University of Computer Studies, Loikaw-Esport Club

University of Computer Studies, Loikaw-Esport Club An e-sport Club from university of computer studies,loikaw

တက်ညီလက်ညီပါဝင်ကြပါစို့
09/12/2021

တက်ညီလက်ညီပါဝင်ကြပါစို့

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့(ကမ္ဘာ့ လူ့အခွင့်အရေးနေ့)မှာ မနက် ဆယ်နာရီမှ ညနေ လေးနာရီ ထိပြုလုပ်မယ့် silent strike ကို လွိုင်ကော်မြို့တွင်းနေထိုင်ကြသူများသာမက ကရင်နီပြည်တွင်ရှိသော ပြည်သူများက ပါဝင်ပေးကြဖို့ ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ကျောင်းသားသမဂ္ဂမှ တိုက်တွန်းအပ်ပါသည်။
ငါတို့မြို့ကို ငါတို့ပိုင်တယ်။
တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံ ဖြစ်တယ်။

"အာဇာနည်မျိူးသေရိုးမရှိ"
20/08/2021

"အာဇာနည်မျိူးသေရိုးမရှိ"

ကြွေလွှင့် ကျဆုံးသွားခဲ့ရသော နောက်ဆုံးနှစ်ကျောင်းသား ကိုအောင်မြင့်မြတ်အတွက် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ကျောင်းသားများသမဂ္ဂမှ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခြင်း။

11/03/2021

ကားတွေနဲ့ဝင်ပီး ပစ်နေတာမလို့ လမ်းဘေးထွက်မနေကြဘာနဲ့နော် အိမ်ထဲမှာဘဲ နေပေးကြဘာ မိုင်းလုံး စစ်ကြောင်း...
လမ်းကြားတွေမာစစ်တပ်နစ်ယောက်စီချထားတယ်....
မိုင်းလုံးတကြော့ဘုံးနီးပါးဘဲ....
#ပုန်းနေတဲ့ အိမ်ထဲကနေ မထွက်ကြဘာနဲ့နော်

ပြန်ဆုတ်သွားကြပီနော် တခြားဖက် ဖြိုခွင်းဖို့သွားကြပီ

#မြန်မြန် ဖြန့်ပေးကြဘာ
Crd

07/03/2021

ဆရာဆရာမတွေတော့အဆင်ပြေပါတယ်တဲ့
ကျောင်းကိုတော့ တပ်စွဲသွားပြီလို့ပြောပါတယ်

07/03/2021

UCSL computerတက္ကသိုလ်ကို ခွေးဝိုင်းဆွဲနေတယ်ဗျို့
Source တိကျပါတယ် ကင်းစောင့်တဲ့သူတွေကိုယ်တိုင်ပြေးနေရတာပါ

ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls ကတော့ M2 World Championship ရဲ့ Grand final အဆင့်ကို တက်ရောက်သွယး...
23/01/2021

ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls ကတော့ M2 World Championship ရဲ့ Grand final အဆင့်ကို တက်ရောက်သွယးခဲ့ပြီပဲဖစ်ပါတယ်။ ကျန်တဲ့သူတွေတော့မသိဘူး မင်မင်ကတော့ကြည့်နေရင်း ခြေလက်တွေပါအေးတယ်ဗျာ🤣။
Grand final မှာလဲ Burmese Ghouls အကောင်းဆုံး ယှဥ်ပြိုင်ပြီး M2 world champion ဆုကြီး အရယူနိုင်မယ်လို့လဲ မျှော်လင့်ပါတယ် ။
Let's Go 🔥

GRAND FINALISTS!!!

