University of Co-operative and Management, Sagaing

Call

University of Co-operative and Management, Sagaing Education

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင...
12/10/2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂ဝ၂၆)ဖွင့်ပွဲ အခမ်းအနားကျင်းပ
*****
အောက်တိုဘာ ၁၂
*****
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင်(၁၂.၁၀.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁:၀၀) နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှပါမောက္ခ( ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)နှင့် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားသော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်၊ ရုံးစာရေးသားနည်းပါ ပြဋ္ဌာန်းချက်များကို နားလည်သဘောပေါက်ပြီး ရုံးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၆)ကို (၁၂-၁၀-၂၀၂၆) ရက်နေ့မှ (၂၃-၁၀-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း တစ်ခု၏ အောင်မြင်မှုသည် အဆောက်အအုံ၊ ပစ္စည်းကိရိယာများနှင့် နည်းပညာများသာမက အရည်အချင်းပြည့်ဝပြီး တာဝန်ယူမှုရှိသော လူ့စွမ်းအားအရင်းအမြစ်များပေါ်တွင် များစွာမူတည်နေသောကြောင့် ၀န်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနိုင်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို အစဉ်မပြတ် မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းသည် ဝန်ထမ်းများ၏ လုပ်ငန်းတာ၀န်များကို ပိုမိုထိရောက်၊ မြန်ဆန်၊ တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ သင်တန်းကာလအတွင်း သင်ယူရရှိသည့် အသိပညာ အတွေ့အကြုံနှင့် နည်းလမ်းကောင်းများကို မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချပြီး အရည်အသွေးများ တိုးတက်လာစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ခေတ်တွင် Digital Transformation, Artificial Intelligence (Al) , Data Literacy နှင့် ခေတ်မီစီမံခန့်ခွဲမှုနည်းလမ်းများသည် လုပ်ငန်းခွင်တွင် ပိုမိုအရေးပါလာသည့်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်လိုအပ်ကြောင်း၊ "သင်ယူမှုသည် တစ်ကြိမ်တည်းဖြင့် ပြီးဆုံးခြင်းမရှိဘဲ တစ်သက်တာ ဆက်လက်သင်ယူရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်" ဟူသော ခံယူချက်ဖြင့် Continuous Learning နှင့် Lifelong Learning ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားလာခြင်းသည် မိမိ၏ အကျိုးအတွက်သာမက ဌာန၊ တက္ကသိုလ်နှင့် နိုင်ငံ၏ပညာရေး အရည်အသွေး မြင့်မားတိုးတက်ရေးအတွက်ပါ အရေးပါသော အင်အားတစ်ရပ် ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ရရှိမည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို ထိရောက်စွာ အသုံးချပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ)မှ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၆)တွင် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို သင်ခန်းစာများနှင့်တကွ အသေးစိတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများကို လျင်မြန်တိကျစွာ ဆောင်ရွက်နိုင်ရန်၊ စီမံခန့်ခွဲနိုင်ရန်၊ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန်နှင့် သင်တန်းမှရရှိသော အကျိုးကျေးဇူးများကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန်အတွက် အချိန်တိုအတွင်း လျင်မြန်စွာ ကြိုးစားသင်ယူကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ...
12/10/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
*******

ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းကိုက်ညီသူများသည် (13.11.2026) ရက်နေ့နောက်ဆုံးထား၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

#လစ်လပ်ရာထူးနေရာများအတွက် #လျှောက်လွှာခေါ်ယူခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ...
02/10/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေထုတ်ပေးခြင်း
*****
အောက်တိုဘာ ၂
*****
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ငွေစုငွေချေးသမဝါယမအသင်း လီမိတက်အသင်းသည် အသင်းသားများ၏ လူမှုစီးပွားဘဝကို အထောက်အကူဖြစ်စေရန်၊အသင်းသူ၊အသင်းသားများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှု၊ ချွေတာစုဆောင်းမှုနှင့် ကိုယ့်အားကိုယ်ကိုးမှုတို့ကို ကျင့်သုံးလာစေရန်နှင့် အသင်းသားများအတွက် အပိုဝင်ငွေရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂ဝ၂၇ ခုနှစ်၊ဘဏ္ဍာနှစ်တွင် ပထမ (၆)လပတ်အတွက် အသင်းသား (၂၃၇) ဦးအား စုဆောင်းငွေပေါ်အတိုး (၁၀,၇၂၂,၈၇၄) ကျပ်နှင့် အသင်းသား (၂၃၂)ဦးအား အစုပေါ်အမြတ်ငွေ (၅,၈၀၀,၀၀၀)ကျပ် စုစုပေါင်း (၁၆,၅၂၂,၈၇၄)ကျပ်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှ...
25/09/2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း
****
၂၀၂၆၊ စက်တင်ဘာ ၂၅
****
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစာတမ်း Project Paper Viva စစ်ဆေးခြင်းကို ၂၅-၉-၂ဝ၂၆ မှ ၁-၁၀-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အထူးပြု ဘာသာရပ်ကြီး(၅)ခု၏ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ(၇၁)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦးနှင့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူ(၉၂)ဦး စုစုပေါင်း (၃၆၈)ဦးတို့သည် သက်ဆိုင်ရာအထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။

