School of Management and Administration - SOMA TCC

School of Management and Administration - SOMA TCC Leadership, Strategy, Success.

5-6.11.2025
05/11/2025

5-6.11.2025

TOWS, SWOT တဖြစ်လဲ SOFTSWOT ကို လူသုံးများ လူသိများပေမယ့် သူ့ရဲ့မှုလအမည်ဖြစ်တဲ့ SOFT ကို လူသိနည်းမယ် ထင်ပါတယ်၊Marketer တ...
05/09/2024

TOWS, SWOT တဖြစ်လဲ SOFT

SWOT ကို လူသုံးများ လူသိများပေမယ့် သူ့ရဲ့မှုလအမည်ဖြစ်တဲ့ SOFT ကို လူသိနည်းမယ် ထင်ပါတယ်၊
Marketer တွေအများစု အသုံးပြုနေကြတဲ့ SWOT ရဲ့ ဇတ်ကြောင်းလေးကို ဆွေးနွေးချင်ပါတယ်၊

SWOT ကို ဆရာကြီး အယ်ဘတ်ထ် ဟမ်ဖရီ ဆိုတဲ့ ဂုရုကြီးက 1960 ဝန်းကျင်မှာ ဖန်တီးခဲ့တယ်လို့ အဆိုရှိပါတယ်၊ SWOT က အစတုန်းက SOFT လို့ အဆိုရှိကြပါတယ်၊

S - satisfactory,
O - opportunity,
F - fault,
T - threat ဆိုပြီး အသုံးပြုခဲ့ကြတာပါ၊

1964 ခုနှစ်အရောက်မှာ ဆရာကြီး Urick နဲ့ Orr တို့က Conference တခုမှာ SOFT ကို SWOT ဆိုပြီး ပြောင်းလဲခဲ့ကြပါတယ်၊
S - strengths,
W - weakness/ limitation,
O - opportunities,
T - threats လို့ သတ်မှတ် ပြောင်းလဲခဲ့ကြတာပါ၊

SWOT ကိုသိရင် USED ကိုလဲ သိရပါ့မယ်၊
USED နဲ့ SWOT က တွဲလျက်ပါ၊
U - Use your strengths. သင့်ရဲ့ strengths ကို အပြည့်အဝ အသုံးချပါ၊
S - Stop your weakness. သင့်ရဲ့ အားနည်းချက်တွေကို ပပျောက်သွားအောင် အားထုတ်ပါ၊
E - Exploit each opportunities. အခွင့်အလမ်းတွေကို အပြည့်အဝ ရအောင် ယူပါ၊
D - Defend against each threat. သင့်ကို ခြောက်လှန့်နေတဲ့ အဟန့်အတားတွေကို ကာကွယ်ပါ၊

အဲ့ဒီတော့ လူတိုင်းနီးပါး သိနေကြတဲ့ SWOT ကို ရှည်ရှည်ဝေးဝေး ဆက် မဆွေးနွေးတော့ပါဘူး၊ အဓိက ဆွေးနွေးချင်တာ TOWS ပါ၊ 1982 လောက်မှာ TOWS Matrix ကို ဂုရုကြီး အမေရိကန်ပရောဖက်ဆာ တစ်ဦးဖြစ်တဲ့ Heinz Weirich က SWOT ပေါ်မှာ အခြေခံပြီး developed လုပ်ခဲ့တာပါ၊
SWOT မှာက Internal, External, Positive နဲ့ Negative ဆိုပြီး တခုချင်းစီ ထပ်ခွဲခြား လေ့လာလို့ ရပါတယ်၊

S - strengths က မိမိအဖွဲ့အစည်းရဲ့ internal နဲ့ positive factor ဖြစ်ပါတယ်၊
W - weakness က မိမိအဖွဲ့အစည်းရဲ့ internal နဲ့ negative factor ဖြစ်ပါတယ်၊
O - opportunities က မိမိအဖွဲ့ရဲ့ ပြင်ပ external နဲ့ positive factor ဖြစ်ပါတယ်၊
T - threats က မိမိအဖွဲ့ရဲ့ပြင်ပ external နဲ့ negative factor ဖြစ်ပါတယ်၊
SWOT ကတော့ factor တခုချင်းအပေါ်မှာ ပိုင်းခြားစိပ်ဖြာ လေ့လာတဲ့ သဘောဖြစ်ပါတယ်၊ မိမိအဖွဲ့အစည်းရဲ့ internal ကနေစပြီး လေ့လာ သုံးသပ်ချက်တွေ ထုတ်ရတာပါ၊

