WISE college's student Alumni

WISE college's student Alumni Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WISE college's student Alumni, Community College, No. 1009A/B, 10th Floor, ShweGoneTine YUZANA TOWER, Yangon.

20/05/2023

လွယ်လွယ်လေး လက်မလျော့ပါနက်

ကျွန်တော်တို့နှစ်ယောက် မန္တလေးကို
အလုပ်ကိစ္စတစ်ခုနဲ့ ခရီးသွားခဲ့ကြတယ်
မှတ်မိသလောက် ၁၀နှစ်ကြာမှ နှစ်ယောက်ထဲ
သွားဖြစ်တာ ပေါ့
အမှန်တော့ ဖုန်းဆက်ပြီးလုပ်လိုက်လဲ
အဆင်ပြေနေတဲ့ ကိစ္စ ဖြစ်ပေမယ့်
နှစ်ယောက်တည်း သွားချင်တာရယ်
လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း မတွေ့တာ
ကြပြီမို့ရယ်ကြောင့်လည်းသွားဖြစ်ခဲ့ကြတယ်👫

အလုပ်ကိစ္စတွေ ပြီးလို့ ရေမိုးချိုး မန္တလေး က စားသောက်ဆိုင် ပါတ်ထိုင်၊ အကင်တွေစား၊
ဘီယာသောက်၊ ရီဝေမူးရစ်ပြီး၊ အနားယူတော့
မယ်ဆိုပြီး နှစ်ယောက်သား ဟိုတယ်ပြန်ကြတယ်

ဟိုတယ်အခန်းထဲရောက် ကိုယ်က အဝတ်အစားလဲ ချစ်သူကလဲကိုယ်နဲ့အတူ မန္တလေးညတွေဖြတ်သန်းဖို့ ရည်ရွယ်ထားတဲ့ ဝတ်စုံလေးဝတ်ပြီး ရင်ခုန်ကြမယ်လို့ အရှိန်တက်တုန်း🥰🥰

ဖုန်းဝင်လာတယ် တူမတော်ဆီက
အမေ အမောဖောက်လို့ ဆေးရုံတင်လိုက်ရတယ်

အချိန်မတော်ဆိုတော့ ဘာလုပ်ရမှန်းမသိ
ချစ်သူကိုချော့ မနက်ဖြန် အစောဆုံးလေယာဥ်နဲ့ပြန်ဖို့ သူငယ်ချင်းတစ်ယောက်ကို အချိန်မတော်အကူအညီတောင်း
ကံကောင်းစွာနဲ့ (၁၀:၀၀)လေယာဥ်ရတယ်

တူတော်မောင်ကို လေဆိပ်လာကြိုခိုင်းပြီးဆေးရုံတမ်းလိုက် ကိုယ်ကတော့ အိမ်မှာ ကလေးနှစ်ယောက်ရှိတော့အိမ်ပြန်ရတာပေါ့

နှစ်ရက်လောက်ဆေးရုံးတက်ပြီးဆေးရုံက
ဆင်းခဲ့ရတယ် အကြောင်းအရင်းက ဆရာဝန်တွေလက်မခံတော့တာ၊🥲

ဘာတတ်နိုင်မှာလဲ ကိုယ်မှမတတ်တာလေ
ဆိုပြီး အမျိုးတွေအကြောင်းကြားရတာပေါ့
နှစ်ယောင်သားတိုင်ပင်ဖြစ်တာတစ်ခုက
လက်မရော့ချင်သေးဘူးနောက်တစ်ယောက်
လောက်ပြကြည့်ချင်တယ်ဆိုပြီး💪

နုလုံးနဲ့ပါတ်သက်ရင်အကောင်းဆုံးလို့သိရတဲ့
အင်းယာကန်စောင်းက နာမည်ကြီးဆေးရုံ နာမည်ကြီးဆရာဝန်နဲ့ပြမယ်ဆိုပြီး သွားပြဖြစ်ခဲ့တယ် ဆေးရုံးနှစ်ရက်တက်ခဲ့ရပြန်တယ် သူတို့လည်းအိမ်ပြန်လွှတ်ကြတာပါပဲ😓

အဲဒီအချိန် လူနာက ခေါင်းတောင်မထူနိုင်တော့သလို အမျိုးအရင်းတစ်ချို့က နုတ်ဆက်အနမ်းတွေ၊ အမှားဝန်ခံခြင်းတွေ၊ တိတ်တစ်ခိုးမျက်ရည်တွေ နဲ့ နုတ်ဆက်ကာ ပြန်သွားကြပီလေ

