Physics Specialization Students' Association - PU

Physics Specialization Students' Association - PU Physics Specialization Student's Association

07/04/2022

သိပ်မကြာခင် တော်လှန်ရေးဟာ အရေးကြီးတဲ့ အချိုးအကွေ့နှစ်ခုကို ရောက်ပါလိမ့်မယ်။

ပြည်သူတစ်ရပ်လုံး ရွေးချယ်ကြရပါလိမ့်မယ်။ ရွေးချယ်မှု ပေါ်မူတည်ပြီး ၂၀၂၂ မှာ အာဏာရှင် ပြုတ်ကျ/ မကျ ရလဒ် ထွက်လာပါလိမ့်မယ်။

▪️ပထမ တစ်ခုက တော်လှန်ရေး ဟာ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ အသိ လူတိုင်းမှာရှိလာဖို့ပါ။

တည့်တည့်ပြောရရင် အခုအချိန် တော်လှန်ရေးမှာ အသက်၊ ဘဝပါ ပေါင်းပြီး ရင်းတဲ့သူရင်း၊ ရှိသမျှ/ ရသမျှ ထိုင်လှူသူက လှူနေပေမယ့် ရာခိုင်နှုန်း ကြီးကြီး တစ်ရပ်ဟာ အခုအချိန်ထိ ဘေးကနေ ကြည့်နေဆဲပါ။

တော်လှန်ရေး၊ နိုင်ငံ့အရေးဟာ ကိုယ်နဲ့ မဆိုင်သလိုနေရင်း ပျော်လို့ ရသမျှ ပျော်ပျော်နေနေတုန်းပါ။

သိပ်မကြာခင်မှာ အာဏာရှင်ဟာ "အထီးကျန်နိုင်ငံ" အဖြစ် မုချ ပိတ်ကစားတော့မှာပါ။ မအလ ဟာ နိုင်စရာလည်း မရှိတော့သလို၊ သူ နိုင်မလား ကြိုးစားနေတဲ့ မျှော်လင့်ချက် လက်ကျန် ကုန်တာနဲ့ နိုင်ငံကို ပိတ်ကစားတော့မှာပါ။
၁၉၉၀ ဝန်းကျင် ကာလတွေဆီတောက်လျှောက် နိုင်ငံကို ဆွဲချသွားမှာပါ။

အထူးသဖြင့် လက်ရှိ ပြည်သူအများစု မှီခိုနေတဲ့ Digital စီးပွားရေး လုံးဝ(လုံးဝ) ပြိုလဲသွားပါလိမ့်မယ်။ Digital Entrepreneurs တွေ၊ အခု ၂၀၁၀-၂၀၂၀ ပွင့်လင်း ကာလမှာ ကိုယ့်အားကိုယ်ကိုး ကြီးပွားလာတဲ့ လူငယ်/ လူလတ် လုပ်ငန်းရှင်တွေ အားလုံး ရပ်သွားပါလိမ့်မယ်။

⁉️နောက်(၃) အတွင်းမှာ တော်လှန်ရေး ဟာ ပြည်သူတစ်ယောက် တိုင်းစီနဲ့ ဆိုင်တယ်၊ တော်လှန်ရေး မှာ လက်တွေ့ပါဝင်ဖို့ လိုတယ်ဆိုတဲ့ အသိ လူတိုင်းရှိလာ/ မရှိလာ ရွေးချယ်ကြရပါလိမ့်မယ်။

▪️နောက်တစ်ခုက တော်လှန်စစ် ကို ခဏ အနာခံပြီး ကြိုမလား? ရှောင်မလား? ရွေးရပါတော့မယ်။
​ကရင်၊ ကချင် တိုင်းရင်းသားတွေဟာ တော်လှန်စစ်ကို နှစ်ပေါင်း ၆၀ လောက် ခါးစည်းခံခဲ့ပြီးပါပြီ။

ရှမ်း(မြောက်)၊ ချင်း၊ စစ်ကိုင်း ဟာ တော်လှန်စစ်ကို ရွေးခဲ့ပါပြီ။ မကွေး က မြို့နယ်တွေ၊ တနင်္သာရီက မြို့နယ်တွေဟာ တော်လှန်စစ်ကို စပြီး တိုက်နေကြပါပြီ။
ရခိုင် မှာလည်း ရက္ခိုသ့်တော်လှန်ရေး လမ်းစဥ် ခိုင်ခိုင်မာမာရှိပြီးသားပါ။
ကရင်နီ(ကယား) ဆိုလည်း တစ်ပြည်လုံး ကြံ့ကြံ့ခံတိုက်နေပါပြီ။

