Soe San Private School , Nay Pyi Taw, စိုးစံ နေပြည်တော်

  • Home
  • Myanmar
  • Naypyidaw
  • Soe San Private School , Nay Pyi Taw, စိုးစံ နေပြည်တော်

Soe San Private School , Nay Pyi Taw, စိုးစံ နေပြည်တော် Dedicated to Excellence Since 1983 နှစ်ပေါင်း(၃၀)ကျော် မျိုးဆက်များစွာ ယုံကြည်စိတ်ချရသည့် စိုးစံ

“မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား”ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး မူဝါ...
20/08/2026

“မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား”

ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး မူဝါဒအတိုင်း ကျောင်းသား၊ ကျောင်းသူများ စာပေသင်ကြားရေးအပြင် ကိုယ်ကာယ ကြံ့ခိုင်ရေး၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အားကစားစိတ်ဓာတ်များ ပျိုးထောင်ပေးနိုင်ရန်မှာ လွန်စွာ အရေးကြီးပါသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နေပြည်တော် စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို အားပေးကာ ပညာရေးနှင့် အားကစား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာ ပေါင်းစည်းပေးနိုင်ရန် ရည်ရွယ်၍ ၂ဝ၂၆ ခုနှစ် ကျောင်းတွင်း မိုးရာသီဘောလုံးပြိုင်ပွဲများအတွက် ပိတ်ပွဲအခမ်းအနားကို ဩဂုတ်လ (၁၈) ရက် အင်္ဂါနေ့တွင် ကျောင်းတွင်းဘောလုံးကွင်း၌ မူ၊လယ်၊ထက် ကျောင်းသား ကျောင်းသူများပါ အပါ စည်ကားစွာဖြင့် စုပေါင်းကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ကျောင်းတွင်း မိုးရာသီဘောလုံးပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို အောက်ပါ အစီအစဉ်များအတိုင်း စနစ်တကျ ဖွင့်လှစ်ပေးခဲ့ပြီး ပိတ်ပွဲ အခမ်းအနား အစီအစဉ်များအရ ကျောင်းသား၊ ကျောင်းသူများအားလုံးနှင့် အားကစားသမားများ ဘောလုံးကွင်းအတွင်း နေရာယူခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြပြီးနောက် ဗိုလ်လုပွဲ (ပထမပိုင်း) - အနော်ရထာအသင်းနှင့် ကျန်စစ်သားအသင်း ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယပိုင်းပွဲမစတင်ခင် ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များတွင် မြူးကြွတက်ကြွသော အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ပြီးနောက် မိုးရာသီအားကစားပြိုင်ပွဲ၏ ဒုတိယပိုင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျန်စစ်သားအသင်းမှ အနော်ရထာအသင်းအား ၄ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ကျောင်းတွင်း မိုးရာသီအားကစား (ဘောလုံးပြိုင်ပွဲ)၏ အနိုင်ရရှိသူများအဖြစ် ထွက်ပေါ်လာခဲ့ပါသည်။

အခမ်းအနား နောက်ဆုံးအစီအစဉ်အဖြစ် အားကစားထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ကြက်တောင်၊ ဘောလီဘောနှင့် 𝐂𝐇𝐄𝐒𝐒 ပြိုင်ပွဲများတွင် အနိုင်ရရှိသူများနှင့် ဘောလုံးပြိုင်ပွဲတွင် အသင်းလိုက်နှင့် တစ်ဦးချင်း ဆုရရှိသူများကို အသီးသီး ဆုချီးမြှင့်ပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

မိုးရာသီအားကစားပြိုင်ပွဲများ ဖြစ်မြောက်ရေးအတွက် အချိန်ပေး၍ ပါဝင်ဆောင်ရွက်ပေးပါသော တာဝန်ရှိသူ ဆရာ၊ ဆရာမအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်။

