19/04/2023
ရာသီဥတု အရမ်းပူတဲ့အတွက် ဂရုစိုက်ကြပါရှင်💗
💥အပူရှပ်ခြင်း (Heat stroke)💥
✔️✔️✔️Heat Stroke ဆိုတာ အပူချိန်အပြင်းအထန် ခံစားရတဲ့အခါမှာ အသက်အန္တရာယ်အရှိဆုံး အရေးအကြီးဆုံးဖြစ်ပါတယ်။
✔️✔️Heat Stroke ဆိုတာကို မြန်မာလိုတော့ အပူရှပ်ခြင်းလို့သုံးကြတယ်။ အမှန်တကယ်ကတော့ အပူချိန်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ထိခိုက်ပြီးတော့ ကယောင်ကတမ်းဖြစ်တဲ့ အခြေအနေမျိုးပေါ့။ ခန္ဓာကိုယ်ထဲက အပူချိန်ကို ထိန်းညှိတဲ့ (sweating mechanism) က ပျက်သွားတယ်။
✔️ဘာလို့ပျက်ရတာလဲဆိုတော့ ကိုယ်တွင်းအပူဓာတ်များလာရင် ခန္ဓာကိုယ်က ရေငွေ့တွေ၊ ချွေးတွေအနေနဲ့ထွက်ပေးပြီးတော့ ခန္ဓာကိုယ်အပူချိန် ချရတယ်။
✔️အပူချိန်ချဖို့အတွက် ထွက်စရာရေဓာတ်က မရှိတော့ဘူး။ ခန်းခြောက်သွားတယ်။ ဆိုလိုတာက ခန္ဓာကိုယ်အပူချိန်က ၁၀၅ ဒီဂရီဖာရင်ဟိုက်ထက်ကျော်တဲ့အခါ အပြောအဆိုတွေက ပုံမမှန်ဘူး။
✔️နှလုံးကြွက်သားတွေ ထိခိုက်ပြီးတော့ ပျက်စီးမယ်။ အဲဒီက ထွက်လာတဲ့ဓာတ်တွေကြောင့် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်။
✔️နှစ်နာရီထက်ကျော်ပြီးတော့ အပူချိန်ကို မချပေးနိုင်ဘူးဆိုရင် အသက်အန္တရာယ်ရှိတယ်။
✔️ နောက်ပိုင်းမှာ နှလုံးရပ်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဒါဟာ
➡️တစ်နှစ်အောက်ကလေးတွေ
➡️အသက် ၆၀ နဲ့အထက် အသက်ကြီးသူတွေ၊
➡️နာတာရှည်ရောဂါတြွေဖစ်တဲ့ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါစသဖြင့် ရှိသူတွေ၊
➡️ နေပူထဲမှာ ကိုယ်လက်လှုပ်ရှားလုပ်မယ့် အားကစားသမားတွေ၊
➡️ နေရောင်ခြည်အောက်မှာ အလုပ်လုပ်နေရတဲ့သူတွေ၊
➡️ နေပူထဲမှာကားရပ်ထားပြီး ကားထဲမှာ အဲကွန်းမဖွင့်ဘဲ ဒီအတိုင်း ထိုင်နေရတဲ့သူတွေ၊
➡️အရက်သောက်သုံးတဲ့သူတွေ၊ နောက်တချို့ ဆေးဝါးတွေသောက်သုံးနေရတဲ့သူတွေမှာ ရေဓာတ်တွေ ခန်းခြောက်ပြီးတော့ အပူချိန်မြင့်မားမှုဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။
✳️ ရှေးပြေးလက္ခဏာအနေနဲ့ကတော့
⏺အပူချိန်များမယ်၊
⏺ ချွေးထွက်မယ်၊
⏺ ချွေးထွက်တဲ့အခါမှာ အာခြောက်မယ်။ ရေငတ်မယ်။
⏺ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေခန်းခြောက်၊ သွေးခုန်နှုန်းမြန်နေတာတို့၊ အသက်ရှူနှုန်းမြန်နေတာ၊ ပူချစ်နေတာမျိုးတွေ တွေ့ရမယ်။
✔️Health Stroke ရပြီးဆိုရင် Medical Emergency ဖြစ်တဲ့အတွက်ကြောင့် ဆရာဝန်တွေ သာမကဘူး။ သာမန်လူတွေအနေနဲ့လည်း ရှေးဦးသူနာပြုစုစောင့်ရှောက်နည်းဆိုတာ ရှိပါတယ်။
✔️အကောင်းဆုံးကတော့ ရေစိုဝတ်နဲ့ သူ့ကိုပတ်ပြီးတော့ အပူချိန်ကျဆင်းအောင် လုပ်ပေးရမယ်။
✔️ နောက်တစ်နည်းကတော့ ရေခဲဖတ်ကိုလဲပေးရမယ်။
