Students' Union of Kyaing Tong University

Students' Union of Kyaing Tong University Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Students' Union of Kyaing Tong University, College & University, Main Road, Kengtung.

20/03/2024
30/01/2024

“ဆာဝါဒီခ” 🙏🏻

Burma Academy ရဲ့ ဘာသာစကားသင်ခန်းစာတစ်ခုအဖြစ် “Thai Basic Course for Beginners” ကို Self - Paced သင်ခန်းစာအနေနဲ့ ယူဆောင်လာပါပြီ။ 🥳

🌆 ထိုင်းနိုင်ငံဟာ သူရဲ့အလှအပနဲ့ အစားအသောက်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အလွန်စိတ်ဝင်စားတဲ့နေရာ တစ်ခုဖြစ်သလို ခုနောက်ပိုင်းမှာ အနုပညာပိုင်းနဲ့ လွှမ်းမိုးမှုရှိလာတာကိုလည်း တွေ့နိုင်ပါတယ်။ လူတန်းစားအသီးသီးအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး ပညာရေးစနစ်လည်း ကောင်းမွန်တဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် အလည်အပတ်သွားလိုသူတွေ၊ ပညာသင်ကြားလိုသူတွေနဲ့ အလုပ်လုပ်ကိုင်လိုသူတွေ အမြဲထည့်သွင်းစဉ်းစားပြီး သဘောကျတဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။

📌 ထိုင်းနိုင်ငံဟာ ထိုင်းဘာသာစကားတစ်မျိုးတည်းကိုသာ အဓိကထားအသုံးပြုတာကြောင့် ထိုင်းနိုင်ငံကို သွားရောက်မယ်ဆိုရင် ဘာသာစကားကျွမ်းကျင်မှုကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ “

📌 “Thai Basic Course for Beginner” သင်ခန်းစာဟာဆိုရင် ထိုင်းနိုင်ငံကို အလည်အပတ်သွားလိုသူတွေ၊ ပညာသင်ကြားလိုသူတွေနဲ့ အလုပ်လုပ်ကိုင်လိုသူအတွက် အလွန်အသုံးဝင်မယ့် သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာဆိုရင် -

