16/01/2023
IGCSE နဲ့ GED ဘာကွာလဲ ? 🤔
ဆယ်တန်းအောင်လက်မှတ်မလိုပဲ GED (သို့မဟုတ်) IGCSE အောင်လက်မှတ်ရပြီးတာနဲ့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူနိုင်တာကြောင့် လက်ရှိမှာ ကျောင်းသားကျောင်းသူများဖြေဆိုမှုများပြားလျက်ရှိပါတယ်။
ဒီနေ့မှာတော့ Edu Corner မှ IGCSE နဲ့ GED ဘာတွေကွာခြားမှုရှိလဲဆိုတာ မျှဝေပေးပါရစေ 🥰
IGCSE လို့ အတိုကောက်ခေါ်ကြတဲ့ International General Certificate of Secondary Education ဟာ ဗြိတိန်အခြေပြုသင်ရိုးကို အခြေခံရေးဆွဲထားတဲ့ နိုင်ငံတကာအသိအမှတ်ပြုအထက်တန်းအောင်လက်မှတ်တခုဖြစ်ပါတယ်။
IGCSE မှာ ~
🔹 Pre - IGCSE level
🔹 IGCSE O level (Ordinary level)
🔹 IGCSE A level (Advanced level) ဆိုပြီး level ၃ခုခွဲခြားထားပါတယ်။
🔹 Pre IGCSE level ကို အသက် (၁၂)နှစ်ပြည့်ပြီးသူတိုင်း (သို့မဟုတ်) Grade 7 အောင်မြင်ထားသူတိုင်း တက်ရောက်နိုင်ပါတယ်။ Duration အနေနဲ့ ၈လမှ ၁၀လအထိ ကြာမြင့်နိုင်ပါတယ်။
ကျောင်းသားလူငယ်များအကြား လူသိများတာကတော့
O level လို့ခေါ်ဆိုနေကြတဲ့ Ordinary level ဖြစ်ပါတယ်။
🔹 O level ပြီးဆုံးသွားတာနဲ့ တက္ကသိုလ်ကို တန်းပြီးတက်လို့ရလေ့မရှိပါဘူး။ ကိုယ်ရွေးချယ်သောကျောင်းအပေါ်မှာမူတည်ပါတယ်။ တက်ရောက်ရန် Duration အနေနဲ့ ၁နှစ်မှ ၂နှစ်အထိ ကြာမြင့်နိုင်ပါတယ်။
🔹 O level ပြီးဆုံးတာနဲ့ University foundation program များကို တက်ရောက်ကြသူများရှိသလို A level ကို ဆက်လက်တက်ရောက်ကြသူများလည်း ရှိပါတယ်။
Duration အနေနဲ့ ၂နှစ်နှင့်အထက် ကြာမြင့်နိုင်ပါတယ်။
A level ပြီးဆုံးတာနဲ့ တက္ကသိုလ်ဆက်တက်ဖို့ ပြင်ဆင်နိုင်ပြီပဲဖြစ်ပါတယ်။ A level ကို grade ကောင်းကောင်းနဲ့ အောင်မြင်ထားသူက အခွင့်အလမ်းပိုသာမှာပါ။
🔹 IGCSE ရဲ့အစိတ်အပိုင်းတွေက မြန်မာန်ိုင်ငံတက္ကသိုလ်ဝင်တန်းမှာ ဝိဇ္ဇာ၊သိပ္ပံခွဲထားသလို Edexcel & Cambridge ဆိုပြီး ခွဲထားပါတယ်။
က်ိုယ်ကြိုက်ရာတခုကိုပဲ ရွေးချယ်လေ့လာနိုင်ပါတယ်။
🔹 Cambridge IGCSE မှာ ဘာသာစကားအပါအဝင် ဘာသာရပ်ပေါင်း ၄၀ ကျော်ရှိပြီး ဖြေဆိုဖို့ လေ့လာတဲ့အခါမှာတော့ အနည်းဆုံး ၅ဘာသာမှ
အများဆုံး ၁၄ ဘာသာအထိရွေးချယ်နိုင်ပါတယ်။
English,Math နဲ့ Science တို့ကတော့ မဖြစ်မနေရွေးချယ်ရမယ့် ဘာသာရပ်တွေဖြစ်ပါတယ်။
🔹 ဘာသာရပ်များကို Group ခွဲလိုက်ရင်
Group I - Language
Group II - Humanity and social science
Group III - Science
Group IV - Mathematics
Group V - Creative and Professional တို့ဖြစ်ပါတယ်။