⁉️နောက်(၃) လ လောက်အတွင်း ကျန်တဲ့သူတွေ တကယ် လက်တွေ့(လက်တွေ့) ရွေးချယ်ရပါလိမ့်မယ်။

အခု KNU တပ်မဟာ(၆) စတိုက်တာနဲ့ မြဝတီ လမ်းကြောင်း ပိတ်ပါပြီ။
နောင် ပဲခူးခရိုင်၊ တောင်ငူခရိုင် တပ်ရင်းတွေ၊ KNU တပ်မဟာ တွေတိုက်ပြီဆို အမြန်လမ်း လမ်းသစ်၊ လမ်းဟောင်း ပိတ်သွားတာမျိုး ဖြစ်လာမှာပါ။

ခဏတာ ပြည်သူတစ်ရပ်လုံး အနာခံမယ် ဆိုတဲ့စိတ်မျိုးရှိမှ တော်လှန်ရေး ဟာ မြန်မှာပါ။

စီးပွားရေး ထိလိမ့်မယ်၊ ကုန်သွယ်ရေး ထိလိမ့်မယ် ... ခဏတာ အနာမခံနိုင်ဘူး ဆိုရင် အာဏာရှင်က ဖြည်းဖြည်းချင်း "အထီးကျန်နိုင်ငံ" အဖြစ်ဆွဲချသွားမှာပါ။

အနာမခံတဲ့ မြို့တွေအာဏာရှင် ယန္တရားအောက် ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

▪️ပြည်သူတစ်ရပ်လုံးက တော်လှန်ရေးဟာ ငါတို့နဲ့ ဆိုင်တယ်၊ ငါတို့လည်း ပါရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်၊

▪️အနာဂတ်မှာကောင်းဖို့ တော်လှန်စစ် ကို ခဏတာ အနာခံပြီး ရင်းရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်၊

မကြာခင် ရွေးချယ် ဆုံးဖြတ်ကြရပါလိမ့်မယ်။

🔹ရွေးချယ်မှုတိုင်းဟာ အနာဂတ်ရလဒ် အပေါ်တိုက်ရိုက်သက်ရောက်ပါလိမ့်မယ်။

https://www.facebook.com/105748888241123/posts/329864792496197/
17/03/2022

https://www.facebook.com/105748888241123/posts/329864792496197/

" ဘွဲ့မရလည်း အလုပ်ခန့်မယ်'' ဆိုတဲ့ သူတွေ Page Chatbox ကို လာခဲ့ပေးပါ။

ဒီ အစီအစဥ်က ဘွဲ့မရသေးလည်း အလုပ်ခေါ်ချင်တဲ့ ပိုင်ရှင်တွေနဲ့ အလုပ်လိုချင်တဲ့ ကျောင်းသားတွေကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

CDM ကျောင်းသားတွေအနေနဲ့ ကျောင်းလည်းမတက်ဖြစ်တာနဲ့ အလုပ်တွေကို လုပ်ချင်ကြပါတယ်။ဒါပေမယ့် ဘွဲ့ရမှ အလုပ်ခန့်တာကြောင့် သူတို့လေးတွေအတွက်
မျှော်လင့်ချက် မဲ့လျက်ရှိပါတယ်။

ဘွဲ့ထက် အရည်အချင်း လုပ်ရည်ကိုင်ရည်ပဲ ကြည့်ပြီး အလုပ်ခန့်ပါ့မယ် ဆိုတဲ့ အလုပ်ပိုင်ရှင်တွေ အနေနဲ့ Page Chatbox ကို
လာပြီး စာရင်းလေးတင်ထားပေးပါ။
စာရင်းတင်တဲ့အခါ အသေးစိတ်ထက် ယေဘူယျ အချက်အလက်လေးတွေကို ပဲ တင်ထားပေးရင်ရပါပြီ။(အသေးစိတ် CB)

(အချိန်ပိုင်း။အချိန်ပြည့်။အွန်လိုင်းအလုပ်။မြေပြင်အလုပ် အဆင်ပြေရာရပါတယ်။)