TOWS ကတော့ အဖွဲ့အစည်းရဲ့ ပြင်ပ အခြေအနေပေါ်ကို စတင်ပိုင်းခြား လေ့လာသုံးသပ်ရတဲ့ external-internal analysis ပါ၊ တကယ့်ကို လက်တွေ့ကျပါတယ်၊ အဖွဲ့အစည်းတွေမှာ တကယ့်အရေးအကြောင်းကိစ္စရပ်တွေ ကြုံလာရင် ဒီ TOWS tools ကိုအသုံးပြုပြီး အကောင်းဆုံး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာပါ၊

TOWS Matrix Strategy မှာ

1. Strengths-Opportunities Strategy
မိမိရဲ့ အားသာချက်ကို ထိရောက်စွာ အသုံးပြုပြီး စျေးကွက်ထဲမှာရှိနေတဲ့ အခွင့်အလမ်းတွေကို ပြိုင်ဘက်တွေကို အနိုငိယူပြီး ရယူတာမျိုးပါ၊

2. Strengths-Threats Strategy
မိမိရဲ့ အားသာချက်တွေကို ထိရောက်စွာ အသုံးချပြီး ပြိုင်ဘက်ရဲ့ ခြိန်းခြောက်မှု၊ စျေးကွက်ထဲမှာ ရှိတဲ့ အတားအစီး၊ အဟန့်အတားတွေကို လျော့နည်းသွားအောင်၊ အားနည်းသွားအောင်၊ နောက်ဆုံး ဖယ်ရှားပစ်တဲ့ နည်းလမ်းပါ၊

3. Weakness-Opportunities Strategy
မိမိရဲ့ အားနည်းချက်တွေကို အားသာချက်အဖြစ်ပြောင်းလဲပြီး စျေးကွက်မှာ ရှိနေတဲ့ အခွင့်အလမ်းတွေကို ရယူတဲ့ ဗျူဟာပါ၊

4. Weakness-Threats Strategy
ကိုယ်ရဲ့အားနည်းချက်နဲ့ ခြိမ်းခြောက်လာတဲ့ ရန်သူတွေကို သူတို့ တွေးထင်မထားတဲ့ နည်းလမ်းတွေ သုံးပြီး အနိုင်ယူတဲ့ နည်းဗျူဟာပါ။
နံပါတ် ၁ ဖြစ်တဲ့ Strengths-Opportunities ဗျူဟာမှာ ကိုယ်က ပြိုင်ဘက်တွေထက် နှာတဖျားအသာနဲ့ စျေးကွက်မှာ ရှိတဲ့ အခွင့်အလမ်းတွေကို ရယူတာမျိုးပါ၊ ဥပမာ အက်လက်ထရောနှစ်စျေးကွက်မှာ အရောင်းရဆုံး ပြိုင်ဘက်ရဲ့ ပစ္စည်း ပြတ်လတ်သွားတဲ့အချိန်၊ ရောင်းလို့ အကောင်းဆုံး ဖြစ်တဲ့အချိန်က ကိုယ့်အတွက် တကယ့်အခွင့်အလမ်းကြီးပါပဲ၊

အဲ့ဒီအချိန် ကိုယ့်ဆီမှာ ပစ္စည်းတွေ လိုအပ်သလောက်ရှိနေပြီး စျေးကွက်မှာရှိတဲ့ ဝယ်လိုအားကလဲ မဖြစ်မနေ ဝယ်ရမယ့် ဝယ်လိုအားမျိုးဆို ကိုယ့်အတွက် တကယ့် ရွှေအိုးကြီးပါပဲ၊ စျေးကွက်မှာရှိတဲ့ တခြား ပြိုင်ဘက်တွေမှာလဲ ပစ္စည်းတွေ ရှိနေပေမယ့် ကိုယ်က သူတို့ထက် ဦးအောင် စျေးကွက်ထဲကို ကိုယ့်ပစ္စည်းတွေ ထိုးထည့်နိုင်မယ်ဆိုရင် ပြီးပြီ၊

အင်တိုက်အားတိုက် လုပ်နိုင်ရင်၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် တချက်တည်း ကိုယ့်ရဲ့ Brand ကိုပါ စျေးကွက်ထဲမှာ နေရာယူပြီးသား ဖြစ်သွားမယ်၊

တခါက coffeemix စျေးကွက်မှာ အဲ့ဒါမျိုး ဖြစ်ဖူးတယ်ဗျ၊ တကယ် လူကြိုက်များတဲ့ ကော်ဖီမစ်ကြီး ပစ္စည်း ပြတ်သွားတဲ့အချိန် စျေးကွက်ထဲမှာ အဆင့်သင့် စောင့်ကြည့်နေတဲ့ challenger brand တခုဖြစ်တဲ့ ဒွေးကြေငြာတဲ့ ကော်ဖီမစ်လေ စျေးကွက်ထဲမှာ အချိန်ကိုက် နေရာယူနိုင်ခဲ့တယ်၊ ဟို အရောင်းအကောင်းဆုံးဆိုတဲ့ ကာ်ဖီမစ် brand ကြီးက ပစ္စည်းတွေရောက်လာတဲ့အခါ စျေးကွက်ဝေစု ရရှိသွားတဲ့ brand ကို ပြန်မတိုးနိုင်တော့ဘူး၊ ဒါတွေက တကယ်ဖြစ်ခဲ့တာတွေ၊