ယခုလို မိုးရာသီအားကစားပြိုင်ပွဲများမှတဆင့် နေပြည်တော်စိုးစံကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုများကြောင့် ကိုယ်ခံအား မြင့်မားလာစေရန်၊ အားကစားစိတ်ဓာတ်နှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်လိုသော စိတ်ဓာတ်များကို မြှင့်တင့်ပေးနိုင်ရန်၊ အလားအလာရှိသော ထူးချွန်ကျောင်းသား ကျောင်းသူ လက်ရွေးစင်များ ပေါ်ပေါက်လာပြီး ပညာရေးနှင့် အားကစား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာ ပေါင်းစည်းပေးသွားနိုင်ဖို့ ရည်ရွယ်ရင်း မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှ ပထမဆုကို ထိုက်တန်စွာ သိမ်းပိုက်ခဲ့သော ကျန်စစ်သားအသင်း၏ အောင်မြင်မှု၊ အားကစားထူးချွန်ဆုများ ရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ယူကြောင်း ပြောကြားရင်း မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားမှ ပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင်။



#မိုးရာသီအားကစားပွဲ

17/08/2026

နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောဖြင့် မြောက်ဝင်ရိုးစွန်းသို့ (၁၀)ရက်ကြာ အခမဲ့ သိပ္ပံလေ့လာရေးခရီးစဉ်အတွက် မြန်မာနိုင်ငံကိုယ်စားပြု 𝐖𝐢𝐧𝐧𝐞𝐫 အဖြစ် နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း 𝐆𝐫𝐚𝐝𝐞-𝟗 ကျောင်းသား မောင်ဖြိုးသုမင်းသစ် ခရီးစဥ် အောင်မြင်စွာ ပြန်လည်‌ရောက်ရှိခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါသည်။🌟✅



𝟐𝟎𝟐𝟔 𝐌𝐎𝐎𝐍𝐒𝐎𝐎𝐍 𝐂𝐇𝐄𝐒𝐒 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒𝐇𝐈𝐏-𝐅𝐢𝐧𝐚𝐥 𝐌𝐚𝐭𝐜𝐡 𝐃𝐚𝐲ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး...
17/08/2026

𝟐𝟎𝟐𝟔 𝐌𝐎𝐎𝐍𝐒𝐎𝐎𝐍 𝐂𝐇𝐄𝐒𝐒 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒𝐇𝐈𝐏-𝐅𝐢𝐧𝐚𝐥 𝐌𝐚𝐭𝐜𝐡 𝐃𝐚𝐲

ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး မူဝါဒအတိုင်း ကျောင်းသား၊ ကျောင်းသူများ စာပေသင်ကြားရေးအပြင် ကိုယ်ကာယ ကြံ့ခိုင်ရေး၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အားကစားစိတ်ဓာတ်များ ပျိုးထောင်ပေးနိုင်ရန်မှာ လွန်စွာ အရေးကြီးပါသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နေပြည်တော် စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို အားပေးကာ ပညာရေးနှင့် အားကစား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာ ပေါင်းစည်းပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ကျောင်းတွင်း မိုးရာသီအားကစားပြိုင်ပွဲများအောက်မှ (စစ်တုရင်ပြိုင်ပွဲ) နောက်ဆုံးနေ့ ပွဲစဉ်များကို စနစ်ကကျ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

စစ်တုရင်ပြိုင်ပွဲ အစီအစဉ်များအတိုင်း 𝐑𝐨𝐮𝐧𝐝 အလိုက် ပွဲစဉ် ယှဉ်ပြိုင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အနိုင်ရရှိသူများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါသည်။ ပြိုင်ပွဲတွင် တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့သူမျာအားလုံးကို 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐨𝐟 𝐀𝐩𝐩𝐫𝐞𝐜𝐢𝐚𝐭𝐢𝐨𝐧 များ ပေးအပ်ခဲ့ပြီး၊ အနိုင်ရရှိသူများအတွက် ဆုများကို မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသည်။

ယခုလို စစ်တုရင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ တဆင့် နေပြည်တော်စိုးစံကျောင်းသား ကျောင်းသူများအနေဖြင့်

✅ ကြိုတင်ပြင်ဆင် စဉ်းစားနိုင်စွမ်း တိုးတက်လာခြင်း

✅ ပြသာနာဖြေရှင်းနိုင်စွမ်း တိုးတက်လာခြင်း

✅ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု ကောင်းမွန်လာခြင်း

✅ စိတ်ရှည်သည်းခံမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း တိုးတက်လာခြင်း

✅ ဦးနှောက် ဘယ်/ ညာ နှစ်ဖက်လုံးကို လှုံဆော်ပေး၍ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

