University of Medicine 1, Yangon, Myanmar

University of Medicine 1, Yangon, Myanmar Medical education

Myanmar-Korea Cadaveric Surgical Hands-on Training ကျင်းပပြုလုပ်ခြင်း ​​ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ သွားဘက်ဆိုင်ရာ​ဆေးတက္က...
18/08/2026

Myanmar-Korea Cadaveric Surgical Hands-on Training ကျင်းပပြုလုပ်ခြင်း

​​ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ သွားဘက်ဆိုင်ရာ​ဆေးတက္ကသိုလ်၊ ရန်ကုန် နှင့် ကိုရီးယားသမ္မတနိုင်ငံ Chosun University တို့ပူး​ပေါင်း၍ 2nd Myanmar-Korea Cadaveric Surgical Hands-on Training ဖွင့်ပွဲအခမ်းအနားကို ယ​​နေ့ ၁၆.၈.၂၀၂၆ ရက်​နေ့နံနက် ၉:၀၀ နာရီတွင် ​ဆေးတက္ကသိုလ် (၁) ရန်ကုန် ခန္ဒာ​ဗေဒဌာန၌ ကျင်းပရာ ကျန်းမာ​ရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ပါ​မောက္ခ​ဒေါက်တာတင်ထွန်း၊ ​ဆေးတက္ကသိုလ် (၁) ပါ​မောက္ခချုပ် ​ဒေါက်တာ​ကျော်​ရွှေ၊ သွားဘက်ဆိုင်ရာ​ဆေးတက္ကသိုလ်၊ ရန်ကုန် ပါ​မောက္ခချုပ် ပါ​မောက္ခ​ဒေါက်တာ​ကျော်သီဟ၊ တပ်မ​တော်​ဆေးတက္ကသိုလ် ပါ​မောက္ခချုပ် ဒေါက်တာခင်​အောင်ထွန်း၊ သွားဘက်ဆိုင်ရာ​ဆေးတက္ကသိုလ်၊ မန္တ​လေး ပါ​မောက္ခချုပ် ပါ​မောက္ခ ​ဒေါက်တာ​​ကျော်တင့်၊ ကိုရီးယားသမ္မတနိုင်ငံ Chosun University မှ Dean, Professor Kim Hee Jung, Professor Seong Yong Moon၊ ဒုတိယပါ​မောက္ခချုပ်များ၊ မျက်နှာမေးရိုးနှင့် ခံတွင်း ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာထွန်းငွေ၊ ခန္ဓာဗေဒဌာနမှ ပါမောက္ခ ဒေါက်တာခင်သန္တာ၊ ခွဲစိတ်ကုပညာရပ်နှင့် နှီးနွယ်အထူးကုဌာနများမှ ပါ​မောက္ခ၊ဌာနမှူးများ၊ ဖိတ်ကြား ထားသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်​ရောက်ကြပါသည်။ အဆိုပါသင်တန်းကို (၁၆.၈.၂၀၂၆) ရက်နေ့မှ (၁၇.၈.၂၀၂၆) ရက်​နေ့အထိ ဆေးတက္ကသိုလ်(၁)ရန်ကုန် ခန္ဓာဗေဒ ဌာနရှိ Cadaveric Surgical Training Centre ၌ ကျင်းပပြုလုပ်မည်ဖြစ်​ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း ဆေးတက္ကသိုလ...
18/08/2026

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း ဆေးတက္ကသိုလ်(၁) ရန်ကုန် ပြည်လမ်းပရဝုဏ်သို့ ကွင်းဆင်းကြည့်ရှုခြင်း



ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းသည် ဆေးတက္ကသိုလ်(၁)၊ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ပြည်လမ်း Campus ရှိ လိပ်ခုံးအဆောက်အဦ အထိမ်းအမှတ် ပုံစံတူအဖြစ် Steel Structure Assembly Hall အဆောက်အဦ တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေခြင်း ကို ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ Site တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အဆောက်အဦ အရည်အသွေးကောင်းမွန်ခိုင်ခံ့စေရန်၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းများအားအသုံးပြုရန်၊ အမိုးပြား အလေးချိန် ကိုခံနိုင်ရည်ရှိအောင်ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရက်တွင် လုပ်ငန်းပြီးစီးနိုင်ရေး ဆောင်ရွက်ရန်၊ ခန်းမ အဆောက်အဦ အတွက် လိုအပ်သည့် ဆက်စပ်လုပ်ငန်းများ တပါတည်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ် များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

16/08/2026
ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ (၂၀၂၆)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ...
20/07/2026

ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ (၂၀၂၆)
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
​​
​ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ လမ်းညွှန် ခွင့်ပြုချက်ဖြင့် ဆေးတက္ကသိုလ်(၁)၊​ရန်ကုန်၊ ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ(၂၀၂၆) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ တက္ကသိုလ်များဘောလုံးကွင်း၌ (၂၀.၇.၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ​ ကျန်းမာရေး လူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းနှင့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဝန်ထမ်းများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ၈.၇.၂၆ မှ ၂၀.၇.၂၆ ထိ အုပ်စုပွဲစဉ် (၁၀)ပွဲဖြင့် အသီးသီး ကျင်းပခဲ့ပြီး ယနေ့ဗိုလ်လုပွဲကို ဆေးပညာတတိယနှစ်သင်တန်းကိုယ်စားပြု Titan အသင်းနှင့် ဆေးပညာစတုတ္ထနှစ်သင်တန်းကိုယ်စားပြု Myriad အသင်းတို့ယှဉ်ပြိုင် ကစားကြရာ Titan အသင်းမှ Myriad အသင်းကို (၂) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို့နောက် ဆုချီး မြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ဆေးတက္ကသိုလ်(၁)၊​ရန်ကုန် ပါမောက္ခချုပ်က ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး၊ ပထမရရှိသော Titan အသင်းအား ကျန်းမာရေးလူ့စွမ်းအား အရင်းမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းက လည်းကောင်း၊​ ဒုတိယဆုရရှိသော Myriad အသင်းအား ဆေးတက္ကသိုလ်(၁)၊​ရန်ကုန် ပါမောက္ခချုပ်ဒေါက်တာကျော်ရွှေက လည်းကောင်း၊ တတိယဆု ရရှိသော Uno အသင်းအား ဒုတိယပါမောက္ခချုပ် ( သင်ကြား) ပါမောက္ခဒေါက်တာ ဇော်ဇော်လတ်က လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)၊ရန်ကုန် အားကစားနှင့် ကာယပညာ ဗဟိုကော်မတီ ဥက္ကဌပါမောက္ခဒေါက်တာအောင်ချိုထွန်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်း အကောင်းဆုံးဆု နှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုများ ကိုလည်းကောင်း ချီးမြှင့်ခဲ့ကြပါသည်။​ တစ်ဦးချင်းဆုများအနေဖြင့် အကောင်း ဆုံးဂိုးသမားဆုအား ဆေးပညာစတုတ္ထ နှစ်သင်တန်း မှ မောင်အောင်ခန့်မင်း၊ နောက်တန်းအကောင်းဆုံးကစားသမားဆုအား ဆေးပညာ တတိယနှစ်သင်တန်း မှမောင်အောင်မြင့်မြတ်၊ အလယ်တန်း အကောင်းဆုံးကစားသမား ဆုအား ဆေးပညာ စတုတ္ထနှစ် သင်တန်းမှ မောင်ဂျွန်မင်း မြတ်၊ ဂိုးသွင်းအများဆုံးဆုနှင့် ရှေတန်း အကောင်းဆုံးကစားသမားဆုများအား ဆေးပညာ တတိယ နှစ်သင်တန်းမှ မောင်ဥက္ကာလှိုင်ဦး၊ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုအား ဆေးပညာ စတုတ္ထနှစ်သင်တန်း မှ မောင်ထွန်းအောင်လွင် တို့က အသီးသီး ရရှိခဲ့ကြပါသည်။

19/07/2026

ဆေးတက္ကသိုလ်(၁)ရန်ကုန် Laboratory တွင် ဓာတုပစ္စည်းများယိုစိမ့်မှုဖြစ်ပွါး ဟု အချို့mediaများတွင်ဖော်ပြထားသောသတင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း
ဆေးတက္ကသိုလ်(၁) ရန်ကုန် ဌာနတစ်ခု၏စတိုခန်းမှ အနံ့အသက်ပြင်းထန်ခြင်းရှိနေ၍ သင်ကြားရေးအနှောင့်အယှက်မဖြစ်စေရန် ဖယ်ရှား ရှင်းလင်းရာ ပစ္စည်းကိရိယာ ပြည့်စုံသည့် မီးသတ်အဖွဲ့မှ လာရောက်ကူညီခြင်းဖြစ်ပါသည်။ အန္တရာယ် မရှိသည့်ဓါတ်ဆေးပစ္စည်းများဖြစ်သည့် ပိုးမွှားသန့်စင်ဆေးရည် (Sargitol) အရောင်ဆိုးဆေးရည် (Methylene blue) ပရိုတင်းအဟာရဓာတ် (Peptone)များယိုစိမ့်၍ ထုပ်ပိုးထားသည့် စက္ကူဂျပ်ဖာပေါ်ကျကာအနံ့ဆိုးထွက်ခြင်းဖြစ်ကြောင်းတွေ့ရပါသည်။အသုံးပြု၍ မရတော့သည့် နှစ်လွန်ပစ္စည်းအနည်းငယ်သာဖြစ်ပါကြောင်း၊ စနစ်တကျဖယ်ရှားရှင်းလင်းပြီးဖြစ်ပါကြောင်း၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိပါကြောင်း အသိပေးရှင်းလင်းအပ်ပါသည်။
တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့

Address

No. 245, Myoma Kyaung Street, Lanmadaw Township
Yangon
11131

Alerts

Be the first to know and let us send you an email when University of Medicine 1, Yangon, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share