☑️ Module 1: နှုတ်ဆက်စကား၊ အခေါ်အဝေါ်များနှင့် အခြေခံသိထားရမည့်အချက်များ
☑️ Module 2: မိမိကိုယ်ကိုမိတ်ဆက်ခြင်းနှင့် ဗျည်းအက္ခရာများရေးနည်း ​
☑️ Module 3: ဂဏန်းရေတွက်ပုံများနှင့် ဗျည်းအက္ခရာများ‌ရေးနည်း
☑️ Module 4: နေ့၊ လ အခေါ်အဝေါ်များနှင့် သရအက္ခရာများရေးနည်းနှင့်အသံထွက်ပုံများ
☑️ Module 5: အချိန်အခေါ်အဝေါ်များနှင့် group (1) ဗျည်းများကိုသရ၊ အသံသင်္ကေတများနှင့်ပေါင်းစပ်ခြင်း
☑️ Module 6: နေ့စဉ်သုံးစကားလုံးများနှင့် group(2) ဗျည်းများကိုသရ၊ အသံသင်္ကေတများနှင့်ပေါင်းစပ်ခြင်း
☑️ Module 7: ငွေကြေးအသုံးအနှုန်းများနှင့် group(3) ဗျည်းများကိုသရ၊အသံသင်္ကေတများနှင့်ပေါင်းစပ်ခြင်း
☑️ Module 8: စျေးဝယ်သည့်အခါသုံးသော အသုံးအနှုန်းများနှင့် gp(3) ရှိဗျည်းများကို gp(2) ရှိ ‘ห’ဗျည်းနှင့် ပေါင်းစပ်ခြင်း၊ gp(3) ရှိ ‘ย’ ဗျည်းကို gp(1) ရှိ ‘อ’ ဗျည်းနှင့်ပေါင်းစပ်ခြင်း ​
☑️ Module 9: ခရီးသွားခြင်းအသုံးအနှုန်းများနှင့် ဗျည်းတွဲများအကြောင်း
☑️ Module 10: လမ်းညွှန်ခြင်းအသုံးအနှုန်းများနှင့် နောက်ပိတ်သံမပါသောစကားလုံးများအကြောင်း
☑️ Module 11: စားသောက်ဆိုင်တွင်သုံးသော အသုံးအနှုန်းများနှင့် နောက်ပိတ်သံ၊ အသတ်ရှင်များပေါင်းခြင်း (แม่กน)
☑️ Module 12: လက်မှတ်ဝယ်ခြင်းတွင်သုံးသော အသုံးအနှုန်းများနှင့် နောက်ပိတ်သံ၊ အသတ်ရှင်များပေါင်းခြင်း (แม่กง)
☑️ Module 13: အရောင်အခေါ်အဝေါ်များနှင့် နောက်ပိတ်သံ၊ အသတ်ရှင်များပေါင်းခြင်း (แม่กม)
☑️ Module 14: ဆေးခန်းသွားခြင်းတွင်သုံးသော အသုံးအနှုန်းများနှင့်နောက်ပိတ်သံ၊ အသတ်ရှင်များပေါင်းခြင်း (แม่เกย)
☑️ Module 15: စိတ်ခံစားချက်နှင့်ပတ်သက်သည့် အခေါ်အဝေါ်များနှင့် နောက်ပိတ်သံ၊ အသတ်ရှင်များပေါင်းခြင်း (แม่เกอว)
☑️ Module 16: မိသားစုအခေါ်အဝေါ်များနှင့် နောက်ပိတ်သံ၊ အသတ်သေများပေါင်းခြင်း (แม่กก)
☑️ Module 17: ဟိုတယ်ဘိုကင်တင်ခြင်းတွင်သုံးသော အသုံးအနှုန်းများနှင့် နောက်ပိတ်သံ၊ အသတ်သေများ ပေါင်းခြင်း (แม่กด)
☑️ Module 18: အသက်မွေးဝမ်းကြောင်းနှင့်ပတ်သက်သည့် အခေါ်အဝေါ်များနှင့် နောက်ပိတ်သံ၊ အသတ်သေများပေါင်းခြင်း (แม่กบ)
☑️ Module 19: အမေးစကားလုံး၊ တားမြစ်စကားလုံး၊ အသံမထွက်သောအသတ်သင်္ကေတများပါသည့် ဗျည်းများ စတာတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📌 “Thai Basic Course for Beginner” သင်ခန်းစာကို စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင် http://tinyurl.com/BA-ThaiSelfPaced ကတဆင့်စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။ Self-Paced သင်ခန်းစာဖြစ်တာကြောင့် စာရင်းပေးသွင်းထားပြီး မိမိအဆင်ပြေတဲ့ အချိန်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

📌 Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။



မႂ်ႇသုင်ပီႊမႂ်ႇတႆးၶႃႈႁူမ်ႈၸူမ်း ႁပ်ႉတွၼ်ႈ ပီႊမ်ႂႇတႆး ႒႑႑႘ၼီႊႁႂႈလႆႈမီးတူဝ်ၵတ်းယဵၼ်ၸႂ်ၵတ်းယဵၼ် ၶိုၼ်ႈၸွမ်းပီမ်ႂေသၵမ်းၶႃႈ ၵ...
13/12/2023

မႂ်ႇသုင်ပီႊမႂ်ႇတႆးၶႃႈ
ႁူမ်ႈၸူမ်း ႁပ်ႉတွၼ်ႈ ပီႊမ်ႂႇတႆး ႒႑႑႘ၼီႊ
ႁႂႈလႆႈမီးတူဝ်ၵတ်းယဵၼ်ၸႂ်ၵတ်းယဵၼ် ၶိုၼ်ႈၸွမ်းပီမ်ႂေသၵမ်းၶႃႈ ၵျႃႇၸႂ်မႂ်ႇတိူဝ်းသႂ်


