Pathein Education College Students' Union

Pathein Education College Students' Union ပုသိမ်ပညာရေးကောလိပ် ကျောင်းသားများ

05/09/2022

"စစ်ရှောင်ပညာရေးအလှူ၊ ပြည်သူတရပ်လုံးဝိုင်းဝန်းကူ"
(ကရင်နီ × ရတကသ)

📣 ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်းက ကျောင်းသားလူငယ်များအတွက် ထပ်မံနှိုးဆော်ပါတယ်ခင်ဗျာ .... ။

🚨 🔥 အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့အတူ စစ်ဘေးဒဏ်ကို ခါးစည်းခံကြရတဲ့ ဒီးမော့ဆိုမြို့နယ်တွင်း စစ်ရှောင်စခန်းတွေက ကျောင်းသားလူငယ်များဟာ စစ်ဘေးအန္တရာယ်တွေကြားမှာ ပညာသင်နေကြရပါတယ်။ ဒါဟာ တနည်းအားဖြင့် တော်လှန်ရေးမှာ နှလုံးရည်အားဖြင့် ပါဝင်နေကြတာလို့ ဆိုနိုင်ပါတယ်။

♦️ဒီလို နှလုံးရည်နဲ့ ပါဝင်နေကြတဲ့ ဒီးမော့ဆိုမြို့နယ်က ကျောင်းသားလူငယ်များဟာဖြင့် အရေအတွက်အားဖြင့် (၂)သောင်းနီးပါးထိ ရှိတဲ့အတွက် ကျွန်ုပ်တို့ ရ.တ.က.သအပါအဝင် ညီနောင်သမဂ္ဂများနဲ့ တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်းပြီး ပြည်သူလူထုရဲ့ ဝန်းရံပါဝင်မှုနဲ့အတူ လိုအပ်နေတဲ့ ထောက်ပို့မှုများ ပြုလုပ်ကြဖို့ ထောက်ပို့ငွေ အလှူခံလျက်ရှိပါတယ်။

📌 ဒါကြောင့် ကျောင်းသားကျွန်တော်တို့ ရတကသနဲ့အတူ ယုံကြည်စွာ ပူးပေါင်းပြီး ဒီးမော့ဆိုမြို့နယ်တွင်းက စစ်ရှောင်ကျောင်းသားလူငယ်များအတွက် ထောက်ပို့နိုင်ရေးအတွက် ဆက်လက်ပါဝင်ပေးကြပါခင်ဗျာ။

🔹 #ဘယ်လိုပါဝင်ကြရမှာလဲ ... ?​

💵 ပါဝင်ထောက်ပို့ကြမယ်ဆိုရင် ကျွန်တော်တို့ ရတကသရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ www.facebook.com/ydnbusu ရဲ့ Page Messenger မှာ လာရောက်မေးမြန်းပြီး Kpay, WavePay, NUGPay အပါအဝင် ပြည်ပဘဏ်အကောင့်များနဲ့လည်း ထောက်ပို့ပါဝင်နိုင်ကြပါတယ်။

✏️📚 လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းပေးမယ်ဆိုရင် ကျောင်းသားတစ်ဦးအတွက် (၂၀၀၀)နှုန်း သတ်မှတ်ပေးထားပါတယ်။

📥 ဒါကြောင့် လာရောက်ထောက်ပို့ကြသူ ပြည်သူများဟာ မိမိလှူဒါန်းထောက်ပို့တာကို အရင်လို အလှူငွေပမာဏချည်း သက်သက်မဟုတ်ဘဲ ကျောင်းသားဘယ်နှဦးစာ အထောက်အပံ့ဖြစ်သွားတယ်ဆိုတာ သိနိုင်ကြမှာပါ။

📝📋 ကျွန်တော်တို့ ရတကသဘက်ကလည်း ထောက်ပို့ငွေ လက်ခံရရှိတာနဲ့ တပြိုင်နက် ကျောင်းသားဘယ်နှဦးစာအတွက် ရရှိပါတယ်ဆိုတာ ပြန်လည်တင်ပြပေးသွားမှာပါ။ ကျောင်းသား(၁၀)ဦးစာနဲ့အထက် ထောက်ပို့ကြသူများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

#စစ်ရှောင်ပညာရေးအလှူ_ပြည်သူတရပ်လုံးဝိုင်းဝန်းကူ
#အရေးတော်ပုံ_အောင်ရမည်

29/08/2022

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ - သြဂုတ်လ (၂၈) ရက် ၂၀၂၂ ခုနှစ်

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

09/08/2022
05/08/2022

"မပြီးဆုံးသေးတဲ့ ၈လေးလုံး
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"

ဗကသများအဖွဲ့ချုပ်

Final Call For Non-CDM Non CDM တွေဟာ တစ်ချိန်မှာ သေချာဖောက် အပြစ်ဒဏ်ခံရမယ့်သူတွေ ဖြစ်ပါတယယ်။ ၎င်းတို့အနေနဲ့ အကြောင်းအမျိ...
31/07/2022

