MUON Mind Vibes

MUON Mind Vibes Updated News And Activities about MUON

Happy International Nurses Day 2026 🩵✨“Wherever the art of Medicine is loved, there is also a love of Humanity.”— Floren...
12/05/2026

Happy International Nurses Day 2026 🩵✨

“Wherever the art of Medicine is loved, there is also a love of Humanity.”

— Florence Nightingale 🩵

ယနေ့ မေလ ၁၂ရက်၊အင်္ဂါနေ့တွင် "အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့" အခမ်းအနားကို ကျွန်မတို့ သူနာပြုတက္ကသိုလ်(မန္တလေး)၌ ကြီးကျယ်ခမ်းနားစွာ ကျင့်ပြပြုလုပ်ခဲ့ပါသည်။

May 12 ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွန်မတို့ သူနာပြု များ၏ အနစ်နာခံမှု၊ ကရုဏာနှင့် လူသားချင်းစာနာမှုတို့ကို ဂုဏ်ပြုသည့် International Nurses Day ပဲ ဖြစ်ပါတယ်ရှင့်။🩵

ယနေ့ကို ခေတ်သစ် Nursing Profession ၏ အခြေခံတည်ထောင်သူဖြစ်သော ကျွန်မတို့၏ သူနာပြုမိခင်ကြီး "Florence Nightingale" ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး၊ 1965 ခုနှစ်မှစတင်ကာ International Council of Nurses (ICN) မှ တရားဝင်သတ်မှတ်ကျင်းပခဲ့ပါသည်ရှင့်။🩵

Nursing ဆိုသည်မှာ ဆေးထိုးခြင်း၊ treatment ပေးခြင်းများထက်ပိုသော “Care with Compassion” ကို ကိုယ်စားပြုသော အတတ်ပညာတစ်ရပ်ဖြစ်ပါတယ်။
နေ့ရက်တိုင်းတွင် သူနာပြု များသည် လူနာများအတွက် မျှော်လင့်ချက်ဖြစ်ပေးကြပြီး နာကျင်မှုကြားမှ အားအင်တစ်ခုအဖြစ် ရပ်တည်ပေးနေကြပါသည်ရှင့်။🩵

ယနေ့ International Nurses Day တွင် သူနာပြု အားလုံး၏ ကြိုးစားအားထုတ်မှုများကို လေးစားဂုဏ်ပြုအပ်ပါသည်ရှင့်။
Nursing Students များ၏ အိပ်မက်နှင့် dedication များကိုလည်း ထပ်တူ အားပေးဂုဏ်ယူအပ်ပါသည်ရှင့်။🩵✨

-ဆောင်ပုဒ်-

အနာဂါတ်ကမ္ဘာဖွံ့ဖြိုးဖို့၊ သူနာပြုစွမ်းအင်မြှင့်တင်စို့။ ။

Happy International Nurses Day 2026 🩵

“Wherever the art of Medicine is loved, there is also a love of Humanity.”

— Florence Nightingale 🩵

May 12 is celebrated around the world as International Nurses Day, a special occasion dedicated to honoring the sacrifices, compassion, and humanity of nurses everywhere. 🩵

This meaningful day is observed in remembrance of the birthday of “Florence Nightingale,” the founder of modern nursing and the mother of the nursing profession. Since 1965, it has been officially recognized and celebrated by the International Council of Nurses (ICN). 🩵

Nursing is more than giving injections or providing treatments — it is a profession that represents “Care with Compassion.”
Every day, nurses stand as a source of hope, comfort, and strength for patients during their most difficult moments. 🩵

On this International Nurses Day, we proudly honor and appreciate the dedication and hard work of all nurses around the world.
We also sincerely support and celebrate the dreams and dedication of all Nursing Students. 🩵✨

— Theme —

“Our Nurses. Our Future.
Caring for nurses strengthens economies.”

