TTU EC Family-Students

TTU EC Family-Students 𝐍𝐨 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐜𝐚𝐧 𝐝𝐫𝐨𝐩 𝐎𝐮𝐫 𝐏𝐨𝐭𝐞𝐧𝐭𝐢𝐚𝐥

2026 ခုနှစ် EC မေဂျာ၏အာစရိယပူဇော်ပွဲအခမ်းအနားအားဖိတ်ကြားခြင်းကျောင်းသား ကျောင်းသူများ အနေနှင့် မိမိတို့ကို တစ်နှစ်ပတ်လုံ...
26/08/2026

2026 ခုနှစ် EC မေဂျာ၏အာစရိယပူဇော်ပွဲအခမ်းအနားအားဖိတ်ကြားခြင်း

ကျောင်းသား ကျောင်းသူများ အနေနှင့် မိမိတို့ကို တစ်နှစ်ပတ်လုံး ပညာသင်ကြားပေးခဲ့ကြတဲ့ အာစရိယ ဂိုဏ်းဝင် ချစ်သော ဆရာကြီး၊ ဆရာမကြီး များကို ကာယကံ၊ ဝစီကံ၊ မနောကံ ကံ သုံးပါးဖြင့် ပြစ်မှားကျူးလွန်ခဲ့မိသည်ရှိသော် ထိုအပြစ်တွေကို ဝန်ချတောင်းပန်ရင်း ဂါရဝ ပြုနိုင်ကြမည်လည်း ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဖိတ်ကြားထားသောဆရာကြီး ၊ ဆရာမကြီး များနှင့်တကွ မေဂျာမှ ကျောင်းသား ကျောင်းသူညီအကိုမောင်နှမများအားလုံးတက်ရောက်ပေးကြပါရန်လေးစားချစ်ခင်စွာ ဖိတ်ခေါ်လိုက်ရပါသည်။

Date : 27.8.2026 (Thursday)
Time : 9:30 Am
Location : TTU Convocation Hall

မှတ်ချက် ။ ။ ကျောင်းသားကျောင်းသူများ‌အနေဖြင့်
9 နာရီခွဲထက်နောက်မကျဘဲအရောက်လာ
ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အကောင်းဆုံးကြိုးစားခဲ့သော ကစားသမားတစ်ယောက်ချင်းစီအတွက်ဂုဏ်ယူလျက်ပါ✨
20/07/2026

အကောင်းဆုံးကြိုးစားခဲ့သော ကစားသမားတစ်ယောက်ချင်းစီအတွက်ဂုဏ်ယူလျက်ပါ✨

Leaving the Pitch, Keeping the Memories ✨

ဒီနေ့ Final ပွဲစဉ်မှာတော့ ကျွန်တော်တို့ EC Major အသင်းဟာ Mechanical Major အသင်းကို ၄ -၂ ဖြင့် အရေးနိမ့်ခဲ့ရပါတယ်။ ရလဒ်ကတော့ မျှော်လင့်ထားသလို မဖြစ်ခဲ့ပေမယ့်၊ ကွင်းထဲမှာ နောက်ဆုံးမိနစ်အထိ အားကုန်ကြိုးစားပေးခဲ့တဲ့ ကစားသမားတစ်ယောက်ချင်းစီအတွက် ဂုဏ်ယူပါတယ်။ 💙

ဒီခရီးစဉ်တစ်လျှောက် အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အနိုင်ရချိန်မှာသာမက အရှုံးနဲ့လည်း အတူရှိပေးခဲ့ကြတာဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံး ခွန်အားပါ။

ဒီနှစ်မှာတော့ Runner-up နဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ဒီနေရာမှာတင် မရပ်တန့်ပါဘူး။ ပိုမိုကြိုးစားဖို့၊ ပိုမိုတိုးတက်ဖို့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။ EC Major က ပိုပြီးခိုင်မာတဲ့အသင်းတစ်သင်းအဖြစ် ပြန်လာမှာပါ။နောက်နှစ်မှာ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်၊ ဒီထက်ပိုကောင်းတဲ့ ရလဒ်တွေနဲ့ ပြန်လာမယ်လို့ ကတိပေးပါတယ်။

We Fall Together. We Rise Stronger. See you stronger next season 💙⚽

𝗙𝗶𝗿𝘀𝘁 𝗟𝗼𝗼𝗸 | 𝗘𝗖 𝗠𝗮𝗷𝗼𝗿 𝗣𝗼𝗹𝗼 𝟮𝟬𝟮𝟲တက္ကသိုလ်ဘဝမှာ အမှတ်တရတွေကို ဖန်တီးတာ လူတွေဖြစ်ပေမယ့်... အဲဒီအမှတ်တရတွေကို ထိန်းသိမ်းပေးတ...
19/07/2026

