UT-YCC Student Affair Office

UT-YCC Student Affair Office နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီးတ

YCC ကျောင်းတော်ကြီးမှ ဆရာကြီး ဆရာမကြီးများ ဆရာ ဆရာမများ နှင့် ကျောင်းသားကျောင်းသူများ ဘွဲ့ရကျောင်းသား သူဟောင်းများအားလုံ...
01/01/2021

YCC ကျောင်းတော်ကြီးမှ ဆရာကြီး ဆရာမကြီးများ ဆရာ ဆရာမများ နှင့် ကျောင်းသားကျောင်းသူများ ဘွဲ့ရကျောင်းသား သူဟောင်းများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေကြောင်း နှစ်သစ်ဆုမွန် တောင်းလိုက်ပါတယ်...

UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်း...
06/11/2020

UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်းပြိုင်ပွဲ APPathon ရဲ့ပထမဆု ဆွတ်ခူး ရရှိခြင်း။
မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်းပြိုင်ပွဲ APPathon ရဲ့ ဒုတိယအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်သင်းပေါင်း ၂၇ သင်းထဲက ရွေးချယ်ခဲ့တာဖြစ်ပြီး ဒုတိယအဆင့်မှာ Pitch Video နဲ့ Presentation၊ My Ooredoo app ရဲ့ Prototype နဲ့ User flow diagram တို့ကို ပြိုင်ပွဲဝင်တွေက ပေးပို့တင်သွင်းခဲ့ကြရတယ်။ အူရီဒူးမှ တာဝန်ရှိသူများနှင့် ဒိုင်လူကြီးတွေက အကောင်းဆုံးတွေထဲက အကောင်းဆုံးဖြစ်တဲ့ ပြိုင်ပွဲဝင်အသင်းများကိုရွေးချယ်ခဲ့ကြပါတယ်။
ဒိုင်လူကြီးတွေရွေးချယ်လိုက်တဲ့ အလန်းစား Design တွေနဲ့ ဆုတွေကို ဆွတ်ခူးသွားသူတွေကတော့ . . .
- ပထမဆု – Hexa Tech (USD 3,000) UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်
- ဒုတိယဆု – Renovation for Lifestyle (USD 2,000)
- တတိယဆု – NXT (USD 1,000)
- စတုတ္ထဆု – Presto နှင့်
- ပဉ္စမဆု – Duo Design Lab တို့ပဲဖြစ်ပါတယ်
ဒီပြိုင်ပွဲမှာ အနိုင်ရရှိသွားသော UTYCC, IST ဌာန မှ နှောက်ဆုံးနှစ်ကျောင်းသားများ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်အား နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) မှ
အထူးဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေ။

19/10/2020

ကျောင်းသား ကျောင်းသူများ အလုပ်အကိုင်ရရှိရေးအတွက် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)နှင့် KBZ တို့ပူးပေါင်းဆွေးနွေးခြင်း
- မေဂျာအားလုံးမှ နောက်ဆုံးနှစ်ကျောင်းသား သူများ
လျှောက်ထားနိုင်ပါသည်
- နောက်ဆုံးဖြေဆိုခဲ့သည့်စာမေးပွဲတွင် ပျမ်းမျှအမှတ် ၇၅ နှင့် အထက်ရရှိသူများ ဦးစားပေးမည်
- Internship ကာလသည် ၃ လ ဖြစ်ပါသည်
- မန္တလေးKBZ ရုံးခွဲ တွင်internship ဆင်းရမည်ဖြစ်ပါသည်
- တနင်္လာမှ သောကြာနေ့အထိ ရုံးတက်ရမည်ဖြစ်ပြီး Allowence ပေးမည်ဖြစ်ပါသည်
- ရုံးတက်ကာလတွင် uniform ပံ့ပိုးပေးပါမည်
- Interview ဖြေဆိုရမည်ဖြစ်ပါသည်
- KBZ မှ အလုပ်လျှောက်လွှာနှင့် လုပ်ငန်းခွင်နှင့်ဆက်သွယ် ရန် လိပ်စာများထပ်မံကြေငြာပေးပါမည်
- အသေးစိတ်အချက်အလက်များကို Student Affair office page, Student Union page နှင့် တက္ကသိုလ် web တွင် ဆက်လက် ကြေငြာပေးမည်ဖြစ်ပါသည်

17/10/2020

Establishment of EcE Alumni with 10th ANNIVERSARY of UTYCC

17/10/2020

၁၀နှစ်ပြည့် သံဖြူရတုမှာ UT-YCC မိသားစု နှင့် အားလုံးသော မိသားစုများ ​စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ။

17/10/2020

UTYCC ဆယ်နှစ်ပြည့်အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပပုံအား ၉နာရီ ၄၅မိနစ်အချိန်မှ စ၍ တိုက်ရိုက် live ထုတ်လွှင့်သွားပါမည်

လွန်ခဲ့သော ၁၀နှစ်တိတိ အချိန် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၇ရက် ယခုလိုအချိန်တွင် နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီးတီးကို Yat...
17/10/2020