မြန်မာ့ Esports သမိုင်းရဲ့ ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော်တို့ မြန်မာကိုယ်စားပြုအသင်းကတော့ M2 World Championship ရဲ့ Grand Final ကိုတက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ 😭
Game 5 အထိ အကြိတ်အနယ်ဆော့ခဲ့ရပြီး နောက်ဆုံးမှာတော့ ကျွန်တော်တို့အသင်း အနိုင်ရခဲ့ပါပြီ 🥰
အားပေးခဲ့ကြတဲ့ Ghoul တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ 🇲🇲
Let's go Myanmar!!!! 💪

Hello everyone❤ ဒီနေ့မှာတော့ ကျွန်တော်League of Legends:Wild rift Beginner Tipတစ်ခုဖြစ်တဲ့ Laning Guideကိုရှင်းပြသွားမှာ...
08/12/2020

Hello everyone❤
ဒီနေ့မှာတော့ ကျွန်တော်League of Legends:Wild rift
Beginner Tipတစ်ခုဖြစ်တဲ့ Laning Guideကိုရှင်းပြသွားမှာဖြစ်ပါတယ်။
Wild rift မှာ Mid lane,Dragon lane,Baron lane နဲ့ Jungle ဆိုပြီး လေးမျိူးရှိပါတယ်။
Mid Lane ကတော့ Mage,Assassin တို့ရဲ့ Lane ဖြစ်ပါတယ်။
Mage,Assassinတွေဖြစ်တဲ့
Ahri,Ziggs,Fizz,Annie,Orianna,Aurelion
Sol,Gragas,Nami,Seraphine,Akali,Yasuo,Zed
,Lux,Twisted Fateစတဲ့Heroတွေရဲ့ Laneဖြစ်ပါ တယ်။ Midမှာ နေပြီး Baron lane,Dragon lane,ကိုယ့်ရဲ့ Jungle စတဲ့နေရာတွေကိုပါကြည့်ပေးရပြီး roaming ခနခနလုပ်ပေးရ မှာပဲပါဖြစ်ပါတယ်။

Dragon Laneကတော့ Support or Tank and Adcတို့ရဲ့ Laneဖြစ်ပါတယ်။ဒီLane ကတော့အရမ်းကိုအပြိုင်အဆိုင်ရှိပြီး Jungler,Mid laner တွေရဲ့Roaming
Dragon battleတွေနဲ့အတူအရမ်းကိုစည်ကားလှတဲ့Laneကြီးပဲဖြစ်ပါတယ်။ Dragon laneရဲ့အဓိက objective ကတော့ တဖက်က Adc and support or tank ကို lane သာအောင်နှိမ်ဖို့ပဲဖြစ်ပါတယ်။ Dragon lane မှာနိမ့်သွားရင်တော့ တဖက်အသင်းဘက်က Jungle Visionကိုပါ controlလာနိုင်မှာဖြစ်ပြီး Dragon တွေကိုသတ်ဖို့အတွက်လဲ အားသာသွားမှာဖြစ်ပါတယ်။
Adc Champion တွေဖြစ်တဲ့ Ashe,Kai'sa,Miss fortune,Jinx,Jhin,Ezreal,Vayne,Varus.
Tank Champion တွေဖြစ်တဲ့ Barum,Blitzcrank,Alistar,Malphite,Dr.Mundo,
Ammu,Singed.
Support Champion တွေဖြစ်တဲ့ Janna,Lux,Seraphine,Soraka,Sonna,Nami တို့ဟာ Dragon lane သွားဖို့တင့်တော်တဲ့Championတွေပဲဖြစ်ပါတယ်။

Baron Lane ဒီ Lane ကတော့အထီးကျန် Champion နှစ်ကောင် အားပြိုင်တဲ့Lane ပဲ ဖြစ်ပါတယ်။Tank,Assassin,Fighter တွေဖြစ်တဲ့ Garen,Singed,Akali,Yasuo,Fizz,Camille,Jax,Nasus,
Dr. Mundo,Olaf,Fiora,Tryndamere,malphite တို့မှာ Baron lane သွားဖို့တင့်တော်တဲ့ Champion တွေဖြစ်ပါတယ်။
Baron Lane ကတော့ Early မှာ အားပြိုင်ဖို့ထက်,mid game and late game မှာ ကြီးစိုးနိုင်ဖို့ itemအရင်ရှာရတာပဲဖြစ်ပါတယ်။ စိတ်ရှည်ဖို့လဲအရေးကြီးပြီး တဖက်က Championကိုနင်လားငါလား မေးဖို့ထက် လာပါသူငယ်ချင်း Minion ပဲအေးဆေးစားရအောင်ကွာလို့ပြောရမဲ့Lane ဖြစ်ပါတယ်။

