05/03/2020
အလုပ်မဝင်ခင် တတ်မြောက်ထားသင့်တဲ့ အခြေခံ ကွန်ပျူတာ ကျွမ်းကျင်မှု (၇) ချက်7 Basic Computer Skills
1. Microsoft Office
2. Web and Social Skills
3. Troubleshooting
4. Graphic Design
5. Blogging
6. Writing Skills
7. Job Specific Skills
(၁) Microsoft Office
ကွန်ပျူတာ အသုံးပြုတော့မယ်ဆိုရင် မလွဲ မသွေ စတင်လေ့လာ ရမှာ က Microsoft Office ပါ။ အဓိက MS Office ကို Excel, Word & Power Point ဆိုပြီး (၃) မျိုးလုံးကို စတင်လေ့လာကြရမှာပါ။ သူက လုပ်ငန်းတိုင်းအတွက် ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲ မှုတွေ မှတ်တမ်းပြုစုတဲ့ ကိစ္စတွေ နဲ့ အစည်းအဝေးမှာရှင်းလင်း တင်ပြမှုလုပ်တဲ့ Presentation ပိုင်းတွေမှာ မဖြစ်မနေကို သုံးရပါတယ် ..။ ဒီအချက်လောက်နဲ့ကို မဖြစ်မနေ ကျွမ်းကျင်ရမည့် Skill တစ်ခု အနေနဲ့ လေ့လာ ထားသင့်နေပါပြီ...။
(၂) Web and Social Skills
အခု ခေတ်မှာ အလုပ်လုပ်ကြတာပဲ ဖြစ်ဖြစ် ပညာသင်ကြားတာ လေ့လာတာတွေဟာ Digital Media ကတစ်ဆင့် လေ့လာကြတာ သိသိသာသာ မြင်တွေ့လာရပြီ..။ ဒီလိုလေ့လာရင် Web နဲ့ Social Medial အသုံးပြုမှု ဟာ အရေးကြီး တတ်ထားရမည့် Skill တစ်ခုဆိုတာ အထူး ပြောပြစရာ မလိုတော့ပြီ..။ အကျိုးကျေးဇူးတွေက များပြားလှပါတယ် ..။ အလုပ်တွေ လုပ်ရာမှာ ကုန်ကျစားရိတ် သိသိသာသာ သက်သာပြီး မြန်ဆန် မှု က အားကိုးခြင်လောက်အောင်ကို စွမ်းဆောင်ပြနေပါတယ်...။
ကြီးမားတဲ့ Project တွေကို အကောင်အထည်ဖော်ရာမှာ ယနေ့ခေတ် အနေအထားအရ Web ဟာ Number One Platform ဖြစ်တယ်လို့ ပြောနိုင်သလို...E-Commerce လုပ်ငန်းတွေရဲ့ Web Application တွေက သက်သေသာဓက ပါပဲ ...။ Facebook, Shop.com, Twitter စတာတွေနဲ့ အခြားအခြား များစွာသော Web Base စီးပွားရေးတွေက အခိုင်အမာ ရပ်တည်ပြနေကြပါတယ်...။
(၃) Troubleshooting
ကွန်ပျူတာ အသုံးချ လုပ်ကိုင်တဲ့ အခါမှာလည်း အခက်အခဲနဲ့ ပြဿနာတွေ က လုပ်ငန်း အမျိုးအစား အပေါ် မူတည်ပြီး အနည်း/ အများ ရှိတတ်ကြပါတယ်...။ အခြေအနေ ပေါ် တွက်ဆ ပြီး နည်းပညာ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ Troubleshooting Skill ကလည်း မရှိမဖြစ် လေ့လာ ထားရပါမယ်...။ အသုံးပြုတဲ့ ပစ္စည်း တိုင်းရဲ့ ခြွတ်ယွင်းမှုတွေကို စနစ် တစ်ကျ လေ့လာ အဖြေရှာရတာလည်း သဘာဝပါပဲ...။ ဒါကြောင့် ကွန်ပျူတာ သုံးရင်လည်း ကွန်ပျူတာ မှာ ဖြစ်လေ့ ရှိတဲ့ ပြဿနာ အချို့ကိုလည်း လေ့လာ အဖြေရှာတတ်ဖို့ လိုတာပေါ့နော်...။