စိတ်ဓာတ်တွေကျ ပြီး နောက်ဆုံးအချိန်ကိုကျော်ဖြတ်ဖို့ အားတင်းရင်း ချစ်သူကို အားပေးစကားပြောဖြစ်တာအကြိမ်ကြိမ်ပဲ😭

ကျွန်နော့်ချစ်သူကို သမီးလိုချစ်၊ ညီမလိုစောင့်ရှောက်တဲ့ သူဌေးမလေးရဲ့မိတ်ဆွေဖြစ်တဲ့
ဦးမောင်ဆိုတဲ့ လူတစ်ယောက်ရှိတယ်ဗျ
အဲဒီပုဂ္ဂိုလ်ကြီးကလည်း ထို့အတူပဲ ကျွန်တော့် ချစ်သူကိုသူ့သမီးလိုချစ်တာ
ဟို ဥပမာလေးလို အိမ်ရှေ့ပူနောက်ဖေးမချမ်းသာဆိုသလို

ဦးမောင်က သူ့သမီးကိုဖုန်းဆက်တယ် ဆေးမှတ်တမ်း ဆေးစစ်ချက်အကုန်လုံးကို သူ့ဆီကိုပို့ပေး အမေရိကားမှာရှိတဲ့ သူ့သူငယ်ချင်း နုလုံးဆရာဝန်ကို ပြကြည့်ပေးမယ်ဆိုပြီး ဇွတ်တောင်းပါလေရော ချစ်သူက ပို့ဖို့ကိုနောက်ကျနေလို့ ကိုယ်တိုင်ပဲရိုက်ပြီး ပို့ပေးခဲ့လိုက်တယ် နာရီပိုင်းလေးပဲခြားတယ်😲

ဖုန်းခေါ်လာတယ် မြန်မာပြည်မှာရှိတဲ့
ဆရာဝန်တစ်ယောက်ကို ညွှန်းပေးလိုက်တယ် ဖုန်းလည်းဆက်ပေးထားတယ် အမြန်သွားပြ
လိုက်ပါတဲ့🤔

ကျွန်တော်တို့မရုံကြည်တော့ဘူးလေ ဆေးရုံးကြီး၊ နုလုံးမှာအကောင်းဆေးရုံ၊ ဗဟိုလမ်းကနာမည်ကြီးဆေးရုံ လူနာပင်ပန်းပြီး ရွှေ့ပြောင်းရလို့ပိုဆိုးလာတာပဲရှိတာကို☺️

အဲဒီအချိန်မှာ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ် တိုင်ပင်ဖြစ်ခဲ့ကြတယ်

စကားလေးတစ်ခွန်းကြောင့် သာ ကျွန်တော်တို့
အမေရိကားကညွှန်ပေးတဲ့ဆရာဝန်ကိုသွားပြဖြစ်ခဲ့ကြတယ် ဆေးစစ်ပြီးသားတွေကြည့်ပြီး
အမေ သက်တမ်းစေ့ နေသွားရမယ်လို့အာမခံတယ် သားပြောတဲ့အတိုင်းနေထိုင်စားသောက်ပေးပါ ဆေးတွေပုံမုန်တော့ သောက်ရမယ်နော်😍😍😍😍

အခုဆို အမေက ၈၀ထဲရောက်နေပြီလေ

အဲဒီဆရာဝန်တွေက လက်လျော့ရအောင်
"ဆရာဝန်တွေက နတ်ဘုရားမဟုတ်ဘူး"

ဆိုတဲ့ စကားလေးတစ်ခွန်းက ကျွန်နော့်ဘဝ
ရဲ့ အရာရာတိုင်းကို လွှမ်းမိုးသွားခဲ့ပြီးပါပြီ

ကျွန်တော့အတွက်တော့ လူတစ်ယောက်ရဲ့အသက်နဲ့ ရင်းခဲ့ရတဲ့ ဖြစ်ရပ်မုန်လေ့လာမှု(case study) တစ်ခုပဲပါဗျာ

Ko Thu

23/07/2020

WISE College တည်ထောင်သူ WISE College ကျောင်းအုပ်ကြီး ရာထူးမှ အနားယူ

✅✅ကျောင်းသား/သူ များ ခင်ဗျာ ...ကျွန်တော်တို့ WISE College Student's Alumni ကျောင်းသား/သူ ဟောင်းများအတွက် စီးပွားရေးပညာ တ...
21/06/2020