စစ်တုရင်ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အချိန်ပေး၍ ပါဝင်ဆောင်ရွက်ပေးပါသော တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း စစ်တုရင်ပြိုင်ပွဲမှ အာရုံစူးစိုက်မှုအပြည့်ဖြင့် စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား ကျောင်းသူလေးများ၏ ယှဉ်ပြိုင်မှုပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင်။

#𝐬𝐨𝐞𝐬𝐚𝐧𝐩𝐫𝐢𝐯𝐚𝐭𝐞𝐬𝐜𝐡𝐨𝐨𝐥
#𝐧𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰
#မိုးရာသီအားကစားပြိုင်ပွဲ

“နေပြည်တော်စိုးစံ ဓမ္မစကြာဝတ်ရွတ်အသင်းမှ ဥပုသ်နေ့တိုင်း ဝတ်ရွတ်ပူဇော်ခြင်း”ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှသည် ဝါတွင်းသု...
15/08/2026

“နေပြည်တော်စိုးစံ ဓမ္မစကြာဝတ်ရွတ်အသင်းမှ ဥပုသ်နေ့တိုင်း ဝတ်ရွတ်ပူဇော်ခြင်း”

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှသည် ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဘုရား၊ စေတီရင်ပြင်တို့၌ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ကြခြင်းသည် မြန်မာ့ယဉ်ကျေးမှု၏ လှပသော ဓလေ့တစ်ခုပင်ဖြစ်ပါသည်။

နေပြည်တော် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို ပညာရေးတင်မကဘဲ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး စာရိတ္တယဉ်ကျေးလိမ္မာသူများဖြစ်စေရန် အမြဲတစေ ပြုစုပျိုးထောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှလည်း ယဉ်ကျေးလိမ္မာ ဘာသာတရားအပိုင်းတွင် အစဉ်အမြဲ အားတက်သရော ပါဝင်လေ့ရှိကြပါသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ် (၁၃) ရက်၊ ကြာသပတေးနေ့ (ဥပုသ်နေ့) ညနေ ၄ နာရီတွင် နေပြည်တော်စိုးစံ ဓမ္မစကြာဝတ်ရွတ်အသင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် မြတ်စွာဘုရားရှင်အား ဓမ္မစကြာတရားတော်ဖြင့် ကြည်ညိုသဒ္ဓါတရား ပွားများစွာ ဝတ်ရွတ်ပူဇော်ခဲ့ကြပါသည်။

ဝတ်ရွတ်ပူဇော်ပွဲအပြီးတွင်လည်း အာဟာရဒါန အလှူရှင်အဖြစ် 𝐆𝐫𝐚𝐝𝐞-𝟔 ကျောင်းသူ မပန်အလင်္ကာဦးမှ ကောက်ညှင်းပေါင်းဖြင့် ဝတ်ရွတ်အဖွဲ့ဝင်များကို ဧည့်ခံကုသိုလ်ယူခဲ့ကြပါသည်။

ယခုကဲ့သို့ အာဟာရဒါန အလှူရှင်အဖြစ် ပါဝင်ကုသိုလ်ယူပေးသော 𝐆𝐫𝐚𝐝𝐞-𝟔 ကျောင်းသူ မပန်အလင်္ကာဦးအား ကျေးဇူးရှိကြောင်း ပြောကြားရင်း မင်္ဂလာရှိသော ဥပုသ်နေ့လေးတွင် ကျောင်းစာ၌သာမက ဘာသာရေးမှာပါ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူတို့အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်။



#ဓမ္မစကြာ

𝟐𝟎𝟐𝟔 𝐌𝐎𝐎𝐍𝐒𝐎𝐎𝐍 𝐂𝐇𝐄𝐒𝐒 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒𝐇𝐈𝐏ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး မူဝါဒအတိုင်း ကျ...
13/08/2026