ကျောင်းသား၊ကျောင်းသူများ၏ တစ်ဦးချင်းအလိုက် လက်တွေ့လုပ်ငန်း လုပ်ဆောင်ရာတွင် အတွေ့အကြုံများနှင့် စွမ်းဆောင်ရည်များအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် လက်တွေ့ကွင်းဆင်း သုတေသနပြုစုမှုအပေါ် ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)2026 Job Fair အခမ်းအနားကျင်းပ~~~...
24/09/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
2026 Job Fair အခမ်းအနားကျင်းပ
~~~~~
စက်တင်ဘာ ၂၄
~~~~~
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၄-၉-၂၀၂၆ ရက်နေ့၊ နံနက် (၉:၀၀) နာရီ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ 2026 Job Fair အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမပိုင်းတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ Chairman of Myanmar Retailers Association Mandalay Region တို့က ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ 2026 Job Fair အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ အုပ်ချုပ်ရေးဌာနများမှ (ဌာနမှူး)များ ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ Chairman of Myanmar Retailers Association Mandalay Region ၊ကုမ္ပဏီ (၂၄)ခုမှ HR Manager များ၊ ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်က ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တက္ကသိုလ်နှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် အနာဂတ် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများကို ရှာဖွေ ဖော်ထုတ်ပေးနိုင်မည့် အရေးပါသော အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှာ အထူးပြုဘာသာရပ်(၅)ခု ဖြစ်သော Social Enterprise Management, Regional Development, Applied Statistics, Accounting & Finance, Marketing Management ဘာသာရပ်များဖြင့် Bachelor ဘွဲ့နှင့် Master ဘွဲ့များကို ပေးအပ် ချီးမြှင့်လျက် ရှိကြောင်း၊ ပါရဂူဘွဲ့ဖြစ်သော Ph.D in Business သင်တန်းကိုလည်း လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ HRD Online Program အနေဖြင့် ဘွဲ့နှင့်ဒီပလိုမာကိုလည်း ပေးအပ်ချီးမြှင့်လျက် ရှိကြောင်း၊ တက္ကသိုလ်ပညာရေး၏ အဓိကရည်ရွယ်ချက်မှာ ဘွဲ့တစ်ခုရရှိစေရန်သာ မဟုတ်ဘဲ ဘွဲ့ရရှိပြီးနောက် လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးချနိုင်မည့် အသိပညာများ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများ ရရှိစေရန်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ Teamwork, Leadership, Communication Skills,Problem Solving Skills, Critical Thinking Skills, Digital Skills & English Language Skillsစသည့် လုပ်ငန်းခွင်အတွက် လိုအပ်သည့်ကျွမ်းကျင်မှုများကိုလည်း အစဉ်မပြတ် မြှင့်တင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးနိုင်မည်ဆိုသည့် အမြင်ဖြင့် ပြင်ဆင်ထားကြစေလို‌ကြောင်း၊ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယနေ့အခမ်းအနားမှ ရရှိသည့် အခွင့်အလမ်းများကို အပြည့်အဝအသုံးချပြီး မိမိတို့၏ အရည်အချင်း၊ စိတ်ဝင်စားမှုနှင့် သင့်လျော်သော အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရန်ကြိုးပမ်းကြစေလိုကြောင်း၊လုပ်ငန်းခွင်တွင် ရေရှည်အောင်မြင်မှု ရရှိစေရန်အတွက် ပညာကို ဆက်လက်လေ့လာကြရန်၊ ကျွမ်းကျင်မှုကို ဆက်လက် မြှင့်တင်ကြရန်၊ အတွေ့အကြုံကိုရှာဖွေကြရန်၊ အခွင့်အလမ်းများကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ တက္ကသိုလ်အနေဖြင့် လုပ်ငန်းခွင်လိုအပ်ချက်များနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ၊ လက်တွေ့သင်ကြားရေးအစီအစဉ်များနှင့် Career Development Programmes ကို ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တက္ကသိုလ်မှ မွေးထုတ်ပေးသည့် လူ့စွမ်းအားအရင်းအမြစ်များသည် လုပ်ငန်းခွင်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် တက္ကသိုလ်နှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ Job Fair ကဲ့သို့သော လှုပ်ရှားမှုများအပြင် Internship, Industry Visit, Guest Lecture, Career Talk, Work-based Learning & Joint Training Programmeမျာကိုလည်း ပူးပေါင်း ဆောင်ရွက်နိုင်ပါက ကျောင်းသား၊ ကျောင်းသူများ၏ လုပ်ငန်းခွင် အဆင်သင့်ဖြစ်မှုကို ပိုမိုမြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ထို့ကြောင့် Job Fair တွင် ပါဝင်ပေးကြသည့် ဘဏ်၊ကုမ္ပဏီများ၊စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၊ ဧည့်သည်တော်များအားလုံးကို တက္ကသိုလ်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်း အကြောင်းအရာများကို အသီးသီး ရှင်းလင်းပြောကြားပြီး‌ ဘဏ်နှင့် ကုမ္ပဏီများမှ လစ်လပ်လျက်ရှိသော Marketing Manager, Marketing Supervisor, Business Development Manager, Business Development Supervisor, Accountant, Cashier, Sales Representative, Marketing Staff, Office Staff စသည်တို့ကိုလျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။ 2026 Job Fair အခမ်းအနားအတွက် ကုမ္ပဏီ(၂၅)ခုမှအလှူငွေများပေးအပ်သည်ကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ) တို့မှ လက်ခံခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ) တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး မှတ်တမ်း ဓါတ်ပုံရိုက်ကူးပြီးနောက် နေ့လယ် (၁၂:၀၀) နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ကုမ္ပဏီပြခန်းများကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုရင်း အလုပ်လျှောက်လွှာ ဖြည့်သွင်းခြင်းများ၊ အလုပ်အတွက်လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အောင်စာရင်းထုတ်ပြန်မည့်ရက် ကြေညာ...
21/09/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
အောင်စာရင်းထုတ်ပြန်မည့်ရက် ကြေညာခြင်း
*********