ရရှိတဲ့ အလုပ်ခေါ်စာတွေကို စုပြီး CDM ကျောင်းသားတွေ နဲ့ချိတ်ဆက် ပေးမှာ ဖြစ်ပါတယ်။

(လုံခြုံရေးအတွက်လုံးဝတာဝန်ယူပါတယ်)

ပါးစပ်နဲ့ထက် လက်တွေ့ကူညီပေးကြပါ။
Share တစ်ချက်က အတော်အတန်ခရီးရောက်စေပါသည်။

လောလောဆယ်မှာ အလုပ်လျှောက်လွှာများကို လက်မခံသေးပါခင်ဗျ။
အလုပ်ခန့်မယ့် အလုပ်ရှင်တွေကိုပဲ လက်ခံပါသေးတယ်။
(ယခု ဝန်ဆောင်မှုကိုမြန်မာတစ်ပြည်လုံးသို့ ဖြန့်ကျက်မည်ဖြစ်သည်။)

#ကြံဆောင်သမျှအောင်ပါစေ

01/02/2022

လူ့အခွင့်အရေးသေဆုံးခြင်းနှင့် နိုင်ငံအမိုက်မှောင်ကျခြင်း ( ၁ ) နှစ်ပြည့်ပြီ.....

07/12/2021



Why Silent Strike ?တိုင်းပြည်အုပ်ချုပ်တဲ့အခါမှာ အုပ်ချုပ်သူတွေအတွက် အဓိကစိိန်ခေါ်ချက်က ချမှတ်လိုက်တဲ့အမိန့်တွေ အာဏာတွေကိ...
06/12/2021

Why Silent Strike ?

တိုင်းပြည်အုပ်ချုပ်တဲ့အခါမှာ အုပ်ချုပ်သူတွေအတွက် အဓိကစိိန်ခေါ်ချက်က ချမှတ်လိုက်တဲ့အမိန့်တွေ အာဏာတွေကို ဘယ်လိုအသက်သွင်းမလဲဆိုတာပဲ။ အဲ့လိုအသက်သွင်းဖို့ ကြိုးစားတဲ့အခါမှာ ပြည်သူတွေက အခြေအနေ သုံးခုနဲ့ တုန့်ပြန်တတ်ပါတယ်။

၁ - Voluntary compliance စိတ်လိုလက်ရ လိုက်နာတာ
၂ - Complied by Coercion အတင်းအကျပ်လိုက်နာခိုင်းလို့ လိုက်နာရတာ
၃ - Defiance အာဏာကိုဖီဆန်တာ ဆန့်ကျင်တာ

ဘယ်အမိန့်အာဏာကိုပဲ ထုတ်ထုတ် အစိုးရဆိုသူတွေက ဒီအခြေအနေ သုံးခုနဲ့ ကြုံကို ကြုံရတာပါပဲ။ ပြည်သူတွေ အနေနဲ့ တုန့်ပြန်တဲ့အခါ စဉ်းစားချက်အနေနဲ့က

၁ - ထုတ်တဲ့အစိုးရက တရားဝင်အစိုးရလား၊ အာဏာရှင်အစိုးရလား
၂ - ထုတ်တဲ့ အမိန့်အာဏာက တရားလား၊မတရားဘူးလား