🔹 Exam fee အနေနဲ့ Edexcel အတွက် 100$ ကျော်ကျသင့်ပြီး CIE အတွက် 200$ နီးပါးကျသင့်မှာပါ။
🔹 IGCSE မှာ စာမေးပွဲမေးခွန်းထုတ်၊ စာစစ်၊ အောင်လက်မှတ်ထုတ်စသည်တို့ကို ပြုလုပ်ပေးတဲ့
exam board (3) ခုရှိပါတယ်။
ဒါ့ကြောင့် IGCSE ကို တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများအနေနဲ့
မိမိလေ့လာမည့် curriculum နှင့် ဖြေဆိုမည့် exam board တို့ကို သတိပြုရွေးချယ်ဖို့လိုအပ်ပါတယ်။ ⚠️
IGCSE ရဲ့ အားသာချက်များမှာ ~
🔹 ရွေးချယ်စရာဘာသာရပ်များ များပြားပါတယ်။
🔹 ရွေးချယ်စရာဘာသာရပ်များစွာထဲကမှ
မိမိအားသန်ရာနှင့် စိတ်ဝင်စားရာ ဘာသာရပ်များကို ရွေးချယ်လေ့လာနိုင်ပါတယ်။
🔹 IGCSE နဲ့ပတ်သက်သော resources များစွာကို အင်တာနက်မှတဆင့် အလွယ်တကူရှာဖွေနိုင်တာကြောင့်
မိမိကိုယ်တိုင် self study လုပ်တဲ့နေရာမှာလည်း အထောက်အကူပြုပါတယ်။
🔹 နိုင်ငံတကာအသိအမှတ်ပြုအောင်လက်မှတ်ဖြစ်ပြီး
နိုင်ငံခြားမှ ကျောင်းအများစုက လက်ခံပါတယ်။
🔹 IGCSE မှ ဘာသာရပ်တချို့ကို လေ့လာခြင်းဖြင့်
ကျောင်းသားကျောင်းသူများအတွက် လက်တွေ့ဘဝမှာ
analytical/ communication / cognitive skills စသည်တို့တိုးတက်လာနိုင်ပါတယ်။
GED လို့ အတိုကောက်ခေါ်ကြတဲ့
General Education Development ဟာ Grade 12 နှင့်ညီမျှသော US အထက်တန်းအောင်လက်မှတ်တခုဖြစ်ပါတယ်။
🔹 အသက်အရွယ်အားဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း
GED ကို ဖြေဆိုနိုင်ပါတယ်။
မိဘအုပ်ထိန်းသူခွင့်ပြုချက်ပါလျှင် အသက် (၁၆) နှစ်နှင့်လည်း ဖြေဆိုနိုင်ပါတယ်။
🔹 မြန်မာနိုင်ငံမှာတော့ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မရရှိသေးသူများ (သို့မဟုတ်) အထက်တန်းပညာရေးမပြီးဆုံးသေးသူများအနေနဲ့ GED ကို ဖြေဆိုသင့်ပါတယ်
ဘာသာရပ်တွေကတော့ ~
🔹 Mathematical Reasoning
🔹 Reasoning Through Language Arts (RLA)
🔹 Science
🔹 Social Studies ဆိုပြီး (၄)ဘာသာလေ့လာရမှာဖြစ်ပါတယ်။
GED မှာ အလွတ်ကျက်မှတ်ပြီးဖြေဆိုရတာမျိုးမဟုတ်ပဲ လေ့လာထားသမျှအကြောင်းအရာများကို ဘယ်လောက်ထိ ပြန်လည်အသုံးချနိုင်သလဲ၊ဘယ်လောက်ထိ မှတ်မိနိုင်စွမ်းရှိသလဲ စတာတွေကို အဓိကစစ်ဆေးပါတယ်။
🔹 Exam fees က တဘာသာကို 80$ ကျသင့်မှာဖြစ်ပြီး
စုစုပေါင်း ၄ဘာသာအတွက် 320$ ကျသင့်မှာပါ။
Exam center ကြေးကတော့ အပိုပေးဆောင်ရမှာပါ။
🔹 မေးခွန်းပုံစံကတော့ multiple choice / Select an Area /
Fill-in-the-Blanks / Drag-and-Drop / Drop-Down / Extended Response / Hot Spot / Short Answers စသဖြင့် မျိုးစုံဖြေဆိုရပါမယ်။