လွန်ခဲ့သော ၁၀နှစ်တိတိ အချိန် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၇ရက် ယခုလိုအချိန်တွင် နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီးတီးကို Yatanarpon Teleport Buildingတွင် ဖွင့်ပွဲအခမ်းအနားကျင်းပနေသည့်ပုံရိပ်အား ဖော်ပြပေးလိုက်ပါတယ်

Happy 10th Anniversary ပါ UTYCCမဟာဌာနလေးခုကိုအခြေုပြုတည်ထောင်ထားသော ကျောင်းတော်ကြီး ဒီထက်မကအောင်မြင်ပါစေနိုင်ငံတကာ တက္ကသ...
16/10/2020

Happy 10th Anniversary ပါ UTYCC

မဟာဌာနလေးခုကိုအခြေုပြုတည်ထောင်ထားသော ကျောင်းတော်ကြီး ဒီထက်မကအောင်မြင်ပါစေ

နိုင်ငံတကာ တက္ကသိုလ်များနဲ့ရင်ဘောင်တန်းနိုင်တဲ့ မြန်မာ့ဂုဏ်ဆောင်တက္ကသိုလ်ကြီး အဖြစ်ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ၁၀နှစ်ပြည့် ကိုကြိုဆိုလိုက်ပါတယ်

16/10/2020

𝕌𝕋-𝕐ℂℂ ℕ𝕠𝕤𝕥𝕒𝕝𝕘𝕚𝕒
°°°°°°°°°°°°°°°°°°°°°°

( ၁၀ )နှစ်ပြည့် အထိမ်းအမှတ် အဖြစ်ကျင်းပမည့် Online Event၏ အမှတ်တရ စကားဝိုင်းကို​တော့ ​နေ့လည် ၁း၀၀နာရီမှာ Page က​နေ Live လွင့်သွားမှာ ဖြစ်ပါတယ်ဗျ. . .

ကြည့်ရှု့အား​ပေးကြမည့်သူများမှလည်း Live ကြည့်ရှု​နေရင်း ဆရာ/ဆရာမများ၊ စီနီယာများကို ​မေးခွန်းများ​မေးလိုပါက Commentများတွင် ​မေးမြန်းနိုင်ပြီး အချိန်​ပေါ်မူတည်၍ ​ဖြေကြားနိုင်ရန် စီစဥ်သွားမှာ ဖြစ်ပါတယ်. . . လုပ်ငန်းခွင်အ​တွေ့အကြုံများ အခွင့်အလမ်းများကို ပိုမို​မျှ​ဝေလိုကြောင်း ပါဝင်​ဆွေး​နွေးမည့် ​ကျောင်းသား/သူ​ဟောင်းများမှ ​ပြောကြားထားပါတယ်ဗျ. . .

တက္ကသိုလ် ပါ​မောက္ခချုပ်၊ ဒုပါ​မောက္ခချုပ်နှင့် ဌာနမှူးများတို့နှင့်အတူ စကားဝိုင်းဖွဲ့ ​သွားမည့် ​ကျောင်းသား/သူ​ဟောင်းများက​တော့. . .

Name - Hsuthiri Soe
Major - IST(Information Science and Technology )
Batch - 1st Batch
Job - Student (Waseda University)
Location- Japan
Position- 1st year Ph.D

Name - Aye Chan Aung
Major - Computer Engineering
Batch - 1st Batch
Company - Apple Inc.
Location- Singapore
Position- Network Engineer

Name - Han Sitt Aung
Major - EcE (Electronic Engineering)
Batch - 1st Batch
Company - Myanma Posts & Telecomunications (MPT)
Location - Myamar
Positioin - Senior Supervisor

Name - Khaing Zar Thwe
Major - PrE ( Mechanical Precision and Automation )
Batch - 1st Batch
Job - NISSAN AUTOMOTIVE TECHNOLOGY
Location- Japan
Job Position- Door Design Engineer

Name - Wanna Htoo
Major - Materials & Metallurgy
Batch - 1st Batch
Company - NSL OilChem Waste Management Pte Ltd.
Location- Singapore
Position- Process Control Technician တို့ဖြစ်ပါတယ်. . .

ဒီစကားဝိုင်း​လေးကို Moderator အဖြစ်နဲ့ ​ဆောင်ရွက်​ပေးသွားမည့်သူက​တော့ Final Year ​ကျောင်းသူ မ​ဟေမန်နှင်းခိုင်ပဲ ဖြစ်ပါတယ် ခင်ဗျ. . .

အားလုံးပဲ နက်ဖြန် ​နေ့လည် ( ၁ )နာရီမှာ ​စောင့်​မျှော်ကြည့်ရှုကြဖို့ ဖိတ်​ခေါ်လိုက်ပါတယ်ဗျ. . .

Address

New Yatanarpon City
Maymyo

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+9525178170

Alerts

Be the first to know and let us send you an email when UT-YCC Student Affair Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share