မႂ်ႇသုင်ပီႊမႂ်ႇတႆးၶႃႈ
ႁူမ်ႈၸူမ်း ႁပ်ႉတွၼ်ႈ ပီႊမ်ႂႇတႆး ႒႑႑႘ၼီႊ
ႁႂႈလႆႈမီးတူဝ်ၵတ်းယဵၼ်ၸႂ်ၵတ်းယဵၼ် ၶိုၼ်ႈၸွမ်းပီမ်ႂေသၵမ်းၶႃႈ ၵျႃႇၸႂ်မႂ်ႇတိူဝ်းသႂ်

08/11/2023
ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၅)နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ပေးပို့သော သဝဏ်လွှာ
13/03/2023

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၅)နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ပေးပို့သော သဝဏ်လွှာ

06/12/2022
18/11/2022

Quality Project တစ်ခုဖြစ်ဖို့အတွက် မသိမဖြစ် “Project Time Management”

အခုတစ်ခါ Burma Academy က မိတ်ဆက်ပေးမယ့် သင်ခန်းစာကတော့ Project တွေလုပ်တဲ့အခါမှာ အလွန်ကောင်းမွန်ပြီး အဆင်ပြေချောမွေ့တဲ့ Project တစ်ခုဖြစ်အောင် အချိန်ကိုကောင်းကောင်း Manage လုပ်နိုင်အောင် ရည်ရွယ်ပြီး သင်ကြားပို့ချပေးထားတဲ့ “Project Time Management” ဆိုတဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်။

အခုဘာသာရပ်မှာဆိုရင် Project Time Management နဲ့ ပတ်သက်တဲ့ Theories တွေသာမကဘဲ အပြင် လုပ်ငန်းခွင်တွေမှာပါ အသုံးပြုနေကြတဲ့ Microsoft Project 2016 ကိုပါ အသုံးပြုတတ်အောင် သင်ကြားပေးသွားမှာ ဖြစ်ပြီးတော့ Microsoft Project 2016 Software free version ကိုလည်း သင်ထောက်ကူအနေနဲ့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

“Project Time Management” သင်ခန်းစာကို Live Course အနေနဲ့ သင်ကြားပေးသွားမှာဖြစ်ပြီးတော့
သင်တန်းကာလအားဖြင့် ၄ ပတ်ကြာမြင့်မှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ

🗓️ အပတ်စဉ် သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တိုင်း ည ၇ နာရီကနေ ၈ နာရီအထိ Zoom မှတဆင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

“Project Time Management” သင်ခန်းစာမှာဆိုရင်-
Module 1) Introduction to Project Time Management
Module 2) Scope: As a basic for scheduling
Module 3) Activity Definition and Duration
Module 4) Activity Sequencing and Task Development
Module 5) Schedule Development
Module 6) Work Breakdown Structure
Module 7) Microsoft Project
Module 8) Resources and Project Schedule
Module 9) Schedule Monitoring and Control
Module 10) Earned Value (Performance Management)
Module 11) Introduction to Agile Project Delivery Framework
Module 12) Critical Chain Scheduling: Project Compression and Project Completion တို့ကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ် နောက်ဆုံးထားပြီး https://tinyurl.com/BA-PTMform ကတဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ပါတယ်။ Burma Academy ဟာ တော်လှန်ရေးမှာ ပါဝင်နေကြဆဲ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို တစ်ဖက်တစ်လမ်းက အကူအညီဖြစ်စေဖို့ တည်ထောင်ထားတဲ့ Platform ဖြစ်တာကြောင့် သင်ကြားပေးနေတဲ့ သင်ခန်းစာအားလုံးဟာ အခမဲ့ဖြစ်ပါတယ်။