𝟐𝟎𝟐𝟔 𝐌𝐎𝐎𝐍𝐒𝐎𝐎𝐍 𝐂𝐇𝐄𝐒𝐒 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒𝐇𝐈𝐏

ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး မူဝါဒအတိုင်း ကျောင်းသား၊ ကျောင်းသူများ စာပေသင်ကြားရေးအပြင် ကိုယ်ကာယ ကြံ့ခိုင်ရေး၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အားကစားစိတ်ဓာတ်များ ပျိုးထောင်ပေးနိုင်ရန်မှာ လွန်စွာ အရေးကြီးပါသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နေပြည်တော် စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို အားပေးကာ ပညာရေးနှင့် အားကစား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာ ပေါင်းစည်းပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ကျောင်းတွင်း မိုးရာသီအားကစားပြိုင်ပွဲများအောက်မှ (စစ်တုရင်ပြိုင်ပွဲ) ဖွင့်ပွဲနှင့် ပွဲစဉ်များကို စနစ်ကကျ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စနစ်တကျ ဖွင့်လှစ်ပေးခဲ့ပြီး အစီအစဉ်များအရ ဒိုင်ချုပ်မှ ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများနှင့် လိုအပ်သည်များကို ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများထံ ဦးစွာ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ 𝐂𝐄𝐎 ဦးကျော်ထင်လတ်မှ အဖွင့်အမှာစကားပြောကြားပေးပြီးနောက် အဖွင့်ရွှေ့ကွက်ရွေ့ပေးကာ ပြိုင်ပွဲစဉ်များကို စတင်ယှဉ်ပြိုင်စေခဲ့ပါသည်။

ယခုလို စစ်တုရင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ တဆင့် နေပြည်တော်စိုးစံကျောင်းသား ကျောင်းသူများအနေဖြင့်

✅ ကြိုတင်ပြင်ဆင် စဉ်းစားနိုင်စွမ်း တိုးတက်လာခြင်း

✅ ပြသာနာဖြေရှင်းနိုင်စွမ်း တိုးတက်လာခြင်း

✅ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု ကောင်းမွန်လာခြင်း

✅ စိတ်ရှည်သည်းခံမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း တိုးတက်လာခြင်း

✅ ဦးနှောက် ဘယ်/ ညာ နှစ်ဖက်လုံးကို လှုံဆော်ပေး၍ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားရင်း စစ်တုရင်ပြိုင်ပွဲမှ အာရုံစူးစိုက်မှုအပြည့်ဖြင့် စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်နေကြသော ကျောင်းသား ကျောင်းသူလေးများ၏ ယှဉ်ပြိုင်မှုပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင်။



#မိုးရာသီအားကစားပြိုင်ပွဲ

“မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား”ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး မူဝ...
12/08/2026

“မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား”

ပညာရေး၏ "ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ" ဆိုသည့် “ဗလငါးတန်” ဘက်စုံပညာရေး မူဝါဒအတိုင်း ကျောင်းသား၊ ကျောင်းသူများ စာပေသင်ကြားရေးအပြင် ကိုယ်ကာယ ကြံ့ခိုင်ရေး၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အားကစားစိတ်ဓာတ်များ ပျိုးထောင်ပေးနိုင်ရန်မှာ လွန်စွာ အရေးကြီးပါသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နေပြည်တော် စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို အားပေးကာ ပညာရေးနှင့် အားကစား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာ ပေါင်းစည်းပေးနိုင်ရန် ရည်ရွယ်၍ ၂ဝ၂၆ ခုနှစ် ကျောင်းတွင်း မိုးရာသီဘောလုံးပြိုင်ပွဲများအတွက် ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ (၁၁) ရက် အင်္ဂါနေ့တွင် ကျောင်းတွင်းဘောလုံးကွင်း၌ မူ၊လယ်၊ထက် ကျောင်းသား ကျောင်းသူများပါ အပါ စည်ကားစွာဖြင့် စုပေါင်းကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ကျောင်းတွင်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို အောက်ပါ အစီအစဉ်များအတိုင်း စနစ်တကျ ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား အစီအစဉ်များအရ ကျောင်းသား၊ ကျောင်းသူများအားလုံးနှင့် အားကစားသမားများ ဘောလုံးကွင်းအတွင်း နေရာယူခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြခြင်း၊ ၂၀၂၆ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲများ စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် 𝐂𝐄𝐎 ဦးကျော်ထင်လတ်မှ မိုးရာသီအားကစားပြိုင်ပွဲအထိမ်းအမှတ် အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ ပွဲစဉ်များမစတင်ခင် ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များတွင် မြူးကြွတက်ကြွသော အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ပြီးနောက် မိုးရာသီအားကစားပြိုင်ပွဲ၏ ပထမအဖွင့်ပွဲစဉ်အဖြစ် “ဘုရင့်နောင်အသင်း”နှင့် “ကျန်စစ်သားအသင်း”မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ယခုလို မိုးရာသီအားကစားပြိုင်ပွဲများမှတဆင့် နေပြည်တော်စိုးစံကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုများကြောင့် ကိုယ်ခံအား မြင့်မားလာစေရန်၊ အားကစားစိတ်ဓာတ်နှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်လိုသော စိတ်ဓာတ်များကို မြှင့်တင့်ပေးနိုင်ရန်၊ အလားအလာရှိသော ထူးချွန်ကျောင်းသား ကျောင်းသူ လက်ရွေးစင်များ ပေါ်ပေါက်လာပြီး ပညာရေးနှင့် အားကစား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာ ပေါင်းစည်းပေးသွားနိုင်ဖို့ ရည်ရွယ်ရင်း မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှ အားကစားစိတ်ဓာတ်ပြင်းပြစွာဖြင့် တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူလေးများ၏ ပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင်။