ဒီအချက်တွေပေါ်မှာ မူတည်ပြီး ပြည်သူအနေနဲ့က အခြေအနေတွေကို တုန့်ပြန်တော့တာပဲ။ သေချာတာကတော့ အာဏာရှင်အစိုးရက မတရားနဲ့ အမိန့်တွေကို ထုတ်နေပြီရင်တော့ ဘယ်လိုပြည်သူကမှတော့ စိတ်လိုလက်ရ လိုက်နာမှာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ကလည်း ရသမျှ အာဏာဖီဆန်ပြဖို့ ကြိုးစားမှာဖြစ်သလို အာဏာရှင်တွေကလည်း မရမက ဖိအားပေး အတင်းအကျပ်ခိုင်းစေမှာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာက ပြည်သူက အာဏာဖီဆန်မှုကို ပြုလိုက်တိုင်းမှာ အမိန့်တွေ အာဏာတွေကို ထုတ်ပြန်နေတဲ့ အာဏာရှင်ဟာ ဘောင်မဝင်ဘူး တန်းမဝင်ဘူး၊ ဒီအာဏာရှင်ဟာ ငါတို့ကို ကိုယ်စားမပြုဘူး၊ ပြည်သူ့ဆန္ဒကို နားမထောင်ဘူး စတဲ့ အချက်တွေကို ဖော်ပြနေတာပဲဖြစ်တယ်။ ဒီလိုဖြစ်ရင် အာဏာရှင်တွေက နိုင်ငံရေးအရ အရေးကြီးတဲ့ တရားဝင်မှုတွေကို မရနိုင်တော့ပါဘူး။ အရပ်စကားနဲ့ ပြောရရင် အဲ့လို အစိုးရဟာ ဘောင်မဝင်တော့ဘူး။ ဘောင်ပါမဝင်တော့သလို ပြည်သူတွေက ဖီဆန်ပြလိုက်တိုင်း အစိုးရဟာ အရှက်ကွဲပါတယ်။

လက်ရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ အနေနဲ့က နိုင်ငံဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုတာကို ပြဖို့ သွေးရူးသွေးတန်း ကြိုးပမ်းနေရတယ်။ နည်းမျိုးစုံနဲ့ အားထုတ်နေရတယ်။ သူတို့က လူရာဝင်ချင်တယ်။ ပြည်သူကလည်း ဒါကို အာဏာဖီဆန်ပြရမယ်။ ဒင်းတို့လုပ်နေတာတွေ မအောင်မြင်ဘူး လူရာမဝင်ဘူး ဆိုတာကို ဖီဆန်ပြရမယ်။ ဒင်းတို့ဟာ ငါတို့အစိုးရမဟုတ်ဘူးဆိုတာကို ကျနော်တို့က တစိုက်မတ်မတ်ပြနေဖို့လိုတယ်။

လမ်းပေါ်သပိတ်တွေဟာလည်း ဒီအချက်ကို ဖော်ပြနေတာပဲ ဖြစ်တယ်။ မင်းတို့ကို ငါတို့လက်မခံဘူးဆိုတာကို လမ်းမပေါ်ထက်မှာ လူသိရှင်ကြားဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုဟာ လူတိုင်းအတွက် ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ဖို့ ခက်လာပါတယ််။ ဒီတော့ ခုလို တစ်နိုင်ငံလုံး ပါဝင်လို့ရတဲ့ silent strike ဟာ အင်မတန် အရေးကြီးလှပါတယ်။ တစ်နိုင်ငံလုံးဟာ တက်ညီလက်ညီနဲ့ မင်းတို့ဟာ ငါတို့ကို အုပ်ချုပ်လို့မရစေရဘူးဆိုတာကို 10 th December မှာ အတိတ်ဆိတ်ဆုံးနည်းလမ်းနဲ့ အကျယ်လောင်ဆုံး ဟစ်ကြွေးပြီး အာဏာဖီဆန် ပြကြပါစို့။




အသက်ပြန်ဝင်မယ့် အသံတိတ်သပိတ် (Silent Strike)လာမယ့် 10.12.2021 မှာ တိတ်ဆိတ်မှုနဲ့ တော်လှန်မယ့် Silent Strike - တိတ်ဆိတ်ငြ...
05/12/2021

အသက်ပြန်ဝင်မယ့် အသံတိတ်သပိတ် (Silent Strike)

လာမယ့် 10.12.2021 မှာ တိတ်ဆိတ်မှုနဲ့ တော်လှန်မယ့် Silent Strike - တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်" ပြုလုပ်ကြမှာဖြစ်ပါတယ်။

ဘာ​တွေလုပ်ကြမှာလဲ?

- ၁၀ ရက်​နေ့ (မနက် ၁၀ နာရီ မှ ည​နေ ၄ နာရီအထိ) ကားမရှိ၊ လူမရှိ၊ စျေးတွေမဖွင့်၊ ဆိုင်​တွေမဖွင့်ပဲ ​နေကြမယ်။

- "လူ့အခွင့်အရေးမရှိ ၊ အလုပ်သမားအခွင့်အရေး မရှိ လွတ်လပ်ခွင့်မရှိ အ​မှောင်အတိ ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ငါတို့ ဘဝတွေကို ကိုယ်စားပြုတဲ့" အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် " တော်လှန်"ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြမယ်။

"ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"

တိတ်ဆိတ်ခြင်းရဲ့ အကျယ်​လောင်ဆုံး ဟစ်​ကြွေးသံကို အာဏာရူး​တွေ ဆက်ဆက်ကြား​စေရမယ်။
Silence shall be our loudest WAR CRY!





