချက်ဆောင်းပါးတစ်စောင်တွင် ဖော်ပြလာသည်။

BGF ခေါင်းဆောင်များသည် မြဝတီရှိ တရုတ်ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေပြီး ထိုဂိုဏ်များနှင့် ပတ်သက်နေသူများမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့ ဖြစ်သည်ဟု ထိုဆောင်းပါးတွင် ဆိုထားသည်။

ထိုဆောင်းပါးပါ ဖော်ပြချက်မျိုးနှင့် ပတ်သက်ပြီး BGF ခေါင်းဆောင်များက တုံ့ပြန်ခြင်း မရှိပေ။ တုံ့ပြန်ချက် ရရှိရန် Myanmar Now က ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဗိုလ်မှူးကြီးစောချစ်သူသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး သံသယရှိသည်ဟုဆိုကာ ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံများက အမည်ပျက်စာရင်းသွင်းခဲ့သည်။

သြဇာကြီးထွားလာသည့် ဗိုလ်မှူးကြီးစောချစ်သူ ရွှေကုက္ကိုကို အပိုင်စားရခြင်း

မြန်မာ-ထိုင်း နယ်စပ်တွင် စစ်ဘုရင်တစ်ပါးဖြစ်လာမည့် စောချစ်သူသည် သူ၏လက်နက်ကိုင်တပ်သားဘဝကို ဆယ်ကျော်သက်အရွယ်ကတည်းက KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြာက်ရေးတပ်မတော် (KNLA) တွင် စတင်ခဲ့သည်။

၁၉၉၅ တွင် စစ်အစိုးရ၏ မဟာဗျူဟာကျသည့် KNU ဖြိုခွဲရေးစီမံကိန်းအောက်တွင် ဗုဒ္ဓဘာသာဝင်ကရင်များသည် KNU အောက်မှ ခွဲထွက်ပြီး DKBA အမည်ရ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်ကို တည်ထောင်သည်။ DKBA အဖွဲ့သစ်တွင် ဗုဒ္ဓဘာသာဝင် စောချစ်သူလည်း ပါလာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် စစ်တပ်က DKBA ကို နယ်ခြားစောင့်တပ်အဖြစ် စစ်တပ်အောက်ဝင်ရန် ဖိအားပေးပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူလည်း နယ်ခြားစောင့်တပ် (BGF) ၏အရာရှိဖြစ်လာသည်။

သို့သော်လည်း ရှုပ်ထွေးလှသည့် ကရင်လက်နက်ကိုင်များအကြားတွင် DKBA ဆိုသည့်အမည်ကို မြန်မာဘာသာဖြင့် အနက်အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသည်။ စစ်ကောင်စီက ပြီးခဲ့သည့်နှစ်အထိ ဗိုလ်မှူးကြီးစောချစ်သူကို ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (DKBA) မှ အရာရှိဟု သုံးနှုန်းခဲ့သည်။

DKBA မှ ခွဲထွက်လာသည့် တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့ KPF မှ အမှတ် ၂၁ တပ်ရင်းတို့ ပူးပေါင်းပြီး ၂၀၁၀ ပြည့်နှစ်တွင် ကရင် BGF ကို တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး စောချစ်သူလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အမှတ် (၃) တပ်နယ်မှူးဖြစ်လာသည်။

၂၀၁၁ အတွင်းက DVB သတင်းဌာန၏ဖော်ပြချက်တွင် စစ်တပ်က ဗိုလ်မှူးကြီးစောချစ်သူကို ကရင်နယ်ခြားစောင့်တပ်များကို ကြီးကြပ်ရန် အာဏာကုန်လွှဲခဲ့သည်ဟု ဆိုသည်။

ထိုအချိန်မှစပြီး ဗိုလ်မှူးကြီးစောချစ်သူသည် စစ်တပ်၏လောင်းရိပ်အောက် သြဇာကြီးထွားလာခဲ့ပြီး ပိုမို ချမ်းသာကြွယ်ဝလာသည်ဟု တောင်ပိုင်းတိုင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူ့မှာ ပါဝါရှိတယ်၊ အာဏာရှိတယ်၊ ငွေကြေးရှိတယ်။ ဒီအကျိုးစီးပွားတွေကို ဖြန့်ဝေနိုင်တဲ့ ရင်းမြစ်တွေရှိတယ်။ အဲဒီရင်းမြစ်တွေရှိနေတဲ့ အခါကျတော့ တော်တော်များများကို သူသည် ခြယ်လှယ်နေလို့ရတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောပြသည်။