#မိုးရာသီအားကစားပွဲ

“ကျောင်းတွင်း စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား”ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်တို့ ဝါတွင်းကာလ ဒါန၊ သီလ၊ဘာဝနာ ကုသို...
12/08/2026

“ကျောင်းတွင်း စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား”

ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်တို့ ဝါတွင်းကာလ ဒါန၊ သီလ၊ဘာဝနာ ကုသိုလ်အမှုများကို ပြုလုပ်ကြရာတွင် ဝါဆိုသင်္ကန်းကပ်လှူကြခြင်းမှာလည်း ထူးမြတ်သည့် ကာလဒါနကုသိုလ်တစ်ခုပင် ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ တနင်္လာနေ့တွင် နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း 𝐌𝐚𝐢𝐧 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 ခန်းမ၌ ကျောင်းသား ကျောင်းသူများ၏ စိတ်နှလုံးတွင် ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာသည့် အလေ့အထကောင်းများ ကိန်းဝပ်စေရန် ရည်ရွယ်၍ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီးအား ပင့်ဖိတ်ကာ 𝐊𝐆 မှ 𝐆𝐫𝐚𝐝𝐞 𝟏𝟐 အထိ မူ၊လယ်၊ထက် အတန်းစုံ ပါဝင်သော “ကျောင်းတွင်း စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ “ကျောင်းတွင်း စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား” ကိုအောက်ပါ အစီအစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ခဲ့ကြပါသည်။

-“နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ခြင်း၊

-နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မစိုးရိမ်တိုက်သစ်ကျောင်း ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ ဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ခံယူဆောက်တည်ခြင်း၊

-ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးတာဝန်ခံများမှ ဆက်ကပ်လှူဒါန်းခြင်း၊

-ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် သိရှိစောင့်ထိန်းအပ်သော ငါးပါးသီလ၊ သရဏဂုံ သုံးပါးနှင့် ဘာသာရေးဆိုင်ရာ အသိပညာများ တိုးပွားစေရန်အတွက် ဆရာတော်ကြီးမှ ဩဝါဒ ရှင်းလင်းမိန့်ကြားပေးခြင်း၊

- ဆရာတော်ကြီးထံမှ အနုမောဒနတရားနာကြား၍ ရေစက်သွန်းလောင်း အမျှဝေသာဓုခေါ်ဆိုခြင်း၊

-ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အတန်းအလိုက် “ကျောင်းတွင်း စုပေါင်းဝါဆိုသင်္ကန်းနေ့ဆွမ်းကပ်လှူဒါန်းပွဲ” ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား နေပြည်တော်စိုးစံမိသားစုမှ မြန်မာမုန့်အစုံအလင်ဖြင့် ပြန်လည်ဧည့်ခံကျွေးမွေးခဲ့ပါသည်။

ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ စိတ်နှလုံး၌ ကြည်နူးဖွယ် ကုသိုလ်တရားများ ကိန်းဝပ်သွားသကဲ့သို့ ဖေဖေ မေမေများနှင့် အုပ်ထိန်းသူများလည်း ထပ်တူကုသိုလ်ပွားများနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း“ကျောင်းတွင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ”မှ ကြည်နူးကုသိုလ်ယူဖွယ်ရာ အခမ်းအနားပုံရိပ်များကို မျှဝေလိုက်ရပါတယ်ရှင့်။

#ဝါဆိုသင်္ကန်း

"𝐊𝐆 ကလေးငယ်များ အာဟာရကျွေးမွေးခြင်း အစီအစဉ်"သူငယ်တန်း (𝐊𝐆) အရွယ် ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့နဲ့ ဦးနှေ...
08/08/2026

"𝐊𝐆 ကလေးငယ်များ အာဟာရကျွေးမွေးခြင်း အစီအစဉ်"

သူငယ်တန်း (𝐊𝐆) အရွယ် ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့နဲ့ ဦးနှောက်ဉာဏ်ရည် အပြည့်အဝ ဖွံ့ဖြိုးဖို့ဆိုတာ "မှန်ကန်ပြည့်စုံတဲ့ အာဟာရ" ပေါ်မှာ အများကြီး မူတည်နေတာပဲဖြစ်ပါသည်။

ကာဗိုဟိုက်ဒရိတ်ကနေ စွမ်းအင်တွေ ဖြည့်တင်းပေးခြင်း၊ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ကို ကြီးထွားစေခြင်းနှင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ ရောဂါဘယတွေကနေ ကာကွယ်ပေးမှာဖြစ်လို့ ဖွံ့ဖြိုးစအရွယ် ကလေးတိုင်းအတွက် ဒီအာဟာရဓာတ်တွေဟာ မရှိမဖြစ် လိုအပ်တာပဲဖြစ်ပါသည်။

ဒါကြောင့် နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း သားသားမီးမီးလေးတွေအားလုံး ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြတ် ထူးချွန်တဲ့ ကလေးငယ်လေးတွေအဖြစ် စွမ်းအင်အပြည့်နဲ့ ကြီးပြင်းလာစေဖို့ ရည်ရွယ်ပြီး "𝐊𝐆 ကလေးငယ်များ အာဟာရကျွေးမွေးခြင်း အစီအစဉ်" လေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၇) ရက်၊ သောကြာနေ့တွင် ကလေးများအတွက် ပြုလုပ်ပေးခဲ့ပါသည်။

𝐊𝐆 သားသားမီးမီးလေးတွေအနေဖြင့် ဆရာ၊ ဆရာမများရဲ့ စနစ်တကျ လမ်းညွှန်ဦးဆောင်မှုအောက်မှာ ယဉ်ကျေးလိမ္မာစွာနဲ့ တန်းစီပြီး ဖေဖေ မေမေတို့ထည့်ပေးလိုက်တဲ့ ကိုယ်ပိုင်ဇွန်း၊ ပန်းကန်လေးတွေနဲ့ သူငယ်ချင်းတွေနဲ့အတူတကွ စားသောက်ခဲ့ပါသည်။ ကိုယ်တိုင်စားသောက်ရင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေကိုပါ တစ်ပါတည်း သင်ယူသွားခဲ့ကြတာပဲ ဖြစ်ပါသည်။

နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကလေးငယ်များ၏ အသက်အရွယ်နှင့် ကိုက်ညီသော ဖွံ့ဖြိုးမှုရရှိစေရန်၊ သင်ကြားသင်ယူမှု လုပ်ငန်းများကို စာတွေ့လက်တွေ့ ပျော်ရွှင်စွာ သင်ယူနိုင်ရန် အစဉ်အမြဲ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တစ်နည်းအားဖြင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ 𝐒𝐨𝐟𝐭 𝐬𝐤𝐢𝐥𝐥𝐬 များဖြစ်သည့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း (𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧)၊ ဆက်သွယ်ပြောဆိုခြင်း (𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧)၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့်ပြသာနာဖြေရှင်းခြင်း (𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 & 𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐬𝐨𝐥𝐯𝐢𝐧𝐠)၊ တီထွင်ဖန်တီးခြင်း (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲 & 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧) နှင့် နိုင်ငံ့သားကောင်းဖြစ်ခြင်း (𝐂𝐢𝐭𝐢𝐳𝐞𝐧𝐬𝐡𝐢𝐩) စသည့် 𝟓𝐂𝐬 ရရှိဖို့ရန်အတွက်ပါ ရည်ရွယ်ပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးနေပါကြောင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်မှာ စနစ်တကျနဲ့ တက်ကြွပျော်ရွှင်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ချစ်စရာပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါတယ်ရှင်။