နံပါတ် ၂ ဖြစ်တဲ့ Strengths-Threats Strategy ကတော့ ကိုယ့်မှာရှိတဲ့ အားသာချက်ကို ထိရောက်စွာ အသုံးချပြီး စျေးကွက်ထဲမှာရှိနေတဲ့ ကိုယ့်ကို ခြောက်လှန်နေတဲ့ အခြေအနေတွေကို တွန်းလှန်တဲ့ ဗျူဟာပါ၊ ဥပမာ ပြောရရင် Colgate သွားတိုက်ဆေးကို သိကြမှာပါ၊

တချိန်တုန်းက မြန်မာနိုင်ငံ တဝှန်းမှာ ၆လစာဆိုပြီး နံမည်ကြီးခဲ့တဲ့ လေဆာ သွားတိုက်ဆေးကို အမှတ်ရကြမှာပါ၊ ပုံစံအမျိုးမျိုးနဲ့ ကြေငြာတဲ့ brand မို့လို့ သတိထားမိကြမှာပါ၊ အဲ့ဒီအချိန် မြန်မာနိုင်ငံမှာ လေဆာက စျေးကွက် ဦးဆောင်သူ Market Leder ပါပဲ၊ Colgate က မြန်မာနိုင်ငံ စျေးကွက်ထဲ ဝင်လာတဲ့အခါ စျေးကွက်ထဲမှာ ဦးဆောင်နေတဲ့ လေဆာက သူ့အတွက် တကယ့် ပြိုင်ဘက် Threats ပါပဲ၊

Colgate က မြန်မာနိုင်ငံမှာ သွားတိုက်ဆေး စက်ရုံဆောက်လုပ်နိုင်တဲ့ Financial strength ရှိပြီးသားပါ၊ ဒါပေမယ့် Colgate ဒီမှာ စက်ရုံအသစ်မဆောက်ဘဲနဲ့ စျေးကွက်ထဲမှာ Leader ဖြစ်နေတဲ့ လေဆာရဲ့ စက်ရုံကို ဝယ်လိုက်ခြင်းအားဖြင့် သူ့ရဲ့ ပြိုင်ဘက်ကို စျေးကွက်ထဲမှာ ယှဉ်စရာမလိုပဲ စျေးကွက်ကို သိမ်းပိုက်ခဲ့တာမျိုးပါ၊ ခုဆို စျေးကွက်ထဲမှာ လေဆာ သွားတိုက်ဆေး တွေ့ရတော့မှာ မဟုတ်ပါဘူး၊ ဒါ အင်မတန် ရိုးရှင်းတဲ့ Strategy တခုပါ၊ Strength-Threats Strategy လို့ ခေါ်ပါတယ်။

နံပါတ် ၃ က Weakness-Opportunities Strategy ပါ၊ အဲ့ဒါမျိုး ဗျုဟာတွေကို KFC, Burger King, Pizza Hut, 7-eleven, McDonald’s, အစရှိသဖြင့် အများကြီးပါ၊

အားနည်းချက်က ဘာလဲဆိုတော့ ကိုယ့်မှာ စျေးကွက်ထဲကို တွန်းတွန်းတိုက်တိုက်နဲ့ ဝင်ပြီး နေရာယူဖို့ Financially Strong မဖြစ်တဲ့အခါ တခြား လုပ်နိုင်တဲ့သူတွေနဲ့ ပူးပေါင်းပြီး ကိုယ့်ရဲ့ Brand ကို ရောင်းချပေးဖို့ ဗျုဟာ ချမှတ်တာပါ၊ စျေးကွက်မှာ Damand ရှိတယ်ဆိုတဲ့ opportunities ကို မြင်ရင် အဲ့ဒီ demand ကို အရယူဖို့ တခြား partner တွေနဲ့ ပူးပေါင်းပြီး စျေးကွက်ထဲမှာ ရှိတဲ့ demamd ကို ရအောင်ယူတာပါ၊

ဒါဆို financial risk လဲ နည်းသွားတာပေါ့။ မကောင်းဘူးလား၊ မြန်မာနိုင်ငံမှာလဲ အဲကွန်းစျေးကွက်မှာ ကုမ္ပဏီကြီးတွေ အဲ့ဒါမျိုး ဗျုဟာကို ကျင့်သုံးပြီး ကိုယ့်ရဲ့ အားနည်းချက် Risk တွေကို နည်းအောင်လုပ်တာ ကာကွယ်တာ အလွယ်တကူ တွေ့နိုင်ကြမှာပါ၊ အဲ့ဒါကို Weakness-Opportunities Strategy ဗျူဟာလို့ ခေါ်ပါတယ်၊

