12/08/2026
🇸🇬ASEAN Scholarship Preparation Class
Sat / Sun Class လိုချင်သူများအတွက်ပါ🇸🇬
Singapore ASEAN Scholarship သည်
စင်ကာပူပညာရေးဝန်ကြီးဌာန (MOE) မှ
အာဆီယံနိုင်ငံများ (မြန်မာနိုင်ငံအပါအဝင်) က ထူးချွန်သော ကျောင်းသား/သူများအတွက် ပေးအပ်သည့် အပြည့်အဝထောက်ပံ့ပေးသော (Fully Funded) ပညာသင်ဆု ဖြစ်ပါတယ်
အထက်တန်းဆင့် ပညာသင်ဆု (Secondary 3 မှ Pre-University 2 အထိ) အသက် (၁၄) နှစ်မှ (၁၆) နှစ်ဝန်းကျင် အထက်တန်းကျောင်းသားများအတွက် ရည်ရွယ်ပြီး (၄) နှစ် ကြာ ပေးအပ်တာပါ
🕹️
လျှောက်ထားနိုင်သည့် အရည်အချင်း (Eligibility)
• မြန်မာနိုင်ငံသား ဖြစ်ရမည်။စင်ကာပူရှိ Secondary 3 အဆင့်သို့ တက်ရောက်ရန် အသက်/အတန်း ကိုက်ညီရမည်။ကျောင်းစာမေးပွဲများတွင် ထူးချွန်သော ရလဒ်များရှိရမည်။
#2027 မှာ
🕹️ Grade ~9 ( Government school )
🕹️ International school မှ
* secondary two (In't school )
* Grade ~8
* Year ~9 အောင်ရပါမယ်
🕹️ အသက်ကန့်သတ်ချက်.
~ 2 Jan 2011to 1 Jan 2014 အတွင်းမှာ မွေးတဲ့သူများသာ လျှောက်လို့ရပါမယ်။
🎖️ ဒီ ၂ချက်တော့ ပြည့်စုံဖို့လိုပါတယ်🎖️
🕹️ပထမဆုံး online ကနေ form တင်ရပါတယ်။
* ကိုယ်ရေးကိုယ်တာအချက်အလက်၊
* ပညာရေးသမိုင်း၊
* လွန်ခဲ့တဲ့ 2 နှစ်အတွင်း စာမေးပွဲ results၊
* မိသားစုဝင်များရဲ့ အချက်အလက်၊
* Academic Achievements၊
* လွန်ခဲ့တဲ့ 2 / 3 နှစ်အတွင်း ကျောင်းပြင်ပ
လှုပ်ရှားမှုတွေကို ဖြည့်ရတာပါ။
Register တင်ရန်..
🕹️ ကိုယ်တိုင် online မှ exam register တင်ရမှာဖြစ်ပါတယ် ။
🕹️ 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 အဆင့်အောင်မြင်သူများကို Selection test ဖြေဆိုရန် အနည်းဆုံး 1 ပတ်ကြိုတင်အကြောင်းကြားမည်ဖြစ်ပါသည်။
🕹️ Writing test အောင်မြင်သူ များကို G-mail မှတဆင့် Sep တွင် (tentative) အကြောင်းကြားမှာပါ။
🕹️ Scholarship ကာလ လေးနှစ်စာပေးမှာဖြစ်ပြီး Secondary 3 ကနေ Singapore-Cambridge GCE A-Level ထိ ၄နှစ်ပါ။
Scholarshipရထားသူ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ နှစ်စဉ် သက်တမ်းတိုးပေးမှာပါ။
( 4 နှစ်ပြီးတဲ့အခါ ထူးချွန်သူများ university လျှောက်တဲ့အခါမှာလည်း Scholarship ရတယ်ကြားပါတယ် )
🕹️ ပေးအပ်မည့် ပညာသင်ဆု
ကျောင်းလခ ၁၀၀% ကင်းလွတ်ခွင့်အဆောင်စရိတ်နှင့် နှစ်စဉ် ထောက်ပံ့ကြေးပထမဆုံး ရောက်ရှိချိန် အခြေချစရိတ် (Settling-in Allowance)GCE O-Level နှင့် A-Level စာမေးပွဲကြေးများစင်ကာပူ-မြန်မာ အသွားအပြန် လေယာဉ်လက်မှတ်ကျန်းမာရေးနှင့် မတော်တဆထိခိုက်မှု အာမခံ များပါဝင်ပါတယ်
🕹️ဖြေဆိုရမည့် ဘာသာရပ်...
🏆 General Ability Test
🏆 English Test
🏆 Maths Test
🕹️ Oral test ..
Selection test အောင်မြင်သူ များကို G-mail
မှတဆင့် Sep (tentative) အကြောင်းကြားမှာဖြစ်ပြီး oral test နောက်ဆုံးဖြေဆိုရမှာပါ။
🕹️ ဖြေဆိုရမည့်နေရာ...
မြန်မာနိုင်ငံအတွင်းသာ။
( exam centre အား email မှအကြောင်းကြားလာပါလိမ့်မည်)
🕹️ ကျောင်းရွေးချယ်မှု.
Singapore MOE မှ ချပေးသော ကျောင်းများမှာ တက်ရောက်ကြရမှာဖြစ်ပြီး သတ်မှတ်သောအဆောင်များမှာနေကြရမှာပါ။
4 နှစ်အတွက်ပေးအပ်သော ပညာသင်ဆုဖြစ်သဖြင့် ရရှိမည့် ရလဒ်ကလည်း အကျိုးများသဖြင့် ကြိုတင်ပြင်ဆင်စေချင်ပါတယ်