07/05/2021
Crd
အမေရိကန် တက္ကသိုလ်များသို့ ပညာသင်ဆုဖြင့် မဟာ(Master) ဘွဲ့ ဆွတ်ခူးနိုင်မည့် အခွင့်အရေး
ဘာအစီစဉ်လဲ?
ဤပညာသင်ဆုကို United Agency for International Development (USAID) မှ ပံ့ပူးကူညီ (sponsor) ပေးသည့် မြန်မာနိုင်ငံသားများအတွက် သီးသန့်စီစဉ်တဲ့ Lincoln Scholarship Program ဖြစ်ပါတယ်။ ပညာသင်ဆုကို ချီးမြှင့်ခြင်းခံရပါက အမေရိကန်နိုင်ငံရှိ အဆင့်မြင့် တက္ကသိုလ်ကြီးများတွင် မဟာ (master) ဘွဲ့အတွက် (၂) နှစ် တာ ပညာသင်ကြားခွင့် ရရှိမှာဖြစ်ပါတယ်။
ဘယ်သူတွေလျှောက်လို့ရလဲ?
အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အသက် (၄၀) အောက် မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါ တယ်။ ဒါပေမဲ့ လုပ်ငန်းအတွေ့အကြုံကတော့ အနည်းဆုံး (၃) နှစ် ရှိဖို့လိုပါတယ်။ ကိုယ်ပိုင်းလုပ်ငန်း လုပ်ကိုင်သူ များလည်း လျှောက်ထားနိုင်ပါတယ်။
မည်သည့် ပညာရပ်နယ်ပယ်များကို ဦးစားပေးတာလဲ?
Agriculture, Business & Economics, Communications, Education, Engineering, Government, Administration, and Management, Health, Law, Natural Resource Management, Technology စသည့် ပညာရပ်နယ်ပယ်များကို ဦးစားပေးပါတယ်။
အင်္ဂလိပ်စာကျွမ်းကျင်ဖို့လိုပါသလား?
အတိုင်းအတာတစ်ခု တော့လိုတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီပညာသင်ဆုဟာ အခြားသော ပညာသင်ဆုများ လို အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိမှ လျှောက်လို့ရတဲ့ ပညာသင်ဆုအစီစဉ် မဟုတ်ပါဘူး။ ပညာသင်ဆုရဲ့ နောက်ထပ် အားသားချက်တစ်ခုလို့ ပြောနိုင်တာ တစ်ခုကတော့ ကျောင်းသား အများစုအတွက် အနည်းနှင့်အများ စိန်ခေါ်မှုရှိ တတ်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအတွက် သိပ်စိတ်ပူနေစရာမလိုပါဘူး။
ဘာကြောင့်လဲ?
အကယ်၍ ပညာသင်ဆုကို ချီးမြှင့်ခံရပါက လိုအပ်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုရရှိအောင် နှင့် ကက္ကသိုလ်ဝင် ခွင့်အတွက် လိုအပ်တဲ့ IELTS, TOEFL & GRE အမှတ် ရရှိနိုင်အောင် ကျွမ်းကျင်တဲ့ ဝါရင့်ဆရာ၊ မ များက သင် ကြားပေးသွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားပါသလား?
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါ link တွင်လေ့လာနိုင်ပါတယ်။ လျှောက်လွှာကို ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့ အတွင်း တင်သွင်းရမှာဖြစ်ပါတယ်။ အားလုံးကံကောင်းကြပါစေ။
The U.S. Agency for International Development (USAID)’s Lincoln Scholarship Program will invest in the professional education of approximately 100 young Myanmar leaders from diverse backgrounds. Selected applicants will receive a Lincoln Scholarship to obtain a graduate degree from a U.S. universi...