✅✅ကျောင်းသား/သူ များ ခင်ဗျာ ...
ကျွန်တော်တို့ WISE College Student's Alumni ကျောင်းသား/သူ ဟောင်းများအတွက် စီးပွားရေးပညာ တွေ စီမံခန့်ခွဲမှု ပညာတွေနဲ့ ပတ်သက်ပြီး စဥ်ဆက်မပြတ်လေ့လာသင်ယူနိုင်ဖို့ အတွက် ရည်ရွယ်ပြီးတော့ ဒီပညာရပ်တွေကို (သင်ယူချင်တယ်/မသင်ယူချင်ဘူး) နဲ့ ပတ်သက်ပြီး ကျွန်တော် Voting တခုလောက် လုပ်ချင်ပါတယ်ခင်ဗျာ......
👍👍 Voting များတဲ့ဘက်ကို ကျွန်တော် ရွေးချယ်မှာ ဖြစ်ပါတယ်...
✅✅သင်ယူချင်တဲ့ ကျောင်းသား များမယ်ဆိုရင် ကျောင်းသား/သူ တွေကို Secret Group ဖွဲ့ပြီး အပတ်စဥ် Video ဖိုင်တွေ Zoom Meeting တွေ နဲ့ သင်ကြားပြသပေးဖို့ ကျွန်တော် ဆရာ့ဆီ တင်ပြပေးမှာဖြစ်ပါတယ်.....
👍👍ဒါ့ကြောင့် စီးပွားရေးပညာတွေ နဲ့ စီမံခန့်ခွဲမှု ပညာတွေကို စဥ်ဆက်မပြတ်လေ့လာသင်ယူချင်တယ်ဆိုရင် Voting ပေးကြဖို့ ပြောပါရစေ ခင်ဗျာ....
👉👉Voting က (26.6.2020) ရက်နေ့ နောက်ဆုံးပါ ခင်ဗျာ..👈👈

ဒီ Link ထဲ ဝင်ပြီး Vote ပေး ပေးကြပါ ခင်ဗျာ..

https://docs.google.com/forms/d/e/1FAIpQLSeKNDRLzoMdwJWvrl_GXzAR76bRta3OapgIqp9Bn53_ealTpA/viewform?usp=sf_link

ကို ကျော် ကျော်
ဥက္ကဌ
WISE College Student`s Alumni

05/05/2020

Congratulation ပါ ညီမလေး နုနုထွေး
==============================
🎉👏👏WISE College ရဲ့ ကျောင်းသူ မနုနုထွေး သည်၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာကျင်းပပြုလုပ်ခဲ့တဲ့ ABE (UK) Level-6 Diploma စာမေးပွဲမှာ Business Ethics & Sustainability ဘာသာရပ်ဖြင့် Top Paper Award (ကမ္ဘာအမှတ်အများဆုံးဆု) ကို ထူးချွန်စွာ ရရှိခဲ့ပြီး ကျောင်း၏ဂုဏ်ကို ဆောင်ပေးခဲ့သည့်အတွက် WISE College's Student Alumni အဖွဲ့မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်....
🙏🙏Top Paper Award (ကမ္ဘာအမှတ်အများဆုံးဆု) ရရှိအောင် သင်ကြားပြသပေးပါသော ဆရာ ဒေါက်တာ သန်းစိုးဦးအား WISE College's Student Alumni အဖွဲ့ကြီးမှ အထူးပင် ကျေးဇူးတင်ရှိပါသည်.......

WISE College's Student Alumni

13/03/2020

WISE College ကျောင်းသား/သူများခင်ဗျ.................

ယခုလက်ရှိကိုရိုနာဗိုင်းရပ်ကိစ္စနှင့် အစိုးရမှပွဲလမ်းသဘင်များမပြုလုပ်ရန်ပန်ကြားချက်များထုတ်ပြန်ထားသောကြောင့် ၂၉.၃. ၂၀၂၀ နေ့တွင်ကျင်းပပြုလုပ်မည့် Boat Party (WISE College Students Party) အားရက်အကန့်သတ်မရှိရွှေ့ဆိုင်းကြောင်းနှင့် ကျင်းပမည့်နေ့ရက်အား ပြန်လည် ကြော်ငြာပေးမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ :( :( :( :( :(

WISE College's Student Alumni Association

📣📣📣သူငယ်ချင်းတွေ အားလုံးစောင့်မျှော်နေကြတဲ့ ပျော်စရာအရမ်းကောင်းတဲ့ ကျောင်းသင်္ကြန် ကြီးလာပြီနော် ………😃😃😃😃👉👉“ Water Festiv...
11/03/2020

