Maubin University -IUC

Maubin University -IUC မအူပင်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ

11/12/2023
“ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်”၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော ...
29/10/2023

“ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်”

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော အခြေခံပညာပြီးမြောက်ထားသည့် CDM ကျောင်းသားကျောင်းသူများ အ​နေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကြားကာလ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင်ပါရှိသော တက္ကသိုလ်များ၏ အကြောင်းအရာ၊ အချက်အလက် အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များအတိုင်း တက္ကသိုလ်ဝင်ခွင့် ကို အချိန်မီ တင်သွင်းလျှောက်ထားကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

#2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာဆရာများနေ့ အခမ်းအနားသို့ မအူပင်တက္ကသိုလ် ကြားကာလ တက္ကသိုလ်ကောင်စီက...
03/10/2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာဆရာများနေ့ အခမ်းအနားသို့ မအူပင်တက္ကသိုလ် ကြားကာလ တက္ကသိုလ်ကောင်စီက ပေးပို့သော သဝဏ်လွှာ

Myanmar Nway-Oo University (MNOU)Myanmar Education System (MES) တွင် စာရင်းသွင်း ကျောင်းအပ်ရမည့်ပုံစံ(Laptop Version)
19/09/2023

Myanmar Nway-Oo University (MNOU)
Myanmar Education System (MES)
တွင်
စာရင်းသွင်း ကျောင်းအပ်ရမည့်ပုံစံ
(Laptop Version)

12/09/2023

🌄🍁မြန်မာ့နွေဦးတက္ကသိုလ်မှ တတိယအသုတ် ကျောင်းအပ်လက်ခံမှု မကြာခင် စတင်တော့မည်။

📣📣📣📣📣📣📣

✅မြန်မာ့နွေဦးတက္ကသိုလ်မှ တတိယအသုတ်ကျောင်းအပ်လက်ခံခြင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၀) ရက် မှ စတင်ကာ ခေါ်ယူတော့မည်ဖြစ်ပါသည်။

✅ ကျောင်းအပ်လက်ခံရာတွင်

၁)ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်များ
၂)စီးပွါးရေးဘာသာရပ်များ၊
၃)သမဝါယမတက္ကသိုလ်များမှ ဘာသာရပ်များ၊
၄)အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဘာသာရပ်များ၊
၅)စိုက်ပျိုးရေးတက္ကသိုလ်မှ ဘာသာရပ်များ၊
၆)စိုက်ပျိုးရေးသိပ္ပံများမှ ဘာသာရပ်များ၊
၇)အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များမှ ဘာသာရပ်များကို

✉️ပထမနှစ်မှ မဟာတန်းအထိ အတန်းစဉ်အလိုက်

✉️(၂၀၂၀ တက်လက်စ၊ ဒုတိယနှစ်ဝက်၊ second semester ကျန်) အတန်းများကို ထပ်မံခေါ်ယူသွားမည် ဖြစ်ပါသည်။

✅လက်ခံမှုအသေးစိတ်ကို ထပ်မံကြေညာသွားမည်ဖြစ်ပါ၍ CDM ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့အတန်း၊ မိမိတို့ဘာသာရပ်များ အတွက် ကျောင်းအပ်လက်ခံမည့်ကာလကို စောင့်မျှော် ပေးကြပါရန် တိုက်တွန်းပါသည်။

မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

📩📩 MNOU ၏ Telegram Channel သို့ ဝင်ရောက်၍လည်း သတင်းအချက်အလက်များဖတ်ရှုနိုင်ပါသည်။

https://t.me/myanmarnwayoouniversity

#မြန်မာ့နွေဦးတက္ကသိုလ်




17/08/2023
Motivation/Personal Development သင်တန်း ဖွင့်လှစ်မည်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မအူပင်တက္ကသိုလ် ကြားကာလ ...
10/08/2023

Motivation/Personal Development သင်တန်း ဖွင့်လှစ်မည်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မအူပင်တက္ကသိုလ် ကြားကာလ တက္ကသိုလ်ကောင်စီက ဦးစီး၍ Motivation/Personal Development Online Free Course ကို အောက်ပါအစီအစဉ်အတိုင်း (၂)ရက်တာ ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
Topic: Motivation/Personal Development
Lecturer: Sayar Kaung
Date: August 19, 2023 (Saturday) and August 20, 2023 (Sunday)
Time: (7:00 - 9:00) PM (Myanmar Standard Time)
Join Zoom Meeting
Meeting ID : 958 888 0631
Passcode : 390779