“Project Time Management” သင်ခန်းစာဟာ Live Course ဖြစ်တဲ့အတွက်ကြောင့် လူဦးရေအကန့်အသတ်လေးရှိတာမို့ အမြန်ဆုံးလျှောက်ထားမှ စိတ်ချရမယ်နော်။ တက်ရောက်ခွင့်ရရှိသူတွေကို Email ကတဆင့် အကြောင်းပြန်ပေးသွားပါမယ်။ အခုမတက်ရောက်ဖြစ်ရင်လည်း သင်ခန်းစာလေးပြီးသွားရင် Burma Academy Website ပေါ်မှာ Self-Paced လေ့လာလို့ရအောင် စီစဉ်ပေးဦးမှာမို့လို့ ကျောင်းသားကျောင်းသူတွေအနေနဲ့ Burma Academy page ကို စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။



16/10/2022

◾"ငါတို့ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ" ကျောင်းသားမျိုးဆက်အသီးသီး၏ စကားဝိုင်း။

ကျွန်တော်တို့နိုင်ငံဟာ ကျောင်းသားသမဂ္ဂနဲ့တော်လှန်ရေး၊ တော်လှန်ရေးနဲ့ကျောင်းသားသမဂ္ဂ ဆိုတာခွဲခြားလို့မရတဲ့အထိ ယှဉ်တွဲနေတာပဲဖြစ်ပါတယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ကြိုးပမ်းမှုကစလို့ အဆက်ဆက်သော အာဏာသိမ်းမှုတွေ၊ လူထုအုံကြွမှုတွေမှာ ကျောင်းသားသမဂ္ဂမျိုးဆက် တဆက်ပြီးတဆက်ဟာ အဓိကကျတဲ့နေရာကနေ မားမားမတ်မတ် တော်လှန်ခဲ့ကြပါတယ်။ ကျုပ်တို့ရဲ့ နောင်တော်ကျောင်းသားမျိုးဆက်တွေ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ကြလဲ၊ တိုက်ပွဲဝင်ခဲ့ကြလဲ၊ သူတို့ခေတ်မှာ သူတို့ရေဘယ်လိုစီးခဲ့ကြသလဲ၊ ကျုပ်တို့ခေတ်ရဲ့ ရေစီးကိုကော သူတို့ဘယ်လိုမြင်ကြလဲ။ ဒါတွေကို သိထားကြဖို့ ကောင်းပါတယ်။ ကျောင်းသားတွေရဲ့ တော်လှန်ရေးလမ်းကြောင်းအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။

ကမ္ဘာ့ကျောင်းသားနေ့အထိမ်းအမှတ် အဖြစ် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC က ကျင်းပတဲ့ "ငါတို့ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ" ဆိုတဲ့စကားဝိုင်းဆွေးနွေးပွဲကတော့ နောင်တော်မျိုးဆက်တွေ နဲ့ ကျွန်တော်တို့မျိုးဆက် ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေ၊ လက်ရှိနွေဦးတော်လှန်ရေးအပေါ် သူတို့ရဲ့ရှုမြင်ပုံတွေ ကြားသိရမှာပဲဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေအဖြစ်
(က) အောင်စောဦး (၇၄၊ ၇၅၊ ၇၆ မျိုးဆက်)
(ခ) မျိုးကြီး (၈၈ မျိုးဆက်)
(ဂ) မင်းသွေးသစ် (၂၀၁၅ မျိုးဆက်)
(ဃ) မင်းဟန်ထက် (၂၀၂၁ မျိုးဆက်)

ကျင်းပမည့်နေ့ရက် - အောက်တိုဘာလ ၁၇ ရက်နေ့၊ ၂၀၂၂ ခုနှစ်
ကျင်းပမည့်အချိန် - ည (၇) နာရီမှ ည (၉) နာရီ

GSCB, GMSR facebook စာမျက်နှာများ၊ကျောင်းသားသမဂ္ဂ အသီးသီး၏ လူမှုကွန်ယက်စာမျက်နှာများနှင့် အောက်ပါ မီဒီယာများတွင် စကားဝိုင်းအား တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

