12/06/2024
New Nexter တွေအတွက် ဆရာဒေါက်တာစိုင်းဖုန်းမြတ်လွင် ရဲ့ Special Session.
ကျောင်သား ဘဝက ပျော်ရွင်မှုတွေ၊ လွတ်လပ်မှုတွေ၊အချင်းချင်း ခင်မင်ရင်းနှီးမှုတွေနဲ့ ပြည့်နှက်နေပြီး လူငယ်လေးတွေရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်တစ်ခုဖြစ်ပါတယ်။ ဒီလို အချိန်ကောင်းလေးတွေရှိသလို၊ Stress တွေ Challenges တွေ အများကြီးကြုံဆုံနိုင်တဲ့အချိန်တစ်ခုလည်းဖြစ်ပါတယ်။
Communication နဲ့ပက်သတ်တဲ့အခက်အခဲတွေ၊ Academic ကပေးတဲ့ pressure တွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မူတွေ အစရှိတဲ့ Challenges ၊ အခက်အခဲတွေက ကျောင်းသားအများစု ကြုံတွေ့နေရတဲ့ အရာတွေပါပဲ။
နောက်ပြီး ကျောင်းသားတစ်ယောက်အနေနဲ့ Business Idea တွေကို ဘယ်လို Generate လုပ်မလဲ?
ဘယ်လိုမျိုးအကောင်းဆုံး အကောင်အထည်ဖော်မလဲ?
ကျောင်းသားဘဝရဲ့ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ အစရှိတဲ့ အကြံပေး ဆွေးနွေးမှုတွေကို
16.6.2024(Sunday) မှာ New Next University ရဲ့ President ဖြစ်တဲ့ ဆရာစိုင်းဖုန်းမြင့်လွင် က ကျောင်းသား၊ကျောင်းသူတွေအားလုံးကို President Session လေးအနေနဲ့ Meeting လုပ်ပေးသွားမှာဖြစ်ပါတယ်။
ဆရာစိုင်း က University of Medicine Mandalay မှ M.B,B.S, University of Glasgow, UK မှ M.Sc (Diabetes), နဲ့ GLOBIS University, Japan မှ MBAဘွဲ့ တွေကိုရရှိထားပြီး၊ Little Cambridge, CYI.Clab Myanmar, Hysan education,Hysan Junior ရဲ့ Founderဖြစ်သလို ၊ New Next University ရဲ့ President တစ်ဦးလည်းဖြစ်ပါတယ်။
ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေအဆင်မပြေဖြစ်နေသလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ကြုံနေရသလဲ ပြီးတော့ New Nexters တွေအားလုံးရဲ့ အနာဂတ် ပညာရေး ပန်းတိုင်နဲ့ ပတ်သက်ပြီး လိုအပ်သမျှကို ဆရာစိုင်း ကကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးပေးသွားမှာဖြစ်သလို၊ ကိုယ် သိလိုသောအကြောင်းအရာမှန်သမျှကိုလွတ်လွတ်လပ်လပ် မေးမြန်နိုင်မှာဖြစ်လို့ အားလုံး လက်လွတ်မခံ သင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် ဒီ Session ကို မပျက်မကွက်တက်ရောက်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။
Event: President Session
Title: How do you generate business ideas and prepare to implement them?
Date: 16.6.2024 (Sunday)
Time : 1:30 PM