စောချစ်သူသည် မြန်မာစစ်တပ်နှင့် ကာလရှည်ကြာ ရှိလာခဲ့သည့် ဆက်ဆံရေးကြောင့် ရွှေကုက္ကိုဒေသတစ်ဝိုက်ကို ထိန်းချုပ်ခွင့်ရလာခဲ့သည်၊ ထိုနေရာသည် ကော့မူးရာ ခေါ် ဝမ်ခ စခန်းဟု ထင်ရှားသည့် KNLA အခြေစိုက်စခန်းတစ်ခု ရှိခဲ့ဖူးသည့် နေရာပင်ဖြစ်သည်။

နိုင်ငံအသီးသီးမှ လူကုန်ကူးခံရသူတို့ကို ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ ကျွန်ပြုမှု အစရှိသည့် မကောင်းမှု၊ ရာဇဝတ်မှုများသည် သူ၏ ထိန်းချုပ်ရာဒေသအတွင်း ဖြစ်ပွားနေသည့်တိုင် စောချစ်သူသည် လူကြိုက်များတတ်သည့် အားကစားပွဲ၊ ဘာသာရေးအလှူပွဲများ ကျင်းပလေ့ရှိသည်။

၂၀၂၃ ခုနှစ်က သူ၏ ဇာတိဖြစ်သည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကြားအင်းကျေးရွာရှိ ပြည်သာလင်းအေးစေတီတော်” ရွှေထီးတော်တင်အလှူပွဲကို ဘုရားဒါယကာအဖြစ် နှစ်ပတ်တိုင်တိုင် ကြီးကျယ်ခမ်းနားစွာကျင်းပသည်။

သိန်းပေါင်းထောင်နှင့်ချီ အကုန်ကျခံပြီး ပြုလုပ်ခဲ့သည့် ထိုအလှူပွဲတွင် တရားဟောသူမှာ လူမျိုးရေးပဋိပက္ခလှုံ့ဆော်မှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် နှုတ်ထွက်စကားကြောင့် ထင်ရှားသည့် မဘသဆရာတော် ဦးဝီရသူဖြစ်သည်။

ထို့ပြင် စောချစ်သူသည် ကျေးရွာအတွင်း နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော စုပေါင်းမဟာဘုံကထိန်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကဲ့သို့ ပျော်ပွဲရွှင်ပွဲများတွင်လည်း လူလုံးထွက်ပြလေ့ရှိသည်။

စောချစ်သူသည် အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် စစ်တပ်၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးမြှင့်သော သီရိပျံချီဘွဲ့ကိုလည်း ပြီးခဲ့သည့် နှစ်ထဲတွင် လက်ခံထားသူ ဖြစ်သည်။

အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်သည့် စောချစ်သူသည် အိမ်ထောင်နှစ်ဆက်မှ ရသည့် သား ၃ ဦး၊ သမီးတစ်ဦး ရှိသည်၊ မြေးတစ်ဦး ရှိသည်ဟု သူနှင့် နီးစပ်ခဲ့ဖူးသူတစ်ဦးက ပြောသည်။ သား ၂ ဦးမှာ BGF တွင် အရာရှိများ ဖြစ်နေသည်ဟု ကရင်ပြည်နယ်ဒေသသတင်းများ အထူးပြုတင်ဆက်သည့် KIC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ခက်ခဲမည့်စာမေးပွဲ

စစ်တပ်က ထွက်မည်ဟု စောချစ်သူအပါအဝင် BGF ခေါင်းဆောင်များ ကြေညာသည်က ယခုတစ်ကြိမ်သည် ပထမဆုံးမဟုတ်ပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု မတိုင်မီ လပိုင်းအလိုတွင်လည်း အလားတူကြေညာခဲ့သည်။

အစိုးရခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်နေခြင်းကြောင့် ရွှေကုက္ကိုမြို့သစ်စီမံကိန်း ရပ်နားထားရခြင်းဖြစ်ကြောင်း အာဏာသိမ်းရန် ၁ လအလိုတွင် ထိုစဉ်က သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် စစ်တပ်ကလည်း စောချစ်သူအပါအဝင် BGF ခေါင်းဆောင် ၃ ဦးကို စီးပွားရေးလုပ်လိုပါက နုတ်ထွက်ကြရန် ဖိအားပေးခဲ့ဖူးသည်။