အသက်စွန့်သွားတဲ့သူရဲကောင်းတွေအတွက် များများ click ပေးကြဖို့မေတ္တာရပ်ခံတိုက်တွန်းပါတယ်https://www.facebook.com/1003557323...
05/12/2021

အသက်စွန့်သွားတဲ့သူရဲကောင်းတွေအတွက် များများ click ပေးကြဖို့မေတ္တာရပ်ခံတိုက်တွန်းပါတယ်

https://www.facebook.com/100355732302759/posts/196372756034389/

5.12.2021 MISSION

- C2D app မှာ POINT 100 ယူကြမယ်။ 50 ပြည့်တိုင်း VPN ပြောင်းပြီး ရှယ်သာဝိုက်ခင်ဗျာ။
APP မရှိသေးရင် ဒီကဒေါင်းပါခင်ဗျာ။

https://play.google.com/store/apps/details?id=com.c2donate.app

PLAYSTORE မရတဲ့သူတွေက APKPURE မှာဒေါင်းပါခင်ဗျာ။ CLICK2DONATE လို့ရိုက်ရှာပြီး APK လေးဒေါင်းလို့ရပါတယ်ခင်ဗျာ။

နှိပ်နည်းမသိရင် ဒီဗီဒီယိုကြည့်ပါခင်ဗျာ။ https://youtu.be/lmqekqLesBA

- LATTSAUNG APP မှာ POINT 200 နဲ့အထက်ယူကြမယ် 50 ပြည့်တိုင်း VPN ပြောင်းပါခင်ဗျာ။
APP မရှိသေးရင် ဒီကဒေါင်းပါခင်ဗျာ

https://play.google.com/store/apps/details?id=com.c2d.lattsaung

- www. google .com မှာ nwayooweb .com လို့ရိုက်ရှာ စာတွေဖတ် nwayooweb .net လို့လိုက်ရှာ စာတွေဖတ် aphyuyaung .com လို့ရိုက်ရှာ စာတွေဖတ်။ ကွန်မန့်မှာ တခြား keyword တွေလဲထည့်ပေးထားပါမယ်ခင်ဗျာ။

- ဒီနေ့ YOUTUBE မှာ တစ်ယောက်ကို အများဆုံး တစ်ခေါက်ပဲကြည့်ပါခင်ဗျာ တစ်ခေါက်ထပ် ပိုမကြည့်ပါနဲ့ဦးခင်ဗျာ။ နှစ်ခုလုံးပိုက်ဆံဝင်တာရပ်နေလို့ပါ။
app တွေကိုပိုသုံးပေးကြပါနော်။

05/12/2021

အကြမ်းဖက်စစ်သူပုန်ဆိုတာဘာလဲ ?

- ဒီဗီဒီယိုကို​ကြည့်ပါ.

#သွေးကြွေးဆပ်မယ်
#ကြောက်ခေတ်ကိုမှောက်ပစ်

#ရန်ကုန်

https://www.facebook.com/106397831845857/posts/121981993620774/
03/12/2021

https://www.facebook.com/106397831845857/posts/121981993620774/

ပြည်သူများသို့ အသိ​ပေး ထုတ်ပြန်ချက်

Pathein Western Defence Force (PWDF)
Page အဟက်ခံရပီး မသမာသောအဖွဲ့စည်းချုပ်ကိုင်မှုအောက်တွင်ရှိနေပါသဖြင့် Page နဲ့အဆက်သွယ်ရှိသော သူများအား အသိပေးအပ်ပါသည်။

ကျွန်ပညာရေးစနစ်ကို တွန်းလှန်ရင်းဖြစ်လာတဲ့ အမျိုးသားနေ့ကိုလိုနီကျွန်ပညာရေးစနစ်ကြောင့်ဖြစ်လာတဲ့ ကျောင်းသားသပိတ်ကြီး ဖြစ်ပျ...
28/11/2021