“နေပြည်တော်စိုးစံ ဓမ္မစကြာဝတ်ရွတ်အသင်းမှ ဥပုသ်နေ့တိုင်း ဝတ်ရွတ်ပူဇော်ခြင်း”ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှသည် ဝါတွင်းသု...
07/08/2026

“နေပြည်တော်စိုးစံ ဓမ္မစကြာဝတ်ရွတ်အသင်းမှ ဥပုသ်နေ့တိုင်း ဝတ်ရွတ်ပူဇော်ခြင်း”

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှသည် ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဘုရား၊ စေတီရင်ပြင်တို့၌ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ကြခြင်းသည် မြန်မာ့ယဉ်ကျေးမှု၏ လှပသော ဓလေ့တစ်ခုပင်ဖြစ်ပါသည်။

နေပြည်တော် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို ပညာရေးတင်မကဘဲ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး စာရိတ္တယဉ်ကျေးလိမ္မာသူများဖြစ်စေရန် အမြဲတစေ ပြုစုပျိုးထောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှလည်း ယဉ်ကျေးလိမ္မာ ဘာသာတရားအပိုင်းတွင် အစဉ်အမြဲ အားတက်သရော ပါဝင်လေ့ရှိကြပါသည်။

ထို့ကြောင့် (၆.၈.၂၀၂၆) ရက်၊ ကြာသပတေးနေ့ (ဥပုသ်နေ့) ညနေ ၄ နာရီတွင် နေပြည်တော်စိုးစံ ဓမ္မစကြာဝတ်ရွတ်အသင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် မြတ်စွာဘုရားရှင်အား ဓမ္မစကြာတရားတော်ဖြင့် ကြည်ညိုသဒ္ဓါတရား ပွားများစွာ ဝတ်ရွတ်ပူဇော်ခဲ့ကြပါသည်။

ဝတ်ရွတ်ပူဇော်ပွဲအပြီးတွင်လည်း အာဟာရဒါနအဖြစ် အအေးများဖြင့် ဝတ်ရွတ်အဖွဲ့ဝင်များကို ဧည့်ခံကုသိုလ်ယူခဲ့ကြပါသည်။

ထိုကဲ့သို့ မင်္ဂလာရှိသော ဥပုသ်နေ့လေးတွင် ကျောင်းစာ၌သာမက ဘာသာရေးမှာပါ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူတို့၏ ပုံရိပ်များကို မျှဝေရင်း ဖေဖေ၊ မေမေတို့အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်။



#ဓမ္မစကြာ

"ပုံနှိပ်ပန်းချီ ရေးဆွဲခြင်း"(၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၄) ရက် တနင်္လာနေ့တွင် နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၏ 𝐏...
04/08/2026

"ပုံနှိပ်ပန်းချီ ရေးဆွဲခြင်း"

(၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၄) ရက် တနင်္လာနေ့တွင် နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၏ 𝐏𝐫𝐞-𝐊𝐆 အတန်းမှ သားသားမီးမီးလေးတို့အတွက် “ငှက်ပျောပင်အကြောင်းသင်ခန်းစာ”မှ လက်မှုအနုပညာအနေဖြင့် ပုံနှိပ်ပန်းချီကို ငှက်ပျောရိုးနှင့် ရုံးပတီသီးကိုအသုံးပြု၍ “ပုံနှိပ်ပန်းချီ လက်တွေ့သင်ခန်းစာ”ကို ဦးဆောင်ဆရာမကြီးကိုယ်တိုင် စနစ်တကျ သင်ကြားပြသပေးခဲ့ပါသည်။

အဆိုပါ သင်ခန်းစာတွင် ပုံနှိပ်ပန်းချီရေးဆွဲဖို့ရာ လိုအပ်သော ဆေးရောင်များနှင့် အသုံးပြုသွားမည့် ရုံပတီသီး၊ ဌက်ပျောရိုးများဖြင့် ပုံဖော် ရေးဆွဲပုံများကို ဆရာမကြီးမှ လက်တွေ့ပြသပေးခဲ့ပြီး သားသားမီးမီးလေးများကလည်း စိတ်ပါဝင်စားစွာဖြင့် တက်ကြွစွာ ပါဝင်လေ့လာခဲ့ကြပါသည်။