✔️ဘာလို့ အဲဒီနေရာတွေမှာ တင်ရလည်းဆိုတော့ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေက ဒီအရေပြားနဲ့ နီးကပ်စွာတည်ရှိနေတဲ့အတွက် ခန္ဓာကိုယ်အတွင်းထဲကို ပူတာလျော့တဲ့သွေးတွေ တဖြည်းဖြည်းအတွင်းထဲရောက်ပြီး အတွင်းထဲကနေတစ်ဆင့် ခန္ဓာကိုယ်အပူချိန်ကိုကျဆင်းအောင် လုပ်ပေးတဲ့နည်းလမ်းဖြစ်တဲ့အတွက်ကြောင့် လုပ်ပေးရမယ်။
✔️ခန္ဓာကိုယ်အပူချိန် တအားမြင့်မားနေတဲ့ လူတစ်ယောက်အတွက်ကို လျင်လျင်မြန်မြန် အပူကျဆင်းဖို့ အကောင်းဆုံးနည်းကတော့ ရေခဲဇလုံထဲမှာ ရေစိမ်ခိုင်းတာပဲ။
✔️ ရေခဲနဲ့ ရေထည့်ထားတဲ့ကန်ထဲမှာ ဝင်စိမ်ပြီး မြန်မြန်လေးအေးအောင် (Cool down) လုပ်ရတယ်။
✔️Cool down လုပ်တဲ့အခါမှာ တစ်ခုသိထားရမှာက အပူချိန် ၁၀၅ ကျော်မှာရှိနေတဲ့သူကို အပူချိန် ၁၀၀၊ ၁၀၁ လောက်အထိ ကျအောင်လုပ်ပြီးရင် အဲဒီနေရာကနေ ဖယ်ပြီး ခြောက်ခြောက်သွေ့သွေ့ဖြစ်အောင်ထားပြီး ပတ်ဝန်းကျင် အပူချိန်ပြောင်းတဲ့နည်းနဲ့ပဲ ဆက်ပြီးအေးအောင်လုပ်ရမယ်။
➡️ သွေးတိုးကျဆေး၊
➡️ဆီးဆေး၊
➡️အလက်ဂျစ်ထွက်ရင်သောက်ရတဲ့ ဘာမီတွန်လိုဆေးမျိုးအုပ်စု၊
➡️သွေးပေါင်ကျဆေးအုပ်စု၊ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတဲ့အခါကျတော့ ချွေးထွက်တဲ့စနစ် (Sweating mechanism) ပျက်နိုင်တဲ့အတွက် အဲဒီဆေးတွေက Heat Stroke ကို ပိုပြီးဖြစ်စေနိုင်တယ်။
✔️ နေပူထဲမှာ အလုပ်လုပ်တဲ့သူတွေက ဦးထုပ်ဆောင်း၊ ထီးဆောင်းပြီး ထွက်ရမယ်။
✔️ အင်္ကျီအဝတ်အစားပွပွနဲ့ အရောင်ဖျော့တာကိုဝတ်ရမယ်။
✔️ကျပ်ကျပ်ထုပ်ထုပ်နဲ့ အရောင်မဲမဲဆိုရင် အပူတွေကို စုပ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အပူချိန်မြင့်မားလာတာတွေ ဖြစ်တယ်။
✔️ နေပူထဲအလုပ်လုပ်တဲ့သူတွေ တစ်နာရီလုပ်ရင် ၁၅ မိနစ်နားပြီး ရေဓာတ်ရော၊ ဓာတ်ဆားဓာတ်ရော ပြန်ဖြည့်ရမယ်။
✔️ ရေဓာတ်ကို ဖြည့်တဲ့နေရာမှာ ရိုးရိုးရေဓာတ်ဆားရည်ကို သောက်ပေးတာက အကောင်းဆုံးပါပဲ။
✔️ရှောင်သင့်တဲ့အရည်ထဲမှာတော့
👉 အရက်၊
👉ဘီယာ၊
👉 ကော်ဖီ၊
👉လက်ဖက်ရည်တွေကိုတော့ လုံးဝမသောက်သုံးသင့်ပါဘူး။
✔️အဲဒါတွေက ခန္ဓာကိုယ်ရေဓာတ် ဆုံးရှုံးမှုများစေတဲ့အတွက်ကြောင့် အဲဒါတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။
✔️ ကော်ဖီမှာ ကဖင်းဓာတ်ပါတဲ့အတွက် ဆီးပိုသွားစေတယ်။ ရေဓာတ်ကိုခန်းခြောက်စေတယ်။
✔️ နေရိပ်ထဲမှာနေတဲ့သူက ကော်ဖီသောက်ရင် ပြဿနာသိပ်မရှိဘူး။ ရေနိုင်နိုင်ပြန်ဖြည့်နိုင်ရင်ရတယ်။
✔️ နေပူထဲမှာလုပ်တဲ့သူတွေက အဓိကပေါ့။
✴️ပူတဲ့ရာသီမှာ အပြင်မထွက်နိုင်ဖို့ သတ်မှတ်ထားတာကတော့ မနက် ၁၀ နာရီကနေ ညနေလေးနာရီပေါ့။
✔️ကိုယ့်နိုင်ငံရဲ့ တည်နေရာပေါ်ကိုမူတည်ပြီး သတ်မှတ်လေ့ရှိတယ်။
✔️ထွက်ရင်လည်း အကာအကွယ်နဲ့ထွက်ရမယ် အရေပြားကို နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် Sun Screen လိမ်းပြီးမှ ထွက်သင့်တယ်ဆိုပြီး အကြံပြုထားတာတွေရှိတယ်။
Credit