𝗙𝗶𝗿𝘀𝘁 𝗟𝗼𝗼𝗸 | 𝗘𝗖 𝗠𝗮𝗷𝗼𝗿 𝗣𝗼𝗹𝗼 𝟮𝟬𝟮𝟲

တက္ကသိုလ်ဘဝမှာ အမှတ်တရတွေကို ဖန်တီးတာ လူတွေဖြစ်ပေမယ့်... အဲဒီအမှတ်တရတွေကို ထိန်းသိမ်းပေးတာကတော့ ပစ္စည်းလေးတချို့ပါ။

တစ်နေ့ Graduation ပြီးသွားတဲ့အခါ Tutorial တွေ၊ Project တွေ၊ Timetable တွေက ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါပေမယ့် Wardrobe ထဲက Major Shirt တစ်ထည်ကို ပြန်မြင်လိုက်တဲ့အချိန်မှာတော့ Campus ထဲက ခြေလှမ်းတွေ၊ Field trip တွေ၊ Thesis တွေ၊ သူငယ်ချင်းတွေရဲ့ရယ်သံတွေက မနေ့တစ်နေ့ကလို ပြန်ရှင်သန်လာတတ်ပါတယ်။

အဲဒီအမှတ်တရတွေကို ရိုးရှင်းပေမယ့် အဓိပ္ပာယ်ရှိတဲ့ Design တစ်ခုနဲ့ သိမ်းဆည်းနိုင်ဖို့ EC Major Polo 2026 ကို ဖန်တီးထားပါတယ်။

Premium Cotton Blend Fabric ဟာ အပြင်ဘက် Nylon အတွင်းဘက် ချည်သားနဲ့ဖြစ်လို့ အပူဒဏ်ကိုလျော့နည်းစေပြီး လေဝင်လေထွက်ကောင်းကာ Campus Life တစ်လျှောက် ယုံကြည်မှုရှိရှိဝတ်ဆင်နိုင်ပါတယ်။

ရင်ဘတ်ပေါ်မှာ Official Major Emblem ကျောဘက်မှာ “NO RESISTANCE CAN DROP OUR POTENTIAL” ဆိုတဲ့ Slogan က Electronics ကျောင်းသား ကျောင်းသူတွေရဲ့ Spirit ကိုဖော်ပြထားပါတယ်။ Circuit ထဲမှာ Resistance ရှိသလို ဘဝမှာလည်း အခက်အခဲတွေရှိမှာပါပဲ။ ဒါပေမယ့် အဲ့ဒီ Resistance တွေက ကိုယ့်ရဲ့ Potential ကို ဘယ်တော့မှ လျှော့ချမပစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒီ Polo Shirt ဟာ Uniform မဟုတ်ပါဘူး။ Fashion Item လည်း မဟုတ်ပါဘူး။ TTU Electronics ဆိုတဲ့ နာမည်အောက်မှာ အတူသင်ယူခဲ့တဲ့ နှစ်တွေ၊ အတူကြိုးစားခဲ့တဲ့ အချိန်တွေ၊ အတူရယ်မောခဲ့တဲ့ အမှတ်တရတွေကို ကိုယ်စားပြုတဲ့ Symbol တစ်ခုပါ။

တစ်နှစ်၊ နှစ်နှစ် မဟုတ်ဘဲ... ဆယ်နှစ်ကြာသွားတဲ့အခါတောင် ဒီအင်္ကျီကို ပြန်ဝတ်လိုက်ရင် "ဒီနေရာက ငါ့ရဲ့အစ" လို့ ဂုဏ်ယူစွာ ပြောနိုင်ဖို့။

EC Major Polo 2026 — More than a shirt. A memory you can wear. 💙⚡
━━━━━━━━━━━━━━
𝗖𝗼𝗹𝗼𝘂𝗿 — Arctic White
𝗦𝗶𝘇𝗲𝘀 — M • L • XL • 2XL
𝗣𝗿𝗶𝗰𝗲 — 33,000 MMK

𝗢𝗿𝗱𝗲𝗿 𝗠𝗲𝘁𝗵𝗼𝗱
သက်ဆိုင်ရာ အတန်း ECတွေဆီမှာ စာရင်းပေးမှာယူလို့ရပါပြီနော်🤍

Tomorrow👊🏻
19/07/2026

Tomorrow👊🏻

🏆 **FINAL MATCH DAY** 🏆

MECHANICAL Vs ELECTRONICS

မနက်ဖြန်မှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ EC မေဂျာအသင်း ဟာ Mechanical မေဂျာအသင်း နဲ့ အဆုံးအဖြတ် Final ပွဲကြီး ကို ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။ ⚽🔥
ဒီပွဲကတော့ အသင်းသားတွေအတွက်သာမက EC မိသားစုတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့ ပွဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာ၊ဆရာမများနှင့်တကွ မေဂျာအစုံမှညီအစ်ကိုမောင်နှမများအားလုံးကို စည်းစည်းလုံးလုံးနှင့် အင်တိုက်အားတိုက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ပရိတ်သတ်တွေရဲ့အော်ဟစ်အားပေးသံတစ်ခုချင်းစီက အသင်းသားတွေအတွက် အထောက်ကူအများကြီးဖြစ်စေမှာပါ။ ✨