Mizzima,DVB, Than Lwin Times, Than Lwin Khet,Burma VJ,Kanbawza Tai, Kanbawza Broadcasting,D-Day,Khit Thit, Zalen, Ayeyarwaddy Times, Mindat Post,Myanmar Press Photo Agency, People's Spring



14/10/2022

Microsoft မှ သင်ခန်းစာများကို Burma Academy တွင် လေ့လာသင်ယူနိုင်မည့် အခွင့်အရေး 🎉

Bill Gates နဲ့ Paul Allen တို့ အတူတကွ တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ နည်းပညာဆိုင်ရာ ကမ္ဘာ့ထိပ်တန်း ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်တဲ့ Microsoft က ပို့ချသင်ကြားပေးမယ့် သင်ခန်းစာတွေကို Burma Academy မှာ အခမဲ့ သင်ယူလေ့လာနိုင်တော့မှာပါ။

စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာဆိုင်ရာ သင်ခန်းစာတွေကို Microsoft ကနေ တရားဝင် သင်ကြားပေးသွားမှာဖြစ်ပြီး Burma Academy ရဲ့ official website မှာ အလွယ်တကူ သင်တန်းတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် Certificate တွေကို Microsoft Learn for Educators (MSLE Program) ကနေ ပေးအပ်သွားမှာ ဖြစ်သလို သင်တန်းသားတွေအတွက် Practice Key နဲ့ Exam Voucher တွေကိုလည်း အခမဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။

သင်တန်းသားတွေသာမကပဲ မြန်မာနိုင်ငံတစ်ဝှမ်းက ဆရာ၊ ဆရာမတွေအတွက်လည်း Educator Training Programme တွေ ရှိလာတော့မှာပါ။

Microsoft Learn for Educators Program က သင်ကြားပေးသွားမယ့် သင်ခန်းစာတွေအကြောင်းကိုတော့ Burma Academy ရဲ့ page ကနေ အသိပေးအကြောင်းကြားမှာဖြစ်တာကြောင့် စဉ်ဆက်မပြတ် စောင့်ကြည့်နေပေးဖို့ ပန်ကြားလိုက်ပါရစေ။



01/10/2022

တော်လှန်ပြည်သူများအားလုံးကို ကျွန်တော်တို့ S3UN Fundraising Team မှ "စာအုပ်လည်းယူ ဝေဟင်လည်းကူ" Campaignလေးနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ယခု Campaignလေးကိုတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်းနှင့် ပူးပေါင်းလုပ်ဆောင်သွားပြီး စာအုပ်မဲများကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။
∆ ကံစမ်းမဲတစ်စောင်ကို 1000 ကျပ်နှုန်းလှူဒါန်းပြီး ဝယ်ယူကံစမ်းနိုင်ပါတယ်။
ဤအစီအစဉ်အတွင်းရရှိသမျှ အလှူငွေများကို ကျွန်တော်တို့နှင့် မဟာမိတ်ပြုလုပ်ထားသည့်
ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း၏ တော်လှန်ဝဲပျံ ဒရုန်းရဲ့အသံ Campaign မှာ အကုန်ထည့်သွင်းလှူဒါန်း‌သွားမှာဖြစ်ပါတယ်။
ကိုယ်မြင်ချင်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ ကိုယ်တိုင်ပါဝင်ပြီး တော်လှန်ရေးကို အင်အားဖြည့်စို့။
ဒါကြောင့်လူများများသိအောင်၊ ပါဝင်နိုင်အောင် ဖိတ်ခေါ်ပေးကြပါအုံးနော်။

#အုပ်ကြီးနဲ့ဖူးစာဆုံဖို့မဲလာဝယ်စို့
#စာအုပ်လည်းယူဝေဟင်လည်းကူ

Address

Main Road
Kengtung

Website

Alerts

Be the first to know and let us send you an email when Students' Union of Kyaing Tong University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share