နောက်ဆုံး တခုကတော့ ၄) Weakness-Threats Strategy ဗျူဟာပါ၊ ကျွန်တော့ အကြိုက်ဆုံး ဗျူဟာတခုပါ၊ ဒီဗျူဟာက အခုမှ ပေါ်ခဲ့ပေမယ့်
ဟိုး BC 350 ကျော်ကတည်းက ကျင့်သုံးခဲ့ကြတာပါ၊ အဲ့ဒီအချိန်တုန်းက လျန်းလျန်းတောက် နံမည်ကြီးခဲ့တဲ့ Alexander အက်လက်ဇန်းဒါး ဘုရင်ကြီးက ပါရှန်းအင်ပါယာကြီးကို ဝင်တိုက်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ ဗျူဟာကြီးပါ၊ အဲ့ဒီအချိန်တုန်းက အက်လက်ဇန်းဒါးက အေသင်၊ ဂရိ၊ ပါရှားပြည်နယ်တွေကို တက်သိမ်းနေတဲ့အချိန်ပါ၊ ပါရှားလူမျိုးတွေမှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ ရေတပ်ကြီး ပိုင်ဆိုင်ထားတာပါ၊ အဲ့လို ပါးရှားတွေမှာ ရှိတဲ့ ရေတပ်ကြီးမျိုး ဘုရင် အက်လက်ဇန်းဒါးမှာ မပိုင်ဆိုင်ပါဘူး၊ ဒါ အက်လက်ဇန်းဒါးဘုရင်ကြီးရဲ့ အားနည်းချက်ပါ၊ ဘုရင်ကြီးရဲ့ စစ်သူကြီးတွေက အက်လက်ဇန်းဒါးကို အင်အားတောင့်တင်းတဲ့ ပါးရှားရေတပ်ကို ယှဉ်နိုင်တဲ့ ရေတပ်ကြီးမျိုး ထူထောင်ဖို့ရာ အကြံပေးပါတယ်၊

ဒါပေမယ့် အက်လက်ဇန်းဒါး ဘုရင်ကြီးက စစ်သူကြီးတွေပေးတဲ့ အကြံညာဏ်ကို လျစ်လျူရှုပြီး ပါးရှန်းအင်ပါယာထဲက အရေးပါတဲ့ ပါရှန်းတွေရဲ့ ဆိပ်ကမ်းတွေကို ကုန်းတွင်းပိုင်းကနေ ဝင်ရောက် သိမ်းယူစေပါတယ်၊ ပါရှမ်း ဆိပ်ကမ်းတွေ တော်တော်များများ ဘုရင် အက်လက်ဇန်းဒါးလက်ထဲ ရောက်သွားတော့ ပြိုင်ဘက်ကင်းပြီး အင်အားကြီးမားပါတယ်ဆိုတဲ့ ပါရှမ်း ရေတပ်ကြီးလဲ သုံးမရ ဖြစ်သွားပါတယ်၊

အဲ့ဒီတော့ ဘုရင်ကြီးက ကျွန်တော်တို့ကို သင်ကြားပေးခဲ့တာက တန်ဘိုးရှိလွန်းလှပါတယ်၊ ကိုယ့်ကို ခြောက်လှန်နေတဲ့ အင်အား ကြီးမားတဲ့ ပြိုင်ဘက်ကို သူ့ရဲ့ အားသာချက်တွေ စျေးကွက်ထဲမှာ အသုံးပြုလို့ မရအောင် ဆောင်ရွက်ခြင်း ဗျူဟာပါ၊

တကယ်တော့ အက်လက်ဇန်းဒါး အဲ့လို ဗျူဟာတွေ အသုံးပြုနိုင်တာ မထူးဆန်းပါဘူး၊ ဘာပြုလို့လဲဆိုတော့ အက်လက်ဇန်းဒါးရဲ့ ဆရာက တွေးခေါ်ပညာရှင်ကြီး Aristotle ဖြစ်နေလို့ပါပဲ၊ စစ်ဘုရင်ကြီး Nepoleon တောင်မှ ဘုရင်ကြီး အက်လက်ဇန်းဒါးကို အားကျရတဲ့ လူတယောက်ပါ၊
ကဲ စာဖတ်ရတာလဲ ပျင်းလာရောမယ်၊ ဒီနေရာမှာ ခဏ နားဦးမယ်ဗျို့၊

Source:
Maung San Shin
၂၇ မေ၂၀၂၀








အခြေခံကျဆုံး Management Definitionစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အကောင်းဆုံးက Management Definition ပါပဲ၊Man...
31/08/2024

