02/03/2026
တကယ့်ပြသနာတွေကို အပေါ်ယံသာသာ ယဥ်ယဥ်ကျေးကျေးနဲ့ပဲ နားထောင်မယ်ဆို အမှန်တရားကို မသိရတာမျိုးဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စာရင်းစစ်တဲ့အချိန်မှာ အစစ်ခံသူအများစုက သူတို့ရဲ့အကောင်းဆုံး လုပ်ငန်းစဥ်တွေကိုပဲ ပြောပြမှာပါ။ Shortcuts တွေမရှိဘူး၊ သူတို့တကယ်အခက်ကြုံခဲ့ရတာတွေမပါဘူး ပြီးတော့ ကျော်လိုက်ခွလိုက်ရတာတွေ မပါဘူးပေါ့။
ဒါပေမယ့် တကယ့်အစစ်အမှန်တွေကတော့ အလုပ်တကယ်များတဲ့နေ့တွေ၊ System downtime ဖြစ်တဲ့အချိန်တွေ နဲ့ လူအင်အားမလောက်ငှတဲ့အချိန်တွေမှာမှ တွေ့ရလေ့ရှိပါတယ်။ ဒီလိုချိန်မှာ သူတို့ဘယ်လို လုပ်ငန်းကိုပြီးမြောက်အောင် ဆောင်ရွက်လဲဆိုတာကသာ အမှန်ကိုပိုသိခွင့်ရမှာပါ။
ဒါကြောင့် စာရင်းစစ်အနေနဲ့ တခုခုအမှားအယွင်းရှိလာတဲ့အခါ ကျဥ်းကျပ်ထဲရောက်လာတဲ့အခါမှာ ဘယ်လိုဆောင်ရွက်လဲဆိုတာကို သိအောင်လုပ်ရမှာပါ။ ဒါဟာ Culture ကိုစစ်ဆေးရာလည်း ရောက်ပါတယ်။