02/08/2026
🔷 𝗖𝗜𝗩𝗜𝗟 𝗜𝗡𝗗𝗨𝗦𝗧𝗥𝗬 𝗦𝗘𝗠𝗜𝗡𝗔𝗥 🔷
ကဲ....ကဲ နည်းပညာတက္ကသိုလ် (သန်လျင်)၊ မြို့ပြအင်ဂျင်နီယာဌာနရဲ့ ညီငယ်၊ညီမငယ်များအတွက် သတင်းကောင်းလေးတစ်ခု လာပါပြီနော်။ 🏗️
🔷 အစ်ကိုတို့ ဌာနကြီး နဲ့ နှစ်အတန်ကြာ မကျင်းပဖြစ်ဘဲ ဝေးကွာနေခဲ့ပြီဖြစ်တဲ့ Knowledge Sharing Seminar ကြီးတစ်ခုကို ညီငယ်၊ညီမငယ်တို့အတွက် လာမယ့် August လ 7 ရက်နေ့ မှာ အစ်ကိုတို့တက္ကသိုလ်ကြီးရဲ့ ဘွဲ့နှင်းသဘင်ခန်းမမှာ အောက်ဖော်ပြပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပသွားတော့မယ် ဆိုတာကို သိပြီးကြပြီလား။
🗓️ - 𝟕𝐭𝐡 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔
⌛ - 𝟗:𝟎𝟎 𝐀𝐌 - 𝟑:𝟎𝟎 𝐏𝐌
📍- 𝐓.𝐓.𝐔 𝐂𝐨𝐧𝐯𝐨𝐜𝐚𝐭𝐢𝐨𝐧 𝐇𝐚𝐥𝐥
🔷 Knowledge Sharing ဆိုတော့ ဘာတွေ သိရမလဲ ?
💡 ဒီပွဲမှာ
🏗️ 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 𝐈𝐧𝐬𝐢𝐠𝐡𝐭𝐬 : လက်ရှိ အင်ဂျင်နီယာလောကရဲ့ လုပ်ငန်းခွင်အခြေအနေတွေ၊ Civil Engineering Field အတွင်းက နယ်ပယ်ပေါင်းစုံရဲ့ Career Path တွေ အကြောင်း
🏗️ 𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 : အလုပ်အကိုင်နဲ့ Internship အခွင့်အလမ်းများ၊ အလုပ်ခွင်အတွက် ပြင်ဆင်ပုံ အတွေ့အကြုံတွေ
🏗️ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐚𝐫𝐞𝐞𝐫 𝐆𝐮𝐢𝐝𝐚𝐧𝐜𝐞: မိမိဖြစ်ချင်တဲ့ Vision နဲ့ ကိုက်ညီမယ့် Career တစ်ခုကိုတည် ဆောက်နိုင်ဖို့ညီငယ်၊ညီမငယ်တို့အားလုံး သိထားသင့်တဲ့ အကြံဉာဏ်ကောင်းတွေ
စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို
👔 Civil Engineering Field ရဲ့နယ်ပယ်အသီးသီးမှာ Expert အဖြစ်လုပ်ကိုင်နေကြပြီဖြစ်တဲ့ ဝါရင့် Professional Engineer ကြီးတွေနဲ့
👔လွန်ခဲ့တဲ့ decade အတွင်းမှာ အစ်ကိုတို့ရဲ့ တက္ကသိုလ်ကြီးကနေ ကျောင်းပြီးခဲ့ပြီး Structure နယ်ပယ်မှာ လုပ်ငန်းခွင်ဝင်ရောက်နေပြီဖြစ်တဲ့ Civil Senior Alumni တစ်ယောက် ကနေပြီးတော့
စုံစုံလင်လင် မျှဝေပေးသွားမယ့်အပြင်
🏗️ 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐐 𝐚𝐧𝐝 𝐀 𝐒𝐞𝐬𝐬𝐢𝐨𝐧 : ကျောင်းသား/သူ ညီငယ်ညီမငယ်တို့ဘက်က သိရှိလိုသမျှ မေးခွန်းများကို အသေးစိတ် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြား ဆွေးနွေးပေးမယ့် အစီအစဉ်များလည်းပါဝင်မှာဖြစ်တဲ့အတွက်
Engineering နယ်ပယ်မှာ မိမိရဲ့ အနာဂတ် လမ်းကြောင်းကို အကောင်အထည်ဖော်ရေးအတွက် Professional Engineer တွေ၊ Industry Expert တွေနဲ့ တိုက်ရိုက် မေးမြန်းဆွေးနွေးရင်းခိုင်မာတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ရာ လက်မလွှတ်တမ်း တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🚀
👔Seminar မှာ လာရောက်ပြီး Knowledge Sharing လုပ်ပေးမယ့် speaker တွေကိုတော့ အောက်မှာသူတို့ရဲ့ Biography လေးတွေနဲ့တကွ Preview မျှဝေပေးထားပါတယ်
👔 စီနီယာ Alumni အမက ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ 7 ရက်နေ့ မှ surprise အနေနဲ့ ပွဲကိုလာေရာက်စောင့်ကြည့်လိုက်ကြတော့နော်။