Department of Law - University of Myeik

Department of Law - University of Myeik Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Department of Law - University of Myeik, College & University, Spar Shwe War Road, Kalwin Quarter, Myeik township, Myeik.

12/07/2025
28/03/2024

ကာလစည်းကမ်းသတ်
=============

ဤအခန်းသည်ပြစ်မှုဆိုင်ရာမူလမှုကို စွဲဆိုခြင်းအတွက် ကာစည်းကမ်းသတ်ကိစ္စကို ရည်ရွယ်သည်။

ရာဇဝတ်မှုများကို မူလမှုအဖြစ်စွဲဆိုရာတွင် ကာလစည်းကမ်းသတ် သတ်မှတ်ထားခြင်းမရှိပေ။ ( ဦးသွယ်ပါ ၂ နှင့် ပြည်ထောင်စု ၁၉၆၆ ခုနှစ် ၊ မတစ ၊ စာ ၂၁၆) ။ ထို့ကြောင့် ရာဇဝတ်မှုများကို ပြစ်မှုဖြစ်ပွားပြီး မည်မျှကြ သည်ဖြစ်စေ သာမန်အားဖြင့် တရားစွဲဆိုခွင့်ရှိသည်။ သို့ရာတွင် အယူခံဝင်သည် ကိစ္စအတွက်မူ ကာလစည်း ကမ်းသတ် သတ်မှတ်ထားပါသည်။

ကာလစည်းကမ်းသတ်နှင့် အမှုချေဖျက်ခြင်း
======================

ပြစ်မှုများကို ပြစ်မှုကျူးလွန်သည့်နေ့မှ မည်သည့်ကာလအတွင်း တရားစွဲဆိုရမည်ဟု စည်းကမ်းသတ်ကာလ သတ်မှတ်ထားခြင်း မရှိသည့်အလျှောက် ထိုအမှုကို အမှုဖြစ်ပွားပြီး နောက်ကာလအတန်ကြာမှ တရားစွဲဆိုသည် ကို အကြောင်းပြုပြီး ချေဖျက်ပေးခြင်း မပြုနိုင်ပေ။ (ဦးစံမြင့် (ခ) ဦးစံညွှန့် (ခ) ရှင် အဂ္ဂဝံသနှင့် ပြည်ထောင်စု ၊ ၁၉၈၁ ခုနှစ် ၊ မတစ ၊ စာ ၂၃)

ကာလကြာမြင့်မှ စွဲဆိုရုံးဖြင့် တရားမမှုဟု သတ်မှတ်ထိုက် မထိုက်
ပြစ်မူဆိုင်ရာ အမှုများတွင် တရားဆိုရန် ကာလစည်းကမ်းသတ်မှတ်ချက်မရှိသဖြင့် ဒေါ်မတီက ထိုအမှုကို တစ်နှစ်နှင့် ကိုးလကျောင်ကြားပြီးမှ စွဲဆိုခဲ့ရုံမျှဖြင့် တရားမကြောင်းဖြစ်သည် ဟု မဆိုနိုင်ချေ။ ဒေါ်မတီသည် အချင်းမြေပေါ်တွင် နေထိုင်ခြင်းမရှိသော်လည်း ၎င်းမှာ အချင်းဖြစ်မြေ၏ ပိုင်ရှင်ဖြစ်ပြီး ဦးအာမက်ဆူဘန်းကို ငှားရမ်းထားကြောင်း အငြင်းမပွားသဖြင့် ဥပဒေအရ မြေလက်ရှိဖြစ်သူဖြစ်ရာ ဦးအာမက်ဆူဘန်း၏ ရှေ့နေက တင်ပြချက်မှာ မှန်ကန်ခြင်းမရှိပေ။

