National University of Arts and Culture - Yangon

National University of Arts and Culture - Yangon Established in 1993

22/04/2026
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏အခြေခံ ဂီတ၊ အက၊ ပန်းချီနှင့် သရုပ်ဆောင်ပညာ နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအ...
06/04/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏
အခြေခံ ဂီတ၊ အက၊ ပန်းချီနှင့် သရုပ်ဆောင်ပညာ နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
************************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ အခြေခံ ဂီတ၊ အက၊ ပန်းချီနှင့် သရုပ်ဆောင်ပညာ နွေရာသီသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၆-၄-၂၀၂၆ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် အ.ထ.က(၂) ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးကအဖွင့်အမှာစကားပြောကြားခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဒေါ်အေးမြင့်ခိုင် က ကျေးဇူးတင်စကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ပါမောက္ခ၊ ဌာနမှူးများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာပညာရပ်အလိုက် သင်ကြားပို့ချ ခြင်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံ ဂီတ၊ အက၊ ပန်းချီနှင့် သရုပ်ဆောင်ပညာ နွေရာသီသင်တန်းကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အထက(၂)၌ ၆-၄-၂၀၂၆ ရက်နေ့မှ ၁၀-၄-၂၀၂၆ ရက်နေ့အထိ နေ့စဉ် နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အခြေခံပညာကျောင်း (၄၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးခန့်အား ဂီတပညာဌာနက အခြေခံအဆိုဘာသာရပ်(မဟာဂီတ)ကိုလည်းကောင်း၊ သဘင်ပညာဌာနက အခြေခံကဗျာလွတ်အက(ပထမဆင့်)ကိုလည်းကောင်း၊ ပန်းချီပညာဌာနက အခြေခံပန်းချီ(ခဲပန်းချီ)ကိုလည်းကောင်း၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနက အခြေခံသရုပ်ဆောင်ပညာ ဘာသာရပ်ကိုလည်းကောင်း လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

ပါမောက္ခချုပ်က အသက် (၈၅)နှစ်နှင့် အထက်ရှိသော ဝန်ထမ်းမိဘ (၉)ဦးအား မြန်မာ့နှစ်ဦးအကြိုအဖြစ် လက်ဆောင်များ ပေးအပ်ချီးမြှင့်ခြ...
01/04/2026

ပါမောက္ခချုပ်က အသက် (၈၅)နှစ်နှင့် အထက်ရှိသော ဝန်ထမ်းမိဘ (၉)ဦးအား မြန်မာ့နှစ်ဦးအကြိုအဖြစ် လက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း
****************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏
(၁/၂၀၂၆) မတ်လ၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင်
ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဝန်ထမ်းမိသားစုများ၏ အသက် (၈၅)နှစ်နှင့် အထက်ရှိ သော ဝန်ထမ်းမိဘ (၉)ဦးအား မြန်မာ့နှစ်ဦးအကြိုအဖြစ် လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏  (၁/၂၀၂၆) မတ်လ၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပခြင်း*****...
01/04/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏
(၁/၂၀၂၆) မတ်လ၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပခြင်း
****************************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၆) မတ်လ၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ၃၁-၃-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အပေါ်ထပ် ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြား ပါသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများက ဌာနအလိုက် သင်ကြားမှု၊ ဆောင်ရွက်မှုများကိုလည်းကောင်း၊ တက္ကသိုလ်ဝင်းအတွင်းနှင့် ၃၆၂ ဝန်ထမ်းအိမ်ရာ များ၏ လုံခြုံရေးနှင့် အိမ်ရာများမှ အုပ်ချုပ်မှုကော်မတီများကလည်းကောင်း၊ ဒဂုံဆောင်၊ မဉ္ဇူဆောင်၊ မြတ်လေးဆောင်တို့မှ အဆောင်မှူးများကလည်းကောင်း ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြပါသည်။
ဌာနအသီးသီး၏ ဆွေးနွေးတင်ပြချက်များကို ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဝန်ထမ်းမိသားစုများ၏ အသက် (၈၅)နှစ်နှင့် အထက်ရှိ သော ဝန်ထမ်းမိဘ (၉)ဦးအား မြန်မာ့နှစ်ဦးအကြိုအဖြစ် လက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ရှင်းလင်းတင်ပြခြင်းနှင့် လက်တွေ့ သရုပ်ပြသခြင်း***********************************...
31/03/2026

မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ရှင်းလင်းတင်ပြခြင်းနှင့် လက်တွေ့ သရုပ်ပြသခြင်း
**************************************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီး ဌာနမှ ရှင်းလင်းတင်ပြခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားကို ၃၀-၃-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် သင်ကြားရေးဌာနမှ ပါမောက္ခ/ ဌာနမှူးများ၊ ဒုတိယဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)၊ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ အဆောင်မှူးများ၊ အဆောင် တာဝန်ခံများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးစိုးနိုင်က မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မိမိပေါ့ဆမှုတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားတတ်ခြင်း၊ မီးပွားကျခြင်းမှ လောင်ကျွမ်းတတ်ခြင်း၊ ဓာတ်ဆီ ဖြည့်တင်းနေရာမှ လောင်ကျွမ်းတတ်ခြင်း၊ လျှပ်စစ်မီးကြိုးများမှ အပူလွန်ကဲ၍ လောင်ကျွမ်းတတ်ခြင်း စသည့် မီးလောင်မှုဖြစ်စေနိုင်သည့် အချက်အလက်များနှင့် မီးငြိမ်းသတ်နိုင်မှု အချက်အလက်များကို PowerPoint ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး အထူးသတိပြုမိစေရန်နှင့် မီးလောင်မှုဖြစ်ပွားရာတွင် လိုက်နာဆောင်ရွက် ရမည့် အချက်အလက်များနှင့် 191 Application အသုံးပြုပုံကိုလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က စွယ်တော်ဆောင်ရှေ့ ကွန်ကရစ်လမ်းမပေါ် တွင် မီးသတ်ဆေးဗူးများ အသုံးပြုပုံနှင့် မီးလောင်ကျွမ်းနေသည့်အခါ မီးတောက်အား မီးငြိမ်းသတ်ခြင်းကို လက်တွေ့သင်ကြားသရုပ်ပြသခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ရှိ အဆောင်မှူးများ၊ အဆောင်တာဝန်ခံများ၊ ဝန်ထမ်းအိမ်ရာ အသီးသီးတွင် နေထိုင်သော ဝန်ထမ်းများက တစ်ဦးချင်းအလိုက် လက်တွေ့ မီးငြိမ်းသတ်ခြင်း များကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို (၁၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဝင်းအတွင်းမွမ်းမံခြင်း လုပ်ငန်း (၂) ခု အတွက် အရ...
31/03/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဝင်းအတွင်းမွမ်းမံခြင်း လုပ်ငန်း (၂) ခု အတွက် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
***********************************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဝင်းအတွင်းမွမ်းမံခြင်း လုပ်ငန်း (၂)ခု အတွက် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ၂၄.၃.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီ၊ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ဝင်းအတွင်းမွမ်းမံခြင်း လုပ်ငန်းများ၏ အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးလှခိုင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍မဉ္ဇူဆောင်(ကျောင်းသူအိပ်ဆောင်) အကြီးစားပြုပြင်ခြင်း လုပ်ငန်း၏ လုပ်ငန်းစဉ် အလိုက် ဆောင်ရွက်ပြီးစီးမှုများအား လာဘဆောက်လုပ်ရေးနှင့်နှင့် အရည်အသွေးစစ်ဆေးခြင်း ဆိုင်ရာကိစ္စရပ်များအား ဓနအလင်းရောင်ကုမ္ပဏီတို့က ရှင်းလင်းတင်ပြပြီး ကံ့ကော်ဆောင် (စာသင်ဆောင်) ပြုပြင်ခြင်းလုပ်ငန်း၏ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ပြီးစီးမှုများအား လာဘ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအား Professional Quality Engineering Co., Ltd တို့က ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီအဖွဲ့ဝင်များက လုပ်ငန်း(၂)ခု၏ လုပ်ငန်းပြီးစီးမှုအခြေအနေများအား လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမတွင် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ အဖွဲ့ဝင်များကဆွေးနွေးခဲ့ကြပြီး အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီ၊ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) လူ့စွမ်းအားဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း ဝ...
30/03/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) လူ့စွမ်းအားဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ စတုဒီသာပွဲ ကျင်းပခြင်း*********************************** အမျိုးသားယဉ်...
25/03/2026