Jungle ကတော့ teamအတွက်အရေးကြီးပြီး Early မှာ တဖက်ကိုလိုက်နှိမ်ဖို့ ပါဝါရှိသလို တဖက်ကJungle invade လာလာလုပ်လို့ ငိုပြီး afkဖြစ်သွားတဲ့ ကောင်လေးတွေ role ဖြစ်ပါတယ် (စတာပါ:3)။Early game မှာ Blue buff red buff နဲ့အတူ Ultimate ရ ရင် Mid,Dragon lane, Baron Lane စတဲ့လမ်းတွေကို တဖက်က Champion ရဲ့အခြေအနေကြည့်ပြီးလိုက် Gank ရမှာပါ။ဥပမာ Late game ထောင်လာနိုင်တဲ့ Adcကိုအဓိက Roaming လုပ်သင့်ပြီး River visionကိုယူကာ ကို့ရဲ့ Mid,Dragin,Baron lane ကTeammate တွေ တဖက် Enemy လာGank တာကနေကာကွယ်ပေးရမှာပါ။အကောင်းဆုံးအကြံပေးချင်တာကတော့ Blue buff red buff အပြည့်နဲ့ Ultimate ရရင် Blink spell မရှိတဲ့ Lane က Champion တွေကို လိုက် GankပြီးTower pushingတွေ လုပ် စေချင်ပါတယ်။Elemental Drake(Dragon) တွေ Rift herald တွေပေါ်လာရင်ချက်ချင်းသတ်ရန် ဝင်မလေးဖို့လဲ အကြံပြုလိုပါတယ်။ သတိထားရမှာက Wild riftမှာ Buff ရှိတဲ့ champion ကိုသတ်လိုက်ရင် သတ်သူက Buff effectကိုဂမှာဖြစ်လို့ Jungler Roaming လုပ်တဲ့နေရာမှာ ပြန်မသေဖို့ သတိထားစေလိုပါတယ်။ Roaming failသွားရင် သတ်တဲ့Champion ကbuff effectကိုရသွားမှာဖြစ်ပြီး ယှဥ်ထိန်းနေရတဲ့ မိမိTeam ရဲ့ champion နိမ့်သွားနိုင်လို့ပဲဖြစ်ပါတယ်။
Jungler တွေကတော့
Shyvana,Trydamere,Amumu,Master Yi,Lee sin,Evelynn,Dr. Mundo,Jarvan IV,Xin Zhao,Gragas,Olaf,Jax,Vi,Gravesတို့ပဲဖြစ်ပါတယ်။
Jungler ကိုင်ပြီး Smite မမေ့ဖို့လဲ သတိပေးလိုပါတယ်။
ဒီနေ့အတွက်တော့ Laning Guide လေးတွေကိုရှင်း​ ပ​ြခဲ့တာဖြစ်ပါတယ်။နောက်ရက်တွေမှာ Item guide,Dragon buffs,Baron effects etc. စတဲ့အရာတွေကိုရှင်းပြသွားမှာဖြစ်လို့ page ကိုLike,share and follow လုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်ဗျ။
အားလုံးပဲ မင်္ဂလာရှိတဲ့နေ့ရက်လေး ပိုင်ဆိုင်ကြပါစေဗျား ❤။

03/12/2020

Club က Dia တွေပေးဖို့ကျန်နေသေးတာကို မေ့နေတာလားဆိုတော့ မေ့နေတာမဟုတ်ပါဘူးဗျ🙅🏻‍♂

Best Player ကို ခေါင်းချင်းဆိုင်ပြီးတိုင်ပင်နေကြလို့ပါ🙎🏻‍♂

Player တွေရဲ့ လက်ရည်ကလည်းသေးသေးသိမ်သိမ်မဟုတ်တော့ ကျနော်တို့ club အနေနဲ့ ‌ဆုံးဖြတ်ရခက်ခဲ့ပါတယ်🤦🏻‍♂