MUON Mind Vibes





International Day of the Midwife May 5လောက၏ အစပြုရာအခိုက်အတန့်တိုင်းတွင်အသက်ရှင်မှုအသစ်တစ်ခုကို လုံခြုံစွာ ကြိုဆိုနိုင်ရ...
05/05/2026

International Day of the Midwife

May 5

လောက၏ အစပြုရာအခိုက်အတန့်တိုင်းတွင်
အသက်ရှင်မှုအသစ်တစ်ခုကို လုံခြုံစွာ ကြိုဆိုနိုင်ရန်
တိတ်တဆိတ်ဖြင့် သစ္စာရှိစွာ တာဝန်ထမ်းဆောင်နေသူများမှာ
သားဖွားဆရာမ များပင် ဖြစ်ကြပါသည်။

သူတို့၏ လက်များတွင်
မိခင်တစ်ဦး၏ မျှော်လင့်ချက်များ၊
ကလေးငယ်တစ်ဦး၏ အနာဂတ်များကို
နူးညံ့စွာ ထိန်းသိမ်းပေးလျက်ရှိပါသည်။

သားဖွားဆရာမ များသည်
🩵အသက်ကို ကာကွယ်ပေးသူများ
🩵 ကျန်းမာရေးပညာကို မျှဝေပေးသူများ
🩵 စိတ်ခွန်အားကို ခိုင်မာစေသောသူများ
ဖြစ်ကြပြီး လူ့ဘဝ၏ အရေးကြီးဆုံးအချိန်များတွင်
အမြဲအတူရှိနေကြပါသည်။

ယနေ့ အပြည်ပြည်ဆိုင်ရာ Midwife Day တွင် သားဖွားဆရာမ များ၏ မျှော်လင့်ချက်နှင့် အားထုတ်မှုများအား
လေးစားဂုဏ်ပြုအပ်ပါသည်။

ဆောင်ပုဒ်

“Midwives: Critical in Every Crisis”

"Every mother and baby counts — and so does every midwife."

International Day of the Midwife

May 5

At every beginning of life,
midwives stand with dedication and compassion,
ensuring a safe and gentle welcome
for every newborn into this world.
In their hands lie
a mother’s hopes
and a child’s future,
carefully protected with kindness and skill.

Midwives are:
🩵 Protectors of life
🩵 Providers of health education
🩵 Sources of emotional strength and support

On this special occasion of International Day of the Midwife,
we honor and appreciate the commitment, compassion,
and invaluable contributions of midwives everywhere.

Theme

“Midwives: Critical in Every Crisis”

"Every mother and baby counts — and so does every midwife."




Hello MUONers, 🩵 မြန်မာတို့၏ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှသော မြန်မာ့သက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်အခါသမယမှစ၍နှစ်သစ်မှာ စိ...
18/04/2026

Hello MUONers, 🩵

မြန်မာတို့၏ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှသော မြန်မာ့သက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်အခါသမယမှစ၍
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။

ချစ်ရသော မိသားစု၊သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စရာ အချိန်များကို ခံစားနိုင်ပြီး
လျှောက်လှမ်းရမည့် ဘဝလမ်းခရီးတစ်လျှောက်တွင်လည်း မဆုံးသောအောင်မြင်မှုများ ဆက်လက်ရရှိနိုင်ကြပါစေ။

ဆန္ဒရှိသမျှ ကောင်းသောအရာများ ပြည့်ဝ၍
အေးချမ်းသာယာသော နေ့ရက်များဖြင့်
နှစ်သစ်ကို လှပစွာ ကြိုဆိုနိုင်ကြပါစေ လို့ ကျွန်တော်/မတို့၏ သူနာပြုတက္ကသိုလ်၊မန္တလေး မိသားစုမှ ချစ်ခြင်းမေတ္တာများစွာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်ခင်ဗျာ/ရှင်။ 🍀🩵

On the auspicious occasion of the Myanmar New Year 1388, filled with blessings and good fortune,

May you be blessed with peace of mind and good health in the coming year.

May you enjoy joyful moments with your beloved family and friends,
and may you continue to achieve endless success throughout your life journey.

May all your good wishes be fulfilled,
and may you welcome the New Year beautifully
with peaceful and pleasant days ahead.