📣📣📣သူငယ်ချင်းတွေ အားလုံးစောင့်မျှော်နေကြတဲ့ ပျော်စရာအရမ်းကောင်းတဲ့ ကျောင်းသင်္ကြန် ကြီးလာပြီနော် ………😃😃😃😃
👉👉“ Water Festival & Gathering Party ”👈👈

👭👬 သူငယ်ချင်းတို့ရေ…….... 💝💝💝
အားလုံး ကျောင်းသင်္ကြန်မှာ ပြန်ဆုံကြရအောင်နော်..….

👬👭 သူငယ်ချင်းတို့ရေ ........💝💝💝
Batch တစ်ခု နဲ့ တစ်ခု မတူညီတဲ့ အခက်အခဲတွေ ၊ ပျော်စရာတွေ၊ စိတ်ညစ်စရာတွေ ကို အားလုံးစုပေါင်းပြီး တက်ညီလက်ညီ နဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့အကြောင်းတွေကို ရှေးဟောင်းနှောင်းဖြစ် တွေ့ဆုံပြီး ပြန်ပြောကြမယ် ..........

👭👬 သူငယ်ချင်းတို့ရေ……💝💝💝
အဆင်မပြေမှုတွေ ဘယ်လောက်ပဲဖြစ်ခဲ့ဖြစ်ခဲ့ သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ….....

👭👬 သူငယ်ချင်းတို့ရေ.........💝💝💝
WISE College မှာတက်ခဲ့တဲ့ ကျောင်းသူ/သား ဘယ်သူမဆို abe , Mini MBA , MBA နဲ့ ဟိုး….. BMHD , BMAD (Batch – 1) က စလို့ ခုတက်နေတဲ့ (Batch – 12) ထိ ခုလို သူငယ်ချင်းတွေ အားလုံးတစ်နေရာ တည်းမှာတွေ့ဆုံဖို့ဆိုတာ …ဘယ်လိုဖြစ်နိုင်မှာလဲနော်….....

👭👬 သူငယ်ချင်းတို့ရေ …..💝💝💝
ခုတော့ Batch တွေ အတန်းအားလုံးဆုံကြဖို့ အတွက်
'" WISE College’s Student Alumni " အဖွဲ့ကြီးကနေပြီး ဦးဆောင်ကျင်းပပေးမယ့် "Water Festival & Gathering Party" ကြီးကို နေ၀င်ချိန် Sunset အလှကို ခံစားပြီး ရန်ကုန်မြစ်တစ်လျှောက် သဘောင်္ကြီးပေါ်မှာ သူငယ်ချင်းတွေနဲ့ အားလုံးအတူတူ ပျော်ပျော်ပါးပါး DJ နဲ့အတူ ကခုန်ကြဖို့ အတွက် သူငယ်ချင်းတွေ ဆက်ဆက်လာခဲ့ကြပါနော်........

👉👉“ သူငယ်ချင်းရေ သတိရသေးတယ်ဆိုရင် တစ်ခါလောက်တော့ ဆုံနိုင်ဖို့မျှော်လင့်နေပါတယ် ” 💝💝💝

🚣 နေရာ : Royal Ayawaddy-1 , ဗိုလ်တစ်ထောင်ကမ်းနား

📆�နေ့ရက်: ၂၉.၃.၂၀၂၀ (တနင်္ဂနွေနေ့)

⏰အချိန် :ညနေ (၅) နာရီ ကနေ (၇း၃၀) နာရီ ထိ

🎫 Ticket : 15000 MMK

🥘🍟🍾🍺🥗 အစားအသောက်မှာဆိုရင် Buffet (၇) မျိုး နဲ့ ကြိုက်သလောက်အ၀စား နော်....

🤰🤰🤰Ticket ရရှိနိုင်တဲ့နေရာကတော့ : သက်ဆိုင်ရာအတန်းလိုက် EC များနဲ့ WISE College (မဆွေ) ဆီမှာ အမြန်ဆုံးမှာယူနိုင်ပြီဆိုတာလေး သတင်းကောင်းပါးရင်း တွေ့ဆုံဖို့ စောင့်မျှော်နေမယ်နော်……..