(၄) Graphic Design
လုပ်ငန်းတိုင်း ကို Attraction ရှိအောင် ကြည့် ရှု လို့ တင့်တယ်အောင် ပံ့ပိုးပေးတာ က Graphic Designer တွေပါ..။ Logo (အမှတ်တံဆိပ်), Digital Media မှာ အသုံးပြုဖို့ , Product တွေရဲ့ အပြင်အဆင် လှပသေသပ်ဖို့ , Print Media မှာ ကြော်ညာဖို့ စသဖြင့် များစွာ အတွက် Graphic Design တတ်ထားရင် ပိုပြီး ကောင်းတာ ပေါ့ (အတိုင်းထက် အလွန်ပေါ့နော်...)။ အဲ့ ဒီတော့ လေ့လာထားရမဲ့ Computer Skills တွေထဲမှာ Graphic Design ယော မှတ်သားထားပါနော်...။
(၅) Blogging
သတင်းအချက်အလက်တွေ အများကို သိအောင် မျှဝေတဲ့ အခါ ၊ သုသေသန တစ်ခုခုကို တင်ပြလိုတဲ့ အခါ ၊ ကုန်ပစ္စည်းတွေ အကြောင်း အစဉ်တစိုက် ရှင်းလင်းတင်ပြပေးရမည့် အခြေအနေတွေမှာ Blogging Skill က အခရာ ပါပဲ...။ ကဲ ဒီတော့ တစ်ခု ထပ်လေ့လာကြတာပေါ့ ...။ Blogging Skill နော်...။
(၆) Writing Skills
စာအရေးအသားကတော့ ပိုလေ့လာ နိုင်လေ ပိုအကျိုးရှိလေပါပဲ...။
ခု ခေတ်မှာ Content Writing သင်တန်းတွေတောင်မှ များစွာ ပေါ်ထွက်လာနေကြပြီနော်..။ ဒီတော့ Writing Skill ဟာလည်း လိုနေပြီ ဆိုတာ သေချာနေပါပြီ...။
(၇) Job Specific Skills
ကိုယ့် Position နဲ့ ကိုက်ညီမှု ရှိတဲ့ Computer Skills တွေကတော့ ကျယ်ပြန့်တာပေါ့ အထက်ဖော်ပြပါ အချက်တွေလေ့လာပြီးချိန်မှာ Job Specific Skills အတွက် ဘယ်လို ပြင်ဆင်ရမလဲ တွေးတတ်နေလောက်ပါပြီ...။ ဒီတော့ အပေါ်က အချက်တွေ ကြိုးစားလေ့လာလိုက်တာနဲ့ နောက်ဆုံး Skill က ကျွဲကူးရေပါဆိုသလို အလိုလို လေ့လာမိနေတာ တွေ့ရပါလိမ့်မည်...။ တကယ် ဟုတ်လား သိချင်ရင် ခုပဲ (၁) က စ လေ့ လာကြည့်လိုက်ပါ....။
အားလုံး မိတ်ဆွေတွေ အရာရာ အဆင်ပြေ ပြီး စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေ...။
************************************************
လေးစားစွာဖြင့် OEC Academy OnlineCourseTeam
************************************************ မကြာမီ OEC Academy မှာ Computer Skills တွေ အွန်လိုင်းကနေ စနစ်တကျ လေ့လာနိုင်ပါတော့မည့် အကြောင်း သတင်းကောင်း ပါးလိုက်တယ်နော်📢📢📢📣📣📣