ကျွန်ပညာရေးစနစ်ကို တွန်းလှန်ရင်းဖြစ်လာတဲ့ အမျိုးသားနေ့

ကိုလိုနီကျွန်ပညာရေးစနစ်ကြောင့်ဖြစ်လာတဲ့ ကျောင်းသားသပိတ်ကြီး ဖြစ်ပျက်ခဲ့တာ ဒီဇင်ဘာလ ၅ရက်နေ့တွင် ၁၀၁ နှစ်ပြည့်မည် ဖြစ်သော်လည်း လက်ရှိမျက်မှောက် ကာလတွင် စစ်ကျွန်ပညာရေးစနစ်ကို တွန်းလှန်နေကြတဲ့ ကျောင်းသား/လူငယ်တွေရဲ့ လုပ်ငန်းစဥ်များ အမြန်ဆုံး အောင်မြင်ပါစေ။

အမျိုးသားနေ့ ပေါ်ပေါက်လာရတဲ့အကြောင်းဟာ ပညာရေးစနစ်နဲ့ အများကြီး ပတ်သက်နေပါတယ်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်တဲ့အတွက်ကြောင့် ကောလိပ်ကျောင်းသားတွေက သပိတ်မှောက်ရာကနေ အမျိုးသားနေ့ဆိုတာ ပေါ်ပေါက်လာခဲ့တာပါ။

အင်္ဂလိပ်အစိုးရက ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ် ၂ ခုပေါင်းပြီး ရန်ကုန် တက္ကသိုလ်အဖြစ် တိုးမြှင့်ပေးတဲ့ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီဇင်ဘာ ၂ ရက်နေ့မှာ ကောလိပ်ကျောင်းသားခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ကျောင်းသားအစည်းအဝေးပွဲကြီး ကျင်းပပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေ ကို သပိတ်မှောက်ဖို့နဲ့ ပညာရေးစနစ်ပြုပြင်ဖို့ တောင်းဆိုချက်တွေကို မလိုက်လျောမချင်း ကျောင်း ပြန်မတက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မူလကတော့ ဒီဇင်ဘာ ၇ ရက်နေ့မှာ သပိတ်မှောက်ဖို့ ဖြစ်ပေမယ့် အခြေအနေအရ ဒီဇင်ဘာ ၅ ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်လိုက်ကြပါ တော့တယ်။ ကျောင်းသားတွေရဲ့သပိတ်ကို တနိုင်ငံလုံးကလည်း တခဲနက် ထောက်ခံခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အထက်တန်းကျောင်းတွေပါ သပိတ်ထဲ ပါဝင်လာပါတယ်။

အင်္ဂလိပ်အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ကောလိပ်ကျောင်းတွေကို ပြန်မတက်တော့ဘဲ ရာသက်ပန်သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

၁၉၂၁ ခုနှစ် ဒီဇင်ဘာလ မန္တလေးမြို့မှာကျင်းပတဲ့ ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီးမှာ အမျိုး သားနေ့ သတ်မှတ်ဖို့စဉ်းစားကြတဲ့အခါ အချို့က သီပေါဘုရင် ပါတော်မူတဲ့ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို အကြံပေးကြပြီး အချို့က ဦးဥတ္တမ အဖမ်းခံရတဲ့နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ဖို့ အကြံပေးခဲ့ပါတယ်။

ဂျီစီဘီအေကွန်ဖရင့်ကို ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဦးမြင့်က ကျောင်းသားတွေ သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို “အမျိုးသားနေ့”အဖြစ် သတ်မှတ်သင့်ကြောင်း အကြံပေးခဲ့ပါတယ်။ ဒါကြောင့်လည်း မန္တလေး ဂျီစီဘီအေ ကွန်ဖရင့်ကြီးက တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်)ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

#စစ်ကျွန်ပညာရေးစနစ်ကျဆုံးရေး


#ကြောက်ခေတ်ကိုမှောက်ပစ်
#ကွျန်ပညာရေးစနစ်အလိုမရှိ

တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း...
15/11/2021

တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်သည့်အလျောက် ကြားကာလအတွင်း ပညာရည်ဆန်းစစ်မှု စာမေးပွဲစနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှုမရှိစေရေးကို အထူးဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• သင်ရိုးညွှန်းတမ်းစနစ် ပြောင်းလဲရေးတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် တက္ကသိုလ်၀င်တန်း၌ တက်ရောက်နေဆဲ ကျောင်းသူ၊ကျောင်းသားများ အတွက် ပညာရေး အရည်အသွေးရှိကာ အများပြည်သူ လက်ခံနိုင်သော ဆန်းစစ်ဖြေဆိုမှုစာမေးပွဲတစ်ခု ကျင်းပပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးလျက်ရှိပါသည်။