ဦးအားမက်ဆူဘန်းက ဒေါ်မတီ၏ မြေကွက်အမှတ် ၇၇ (ဃ) အတွင် သို့ကျူးကျော် ဆောက်လုပ်ခဲ့ခြင်းမရှိပါဟု ချေပသော်လည်း မြေတိုင်းစာရေးဦးလွန်းရှိန်နှင့် ရာအိမ်မှူး ဦးမြမောင်တို့၏ ကျူးကျော်ဆောက်လုပ်ခဲ့ကြောင်း ပေါ်လွင်သည်။ ဦးအာမက်ဆူဘန်းသည် ဒေါ်မတီပိုင်မြေကွက်တွင်းသို့ ကျူးကျော်ဆောက်လုပ်ခြင်းဖြင့် ဒေါ်မ တီကို စိတ်ငြိုငြင်စေမည်မှာ ဧကံမုချဖြစ်ရာ ပြစ်မှုမကင်းသော ကျော်နင်းမူမြောက်သော ကြောင့် တရားမ ကြောင်းဆိုင်ရာ ကျူးကျော်မှုသာဖြစ်သည်ဟု ပြည်နယ်တရားရုံး၏ ကောက်ယူချက်မှာ မှားယွင်းသည်။( ပြည် ထောင်စုနှင့် ဦးအာမက်ဆူဘန်း ၁၉၉၃ခုနှစ်၊ မတစ၊ စာ ၁၁၄)

အချို့သော အမှုများတွင် ကာလစည်းကမ်းသတ် သတ်မှတ်ထားခြင်း (၁)
======================================

၁၉၂၂ခုနှစ် ၊ ရန်ကုန်မြူနီစပယ် အက်ဥပဒေပုဒ်မ ၂၁၄ (၁) (က) နှစ် (ခ) တွင် ယင်းအက်ဥပဒေအရ ပြစ်ဒဏ် ထိုက် သောအမှုများကို ပြစ်ဒဏ်ကျူးလွန်သည့်နေ့မှ ၃ လအတွင်း သို့မဟုတ်ပြစ်မှုကျူးလွန်သည်ကို သိရှိသည့် နေ့မှ ၃ လအတွင်း စွဲဆိုခြင်းမပြုပါက မည်သည့် တရားသူကြီးကမျှအရေးမယူရ ဟု ပြဋ္ဌာန်းထားသည်။

အထက်တွင်ဖော်ပြခဲ့သည့်အမှုပေါ်ပေါက်ချက်များအရ ဆိုသော အယူခံတရား ဦးသိန်းဇော်ပြစ်မှုကျူးလွန်သည် ကို မင်္ဂလာတောင်ညွှန့် မြို့နယ် အုပ်ချုပ်ရေးမှူး သိရှိသည့်နေ့ရက်မှာ ၁၀-၃-၁၉၉၄ ရက်နေ့ဖြစ်ပြီး တရားစွဲဆို သည့်နေ့ရက်မှာ ၁၇- ၈ - ၁၉၉၄ ရက်နေ့ဖြစ်ကြောင်းတွေ့ရ၍ မူလရုံးအမှုကို ကာလစည်းကမ်းသတ် ကျော်ညွှန် ပြီးမှ တရားစွဲဆိုခဲ့သည်မှာ ထင်ရှားသည် ။ အိမ်ရှင်က ဒုတိယအကြိမ် တိုင်ထားသဖြင့် စည်ပင်သာယာမှ ထပ်မံ စစ်ဆေးပြီး နို့တစ်စာထပ်မံထုတ်ခဲ့ရုံမျှဖြင့် အကြောင်းခြင်းရာ တစ်ခုတည်းအပေါ် တရားစွဲဆိုရန် ကာလစည်း ကမ်း သတ်ကို တို့ချဲ့နိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ မူလရုံးက အယူခံတရား ဦးသိန်းဇော်အား အမှုမှ အပြီးအ ပြတ် လွှတ်ခဲ့သည်မှာ မှားယွင်းသည်ဟု မဆိုသာပေ။ (ပြည်ထောင်စုနှင့် ဦးသိန်းဇော် ၁၉၉၈ ခုနှစ်၊ မတစ၊ စာ ၉၄)

အချို့သောအမှုများတွင် ကာလစည်းကမ်းသတ် သတ်မှတ်ထားခြင်း (၂)
တရားရုံးများကို မထိမဲ့မြင်ပြုမှုဥပေဒပုဒ်မ ၁၄ တွင် တရားရုံးကို မထီမဲ့မြင်ပြုမှုကို ကျူးလွန်ခဲ့သည်ဟု အဆို ရှိ သောနေ့မှ စ၍ တစ်နှစ်အတွင်း အမှုကို စွဲဆိုရမည်။ သတ်မှတ်ထားသောကာလထက် ကျော်လွန်ပါက မည် သည့် တရားလွှတ်တော်ကမျှ အမှုကို အရေးယူဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