03/02/2020

(Zawgyi)
5s & Kaizen Management
5s & Kaizen Management ဆိုတာ လုပ်ငန်းခွင်တစ်ခု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခြေခံအကျဆုံးသော စီမံခန့်ခွဲမှုနည်းပညာတစ်ရပ်ဖြစ်ပြီး ဂျပန်နိုင်ငံမှာ အသုံးပြုနေတဲ့ (5s & Kaizen) Management စီမံခန့်ခွဲမှုနည်းပညာအကြောင်းကို ဟောပြောပို့ချသွားမှာဖြစ်ပါတယ်…
 5s ဆိုတာ ဘာလဲ ?
 Kaizen Management ဆိုတာကကော ဘာလဲ ?
 5s နဲ့ Kaizen Management ဆိုတာ ဘယ်လို ဆက်စပ်နေလဲ ?

5s ဆိုတာဘာလဲ ?
5s ဆိုတဲ့စနစ်က အရမ်းကို အကျိုးရှိပေမယ့် ရိုးရှင်းလွယ်ကူတဲ့အတွက်ကြောင့် လုပ်ကိုင်ရန် လူတိုင်း မေ့လျော့နေကြပါတယ်။
5s စနစ်ကို သေချာနားလည် သဘောပေါက်လေ့လာသင်ယူပြီး လက်တွေ့ အမှန်တကယ် အသုံးချမယ်ဆိုရင် မိမိတို့လုပ်ငန်းခွင် ၊ အိမ် ၊ ကျောင်း အစရှိတဲ့ နေရာနဲ့ ပတ်ဝန်းကျင်တွေမှာ ကုန်ကျစရိတ်အနည်းဆုံး ၊ စရိတ်အသက်သာဆုံးဖြင့် အလဟသ ပြုန်းတီးမယ့်အရာတွေကို လျှော့ချနိုင်ခြင်း ၊ မိမိလုပ်ငန်းခွင်မှာ အချိန်တိုတိုနဲ့ အကျိုးများခြင်း ၊ ထိရောက်တဲ့အကျိုးဖြစ်ထွန်းမှု ဖြစ်ပေါ်လာနိုင်ခြင်း စတဲ့အကြောင်းအရာများနဲ့
(1) 5s ဟာ လုပ်ငန်းခွင်တိုင်းအတွက် ဘာကြောင့်လိုအပ်တာလဲ ?
(2) 5s ကို ဘယ်လို စတင်အကောင်အထည်ဖော်ကြမလဲ ?
(3) 5s ကို ဘယ်ကနေ စကြမလဲ ?
(4) 5s ကျင့်သုံးခြင်းဖြင့် ဘာတွေ အကျိုးဖြစ်ထွန်းလာနိုင်မလဲ စတဲ့ 5s စနစ်နဲ့ ပတ်သက်ပြီး အခြေခံကအစ အကြောင်းအရာများကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်…. ဒါ့အပြင်

Kaizen Management ဆိုတာကကော ဘာလဲ ?
Kaizen Management ဆိုတာကတော့ ဂျပန်နိုင်ငံမှာ အခြေပြုခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်နေသော လုပ်ငန်းခွင် တစ်ခုဖြစ်ပေါ်လာစေဖို့အတွက် Lean Manufacturing သဘော တရားကို အသုံးပြုတဲ့ စီမံခန့်ခွဲမှုနည်းလမ်းပဲဖြစ်ပါတယ်။
Kaizen Management ဟာဆိုရင် အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်စေရန် နဲ့ လုပ်ငန်းခွင်အတွင်း လူတိုင်းပါဝင်နိုင်သော လုပ်ငန်းခွင်ဖြစ်ပေါ်လာစေရန်အတွက် ပိုမို ကောင်းမွန်သောနည်းလမ်းများရှာဖွေခြင်း စတဲ့ အကြောင်းအရာ အသေးစိတ်တွေလည်း ပါဝင်ပြီး ဆွေးနွေးသွားမှာဖြစ်လို့ ဆွေးနွေးပွဲလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေနော် ……..