Final Call For Non-CDM

Non CDM တွေဟာ တစ်ချိန်မှာ သေချာဖောက် အပြစ်ဒဏ်ခံရမယ့်သူတွေ ဖြစ်ပါတယယ်။ ၎င်းတို့အနေနဲ့ အကြောင်းအမျိုးကြောင့် စကစ လက်အောက် ကျောင်းတက်ရပြီး တော်လှန်ရေးမှာပါဝင်ချင်သူတွေအတွက် ကျွန်တော်တို့ သမဂ္ဂကနေပြီး ပါဝင်နိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ စကစ လက်အောက်မှာ နေရပေမယ့် တော်လှန်ရေးမှာ ပါဝင်သူတွေကို non CDM တွေအပေါ်ချမှတ်မယ့် ပြစ်ဒဏ်တွေထက် လျော့ပေါ့ခြင်းနှင့် ဂုဏ်ပြုခြင်းတွေ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ non CDM တွေအတွက် နောက်ဆုံးအခွင့်အရေးပါပဲ။ ဒီအကြိမ်မှာ လုံးဝမပါဝင်တဲ့ non တွေအတွက်ကတော့ ရန် ငါ စည်းပြတ်ပါပြီ။ တော်လှန်ရေးမှာပါဝင်မယ့် non CDM တွေအနေနဲ့ ဒီအချိန်ကစ နောက် ၂ ရက်အတွင်း (2.8.22 6:00pmအထိသာ) ပါဝင်ရမယ့်နည်းလမ်းတွေကို page chat box မှ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ PEDC 1/19 တွေအတွက်သာ အကျုံးဝင်ပြီး လုံခြုံရေးကို လုံးဝလျှို့ဝှက်ထားမှာဖြစ်ပါတယ်။

#ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ

31/07/2022

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ အဖွဲ့ဝင်ကျောင်းသားသမဂ္ဂအဖြစ် ဖွဲ့စည်းခွင့်

နိုင်ငံအတွင်းရှိ မည့်သည့်ဒေသတွင်မဆို ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ကျောင်းသားသမဂ္ဂအဖြစ် အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။

၁။ ဗကသများအဖွဲ့ချုပ်၏ လက်ခံချက် (၃) ရပ်ကို လက်ခံလိုက်နာသည့် ကျောင်းသား/သူများနှင့် ဖွဲ့စည်းရမည်။
(က) မူဝါဒ (၆) ချက်ကို လက်ခံလိုက်နာရမည်။
(ခ) ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများကို လက်ခံလိုက်နာရမည်။
(ဂ) ဗဟိုအမှုဆောင်အဖွဲ့၏ ဒီမိုကရေစီနည်းကျ ဦးဆောင်မှုကို လက်ခံလိုက်နာရမည်။ (ဗဟိုတခုတည်းရှိရေး)

၂။ သက်ဆိုင်ရာသမဂ္ဂ၏ အလုပ်အမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ရမည်။

၃။ မြိုနယ်၊ ခရိုင်၊ တက္ကသိုလ်၊ ကောလိပ်၊ သက်မွေး သမဂ္ဂများ ဖွဲ့စည်းနိုင်သည်။ ဗကသများအဖွဲ့ချုပ် ၏ လက်ခံချက် (၃) ရပ်ကို လက်ခံလိုက်နာပါက ဗကသများအဖွဲ့ချုပ်၏ တံဆိပ်၊ အလံနှင့် သက်ဆိုင်ရာ သမဂ္ဂ၏ အမည်၏နောက်တွင် ဗကသများအဖွဲ့ချုပ် ဟု အသုံးပြုခွင့်ရှိသည်။

၄။ သမဂ္ဂဖွဲ့စည်းပြီးကြောင်းကို ဗကသများအဖွဲ့ချုပ် ၏ page နှင့် Email သို့ ဆက်သွယ်အကြောင်းကြားရမည်။

၅။ မူဝါဒ (၆) ချက်
(က) အမျိုးသားရေး (ဝါ) နယ်ချဲ့ဆန့်ကျင်ရေး
(ခ) ဒီမိုကရေစီရေး (ဝါ) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
(ဂ) ငြိမ်းချမ်းရေး
(ဃ) ဒီမိုကရေစီပညာရေး
(င) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
(စ) နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီညွတ်ရေး

ဆက်သွယ်ရန် -
▪️page - All Burma Federation of Student Unions
▪️Messenger - m.me/abfsu
▪️Email - [email protected]

နောက်ဆက်တွဲ -
▪️ဗကသများအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ (ဖတ်ရှုရန်)
https://www.facebook.com/482608191789267/posts/2354349284615139/

▪️ဗကသများအဖွဲ့ချုပ်၏ မူဝါဒ (၆) ချက် (ဖတ်ရှုရန်)
https://www.facebook.com/482608191789267/posts/2331241243592610/

▪️နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီညွတ်ရေး (ဖတ်ရှုရန်)
https://www.facebook.com/482608191789267/posts/2325081264208608/

30/07/2022
" ကျောင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း စစ်အုပ်စုအပေါ် ခြွင်းချက်မရှိ ရန်/ငါ ပြတ်စွာဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြရန်နှင့်...
26/07/2022

" ကျောင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း စစ်အုပ်စုအပေါ် ခြွင်းချက်မရှိ ရန်/ငါ ပြတ်စွာဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြရန်နှင့် ေစ့စပ်ညှိနှိုင်းရေးအတွေးအေခါ်များအား ခြွင်းချက်မရှိ ငြင်းပယ်ကြရန် အလေးအနက်တိုက်တွန်းအပ်သည်။ "

◾(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ရဲဘော် (၄) ဦးအား ဖက်ဆစ်စစ်ကောင်စီမှ မတရားကြိုးပေးစီရင်သည့်အပေါ် ကျောင်းသားသမဂ္ဂများ၏ သဘောထားထုတ်ပြန်ချက် အပြည့်အစုံအား ေအာက်ပါလင့်သို့ ဝင်ရောက်ဖတ်ရှုနိုင်သည်။
https://m.facebook.com/story.php?story_fbid=196771722688371&id=102428508789360&m_entstream_source=timeline

Address

Pathein

Telephone

09784269987

Website

Alerts

Be the first to know and let us send you an email when Pathein Education College Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share