BGF ဘက်က ၎င်းတို့ ခေါင်းဆောင် ၃ ဦးကို နုတ်ထွက်ခိုင်းပါက တပ်ရင်း၊ တပ်ဖွဲ့၊ အရာရှိများအားလုံး နုတ်ထွက်မည်ဟု ပြန်လည်တုံ့ပြန်ခဲ့ရာ စစ်တပ်က မာန်ပြန်လျှော့ခဲ့ရသည်။ ထို့နောက် စစ်အာဏာသိမ်းမှု ပေါ်လာပြီး BGF သည် သူ၏ တရားမဝင်စီးပွားရေးလုပ်ငန်းများကို နေမြဲအတိုင်း ဆက်လက်လုပ်ကိုင်ပြီး နောက်ထပ်ပင် တိုးချဲ့လုပ်ကိုင်ခဲ့သည်။

ထို့နောက် အာဏာသိမ်းစစ်တပ်အောက်တွင် ရွှေကုက္ကိုနှင့် ဗိုလ်မှူးကြီးစောချစ်သူတို့လည်း ဆက်လက်ကြီးထွားလာသည်။

အဖြစ်အပျက်များက ပြီးခဲ့သည့်နှစ်တွင် အလှည့်အပြောင်းဖြစ်လာသည်။

ဒေသတွင်းနှင့် နိုင်ငံတကာတွင် အမည်ဆိုးဖြင့် ကျော်ကြားသော ကျားဖြန့်လုပ်ငန်းများကို တရုတ်အစိုးရက အကြီးအကျယ်ဒေါသထွက်နေခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်အစိုးရသည် မြန်မာအရှေ့မြောက်ပိုင်း ကိုးကန့်/လောက်ကိုင် ဒေသမှ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အရာရှိများ၊ ပြည်သူ့စစ်များနှင့် ကြံ့ခိုင်ရေးအမတ်များကို စစ်ကောင်စီ၏အကူအညီဖြင့် ကျားဖြန့်နှိမ်နင်းရေးခေါင်းစဉ်အောက်တွင် ဖမ်းဆီးခဲ့သည်။

တရုတ်၏ကျားဖြန့်စစ်ဆင်ရေးက ဗိုလ်မှူးကြီးစောချစ်သူထံ ရောက်မလာသေးသော်လည်း ထိုင်းအစိုးရကမူ ၎င်းတို့နယ်စပ်မှ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးနေသည်။

ထိုင်းဘုရင့်စစ်တပ်၏ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျကပေါင်း ဂျန်ပန်းပန်ကိုယ်တိုင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက နေပြည်တော်သို့ ရောက်လာပြီး မြဝတီမြို့အနီးရှိ ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းပေးရန် စစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့သည်။

ထို့နောက် ယခုနှစ် ဧပြီလဆန်းတွင် KNU ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက မြဝတီကို ဝင်တိုက်ချိန်တွင် စောချစ်သူ၏ ရပ်တည်ချက်က အရေးပါလာသည်။

မြဝတီတိုက်ပွဲတွင် စောချစ်သူက စစ်တပ်ကို အကူအညီပေးနေပြန်သည်။

လက်ရှိအချိန်တွင် ဒေါ်လာသန်းချီတန်ကြေးရှိသည့် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ရွှေကုက္ကိုစီမံကိန်းသည် ဗိုလ်မှူးကြီးစောချစ်သူ၏ လက်ခုပ်ထဲတွင် ရှိနေသော်လည်း အနာဂတ်က သိပ်မသေချာလှ။

သူ၏အနာဂတ်က ရှမ်းမြောက် ကိုးကန့်မှ နယ်ခြားစောင့်တပ်အရာရှိများကဲ့သို့ တရုတ်လက်ထဲ ရာဇဝတ်သားတစ်ဦးအဖြစ် ရောက်မည်လော၊ စစ်ကောင်စီလောင်းရိပ်အောက် ဆက်ကြီးထွားမည့် စစ်ဘုရင်အဖြစ် ရှိမည်လော၊ သို့တည်းမဟုတ် စစ်ကောင်စီကို ဆန့်ကျင်နေသည့် ကရင်တော်လှန်ရေးတပ်များနှင့် ဇာတ်ပေါင်းမည်လောဆိုသည်ကို မကြာမီလပိုင်းအတွင်း ပိုပြီး ထင်ထင်ရှားရှား တွေ့ရမည် ဖြစ်သည်။
к◎мїη

Address

Bokyoke Street
Kawthaung

Website

Alerts

Be the first to know and let us send you an email when အာဏာရှင်စနစ် မုချကျရှုံးရမည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share