With much love and warm wishes,
we, the family of the University of Nursing, Mandalay,
would like to extend our heartfelt New Year greetings. 🍀🩵





🤍
12/03/2026

🤍

Hello MUONers, 🩵 ✨ကျွန်မတို့ MUON Family ရဲ့ ဂုဏ်ယူဝမ်းမြောက်စရာ သတင်းကောင်းလေးတစ်ခုကို MUONers လေးတို့ အားလုံးဆီသို့ မျ...
11/03/2026

Hello MUONers, 🩵 ✨

ကျွန်မတို့ MUON Family ရဲ့ ဂုဏ်ယူဝမ်းမြောက်စရာ သတင်းကောင်းလေးတစ်ခုကို MUONers လေးတို့ အားလုံးဆီသို့ မျှဝေပေးချင်ပါတယ်ရှင့်။ 🥳🤍

မမောမပန်းနိုင်ဘဲ တခဲနက်ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်အဖြစ် လူရည်ချွန်ဆု ကို အလွန်ထိုက်တန်စွာဖြင့် ဆွတ်ခူးနိုင်ခဲ့တဲ့ ကျွန်မတို့ရဲ့ ဒုတိယနှစ် သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)(၁/၂၀၂၆) အတန်းမှ ညီမငယ်လေး မဇင်ဌေးဦး နှင့် ပထမနှစ် သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)(၁၁/၂၀၂၅) အတန်းမှ ညီမငယ်လေး မရွှန်းလဲ့နိုင် တို့အတွက် ကျွန်မတို့ရဲ့ MUON Family မှ အလွန်အင်မတန်မှကို ဝမ်းသာဂုဏ်ယူမိပါတယ်ရှင့်။ 🏆🎊

နောင်လာမယ့် အနာဂတ်တွေမှာလည်း ဒီထက်မကသော အောင်မြင်မှုတွေကို ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်းနှင့် ပြည်သူ့အကျိုးကို သယ်ပိုးနိုင်သော သူနာပြုပညာရှင်လေးများ ဖြစ်လာပါစေကြောင်း ကျွန်မတို့ရဲ့ MUON Family မှ ဆုမွန်ကောင်း‌တောင်းပေးလိုက်ရပါတယ်ရှင့်။ 🎉👏




#သူနာပြုတက္ကသိုလ်မန္တလေး

“၄ နှစ်တာ အတူတူ သင်ယူခဲ့၊ရယ်မောခဲ့တဲ့ နေ့ရက်တွေဟာ အမှတ်တရတွေဖြစ်သွားပြီ။ အခုတော့ တစ်ယောက်တစ်နေရာစီနဲ့ လမ်းခွဲရမယ့် နေ့ရက...
05/03/2026

“၄ နှစ်တာ အတူတူ သင်ယူခဲ့၊ရယ်မောခဲ့တဲ့
နေ့ရက်တွေဟာ အမှတ်တရတွေဖြစ်သွားပြီ။
အခုတော့ တစ်ယောက်တစ်နေရာစီနဲ့ လမ်းခွဲရမယ့် နေ့ရက်တွေကိုရောက်လာတော့မယ်။ အတူတူဖြတ်သန်းခဲ့တဲ့ ၄နှစ်ကိုတော့ ဘယ်တော့မှမမေ့ဘူးနော်။
ဒါပေမယ့် နေ့တိုင်းတွေ့နေခဲ့တဲ့သူတွေကို
မတွေ့ရတဲ့နေ့တွေများလာရင် အတူတူဖြတ်သန်းခဲ့တဲ့အချိန်တွေကို ပိုလွမ်းလာမိမယ်ထင်တယ်။
မနေ့ကလိုဘဲ ထင်ခဲ့တဲ့ တက္ကသိုလ်နေ့ရက်တွေက အခုတော့ အမှတ်တရတွေဖြစ်သွားပြီ။ "

24th Batch B.N.Sc (Generic) မှ စီနီယာတို့ရဲ့ အမှတ်တရ ပုံရိပ်များ ❤️


#သူနာပြုတက္ကသိုလ်မန္တလေး

Hello MUONers, 🩵 ဒီအချိန်လေးဟာဆိုရင်တော့24th Batch မှ စီနီယာအကို၊အမတို့ အနေဖြင့် သူနာပြုတက္ကသိုလ်၊မန္တလေး၏ B.N.Sc(Generi...
28/02/2026