5s နဲ့ Kaizen Management ဆိုတာ ဘယ်လိုဆက်စပ်နေလဲ ?
5s သည် Kaizen Management ကို အသုံးပြုရန်အတွက် အခြေခံအကျဆုံးသော စနစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် 5s လုပ်ငန်းခွင်မှာ သေချာသတ်မှတ်ထားမယ်ဆိုရင် Kaizen Management ကို ကောင်းစွာ အသုံးပြုနိုင်မယ်ဆိုတဲ့အကြောင်း အသေးစိတ်ကအစ ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်……

နောက်ပိုင်းမှာတော့ 5s စနစ်အပြင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုဖြစ်ပေါ် စေရန်အတွက် Safety ဆိုတဲ့ လုံခြုံစိတ်ချရပြီး အန္တရာယ်ကင်းကင်းနဲ့ အလုပ်အပေါ် အာရုံစူးစိုက်မှု အပြည့်အ၀ဖြင့် လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီး ပုံဖော်နိုင်မယ်ဆိုတဲ့ အကြောင်း ဟောပြောဆွေးနွေးသွားမှာဖြစ်တာကြောင့် လူတိုင်းတက်သင့်ပြီး လက်မလွတ်သင့်တဲ့ ပွဲလေးဖြစ် လို့ ကြိုတင်စာရင်းပေးထားဖို့လိုမယ်ဆိုတာလေး သတင်းကောင်းပါး ပါရစေနော် …..

Lecturer : Nyunt Thaingi Htwe
HR Consultant
Gender and Development Institute -Myanmar
နေ့ရက် : ၂၃-၂-၂၀၂၀
အချိန် : နေ့လည် ( ၁ ) နာရီ မှ ( ၃ ) နာရီ
နေရာ : WISE College

(Unicode)

5s & Kaizen Management
5s & Kaizen Management ဆိုတာ လုပ်ငန်းခွင်တစ်ခု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခြေခံအကျဆုံးသော စီမံခန့်ခွဲမှုနည်းပညာတစ်ရပ်ဖြစ်ပြီး ဂျပန်နိုင်ငံမှာ အသုံးပြုနေတဲ့ (5s & Kaizen) Management စီမံခန့်ခွဲမှုနည်းပညာအကြောင်းကို ဟောပြောပို့ချသွားမှာဖြစ်ပါတယ်…
 5s ဆိုတာ ဘာလဲ ?
 Kaizen Management ဆိုတာကကော ဘာလဲ ?
 5s နဲ့ Kaizen Management ဆိုတာ ဘယ်လို ဆက်စပ်နေလဲ ?

5s ဆိုတာဘာလဲ ?
5s ဆိုတဲ့စနစ်က အရမ်းကို အကျိုးရှိပေမယ့် ရိုးရှင်းလွယ်ကူတဲ့အတွက်ကြောင့် လုပ်ကိုင်ရန် လူတိုင်း မေ့လျော့နေကြပါတယ်။
5s စနစ်ကို သေချာနားလည် သဘောပေါက်လေ့လာသင်ယူပြီး လက်တွေ့ အမှန်တကယ် အသုံးချမယ်ဆိုရင် မိမိတို့လုပ်ငန်းခွင် ၊ အိမ် ၊ ကျောင်း အစရှိတဲ့ နေရာနဲ့ ပတ်ဝန်းကျင်တွေမှာ ကုန်ကျစရိတ်အနည်းဆုံး ၊ စရိတ်အသက်သာဆုံးဖြင့် အလဟသ ပြုန်းတီးမယ့်အရာတွေကို လျှော့ချနိုင်ခြင်း ၊ မိမိလုပ်ငန်းခွင်မှာ အချိန်တိုတိုနဲ့ အကျိုးများခြင်း ၊ ထိရောက်တဲ့အကျိုးဖြစ်ထွန်းမှု ဖြစ်ပေါ်လာနိုင်ခြင်း စတဲ့အကြောင်းအရာများနဲ့
(1) 5s ဟာ လုပ်ငန်းခွင်တိုင်းအတွက် ဘာကြောင့်လိုအပ်တာလဲ ?
(2) 5s ကို ဘယ်လို စတင်အကောင်အထည်ဖော်ကြမလဲ ?
(3) 5s ကို ဘယ်ကနေ စကြမလဲ ?
(4) 5s ကျင့်သုံးခြင်းဖြင့် ဘာတွေ အကျိုးဖြစ်ထွန်းလာနိုင်မလဲ စတဲ့ 5s စနစ်နဲ့ ပတ်သက်ပြီး အခြေခံကအစ အကြောင်းအရာများကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်…. ဒါ့အပြင်