အခြေခံကျဆုံး Management Definition

စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အကောင်းဆုံးက Management Definition ပါပဲ၊
Management လို့ ဆိုလိုက်တာနဲ့ အားလုံး သတိရကြတာက Planning, Organizing, Leading and Controlling ဆိုတဲ့ Function တွေပါပဲ၊
အဲ့ဒီ Function တွေကို အမျိုးမျိုး ပြောနေကြတာကတော့
Plan, Do, Check, and Act
နောက်ပြီး, Analyzing, Identifying, Creating, Maintaining
နောက်ပြီး Planning and executing အစရှိသဖြင့်ပေါ့လေ ကိုယ့်အားရတဲ့ စကားလုံးတွေနဲ့ ပုံဖေါ်ကြတာပေါ့၊

တကယ်တော့ အဲ့ဒီ Function တွေက ဘယ်သူတွေနဲ့သွား ချိတ်ဆက်ရလဲဆိုတော့ လူပြောများတဲ့ Strategy နဲ့ Tactics တွေပါပဲ၊ အနီးစပ်ဆုံး ဘာသာပြန်လိုက်ရင် မဟာဗျူဟာနဲ့ နည်းဗျူဟာကြီးတွေပေါ့၊
တော်တော်များများ ဆရာကြီးတွေကတော့ Strategy အကြောင်း အားရပါရ ပြောလေ့ရှိတာ တွေ့ရပေမယ့် Tactics ဆိုတဲ့ Implementation Stage, Operation Stage ကို သိတ်မပြောကြတာ တွေ့ရပါတယ်၊

ကုမ္ပဏီမှာ Strategy အကြောင်းတွေ အားရပါးရပြောတဲ့လူတွေ အရမ်းများနေရင် အကောင်အထည်ဖေါ်မှုအပိုင်း Tactics မှာ အားနည်းနေတတ်ပါတယ်၊
ကျွန်တော် သတိထားမိသလောက် SME တော်တော်များများက Tactics ဆိုတဲ့ အပိုင်းမှာ တော်တော် အားကောင်းကြပေမယ့်၊ Strategy ဆိုတဲ့ မဟာဗျူဟာအပိုင်းမှာ အားနည်းနေတတ်တာကို တွေ့ရလေ့ရှိပါတယ်၊ အဲ့ဒါကြောင့် SME တွေကို သက်ဆိုင်ရာက ကုမ္ပဏီကို Leveraging ဆောင်ရွက်ဖို့ လိုအပ်တဲ့ Loan ချေးငွေတွေ ထုတ်ချေးဖို့ ဆောင်ရွက်တဲ့အခါ 2 years plan, 3 years plan, financial plan အစရှိတာတွေ မရှိကြလို့ ချေးငွေထုတ်ချေးဖို့ အခက်အခဲ ရှိတတ်ကြပါတယ်၊ ဒါလဲ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတာမျိုးပါ၊ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ SME တွေကို သက်ဆိုင်ရာ သင်တန်းတွေ ပေးလာနိုင်တဲ့အတွက် ယခင်လောက်တော့ အခြေအနေ မဆိုးတော့ပါဘူး၊

ကုမ္ပဏီအကြီးကြီးတွေကတော့ Strategy တွေအကြောင်း မစားရ ဝခမန်း ပြောကြလေ့ရှိပေမယ့် တချို့ ကုမ္ပဏီကြီးတွေမှာ အကောင်အထည်ဖေါ်မှုအပိုင်း Implementation stage နဲ့ Operation Stage မှာ အားနည်းနေကြတာလဲ တွေ့မိပါရဲ့၊ နောက်တခုကလဲ ကုမ္ပဏီအကြီးကြီး ဖြစ်လာတာနဲ့အမျှ ခုခေတ် Digital era မှာ အရမ်းအရေးကြီးတဲ့ SPEED ဆိုတာ နှေးလာတာ သတိထားမိပါတယ်၊ ခုခေတ်က သိတဲ့အတိုင်း ကြီးသူက ငယ်သူကို စားတဲ့ခေတ် မဟုတ်တော့ဘူး၊ မြန်သူက နှေးသူကို စားတဲ့ခေတ် ဖြစ်သွားပြီ၊
ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီ Function တွေထက် Management Definition ထဲမှာ ပါဝင်တဲ့ Effective and Efficient Manner ဆိုတဲ့ စကားလုံးတွေကို ပိုပြီး စိတ်ဝင်စားသဗျ၊