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ စတုဒီသာပွဲ ကျင်းပခြင်း
***********************************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမ နှစ်ဝက်စာမေးပွဲကို ၁၆-၃-၂၀၂၆ ရက်နေ့မှ ၂၅-၃-၂၀၂၆ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စတုဒီသာကျွေးမွေးခြင်း အစီအစဉ်ကို ၂၅-၃-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီမှ စတင်၍ တက္ကသိုလ်စာကြည့်တိုက်ဘေးရှိ Open Stage area တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်
ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ‌ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ‌နေ့လယ်စာ ထမင်း၊ ဟင်း၊ မုန့်လုံးရေပေါ်နှင့် ရွှေရင်အေး စတုဒီသာတို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်‌ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု ပညာဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံရေးရာ၊ သင်တန်းရေးရာဌာနမှ ဝန်ထမ်းများက အဆို၊အကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပညာဌာနများမှ ဆရာမများ၊ ဝန်ထမ်းများက စုပေါင်းအကဖြင့် တင်ဆက်ခဲ့ကြကာ စတုဒီသာပွဲကို ရုပ်သိမ်းခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပခြင်း************************...
24/03/2026

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပခြင်း
******************************
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၄)နှစ်မြောက် ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၃-၃-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ပါသည်။
အစီအစဉ်ပထမပိုင်းတွင် နေ့လယ် ၁၂ နာရီမှ ၁ နာရီအထိ တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်း များ၊ နေ့စားဝန်ထမ်းများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။
အစီအစဉ်ဒုတိယပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ရုံးတက်ရက်မှန်ဆုရရှိသည့် အရာထမ်း၊ အမှုထမ်း(၁၀)ဦးအား ရုံးတက်ရက်မှန်ဆုချီးမြှင့်ခြင်း၊ ပါမောက္ခချုပ်ဦးဆောင်၍ ဌာနမှူးများက ချီးမြှင့် သည့် တစ်ဆုလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် အထူးဆု(၃၅)ဆုအား ကံစမ်းမဲဖောက်ပေးခြင်း၊ ဝန်ထမ်းများ၏ လက်ဆောင်များအား ဗလာမပါကံစမ်းမဲဖောက်ပေးခြင်း၊ အရာထမ်း၊ အမှုထမ်းများက အဆို၊အကများ ဖြင့် ဖျော်ဖြေခြင်း၊ စုပေါင်းသီဆိုကပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၅ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။

အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း***************** ပါ...
13/03/2026

အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း
*****************
ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) တို့က သင်တန်းသားစုစုပေါင်း (၄၀၅) ဦးအား သင်တန်းဆင်းလက်မှတ်အပ်နှင်းချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း

အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း *******************...
13/03/2026

အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း
**************************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် တာဝန်ရှိသူများက အချိန်ပိုင်းအနုပညာဒီပလိုမာ (ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှုအမွေ အနှစ်စီမံခန့်ခွဲမှု၊ အနုပညာကွန်ပျူတာဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းဆင်းစွမ်းရည်ပြ လက်ရာမွန်များကို လှည့်လည်ကြည့်ရှုခြင်း

အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း********************...
13/03/2026

အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း
**************************
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၄)နှင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁) (မူ၊ လယ်၊ ထက်) တို့၏ (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) သင်တန်းများကို ၁-၁၂-၂၀၂၅ ရက်နေ့မှ ၆-၃-၂၀၂၆ ရက်နေ့အထိလည်းကောင်း၊ (စနေ၊ တနင်္ဂနွေ) သင်တန်းများကို ၆-၁၂-၂၀၂၅ ရက်နေ့မှ ၈-၃-၂၀၂၆ ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်သင်ကြားမှု ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ၁၂-၃-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားအစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် တာဝန်ရှိသူများက အချိန်ပိုင်းအနုပညာဒီပလိုမာ (ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု၊ အနုပညာကွန်ပျူတာဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းဆင်းစွမ်းရည်ပြ လက်ရာမွန်များကို လှည့်လည်ကြည့်ရှုကြပါသည်။
ဆက်လက်၍ သင်တန်းဆင်းစွမ်းရည်ပြ ဖျော်ဖြေတင်ဆက်ပွဲနှင့် သင်တန်းဆင်းလက်မှတ် အပ်နှင်း ချီးမြှင့်ပွဲကို ကျင်းပရာ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ အချိန်ပိုင်း အနုပညာဒီပလိုမာ (ဂီတ၊ သဘင်) သင်တန်းသား၊ သင်တန်းသူများက တင်ဆက်ခြင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) တို့ကို သင်တန်းဆင်းလက်မှတ်အပ်နှင်းချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ကိုဆောင်ရွက်ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Address

Yangon
11431

Telephone

+9595056425

Website

Alerts

Be the first to know and let us send you an email when National University of Arts and Culture - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to National University of Arts and Culture - Yangon:

Share