Let's fill the stadium with blue, stand together as one family, and push our team all the way to victory! 💙⚽

Date : 20.7.2026
Time : 9:30 AM
Location : TTU Football Stadium

🔥 Let's Fight Together, EC! 🔥

19/07/2026

SOMETHING'S COMING TONIGHT.STAY ALERT❕

17/07/2026

Road to final 🤫
Finalနေ့အတွက် EC footballအသင်းကိုအားပေးဖို့ အသံတွေစုထားကြမယ်နော် 💪

Final အတွက်အသံတွေထပ်စုထားလိုက်တော့နော်ညီကိုမောင်နှမတို့ရေ⚡️
17/07/2026

Final အတွက်အသံတွေထပ်စုထားလိုက်တော့နော်ညီကိုမောင်နှမတို့ရေ⚡️

FINALS, HERE WE COME! 💙⚽

EC 1-1 EP
(4) pen (3)

Semi Final ဆိုတာ လွယ်ကူတဲ့ပွဲမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အဆုံးထိ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ကျွန်တော်တို့ EC Major အသင်းဟာ ပြိုင်ဘက်အသင်းကို ပွဲချိန်အတွင်း ၁-၁ သရေကျခဲ့ပြီး၊ Penalty Shootout မှာ ၄-၃ ဖြင့် အနိုင်ယူကာ Final အဆင့်ကို ထိုက်တန်စွာ တက်လှမ်းနိုင်ခဲ့ပါတယ်။ 💪🔥
ကစားသမားတစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ အသင်းစိတ်ဓာတ်နဲ့ အားပေးခဲ့ကြတဲ့ EC မိသားစုအားလုံးရဲ့ အားပေးမှုက ဒီအောင်ပွဲရဲ့ အဓိကခွန်အားပါ။ Final မှာလည်း အကောင်းဆုံးပုံစံနဲ့ ထပ်လာခဲ့ပါမယ်‌ ဆက်လက်အားပေးကြပါဦး! 💙

One more game. One more dream. See you in the Final! 🏆🔥

Congratulations ပါ TTU Electronics FC⚡️မိုးရေစက်တွေကြားအကောင်းဆုံးကြိုးစားခဲ့တဲ့ကစားသမားညီကိုတွေကိုလည်း ချီးကျုးလျက်ပါ F...
12/07/2026

Congratulations ပါ TTU Electronics FC⚡️
မိုးရေစက်တွေကြားအကောင်းဆုံးကြိုးစားခဲ့တဲ့ကစားသမားညီကိုတွေကိုလည်း ချီးကျုးလျက်ပါ Fighting Electronics❤️‍🔥

🏆 FULL-TIME | EC 3️⃣–1️⃣ Civil ⚽

A fantastic performance from our EC team as we secured a well-deserved 3–1 victory over our opponents! 💪🔥
Every pass, every tackle, and every goal reflected our determination, teamwork, and fighting spirit. This win belongs to every player, coach, and supporter who stood behind us.

ကစားသမားတွေရဲ့ မလျော့သောဇွဲလုံ့လဝရီယနှင့် အခုပွဲမှာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါပြီ အားပေးခဲ့ကြတဲ့ ဆရာဆရာမများနှင့်တကွညီကိုမောင်နှမတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ 🙏

The journey continues—stronger together, higher together. ❤️

ကဲကဲ TTU ECersတို့ရေမနက်ဖန် Jul 9မှာ EC Major နဲ့ CEIT Major နှစ်သင်းရဲ့အကျိတ်အနယ်ယှဉ်ပြိုင်မှုကိုကြည့်ရှုအားပေးဖို့အတွက...
08/07/2026

ကဲကဲ TTU ECersတို့ရေ

မနက်ဖန် Jul 9မှာ EC Major နဲ့ CEIT Major နှစ်သင်းရဲ့အကျိတ်အနယ်ယှဉ်ပြိုင်မှုကိုကြည့်ရှုအားပေးဖို့အတွက်အားလုံးကိုအသိပေးလိုက်ပါတယ်နော်⚡️⚡️

⚽️ OFFICIAL JERSEY REVEAL ⚽️Proudly presenting the official jersey of the Electronic Engineering Department Football Tea...
08/07/2026

⚽️ OFFICIAL JERSEY REVEAL ⚽️

Proudly presenting the official jersey of the Electronic Engineering Department Football Team! 💙💛

Let’s give our team your full support throughout the tournament! 💪🔥

Address

Thanlyin Technological University
Thanlyin
11291

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when TTU EC Family-Students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share