တကယ်တော့ ခုန တင်ပြခဲ့တဲ့ Function ၄ ခုလုံးကို ဒီ Effective and Efficient ဆိုတဲ့ စကားလုံး ၂ လုံးနဲ့ ဖမ်းထိန်းထားတာမျိုးပါ၊ ဒီ စကားလုံး ၂ လုံးကြောင့် Management Definition က ပိုပြီး အားကောင်းလာတာပါ၊ ကျစ်လစ်သွားတာပါ၊ ပြည့်စုံသွားတာမျိုးပါ၊

Effectiveness ဆိုတာ ‘ထိရောက်ခြင်း’ ‘အောင်မြင်ခြင်းလို့ ဘာသာပြန်ချင်ပါတယ်၊ ကုမ္ပဏီက ရည်ရွယ်ချက်တွေ အောင်မြင်သွားတာမျိုးပါ၊ ကုမ္ပဏီက ချမှတ်ထားတဲ့ Target ‌တွေ ထိသွားတာမျိုး၊ Goals တွေ အောင်မြင်သွားတာမျိုးပါ၊ ဆရာကြီး ပီတာဒရပ်ကာရဲ့ စကားလုံတွေ ငှားပြောရရင် Doing the right things ပါ၊ Management Guru ကြီးတွေက Effectiveness က strategy ကို ကိုယ်စားပြုတယ်လို့လဲ ဆိုကြပါတယ်၊ ချမှတ်ထားတဲ့ Plan တွေကို ဆိုလိုတာပါ၊ နောက်တခုက Efficiency ပါ၊ ခုနောက်ပိုင်း ဒီ Efficiency ကို ပိုပြီး အာရုံစိုက်လာတာ တွေ့ရပါတယ်၊

Efficiency ကို ဘာသာပြန်ရင် ‘အကျိုးသက်ရောက်မှု စွမ်းရည်’ လို့ပဲ ကျွန်တော် ဘာသာပြန်ချင်ပါတယ်၊ ကိုယ် ရင်းနှီးမြုပ်နှံထားတဲ့ Invest လုပ်ထားတဲ့ အရာတွေကို ဘယ်လိုအသုံးပြုပြီး ရရှိလာတဲ့ စွမ်းရည်၊ ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲဆိုတာ အရမ်းအရေးကြီးပါတယ်၊ ဆရာကြီး ပီတာဒရပ်ကာရဲ့ စကားလုံးကို ငှားပြောရင် Doing things right ပေါ့ဗျာ၊

Management နဲ့ Leadership ကိုလဲ အဲ့ဒီ စကားလုံးတွေနဲ့ ခွဲခြားထားသေးသဗျ၊ ‘Management’ ကို ‘Doing things right’ လို့ ပြောပြီး ‘Leadership’ ကို ‘Doing the right things’ လို့လဲ ဂုရုကြီး ပီတာဒရပ်ကာက ပြောပါတယ်၊

ဥပမာ၊ ဝန်ထမ်း အယောက် ၁၀၀၀ ရှိတဲ့ အဖွဲ့အစည်းနဲ့ ဝန်ထမ်း ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ အဖွဲ့အစည်း၂ ခု ယှဥ်ကြည့်ရင် ဘယ်အရာက Effectiveness ဖြစ်တယ်၊ ဘယ်အရာက Efficiency ဖြစ်တယ်ဆိုတာ အလွယ်တကူ မြင်နိုင်မှာပါ၊

ယူဆချက်။ အဖွဲ့အစည်း ၂ ခုလုံးက တနှစ်ကို မြန်မာကျပ်ငွေ ဘီလျံ ၃၀ ရဖို့ target ထားတယ် ဆိုပါစို့၊
အဖွဲ့အစည်း ၂ ခုစလုံးကလဲ အဲ့ဒီနှစ်မှာ သူတို့ target ထားတဲ့ ဘီလျံ ၃၀ ထိတယ် ဆိုပါစို့၊
အဲ့ဒါဆို ဒီအဖွဲ့အစည်း ၂ ခုစလုံးက Effectiveness ဖြစ်တယ်လို့ ပြောလို့ရပါတယ်၊ အဖွဲ့အစည်း ၂ ခုလုံးက Doing the right thing တွေပဲလို့ ပြောရမှာပါ၊