ဒါ့ကြောင့် GED မဖြေဆိုခင် မေးခွန်းပုံစံတွေကို များများလေ့ကျင့်ပြီး အစမ်းဖြေဆိုကြည့်သင့်ပါတယ်။ 💁🏻♀️
🔹 ၄ဘာသာပေါင်း အမှတ် (၈၀၀) ဖိုးမေးခွန်းထုတ်ပါတယ်။
တဘာသာချင်းစီကိုအနည်းဆုံး ၁၄၅ မှတ်ရှိမှသာ GED exam ကို pass ဖြစ်တယ်လို့ သတ်မှတ်မှာပါ။
တဘာသာချင်းစီမှာ ၁၆၅ မှတ်နဲ့ ၁၇၅ မှတ်ကြားရရှိတယ်ဆိုရင်တော့ တက္ကသိုလ် (သို့မဟုတ်) ကောလိပ်ဆက်တက်နိုင်ပါပြီ။
GED ကို US နှင့် Thailand က တက္ကသိုလ်အများစုက လက်ခံပါတယ်။
မိမ်ိတို့ လျှောက်လိုသော ကျောင်းအပေါ်မှာလည်း မူတည်ပါတယ်။
မိမိတို့ရွေးချယ်ထားသောကျောင်းသည် GED က်ို
လက်ခံမခံသိလ်ိုပါက email ပေးပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
Edu Corner မှကျောင်းသားကျောင်းသူများကိုတော့
Edu Corner ကကူညီစုံစမ်းပေးပါတယ်။ 🥰
GED ရဲ့ အားသာချက်များမှာ ~
🔹 ဘာသာရပ် ၄ခုတည်းဖြစ်တာကြောင့် သေချာအာရုံစိုက်ပြီးလေ့လာနိုင်ပါတယ်။
🔹 နားလည်နိုင်စွမ်းကို စစ်ဆေးတာကြောင့်
စာလေ့လာတဲ့အခါမှာ ကောင်းကောင်း approach လုပ်နိုင်ပါတယ်။
🔹 US အသိအမှတ်ပြုအောင်လက်မှတ်ဖြစ်တာကြောင့်
နိုင်ငံအများစုမှ ကျောင်းများကို တက်ရောက်နိုင်ပါတယ်။
🔹 GED အောင်လက်မှတ်ဟာ ပညာရေးအတွက်သာမက လုပ်ငန်းခွင်အထိပါ အသုံးဝင်ပါတယ်။
🔹 ဘာသာရပ်အားလုံးကို တပြိုင်တည်းဖြေစရာမလိုပဲ တဘာသာချင်းကို ကိုယ်အဆင်ပြေတဲ့အချ်ိန်မှာ exam fee သွင်းပြီး ဖြေဆိုနိုင်ပါတယ်။
🔹 ပြင်ဆင်ဖို့အချိန်အများကြီးမယူရပါဘူး။ အခြေခံကောင်းရင် ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ၆လအထိပဲ အများဆုံးအချိန်ယူရတတ်ပါတယ်။
ဒီလောက်ဆိုရင် IGCSE နဲ့ GED အကြောင်း တော်တော်များများ သိသွားကြမယ်လို့ မျှော်လင့်ပါတယ် 🥰
Edu Corner မှာလည်း
Pre GED / GED preparation class များဖွင့်လှစ်ဖို့ ရှိတာကြောင့် လက်မလွှတ်လိုက်ရအောင် Edu Corner ကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပေးကြနော် 🙆🏻♀️
သင်တန်းမတက်ရောက်ပဲလည်း နိုင်ငံတကာပညာရေးအကြောင်းအရာများကို သိရှိလိုပါက
လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်။ 🥰
Contact us
09796158900 ☎️
Office Address📌
Room.212 , Level 2, Tower B , Myaing Hay Wun Condo (Junction8, Kyaik Wine Pagoda Rd, Mayangone , Yangon)
ပညာရေးနဲ့ပတ်သက်သောအကြောင်းအရာများကို
အချိန်နဲ့တပြေးညီ သိနိုင်ဖို့ Edu Corner Page ကို
like လုပ်ထားပြီး Telegram channel ကိုလည်း
join ထားနိုင်ပါတယ်။
Our Telegram Channel 👇🏻
https://t.me/eduhubmm