Kaizen Management ဆိုတာကကော ဘာလဲ ?
Kaizen Management ဆိုတာကတော့ ဂျပန်နိုင်ငံမှာ အခြေပြုခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်နေသော လုပ်ငန်းခွင် တစ်ခုဖြစ်ပေါ်လာစေဖို့အတွက် Lean Manufacturing သဘော တရားကို အသုံးပြုတဲ့ စီမံခန့်ခွဲမှုနည်းလမ်းပဲဖြစ်ပါတယ်။
Kaizen Management ဟာဆိုရင် အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်စေရန် နဲ့ လုပ်ငန်းခွင်အတွင်း လူတိုင်းပါဝင်နိုင်သော လုပ်ငန်းခွင်ဖြစ်ပေါ်လာစေရန်အတွက် ပိုမို ကောင်းမွန်သောနည်းလမ်းများရှာဖွေခြင်း စတဲ့ အကြောင်းအရာ အသေးစိတ်တွေလည်း ပါဝင်ပြီး ဆွေးနွေးသွားမှာဖြစ်လို့ ဆွေးနွေးပွဲလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေနော် ……..

5s နဲ့ Kaizen Management ဆိုတာ ဘယ်လိုဆက်စပ်နေလဲ ?
5s သည် Kaizen Management ကို အသုံးပြုရန်အတွက် အခြေခံအကျဆုံးသော စနစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် 5s လုပ်ငန်းခွင်မှာ သေချာသတ်မှတ်ထားမယ်ဆိုရင် Kaizen Management ကို ကောင်းစွာ အသုံးပြုနိုင်မယ်ဆိုတဲ့အကြောင်း အသေးစိတ်ကအစ ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်……

နောက်ပိုင်းမှာတော့ 5s စနစ်အပြင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုဖြစ်ပေါ် စေရန်အတွက် Safety ဆိုတဲ့ လုံခြုံစိတ်ချရပြီး အန္တရာယ်ကင်းကင်းနဲ့ အလုပ်အပေါ် အာရုံစူးစိုက်မှု အပြည့်အ၀ဖြင့် လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီး ပုံဖော်နိုင်မယ်ဆိုတဲ့ အကြောင်း ဟောပြောဆွေးနွေးသွားမှာဖြစ်တာကြောင့် လူတိုင်းတက်သင့်ပြီး လက်မလွတ်သင့်တဲ့ ပွဲလေးဖြစ် လို့ ကြိုတင်စာရင်းပေးထားဖို့လိုမယ်ဆိုတာလေး သတင်းကောင်းပါး ပါရစေနော် …..

Lecturer : Nyunt Thaingi Htwe
HR Consultant
Gender and Development Institute -Myanmar
နေ့ရက် : ၂၃-၂-၂၀၂၀
အချိန် : နေ့လည် ( ၁ ) နာရီ မှ ( ၃ ) နာရီ
နေရာ : WISE College

"WCSAA ရဲ့ Party 2019"'' WISE College Student's Alumni Association မှ ကြီးမှူးကျင်းပမည့် Graduation & Gathering Party 20...
17/11/2019

"WCSAA ရဲ့ Party 2019"

'' WISE College Student's Alumni Association မှ ကြီးမှူးကျင်းပမည့် Graduation & Gathering Party 2019''

WISE COLLEGE မှာ ဖွင့်လှစ်ထားတဲ့ (MBA, ABE, BMAD, BMHD) အစရှိတဲ့ မည်သည့်သင်တန်းကိုမဆို တက်ရောက်သင်ကြားနေသူများ၊ Student Alumni Member ၀င်ထားသူများနဲ့ Graduation ကျောင်းသား၊ ကျောင်းသူများ အားလုံး ပြန်လည်တွေ့ဆုံကြပြီး ဘွဲ့ရလို့ခွဲခွာခါနီးနှုတ်ဆက်ကြမယ်, ရင်းနှီးနွေးထွေးတဲ့ Relationsနဲ့ ပတ်၀န်းကျင်ကောင်းများကိုဖန်တီးနိုင်ကြစေဖို့ Dinner မှာဆုံတွေ့ကြဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။

လာမယ့် (30-11-2019, Saturday), ညနေ 6:00 နာရီကနေ 9:00 အထိ ဗဟန်း ဦးချစ်မောင်လမ်းမပေါ်က Hotel Lexus's Rooftop မှာရှိတဲ့ Shel's Bistro BAR မှာ ဆုံကြမယ်! (လမ်းဆုံကားမှတ်တိုင် နှင့် မင်းလမ်းကားမှတ်တိုင်ကြားမှာနော်)