Hello MUONers, 🩵

ဒီအချိန်လေးဟာဆိုရင်တော့
24th Batch မှ စီနီယာအကို၊အမတို့ အနေဖြင့် သူနာပြုတက္ကသိုလ်၊မန္တလေး၏ B.N.Sc(Generic) ကျောင်းသား၊ကျောင်းသူဘဝဖြင့် အလွန်ခက်ခဲပင်ပန်းလှသော လေးနှစ်တာခရီးတစ်ခုကို အကောင်းဆုံးကြိုးစားမှုများ၊မလျှော့သော ဇွဲလုံ့လများ၊ချိုမြိန်သော အောင်မြင်မှုများစွာနှင့်အတူ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ကာ Professional Nurse အဖြစ် လုပ်ငန်းခွင်ထဲသို့ အခြေချရတော့မည့် အချိန်အခါကို ရောက်ရှိလို့ လာခဲ့ပြီပဲ ဖြစ်ပါသည်ခင်ဗျာ/ရှင်။

စီနီယာအကို၊အမ တို့၏ ကျွန်တော်/မတို့ ဂျူနီယာ မောင်လေး၊ညီမလေး များအပေါ်ထားရှိသော စေတနာ၊မေတ္တာ၊ကရုဏာတို့နှင့်ပြည့်ဝလှသော မိမိတို့၏သွေးသားအရင်းသဖွယ် ကူညီဖေးမမှုများကို ကျွန်တော်/မတို့က အလွန်ပင်တန်ဖိုးထားဝမ်းမြောက်မိပါသည်။ဆေးရုံများတွင် လက်တွေ့ဆင်းရသည့်အချိန်အခါတိုင်း စီနီယာ အကို၊အမတို့ မျှဝေပေးခဲ့သော လမ်းညွှန်မှုများ၊ ဗဟုသုတများဟာ ကျွန်တော်/မတို့အတွက် တန်းဖိုးဖြတ်၍မရနိုင်သော၊နှစ်ခါပြန်မရနိုင်သော လမ်းပြကြယ်များအဖြစ် ကျွန်တော်/မတို့၏ ရင်ထဲမှာ အမြဲကျန်ရှိနေခဲ့မှာပဲ ဖြစ်ပါသည်ခင်ဗျာ/ရှင်။

လုပ်ငန်းခွင်ထဲသို့ ရောက်သည့်အခါတွင်လည်း လူနာများအတွက် မီးအိမ်တစ်ခုအဖြစ် အားကိုးအားထားပြုရနိုင်သော ကျွန်တော်/မတို့၏ သူနာပြုမိခင်ကြီး 'Florence Nightingale' ကဲ့သို့သော တန်ဖိုးဖြတ်မရနိုင်သည့် သူနာပြုများဖြစ်ကြပါစေ။ ကြုံလာရသော အခက်အခဲ၊အတားအဆီးများအားလုံးကိုလည်း မေတ္တာတရားရှေ့ထားကာ အပြုံးဖြင့်ရင်ဆိုင်ဖြေရှင်းနိုင်သော သူနာပြုများ ဖြစ်ကြပါစေ။ကျောင်းတွင် စာတွေ့၊လက်တွေ့ သင်ကြားခဲ့ရသော ပညာရပ်များအားလုံးကို လုပ်ငန်းခွင်တွင် ကောင်းစွာအသုံးချနိုင်ကြသော သူနာပြုများ ဖြစ်ကြပါစေ။မိမိတို့၏ သူနာပြုလောကကြီးကိုလည်း ဒီထက်မက ပိုမိုအဆင့်မြင့်သော နေရာတစ်ခု သို့ တွန်းပို့ပေးနိုင်သော သူနာပြုများဖြစ်ကြပါစေ။စီနီယာအကို၊အမတို့၏ မျှော်လင့်ထားသော အနာဂတ်များလည်း လျင်လျင်မြန်မြန်ဖြင့် အရာရာတိုင်း ပြည့်စုံနိုင်ကြပါစေ။ကျန်းမာပျော်ရွှင်ပြီး အောင်မြင်သော စီနီယာ အကို၊အမများ ဖြစ်ကြပါစေခင်ဗျာ/ရှင်။ ။