ပထမဦးစွာ ဦးဆောင်ဆရာမမှ စနစ်တကျ လက်တွေ့ပြုလုပ်ပေးခဲ့ပြီးနောက် သားသားမီးမီးများ တစ်ဦးချင်းစီမှ ကိုယ်ပိုင်ပုံနှိပ်ပန်းချီလက်ရာများကို စိတ်ကြိုက် လွတ်လပ်စွာ ဖန်တီးခဲ့ကြပါသည်။

ပုံနှိပ်ပန်းချီကို ဘာကြောင့် သင်ကြားပေးရတာလဲ?

“ပုံနှိပ်ပန်းချီ” ဆိုသည်မှာ ကလေးငယ်များအတွက် သဘာဝပတ်ဝန်းကျင်မှ ပစ္စည်းလေးများ၊ အသီးအနှံ ပုံသဏ္ဌာန်များနှင့် ဆေးရောင်များကို ပေါင်းစပ်၍ စိတ်ကူးကို ပုံဖော်နိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲 နှင့် 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠 ရရှိစေရန် လွတ်လပ်စွာ ဖန်တီးရသည့် ပျော်စရာ လက်တွေ့သင်ခန်းစာတစ်ခု ဖြစ်ပါသည်။

အဆိုပါ လက်တွေ့သင်ခန်းစာမှ တဆင့်

၁) လက်နှင့်မျက်စိ တစ်တန်းတည်းကျအောင်လုပ်နိုင်သည့်အတွက် စာရေးရန် အဆင်သင့်ဖြစ်ခြင်း၊

၂) လက်ချောင်း ကြွက်သားများ သန်မာစေခြင်း၊

၃) ဝေါဟာရကြွယ်ဝခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ မျှဝေတတ်ခြင်း အလှည့်ကျလုပ်ဆောင်တတ်ခြင်းနှင့် စနစ်တကျ လုပ်ဆောင်တတ်ခြင်း စသည်တို့အပြင်

၄) အာရုံငါးပါးဖြင့် သင်ယူနိုင်ခြင်းတွေကို တစ်ပြိုင်နက် ရရှိသွားစေမှာဖြစ်ပါသည်။

နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကလေးငယ်များ၏ အသက်အရွယ်နှင့် ကိုက်ညီသော ဖွံ့ဖြိုးမှုရရှိစေရန်၊ သင်ကြားသင်ယူမှု လုပ်ငန်းများကို စာတွေ့လက်တွေ့ ပျော်ရွှင်စွာ သင်ယူနိုင်ရန် အစဉ်အမြဲ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တစ်နည်းအားဖြင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ 𝐒𝐨𝐟𝐭 𝐬𝐤𝐢𝐥𝐥𝐬 များဖြစ်သည့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း (𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧)၊ ဆက်သွယ်ပြောဆိုခြင်း (𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧)၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့်ပြသာနာဖြေရှင်းခြင်း (𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 & 𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐬𝐨𝐥𝐯𝐢𝐧𝐠)၊ တီထွင်ဖန်တီးခြင်း (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲 & 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧) နှင့် နိုင်ငံ့သားကောင်းဖြစ်ခြင်း (𝐂𝐢𝐭𝐢𝐳𝐞𝐧𝐬𝐡𝐢𝐩) စသည့် 𝟓𝐂𝐬 ရရှိဖို့ရန်အတွက်ပါ ရည်ရွယ်ပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးနေပါကြောင်း ပြောကြားရင်း တက်ကြွစွာ လေ့လာသင်ယူနေကြသည့် ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါတယ်ရှင်။




Address

C_2, Nyarna Aungmyay Street, MICC-II & Myoma Market , Zabuthiri Township
Naypyidaw
15011

Alerts

Be the first to know and let us send you an email when Soe San Private School , Nay Pyi Taw, စိုးစံ နေပြည်တော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Soe San Private School , Nay Pyi Taw, စိုးစံ နေပြည်တော်:

Shortcuts

Share