လက်မှတ်စျေးနှုန်းကတော့ တစ်ဦးကို 15,000 Ks ကျသင့်မှာ ဖြစ်ပါတယ်!
သက်ဆိုင်ရာ Batch အလိုက် EC တွေဆီမှာလည်း ၀ယ်ယူနိုင်သလို၊ ရွှေဂုံတိုင် ကျောင်းမှာလည်း ကြိုတင်စာရင်းပေးသွင်းပြီး၀ယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်!!!!!!
အားလုံးပဲပါဝင်ပေးကြပါနော် ❤️❤️❤️

အစားအသောက်တွေကလဲရှယ်ဘဲဗျာ
(1) Chicken Tender
(2) Vegetable Tempura
(3) Shel's Special Fried Rice
(4)Streamed Chicken with Black Mushroom
(5)Hot & Sour Tofu
(6)Orange Juice & water
အဲ့ဒါတွေအားလုံး ကြိုက်သလောက်အဝစားနော်။

ပျော်ရွှင်စရာGame အစီအစဥ်လေးတွေမလာခင် DJ Sofi ရဲ့မြူးကြွတဲ့သံစဥ်တွေနဲ့ပျော်ကြရအောင်နော်

စုံစမ်းရန်
ကိုကျော်ကျော် 09254224149

 #သီတင်းကျွတ်အကြိုပညာဒါန  #100%OFF  Excel One Day ClassWISE Myanmar HRD Local Recruitment Agency နှင့် WISE College တို့...
02/10/2019

#သီတင်းကျွတ်အကြိုပညာဒါန
#100%OFF
Excel One Day Class

WISE Myanmar HRD Local Recruitment Agency နှင့် WISE College တို့ပူးပေါင်းစီစဉ်သင်ကြားပေးသော ပညာဒါနသင်တန်းဖြစ်ပါသည်။ WISE College ကျောင်းသားဟောင်းများနှင့် လုပ်ငန်းခွင်သုံး Microsoft Excel အားစိတ်ဝင်စားသူများအတွက် ပညာဒါန အနေဖြင့် သင်ကြားပေးခြင်းဖြစ်ပါသည်။ လုပ်ငန်းခွင်တွင်ကောင်းမွန် မှန်ကန်စွာအသုံးပြုနိုင်မည့် Advanced Excel Function များမှ အရေးကြိးသောအပိုင်းအချို့ကို လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်၍ သင်ကြားပို့ချပေးပါမည်။
လူဦးရေအကန့်အသတ်ရှိသဖြင့် စိတ်ပါဝင်စားသူများ အမြန်ဆုံးစာရင်းပေးသွင်းကြပ်ါရန်။ သင်တန်းသားဦးရေ ၃၀-ဦး သာလက်ခံပါမည်။

သင်တန်းနေ့ရက် - 6-10-2019 ( Sunday )
သင်တန်းအချိန် - 8:00 - 11:00 am
သင်တန်းနေရာ - WISE College ရွှေဂုံတိုင်

အသေးစိတ်စုံစမ်းမေးမြန်းအပ်နှံရန် - Phone No. 09 779 776 841 – 842 – 843
သင်ကြားမည့်နေရာ - WISE Myanmar HRD – Employment Agency ရုံးခန်း
အခန်းအမှတ် (၁၀၀၉) အေ/ဘီ၊ ၁၀-လွှာ၊ ရွှေဂုံတိုင် ၊ ယုဇနတာဝါ ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ။ ( ရွှေဂုံတိုင်မှတ်တိုင်ဆင်းပါ )

ပညာရေးကိုမြတ်နိုးတန်ဖိုးထားသောအသင်းသားစုံညီအစည်းအဝေး တက်ရောက်မှုမှတ်တမ်း
22/09/2019

ပညာရေးကိုမြတ်နိုးတန်ဖိုးထားသော
အသင်းသားစုံညီအစည်းအဝေး
တက်ရောက်မှုမှတ်တမ်း

အသင်းဝင်များအားလုံး ...အလုပ်အမှုဆောင်များအားလုံးလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ် ။(မပျက်မကွက်တက်ရောက်ပေးကြဖို့ကိုလည်း နှိ...
14/09/2019

အသင်းဝင်များအားလုံး ...
အလုပ်အမှုဆောင်များအားလုံး
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ် ။

(မပျက်မကွက်တက်ရောက်ပေးကြဖို့ကိုလည်း နှိုးဆော်အပ်ပါသည်။)

Address

No. 1009A/B, 10th Floor, ShweGoneTine YUZANA TOWER
Yangon
11181

Telephone

959799455644

Website

Alerts

Be the first to know and let us send you an email when WISE college's student Alumni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to WISE college's student Alumni:

Share