12/04/2026
"ဝမ်းနည်းကြောင်းသဝဏ်လွှာ"
*****************************
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပထဝီဝင်ဌာန၏ ဘာသာရပ်တာဝန်ခံ ဆရာမကြီး ဒေါက်တာမြင့်မြင့်ကြည်သည် ယနေ့ ၁၁.၄.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။
ဆရာမကြီးအနေဖြင့် တော်-လှန်ရေးကာလအတွင်း အမှန်တရားဘက်တွင်ရဲရဲဝံ့ဝံ့ရပ်တည်လျက် ကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ခဲ့မှုများ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်စတင်တည်ထောင်စဥ်မှစတင်၍ ယနေ့အချိန်ထိ မိမိတတ်စွမ်းသောပညာဖြင့် ရွပ်ရွပ်ချွံချွံကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ကျွန်ုပ်တို့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ဂုဏ်ယူလေးစားလျက် အမြဲအမှတ်တရရှိနေမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် မပြီးပြတ်သေးသော တာဝန်များကို ဆက်လက်ထမ်းဆောင်လျက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးလေးနက်နက် ကတိပြုပါသည်။
ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ ဆရာမကြီး။
ဝမ်းနည်းစွာဖြင့် ဦးညွှတ်အလေးပြုလျက်
#ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မိသားစု