• ထို စာမေးပွဲကို တက္ကသိုလ်၀င်တန်းကျောင်းသူ၊ကျောင်းသားအားလုံး လက်လှမ်းမီ ပါ၀င်ဖြေဆို နိုင်မည့် အစီအစဉ် ဖြစ်စေရန် သက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ/သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသားများ၊ မိဘပြည်သူများ အနေဖြင့် မိမိဆန္ဒမပါ၀င်ပဲ တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေးပွဲဖြေဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင် ဆန်သည့် ဖိအားပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။

• ပြည်တွင်းပြည်ပ နိုင်ငံတကာမှလုံးဝအသိအမှတ်မပြုသော တရားမ၀င် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှုများအားလုံးသည် အလိုအလျောက် တရားမ၀င်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် စစ်ကောင်စီမှ ခိုင်းစေကျင်းပသည့် တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်များကိုလည်း ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

ပညာရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ဒီတစ်ပတ်အတွင်းမှာ Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့ CEO နဲ့ Shareholder တွေဆီကို အကြမ်းဖက်စစ်တပ်ဆီ ငွေကြေးလွှဲပြောင်း...
15/11/2021

ဒီတစ်ပတ်အတွင်းမှာ Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့ CEO နဲ့ Shareholder တွေဆီကို အကြမ်းဖက်စစ်တပ်ဆီ ငွေကြေးလွှဲပြောင်းမှုတွေဆက်မလုပ်ဖို့ ပြည်သူလူထုရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို တိုက်ရိုက်ပို့ဖို့ ရှိပါတယ်ခင်ဗျာ။

လက်မှတ်အ​ရေအတွက်က ၂ သိန်းလောက်အထိ လိုအပ်ပါတယ်။ ထိုးပေးဖို့ ​နောက်ဆုံးရက်က သန်ဘက်ခါ ၁၇.၁၁.၂၀၂၁ ပါ။

လူထုလက်မှတ်တွေက သံတမန်နည်းအရ ဖိအားပေးတဲ့ နေရာမှာ တကယ်ထိရောက်လို့ပါ။ (လူတိုင်းလည်း ပါဝင်နိုင်ပါတယ်)

ဒါ​ကြောင့် လိုအပ်တဲ့ လက်မှတ်အရေအတွက် မြန်မြန်ပြည့်ဖို့ ပါဝင်ပေးကြ​စေချင်ပါတယ်။

လက်မှတ်ထိုးရန် https://bit.ly/totalpetition

Petition လက်မှတ်ထိုးနည်း-

✍ First Name and Last Name တွင် မိမိ အမည်ထည့်ပါ

✍ Email တစ်ခုဖြည့်ရန် / နိုင်ငံရွေးပါ / ဖုန်းနံပါတ် (မထည့်လို့ ရသည်)

✍ Opt (ရွေးလည်း ရ၊ မရွေးလည်း ရသည်)

✍ Opt (Yes, No ) တွေ့လျှင် ကြိုက်နှစ်သက်ရာ ရွေးနိုင်သည်။ (Yes, သက်ဆိုင်သော စာများ ရရှိမည်/ No, သက်ဆိုင်သော စာများ မရရှိပါ)

✍ Comment တွင် Freeze Payments To Junta လို့ရေးရန်

👆 Add Your Name ကိုနှိပ်ပြီး Thank You For Support ပေါ်လာလျှင် ရပါပြီ။

(ဒီပို့စ်​လေးကို ရှယ်​ပေးပြီးလည်း တခြားမိတ်​ဆွေ​တွေပါ သိ​အောင် ကူ​ပေးပါဦးခင်ဗျာ)



မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး
Freeze Payments To Junta and Save Myanmar







Address

Pathein

Website

Alerts

Be the first to know and let us send you an email when Physics Specialization Students' Association - PU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Physics Specialization Students' Association - PU:

Share