On behalf of all Juniors with love & respect. ✨🩵
MUON Mind Vibes✨🩵




#သူနာပြုတက္ကသိုလ်မန္တလေး

University of Nursing, Mandalay The first-ever the Whole Miss Welcome of MUON Title ကို ထိုက်ထိုက်တန်တန်ဖြင့် ရရှိသွားသူ...
24/02/2026

University of Nursing, Mandalay

The first-ever the Whole Miss Welcome of MUON
Title ကို ထိုက်ထိုက်တန်တန်ဖြင့် ရရှိသွားသူကတော့
G-3 ဂုဏ်ဆောင် ခါးနံပါတ် ၅ မောင်အာကာထွန်း
ပဲ ဖြစ်ပါတယ်။✨
စတိတ်စင်ပေါ်မှာ အရမ်းမိမိုက်နေတဲ့ Performance တွေနှင့်အတူ
ရှယ်စလေးပြသွားသူလေးပဲ ဖြစ်ပါတယ်နော်။🎉
Congratulations To The Whole Miss Welcome Winner 🩵



🎉​ကဲ...Fresher Welcome ပွဲကြီးကတော့ အောင်မြင်ပျော်ရွှင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ! 🥳🔥​ညီငယ်၊ ညီမငယ်တွေရဲ့ ဖျော်ဖြေမှုတွ...
14/02/2026

🎉
​ကဲ...Fresher Welcome ပွဲကြီးကတော့ အောင်မြင်ပျော်ရွှင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ! 🥳🔥
​ညီငယ်၊ ညီမငယ်တွေရဲ့ ဖျော်ဖြေမှုတွေ၊ စီနီယာတွေရဲ့ အားပေးသံတွေနဲ့ တကယ့်ကို အသက်ဝင်ခဲ့တဲ့ နေ့တစ်နေ့ပါပဲ။ ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ဆရာ/ဆရာမတွေ၊ စီနီယာတွေနဲ့ ပါဝင်ဆင်နွှဲကြတဲ့ မောင်မယ်သစ်လွင်လေးတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 🙏✨👩‍⚕️👨‍⚕️

MUON 28th Batch Fresher Welcomeမှာ ပါဝင်ခဲ့တဲ့ အဆို အက အလှတွေနဲ့ Title ဆုရတဲ့ Selection တွေကို အမှတ်တရဖြစ်အောင် တင်ပေးလိုက်ပါတယ် ❤️

​

University of Nursing,Mandalay 28th Batch ရဲ့ Ms. Popular Award ကိုတော့ခါးနံပါတ် (၁၂) ညီမငယ်လေး မနန်းရှဲန်ဝိုးဟွမ် မှထို...
14/02/2026

University of Nursing,Mandalay

28th Batch ရဲ့ Ms. Popular Award ကိုတော့
ခါးနံပါတ် (၁၂) ညီမငယ်လေး မနန်းရှဲန်ဝိုးဟွမ် မှ
ထိုက်ထိုက်တန်တန်ဖြင့် သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

Congratulations Pr Double Winner ညီမလေးရေ🩵🎉
ဒီနေ့ပွဲနေ့မှာ အတော်လေးကို မိမိုက်လွန်းပါတယ်✨

University of Nursing,Mandalay 28th Batch ရဲ့ Mr. Popular Award ကိုတော့ခါးနံပါတ် (၄) ညီငယ်လေး မောင်ထက်နေဝင်းမှထိုက်ထိုက်...
14/02/2026

University of Nursing,Mandalay

28th Batch ရဲ့ Mr. Popular Award ကိုတော့
ခါးနံပါတ် (၄) ညီငယ်လေး မောင်ထက်နေဝင်းမှ
ထိုက်ထိုက်တန်တန်ဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။

Congratulations Pr Triple Winner ညီလေးရေ🩵🎉
ဒီနေ့ ပွဲနေ့မှာ အရမ်းကို မိမိုက်နေပြီး
စီနီယာ မမ တို့ရဲ့ အသည်းနှလုံးကို
သိမ်းပိုက်သွားနိုင်သူလေး. . .🩵

Address

62St 105/106
Mandalay

Website

Alerts

Be the first to know and let us send you an email when MUON Mind Vibes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share