21/07/2023

"MNOU မှ တတိယအသုတ် (Batch 3) မကြာခင်ခေါ်ယူတော့မည်"

မြန်မာ့နွေဦးတက္ကသိုလ်မှ တတိယအသုတ်ကျောင်းသားများ ကို မကြာခင်မှာ ခေါ်ယူပေးတော့မှာ ဖြစ်ပါတယ်။ COVID-19 ကြောင့်ရပ်နားထားလိုက်ရတဲ့ တက်လက်စအတန်းတွေရဲ့ ကျန်ရှိနေတဲ့ second semester တွေကို ဘာသာစုံ၊ အတန်းစုံ ဆက်လက်ဖွင့်လှစ်ဖို့ရှိပါတယ်။

ပထမအသုတ် (Batch 1)နဲ့ ဒုတိယအသုတ် (Batch 2) က ဖွင့်ခဲ့တဲ့ ဘာသာရပ်တွေ၊အတန်းတွေ အပြင် နိုင်ငံတကာဆက်ဆံရေးပညာ၊ စိုက်ပျိုးရေးသိပ္ပံ၊ သမဝါယမတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် စသည်တို့က ဘာသာရပ်တွေကိုပါ တိုးချဲ့ ဖွင့်လှစ်ပေးသွားမာမို့ စောင့်မျှော်ပေးကြဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။

ဒါ့အပြင် အဝေးသင် သင်တန်းတက်ရောက်နေတဲ့ ကျောင်းသားတွေကိုလဲ ယခု တတိယအသုတ် (Batch 3) ကနေစတင်ပြီးခေါ်ယူပေးသွားတော့မှာမို့လို့ လက်မလွတ်ရအောင် အမြဲစောင့်ကြည့်ပေးဖို့လည်းတိုက်တွန်းလိုပါတယ်။

ထူးထူးခြားခြားအနေနဲ့ ၂၀၁၉ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကျောင်းသားတွေ၊ #ရိုဟင်ဂျာ ပညာရေးအဖွဲ့အစည်းတွေမှာ ပညာသင်ယူရင်း အခြေခံပညာပြီးဆုံးထားတဲ့ ကျောင်းသားတွေ၊ GED, SAT, IGCSE စသည်တို့အောင်မြင်ပြီးမြောက်ထားတဲ့ကျောင်းသားတွေနဲ့
တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သက်ဆိုင်ရာ အသိမှတ်ပြု အခြေခံပညာအထက်တန်းအောင်မြင်ထားသူတွေအတွက် ဘာသာရပ် ၂၀ နီးပါးကနေပြိးတော့ ပထမနှစ်သင်တန်းသားအသစ်တွေကို စတင်ခေါ်ယူပေးသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဘာသာရပ်အသီးသီးကနေပြီးတော့ ပထမနှစ်သင်တန်းသားတွေကို ဆက်လက်ခေါ်ယူသွားဖို့တွေရှိတာမို့လို့ Page လေးကို Like and Follow လုပ်ထားဖို့လဲလိုပါမယ်။ သူငယ်ချင်းတွေလည်း သတင်းကောင်းလေးတွေကို တွေ့နိုင်အောင် Share ပြီးတော့မျှဝေဖို့လည်းမမေ့နဲ့ဦးနော်။
#မြန်မာ့နွေဦးတက္ကသိုလ်

မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအသုတ်ကျောင်းသားများသို့ အသိပေးကြေညာချက်မြန်မာ့နွေဦးတက္ကသိုလ်၏ ဒုတိယ အသုတ်တွင် ဖွင့်လှစ်ခဲ့သော...
17/07/2023

မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအသုတ်ကျောင်းသားများသို့ အသိပေးကြေညာချက်

