University of Computer Studies Meiktila Students' Union

University of Computer Studies Meiktila Students' Union ကွန်ပျူတာတက္ကသိုလ်
(မိတ္ထီလာ)ကျောင်?

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသားကျောင်းသူများ၏ ရှေ့ဆက်ပညာသင်...
03/11/2023

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသားကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်လျက် ဤကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ ၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက စုစည်းထုတ်ပြန်သည်။
(၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်)
အသေးစိတ်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ ၏တရားဝင် Telegram Channel ဖြစ်သည့် Uni Handbook FAQ Channel @ NUG-MoE သို့မဟုတ် သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများ၏ Facebook စာမျက်နှာများတွင် သွားရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။

ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန်

Google Drive https://tinyurl.com/UniEntHB-nugmoe2023oct

Drop Box https://tinyurl.com/UniEntHB-nug-moe2023oct

#2023

05/09/2023

Web Development

ယနေ့လို တိုးတက်မှုတွေမြန်ဆန်နေတဲ့ခေတ်ကြီးမှာ နည်းပညာရဲ့ အခန်းကဏ္ဍ၊ နည်းပညာသမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို လူသားအရင်းအမြစ်လိုအပ်မှုဟာလည်း မြင့်မားဆဲပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာခေတ်ကြီးမှာ နည်းပညာနဲ့အဆက်မပြတ်ဖို့၊ နည်းပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အခြေခံသိရှိမှုတွေကို ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ အစီအစဉ်လေးတစ်ခု ဖန်တီးပေးထားတာရှိပါတယ်။ အဲ့ဒါကတော့ ယခုပြောကြားပေမယ့် Web Development အတန်းလေးပဲဖြစ်ပါတယ်။

တက်ရောက်နိုင်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ နွေဦးတော်လှန်ရေးအတွင်း ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။

သင်ကြားပေးမယ့်သင်ခန်းစာတွေကတော့ -

=> အခြေခံ Web content များဖန်တီးဖို့အတွက် HTML ဆိုင်ရာ သင်ခန်းစာများ

=> Efficient code များရေးသားနိုင်ဖို့အတွက် သိရှိဖို့လိုအပ်တဲ့ Data Structure and Algorithm

=> Data များကို ကောင်းမွန်စွာ Manipulate ပြုလုပ်နိုင်ဖို့အတွက် Database Management System

=> ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Cloud based ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာပဲ။

စတင်သင်ကြားမယ့်ရက်ကတော့ (11/9/2023) ရက်နေ့မှာဖြစ်ပြီး နှစ်လကြာ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့တိုင်းရဲ့ ညနေ (5:30 pm - 7:00 pm) တိုင်းမှာ Zoom မှ online class အဖြစ်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားမှုလေးတော့ရှိတာကြောင့် တက်ရောက်လိုသူ သပိတ်မှောက်ကျောင်းသားများအနေဖြင့် အမြန်ဆုံးစာရင်းပေးသွင်းထားဖို့တော့ လိုအပ်ပါတယ်နော်။ တက်ရောက်ခွင့်ရောက်သူ ကျောင်းသားများကို E-mail မှတဆင့် ပြန်လည်အကြောင်းကြားမှာဖြစ်တာကြောင့် စာရင်းသွင်းပြီးရင် mail လေးစောင့်ကြည့်ပေးကြဖို့တော့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

Form ဖြည့်သွင်းရန် - https://forms.gle/ZXDLF8vStQXqYh746

07/07/2023
13/04/2023

ကြွေလွှင့် ကျဆုံးသွားခဲ့ရသော နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) မှ ပထမနှစ်ကျောင်းသား ကို‌ထက်ပိုင်ဖြိုး အတွက် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်မှ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခြင်း။

"Happy Birthday To General Aung San"ဗိုလ်ချုပ်အောင်ဆန်း (၁၀၈) နှစ်မြောက်မွေးနေ့ (၁၃.၂.၂၀၂၃)   #ဗိုလ်ချုပ်မွေးနေ့ #ကွန်ပျ...
13/02/2023

"Happy Birthday To General Aung San"

ဗိုလ်ချုပ်အောင်ဆန်း (၁၀၈) နှစ်မြောက်မွေးနေ့ (၁၃.၂.၂၀၂၃)


#ဗိုလ်ချုပ်မွေးနေ့
#ကွန်ပျူတာတက္ကသိုလ်မိတ္ထီလာယာယီအုပ်ချုပ်ရေးကောင်စီ

01/02/2023

Two years after the military coup

#ကွန်ပျူတာတက္ကသိုလ်မိတ္ထီလာယာယီအုပ်ချုပ်ရေးကောင်စီ

ကြေညာချက်အမှတ် ( ၁ / ၂၀၂၃) #ကွန်ပျူတာတက္ကသိုလ်မိတ္ထီလာယာယီအုပ်ချုပ်ရေးကောင်စီ
18/01/2023

ကြေညာချက်အမှတ် ( ၁ / ၂၀၂၃)

#ကွန်ပျူတာတက္ကသိုလ်မိတ္ထီလာယာယီအုပ်ချုပ်ရေးကောင်စီ

04/01/2023

ဒီနေ့ ကိုဟိန်းထက်အောင်

ပြန်လွတ်လာပါပြီ

ပျော်ရွှင်ဖွယ်ကောင်းသော ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါစေ🙏🙏🙏
22/12/2022

ပျော်ရွှင်ဖွယ်ကောင်းသော ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါစေ🙏🙏🙏

Address

Meiktila

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when University of Computer Studies Meiktila Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to University of Computer Studies Meiktila Students' Union:

Share