18/09/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှာ ပထမနှစ်ဝင်ခွင့်လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ၊ ဘယ်လိုအထောက်အထားတွေ ယူခဲ့ရမလဲ၊ နေဖို့အဆောင်တွေရှိလား......?
အသေးစိတ်အချက်အလက်များကို video မှာ ရှင်းပြပေးထားတာဖြစ်လို့ အဆုံးထိ ကြည့်ရှုပေးကြပါအုန်းရှင့်

#သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) #ပထမနှစ် #ဝင်ခွင့်လျှောက်ထားခြင်း

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လ...
14/09/2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း
****
စက်တင်ဘာ ၁၄
****
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် (၁၄-၉-၂ဝ၂၆)ရက်နေ့ နံနက်ပိုင်း၌ ကွန်ပျူတာလက်တွေ့ စာမေးပွဲနှင့် Theory ပိုင်း စာမေးပွဲများကို (၁၄-၉-၂၀၂၆)ရက်နေ့မှ (၂၂-၉-၂၀၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာမေးပွဲဖြေဆိုနေမှု အခြေအနေများကို ပါမောက္ခချုပ်ဦးဆောင်၍ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်တန်းရေးရာ (ဌာနမှူး)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များနှင့် မော်ကွန်းထိန်းများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(ဒုတိယနှစ်ဝက်) သင်တန်းများဖြစ်သော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်သင်တန်းများနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်(ပထမနှစ်ဝက်)သင်တန်းများဖြစ်သော မဟာတန်း (ပထမနှစ်)၊ မဟာတန်း (ဒုတိယနှစ်) သင်တန်းအသီးသီး၏ စာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၁၀၄)ဦး ဖြေဆိုလျက်ရှိပါကြောင်းသိရှိရပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့...
11/09/2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း
*****
စက်တင်ဘာ ၁၁
*****
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အဆောင်နာယကများ၊ စီမံခန့်ခွဲရေးဌာနမှ ဌာနမှူး၊ သင်တန်းရေးရာဌာနမှူး၊ မော်ကွန်းထိန်းနှင့် အဆောင်မှူးများသည် မြတ်လူမွန်အမျိုးသားအဆောင်၊ အားကစားရုံ (ယာယီကျောင်းသား အိပ်ဆောင်)၊ မြစံပယ်အမျိုးသမီးအဆောင်နှင့် မြမဉ္ဇူအမျိုးသမီးအဆောင်များသို့ (၁၁. ၉. ၂၀၂၆) ရက်နေ့ ညနေ(၅း၃၀) နာရီတွင် Hall Visit သွားရောက်ခဲ့ကြပါသည်။

