16/09/2026
🍂 Fall 2026 Mentoring Program with KLC Graduates 🐯
လက်ရှိ Korea University Korean Language Center (KUKLC) မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် KUKLC က semester တိုင်း စီစဉ်ကျင်းပပေးနေတဲ့ Mentoring Program လေးကို မိတ်ဆက်ပေးချင်ပါတယ်❤️
ဒီ Program မှာ KUKLC Graduates တွေက 1:1 Mentoring လုပ်ပေးပြီး Korean Language Center မှာ သင်တန်းပြီးဆုံးပြီးနောက် Korea University သို့မဟုတ် အခြားတက္ကသိုလ်များတွင် D-2 programဖြင့် တက်ရောက်ဖို့ စိတ်ဝင်စားသူများကို ကိုယ်ပိုင်အတွေ့အကြုံများအပေါ် အခြေခံပြီး အကြံပေးဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်
FYD က founder အစ်မကိုယ်တိုင်လည်း ဒီ Program မှာ Mentor အနေနဲ့ ပါဝင်နေပါတယ်💕
Korea မှာ D2 ဆက်လက်တက်ရောက်ဖို့ စဉ်းစားနေသူတွေအတွက် အကျိုးရှိမယ့် Program လေးဖြစ်လို့ စိတ်ဝင်စားရင် မဖြစ်မနေ လျှောက်ထားကြည့်ဖို့ အကြံပြုပါတယ်✨
အခုတခေါက်ကတော့ တတိယအကြိမ်ဖြစ်ပြီး Semester တိုင်းပြုလုပ်ပေးတဲ့ programလေးဖို့ နောက် Semester တွေမှာလည်း ထပ်မံလျှောက်ထားနိုင်ပါတယ်နော်😻
For this semester,
Application Deadline: 17 September 2026 (Thu), 12:00 PM
📌 လျှောက်ထားလိုသူများအနေနဲ့ ပုံထဲက QR Code ကို scan ဖတ်ပြီးဖြစ်စေ အောက်ပါ Link မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါတယ်
https://forms.gle/UfqLHcJKhpK2w2j8A
관심 있는 학생들의 많은 신청 바랍니다! 🐯❤️