နောက်ဆုံးမှာတော့ Winner ရရှိသွားတဲ့ Clothes Breakers အသင်းက Void က Best Player ကိုရရှိသွားပါတယ်🙆🏻‍♂

Void ဟာ Clothes Breaker မှာ Support/Mage role အဖြစ်ကစားပြီး ပွဲစဥ်တိုင်းမှာ Performance ကောင်းကောင်းနဲ့ အသင်း ကိုအနိုင်ရရှိအောင် Support ပေးနိုင်ခဲ့ပါတယ်။Group Stage တွေမှာ အကောင်းဆုံး Performance ပြခဲ့ရုံသာမက Final ပွဲမှာဆိုရင်လဲ Eudora,Lunox,Luo yi,Alice တို့နဲ့ Clothes Breaker ကို Champion ဆုရရှိအောင် အကောင်းဆုံး Performance ပြပြီး Supportပေးခဲ့ပါတယ်🙆🏻‍♂

Void ကတော့ 4th year CTက ကိုစောဝဏ္ဏနိုင်ပဲ ဖြစ်ပါတယ်။
Savage ရခဲ့တဲ့ Player တွေကတော့ Teenager Esport မှ ကိုအေးမင်းထွေး(Am-19)နဲ့ Cloud Ten မှ ကိုစိုင်းအောင်သန့်ကျော် (A K I M)တို့ပဲဖြစ်ကြပါတယ်။

Congratulations 🎉 Clothes breaker UCSL Mlbb tournament ရဲ့ Grand final Bo5 ယှဥ်ပြိုင်ပြီးချိန်မှာတော့ Clothes breaker က ...
01/12/2020

Congratulations 🎉 Clothes breaker
UCSL Mlbb tournament ရဲ့ Grand final Bo5 ယှဥ်ပြိုင်ပြီးချိန်မှာတော့ Clothes breaker က Teenager Esport ကို 3-1 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိပြီး Champion ဆုကြီးကိုဆွတ်ခူးသွားခဲ့ပြီပဲဖြစ်ပါတယ်။
Teenager Esport ကတော့ game 1မှအနိုင်ရရှိခဲ့ပေမဲ့ game 2,3 နဲ့ 4တွေ မှာ Clothes breaker တွေရဲ့ အကောင်းဆုံး Performance တွေကြားမှာ 3-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်ပါတယ် ။ Teenager Esport , Cloud Tenတို့အပါအဝင်ကျန်ရှိတဲ့အသင်းတွေလဲ နောက်ပြိုင်ပွဲတွေမှာ ပိုကောင်းတဲ့ Teamworkတွေနဲ့ပြန်လာမယ်လို့မျှော်လင့်ပါတယ်။

Champion -Clothes Breaker 40000ks
1st runner up -Teenager Esport 25000ks
2nd runner up-Cloud Ten 15000ks

30/11/2020

အခု Grand finale ပွဲကြီးပြီးရင်တော့ LoL guide လေးတွေတင်ပေးဖို့ရှိပါတယ်။
Hero guide လေးတွေအရင်တင်ပေးရမလား Beginner Tip လေးတွေအရင်တင်ပေးရမလား ။
Suggestion လေးတွေmentခဲ့ ကြပါအုံး။😄

30/11/2020

ဒီနေ့အဖို့ကတော့ error တွေရှိနေတဲ့အတွက် နက်ဖန် ဒီလိုအချိန်မှာပဲ Grand Finale ပွဲကို ကျင်းပပေးပါ့မယ်
အခုလိုဖြစ်သွားတဲ့အတွက်လည်း အနူးအညွန့်တောင်းပန်ပါတယ်
နက်ဖန်မှာ ပြန်တွေ့ကြပါ့မယ်...

Address

Loikaw

Telephone

+959770154370

Website

Alerts

Be the first to know and let us send you an email when University of Computer Studies, Loikaw-Esport Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share