ထို့နောက် ပါမောက္ခချုပ်မှ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲကို ရိုးသားကြိုးစားစွာဖြင့် ကောင်းမွန်စွာ ဖြေဆိုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ ချစ်ချစ်ခင်ခင်နှင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်၊ အဆောင်စည်းကမ်းများကို လိုက်နာကြရန်၊ အဆောင် နာယကနှင့် အဆောင်မှူးများ၏ ဆုံးမစကားများကို မှတ်သားလိုက်နာကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်များကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ အဆောင်နာယကများမှ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် အာဟာရ စားသောက်ဖွယ်ရာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)(၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအ...
11/09/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
(၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ
*****
စက်တင်ဘာ ၁၁
*****
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ၁/၂ဝ၂၆ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၁၁.၉.၂ဝ၂၆) ရက် နံနက်(၁ဝ:ဝဝ) နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်ရေးဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တက္ကသိုလ်မိသားစုဝင်များအနေဖြင့် မိမိတို့၏တက္ကသိုလ်အပေါ်ထားရှိသည့် စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှု၊ တာဝန်ယူမှုနှင့် အနာဂတ်မျှော်မှန်းချက်များ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ လိုအပ်ချက်များကို ဖော်ထုတ်တင်ပြသည့် အခမ်းအနားဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု တိုးတက်အောင်မြင်ရန်အတွက် စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များက အဓိကအရေးပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သုတေသန၊ ဆန်းသစ်တီထွင်မှု၊ အသိပညာမျှဝေမှုနှင့် ကျောင်းသားများ၏ အရည်အသွေးဖွံ့ဖြိုး တိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် တက္ကသိုလ်၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းတာဝန်များကို ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိစွာ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အရည်အသွေးမြင့်မားသော ပညာရေး၊ ပိုမိုကောင်းမွန်သော တက္ကသိုလ် ဖြစ်စေရန်နှင့် နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် တက္ကသိုလ်မိသားစု အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် (ဒုတိယနှစ်ဝက်)နှင့် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် (ပထမနှစ်ဝက်) စာမေးပွဲကျင်းပရာတွင် တာ၀န်ကျဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအနေဖြင့် တက္ကသိုလ်မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်ရှိပါက စာမေးပွဲကျင်းပရေးနှင့် ကြီးကြပ်ရေး ဦးစီးကော်မတီသို့ အချိန်နှင့် တပြေးညီတင်ပြသွားကြရန် မှာကြားလိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိတို့တင်ပြလိုသော ကိစ္စရပ်များ၊ အခက်အခဲများကို ပွင့်လင်းစွာဖြင့်တင်ပြစေလိုကြောင်း၊တင်ပြလာသည့်အပေါ် တက္ကသိုလ် တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ဌာန၊ဌာနခွဲများရှိ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ချက်များအပေါ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ)က ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်နှင့်ညွှန်ကြားချက်များကို ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများသိရှိစေရန် ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ပါမောက္ခချုပ်ကနိဂုံးချုပ်အနေဖြင့် တက္ကသိုလ်မိသားစုအားလုံး စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး အခမ်းအနားကို (၁၁:ဝ၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Address

Sagaing
Sagaing
072

Telephone

+957221183

Website

Alerts

Be the first to know and let us send you an email when University of Co-operative and Management, Sagaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share