အချို့သောအမှုများတွင် ကာလစည်းကမ်းသတ်သတ်မှတ်ထားခြင်း (၃)
၂၀၁၄ ခုနှစ် စာချွန်တော်အမိန့်များ လျှောက်ထားမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၆ တွင် အမှုခေါ်စာခွန်တော်အမိန့် နှင့် တားမြစ်စေသောချွန်တော်အမိန့်တို့နှင့် စပ်လျဉ်း၍ လျှောက်ထားလွှာ တင်သွင်းရန် အကြောင်းပေါ်ပေါက်သည့် နေ့မှ နှစ်နှစ်အတွင်း လျှောက်လွှာတင်သွင်းခြင်း မပြုလျှင် စာချွန်တော်အမိန့်ထုတ်ပြန်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထား သည်။

အချို့သော အမှုများတွင် ကာလစည်ကမ်းသတ် သတ်မှတ်ထားခြင်း (၄)
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်းခြင်းဆိုင်ရာ ဥ့ပဒေ ၂၀၁၆ ခုနှစ် ၏ ပုဒ်မ ၂၃ တွင် မည် သူမဆို ထိုဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ပြစ်မှုကျူူးလွန်ဖောက်ဖျက်သည့် နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆင်ပို့ရမည် ဟု ပြဋ္ဌာန်းထားသည်။

အထက်ပါ ကာလစည်းကမ်းသတ်မှတ်ခြင်းများသည် လက်မလှမ်းမီသမျှ တင်ပြခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာ ဥပဒေတစ်ခုချင်းတွင် ဆက်လက်လေ့လာရန်ဖြစ်ပါသည်။

(စာညွှန်း- ဦးမိုးကျော်(မဟာဥပဒေ)၊ ရာဇဝတ်ကျင့်ထုံး အခြပြုလက်စွဲ(ပထအကြိမ်၊ ၂၀၁၉)၊ စာ ၇၇၊၇၈၊၇၉ )

(Zawgyi)

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်းခြင်းဆိုင်ရာ ဥ့ပဒေ ၂၀၁၆ ခုနှစ် ၏ ပုဒ်မ ၂၃ တွင် မည် သူမဆို ထိုဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ပြစ်မှုကျူးလွန်ဖောက်ဖျက်သည့် နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆင်ပို့ရမည် ဟု ပြဋ္ဌာန်းထားသည်။

အထက်ပါ ကာလစည်းကမ်းသတ်မှတ်ခြင်းများသည် လက်မလှမ်းမီသမျှ တင်ပြခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာ ဥပဒေတစ်ခုချင်းတွင် ဆက်လက်လေ့လာရန်ဖြစ်ပါသည်။

(စာညွှန်း- ဦးမိုးကျော်(မဟာဥပဒေ)၊ ရာဇဝတ်ကျင့်ထုံး အခြပြုလက်စွဲ(ပထအကြိမ်၊ ၂၀၁၉)၊ စာ ၇၇၊၇၈၊၇၉ )

19/03/2024

ကျွန်မတို့မှာ မောင်နှမ ၅ ယောက်ရှိပါတယ် ။ မိဘများမရှိတော့ပါ။ မိဘရဲ့ အိမ်ခြံမြေကို အမွေခွဲမယ်လုပ်တော့ အကိုအကြီးဆုံးက သူဟာ သြရသဖြစ်တဲ့အတွက် အမွေဝေစု ပိုရသင့်တယ်လို့ ပြောနေ ပါတယ် ။ အဲဒါ တကယ်ဟုတ်ပါသလား ။
=======================