မြန်မာ့နွေဦးတက္ကသိုလ်၏ ဒုတိယ အသုတ်တွင် ဖွင့်လှစ်ခဲ့သော ဘာသာရပ်များအားလုံးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ ဇွန်လ ၂၈ ရက်၊ ဇူလိုင်လ ၂၂ ရက်၊ တို့တွင် အသီးသီး သင်တန်းကာလများ ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သင်ခန်းစာများ ပြီးဆုံးအောင်လေ့လာရန် ကျန်ရှိနေသေးသော ကျောင်းသားများအား စိစစ်တွေ့ရှိသောကြောင့် ဒုတိယအသုတ်တွင် ဖွင့်လှစ်ခဲ့သည့် အောက်ပါ ဘာသာရပ်များမှ သက်ဆိုင်ရာအတန်းများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်၊ စက်တင်ဘာလ ၂၈ ရက်၊ အောက်တိုဘာလ ၂၂ ရက်၊ များသို့ အသီးသီး ဆက်လက်လေ့လာခွင့်ပြုလိုက်သည်။ ( ဇူလိုင်လ ၁၁ရက်၊ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ပညာရေးအဖွဲ့ ဆုံးဖြတ်ချက်အရ )

မှတ်ချက် ။ ။သတ်မှတ်ရက်ကျော်လွန်သော အဖြေလွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

SECOND YEAR (MASTER)
(Music, Dramatic Arts, Painting, Sculpture, Cinema and Drama)

FIRST YEAR (MASTER)
(Library and Information Studies, History, Chemistry, Biochemistry, Botany, Geography, Oriental Studies, Music, Dramatic Arts, Painting, Sculpture, Cinema and Drama)

QUALIFIED
(Geography, History, Oriental Studies, Library and Information Studies, Chemistry, Mathematics, Botany, Zoology, Biochemistry, Anthropology)

THIRD YEAR (HONS)
(Geography, History, Oriental Studies, Library and Information Studies, Chemistry, Mathematics, Botany, Zoology, Biochemistry, Anthropology)

FIFTH YEAR
(Law, Agriculture)

SECOND YEAR (HONS)
(English, Geography, History, Oriental Studies, Philosophy, Library and Information Studies, Chemistry, Physics, Mathematics, Botany, Zoology, Geology, Industrial Chemistry, Computer Studies, Microbiology, Biochemistry, Psychology)

FOURTH YEAR
(Myanmar, English, Geography, History, Oriental Studies, Philosophy, Law, Library and Information Studies, Chemistry, Physics, Mathematics, Botany, Zoology, Geology, Industrial Chemistry, Computer Studies, Microbiology, Biochemistry, Biotechnology, Psychology, Music, Dramatic Arts, Painting, Sculpture, Cinema and Drama, Statistics, Population Studies, Banking and Finance, Human Resource Management, Marketing Management, Accounting, Business Administration in Finance, Business Administration in Human Resource Management, Business Administration in Marketing, Public Administration, Development Studies, Economics)

FIRST YEAR (HONS)
(History, Library and Information Studies, Chemistry, Physics, Zoology, Industrial Chemistry, Computer Studies, Biochemistry)

THIRD YEAR
(History, Library and Information Studies, Chemistry, Physics, Zoology, Industrial Chemistry, Computer Studies, Biochemistry, Accounting, Business Administration, Commerce, Public Administration, Development Studies, Economics)
SECOND YEAR
(History, Library and Information Studies, Chemistry, Physics, Zoology, Industrial Chemistry, Biochemistry, Accounting, Business Administration, Commerce)

FIRST YEAR
(History, Library and Information Studies, Chemistry, Physics, Zoology, Industrial Chemistry, Biochemistry, Accounting, Business Administration, Commerce)

#မြန်မာ့နွေဦးတက္ကသိုလ်

360 Degree Leadership သင်တန်း ဖွင့်လှစ်မည်
03/07/2023

360 Degree Leadership သင်တန်း ဖွင့်လှစ်မည်

နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေး သမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်...
22/06/2023

နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေး သမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေး အစီအစဉ်များဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအစီရင်ခံစာ
(၂၈-၅-၂၀၂၃) – (၂-၆-၂၀၂၃) ကို အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ အများပြည်သူသိရှိ​နိုင်​စေရန် ထုတ်ပြန်လိုက်ပါသည်။

19/06/2023

ပန်းပန်လျက်ပါ

ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ််လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
(ဇော်ဂျီ)

Address

Maubin

Website

Alerts

Be the first to know and let us send you an email when Maubin University -IUC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Maubin University -IUC:

Share