သြရသနဲ့ ပတ်သက်ပြီး အခွင့်အရေးကို သိသင့်တာပြောပြဦးမယ်။ သြရသ အခွင့်အရေးက နှစ်နေရာရှိ တယ်။ ပထမအချက်က သြရသဆိုတာ အကြီးဆုံးသားသမီးဖြစ်ရမယ်။ သားရင်းသမီးရင်းဖြစ်ရမယ်။ အဓိက က တော့ ဖခင်ကွယ်လွန်တဲ့အချိန်မှာ သားအကြီးဆုံး၊ ၁၈ နှစ်ဖြစ်ရမယ်။ နောက် ဖခင်ရဲ့ လုပ်ငန်းတွေမှာဝင်ရောက် ကူညီ လုပ်ကိုင်နိုင်တဲ့သူဖြစ်ရမယ်။ အဲဒါဆို သြရသဖြစ်တယ်။ သြရသအခွင့်အရေးတောင်းဆိုလို့ရတယ်။ တ ကယ် လို့ အမိက ဆုံးပါးသွားပြီဆိုရင်လည်း သမီးက အကြီးဆုံးဖြစ်နေမယ်။ သူက ၁၈ နှစ်ပြည့်မယ်။ မိဘရဲ့ လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်နိုင်တဲ့သူဖြစ်တယ်ဆိုရင် သြရသ သမီးအခွင့်အရေး တောင်းဆိုလို့ရပါ တယ်။ ဒါတွေက နံပတ် တစ် အချက်ပေါ့။

နောက်တစ်မျိုးကတော့ မိဘက နောက်အိမ်ထောင်ပြုမယ်။ အဲဒီမှာ သြရသက သားဖြစ်ဖြစ် သမီးဖြစ် ဖြစ် အကြီးဆုံးဖြစ်ရင် သြရသသားလည်းဖြစ်ချင်ဖြစ်မယ် သမီးလည်းဖြစ်ချင်ဖြစ်မယ်။ အဲဒီသြရသက နောက် အိမ်ထောင်ပြုပြီဆိုတာနဲ့ သူရဲ့ ရပိုင်ခွင့် သြရသအခွင်အရေးတောင်းပိုင်ခွင့်ရှိတယ်။ ဒါကတစ်ချက်ပေါ့။ စော စော ကတော့ မိဘဆုံးပါးသွားတာနဲ့ဆိုင်တာ။ ခုက မိဘနောက်အိမ်ထောင်ပြုတာနဲ့ဆိုင်တာ။ သြရသအခွင့် အရေးက အပြီးတိုင်ရတဲ့ အခွင့်အရေး။ ဒီအခွင့်အရေးကို ကာလစည်းကမ်းသတ်က ၁၂ နှစ်သတ်မှတ်ထားပါ တယ်။ ၁၂ နှစ်အတွင် ဒီအခွင့်အရေးကို တောင်းဆိုနိုင်ပါတယ်။

မေးခွန်းက အကြီးဆုံးဖြစ်တဲ့အတွက် အမွေကို ပိုချင်တယ်။ ရသင့်မရသင့်ဆိုပြီးမေးထားတာ။ စော စောက ပြောတဲ့ အခွင့်အရေးနှစ်မျိုးစလုံး နဲ့ စပ်ဆိုင်တဲ့ အခွင့်အရေးကို အစ်ကိုအကြီးဆုံးကရခဲ့မယ်ဆိုရင်၊ ရှိလည်းရှိခဲ့မယ်ဆိုရင်၊ ၁၂ လည်းမကျော်သေးဘူးဆိုရင်တော့ အမွေခွဲတဲ့အခါမှာ သြရသအခွင့်အရေးရပါတယ်။ သို့သော် စောစောကအခွင့်အရေးတွေ မရခဲ့ဘူး ၊မရှိခဲ့ဘူး၊ မိဘဆုံးတော့ ၁၈ နှစ်ပြည့်ရမယ်ဆိုတာနဲ့လည်း အကြုံး မဝင်ခဲ့ဘူးဆိုရင် မောင်နှမထဲမှာ အစ်ကို အကြီးဆုံးဖြစ်တာနဲ့ သြရသအခွင့်အရေးက မရနိုင်ပါဘူး။ စောစောက အချက် ၂ ချက်နဲ့ ညီမှသာလျှင် သြရသအခွင့်အရေး ရနိုင်ပါတယ်။ ဒီအချက်ကလည်း သတ်မှတ် ထားတဲ့ ကာလအတွင်းမှာ အကြုံးဝင်နေမယ်ဆိုရင်တော့မှန်တယ်။ သူက အစ်ကိုအကြီးဆုံးအဖြစ်နဲ့ အပြီးတိုင်ရ ထားတဲ့ သြရသအခွင့်အရေးကို သူရမှာပါ။

Address

Spar Shwe War Road, Kalwin Quarter, Myeik Township
Myeik

Website

Alerts

Be the first to know and let us send you an email when Department of Law - University of Myeik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share