ဒါပေမယ့် Efficiency ကိုကြည့်တဲ့အခါ သူတို့ ၂ ဦး အသုံးပြုထားတဲ့ ဒီ Target တွေကို အောင်မြင်ဖို့အတွက် အသုံးပြုခဲ့တဲ့ Invest လုပ်ထားတဲ့ အရာတွေကို ကြည့်ပြီးမှ ပြောရပါ့မယ်၊ ဝန်ထမ်း အယောက် ၁၀၀၀ ရှိတဲ့အဖွဲ့အစည်းနဲ့ ဝန်ထမ်း အယောက် ၁၀၀ ရှိတဲ့အဖွဲ့အစည်း ဘယ်အဖွဲ့အစည်းက စရိတ်စက ပိုများနိုင်လဲဆိုတာ အလွယ်တကူ သိနိုင်တာမျိုးပါ၊ ဝန်ထမ်း အယောက် ၁၀၀၀ သုံးပြီး ဒီသတ်မှတ် Target ကို အရယူသလို့ ဝန်ထမ်း ၁၀၀ ရှိတဲ့ အဖွဲ့အစည်းကလဲ သူမှာ ရှိတဲ့ ဝန်ထမ်း အယောက် ၁၀၀ ကို အသုံးပြုပြီး ဒီသတ်မှတ် Target ကို အတူတူ ယူနိုင်ခဲ့တာဖြစ်တဲ့ အတွက် ဝန်ထမ်း အယောက် ၁၀၀ ရှိတဲ့ အဖွဲ့အစည်းက ဝန်ထမ်း အယောက် ၁၀၀၀ ရှိတဲ့ အဖွဲ့အစည်းထက် ပိုပြီး Efficiency ဖြစ်တယ်၊ ‘အကျိုးသက်ရောက်မှု စွမ်းရည်” ပို မြင့်တယ်လို့ ဆိုလိုရမှာပါ၊

ယနေ့ခေတ် ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်တဲ့ ကာလမျိုးမှာ ကိုယ့် ရောင်းကုန်ပစ္စည်းရဲ့ အရည်အသွေးက အရေးကြီးသလို ပြိုင်ဘက်ကင်း ဈေးနှုန်း ဆိုတဲ့ Price Competitiveness သတ်မှတ်နိုင်တာကလဲ အဓိက Competitive Factor တခုပါပဲ၊ ဈေးနှုန်း မလျော့နိုင်တဲ့သူတွေက ဝန်ဆောင်မှုကို မလျော့ရပါဘူး၊ တခြားသူထက် သာလွန်နေတဲ့ ဝန်ဆောင်မှုမျိုးနဲ့ ဈေးကွက်ကို ထိန်းထားနိုင်ရပါမယ်၊

ဈေးနှုန်းလျော့တယ်ဆိုတာကလဲ Cost တွေကို မလျော့ဘဲနဲ့တော့ ဈေးနှုန်းကို လျော့လို့ မရပါဘူး၊ ခုလိုမျိုး ကိုဗစ်ကာလမှာ ကုမ္ပဏီတိုင်းအတွက် ဒီ Cost ဆိုတဲ့ကုန်ကျစရိတ်ကြီးက အဓိက ဇတ်လိုက်ကြီးပေါ့၊ ကုမ္ပဏီ ပိုင်ရှင်တော်တော်များများ ခေါင်းကိုက် ခေါင်းခဲရတဲ့ ကိစ္စကြီးတခုပေါ့ဗျာ၊
ယခင်တုန်းက Thinking က အရည်အသွေးကောင်းချင်ရင် စရိတ်ပိုကုန်မယ်၊
ယနေ့ခေတ် Thinking က စရိတ်ကို ချုံ့ပြီး အရည်အသွေးကောင်းအောင် ဖန်တီးမယ်၊ ဂျပန်တွေတောင် အတွေးအခေါ်တွေ ပြောင်းလဲနေပြီ၊ ယခင်က ဂျပန်ပစ္စည်းဆို ဈေးလဲကောင်း၊ အရည်အသွေးလဲကောင်း၊ ဈေးမမေးနဲ့ ကောင်းကင်က မဆင်းဘူး၊

ယနေ့ခေတ်မှာတော့ အဲ့လို မဟုတ်တော့ဘူး အရည်အသွေးလဲကောင်း ဈေးကလဲ Competitive Price တွေ ဖန်တီးလာကြပြီ၊ တရုတ်ပစ္စည်းတွေ ခဏခဏ ပြဿနာတက်ကြတာကလဲ Efficiency factor ကို အကြီးအကျယ် ထိခိုက်စေပါတယ်၊ ဟိုးယခင်က အစိုးရ စက်ရုံတွေမှာ တရုတ်ပစ္စည်းတွေ ပေါချင်းသောချင်း အသုံးပြုခဲ့ကြတာက ဒီနေ့ခေတ်မှာဆိုရင် စက်ရုံ ရပ်ပစ်လိုက်ရတာမျိုး၊ ကုန်ကျစရိတ်တွေများလို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေ ဈေးကွက်ထဲမှာ တခြားမျိုးတူပစ္စည်းတွေနဲ့ ဈေးချင်း မယှဥ်နိုင်ဖြစ်ပြီး လုပ်ငန်းတခုလုံး ရပ်ပစ်ရတာမျိုးတွေက Efficiency မဖြစ်တာကို ညွှန်ပြနေတာမျိုးတွေပါ၊

ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးက စာဖတ်သူကို Management Definition မှာ ပါဝင်တဲ့ လူတွေ တော်တော်များများ ဂရုမစိုက်မိတဲ့ Efficiency နဲ့ Effectiveness ကို မိတ်ဆက် ပေးလိုတာပဲ ဖြစ်ပါတယ်၊
အချုပ်ဆိုရရင်၊

# Effectiveness = Doing the right things = Strategy = Leadership

# Efficiency = Doing things right = Tactics = Management
ခွဲခြားပြီး မြင်တော့ အလုပ်ခွင်မှာ ရှင်းရှင်းလင်းလင်း ဆောင်ရွက်လို့ ရနိုင်တာမျိုးပါ၊
ကျေးဇူးတင်ပါတယ်၊
ဝင်းနိုင်ဦး
၁၆ အောက်တိုဘာ ၂၀၂၀

Diploma in Business Management လက်မှတ်ကို Tedim College ကပေးမှာပါ ခင်ဗျ၊ Tedim ဆိုတာ မြန်မာအမည် တီးတိန် ကိုပြောတာပါ၊ ချင...
30/08/2024

Diploma in Business Management လက်မှတ်ကို Tedim College ကပေးမှာပါ ခင်ဗျ၊ Tedim ဆိုတာ မြန်မာအမည် တီးတိန် ကိုပြောတာပါ၊ ချင်းပြည်နယ်မှာရှိတဲ့ တီးတိန်မြို့ကို အစွဲပြုပြီး ခေါ်တာပါ၊ အမည်အပြည့်အစုံကတော့ Tedim Christian College (TCC) ပါ၊ 20 Feb 2000 ခုနှစ်က စတင် တည်ထောင်ခဲ့တာပါ၊ ATESEA (Association for Theological Education in Southeast Asia) ရဲ့ တရားဝင်အသိမှတ်ပြု အဖွဲ့ဝင်လည်း ဖြစ်ပါတယ်၊
ခုဆိုရင် College ကို တည်ထောင်ခဲ့တာ နှစ်ပေါင်း၂၄နှစ် ရှိနေပါပြီ၊
TCC college ကပေးတဲ့ Program တွေကတော့
# Master of Divinity
# Bachelor of Theology
# Diploma in Theology
# Liberal Arts Program
1) School of Music (Diploma)
2) Social Work (Diploma)
3) Business Management (Diploma)
4) High School Diploma (SOG)
Business Management Diploma ကို ၂၀၁၃ ခုနှစ်က စပြီး internal training တခုအဖြစ် ဖွင့်လှစ်ခဲ့တာပါ၊ ခုဆိုရင် DBM 11 batch အထိ ရှိပါပြီ၊ ခုလိုမျိုး external က သင်တန်းသားတွေကို ခေါ်ယူတာ သိတ်မကြာသေးပါဘူး၊ Diploma ကိုတော့ နှစ်ပေါင်း ၂၄နှစ်သင်တမ်း ရှိတဲ့ Tedim College ကပဲ ပေးအပ်သွားမှာပါ၊
သင်တန်းမှာ Diploma ကို အစအဆုံးတက်ရင်လဲ ရသလို ကိုယ်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်ပြီးလဲ တက်ရောက်သင်ကြားလို့ ရပါတယ်၊ ကိုယ်နှစ်သက်ရာ ဘာသာရပ်ကို တက်ရောက်မယ်ဆိုရင် Certificate အသိအမှတ်ပြု လက်မှတ်ကို ပေးအပ်သွားမှာ ဖြစ်ပြီး၊ ဘာသာရပ် ၄ ခုလုံးပြီးမှ Diploma လက်မှတ်ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်၊ ကျေးဇူးတင်ပါတယ် ခင်ဗျ၊
Diploma လက်မှတ်တွေကို နှစ်စဉ်ကျင်းပတဲ့ Annual Graduation Ceremony မှာ ပေးအပ်ပါတယ်၊၊

30/08/2024

“သင့်ကုမ္ပဏီက တနှစ်တာဘဏ္ဌာရေးနှစ်အတွင်းမှာ အမြတ်အစွန်း ရာခိုင်နှုန်း ဘယ်လောက်ရလဲ”

ကုမ္ပဏီတခုမှာ ဘဏ္ဌာနှစ် တနှစ်လုံး ရောင်းခြင်း ဝယ်ခြင်းတွေ ဆောင်ရွက်ပြီးစီးတဲ့အချိန် Profit Margin အမြတ် ရာခိုင်နှုန်း ဘယ်လောက်ရှိလဲဆိုတာ တွက်ချက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်၊

အရောင်းဖြစ်မြောက်မှု တခုခြင်းစီမှာ အမြတ်အစွန်းကို တွက်ချက်ပြီး တနှစ်တာပါတ်လုံး ရောင်းချခဲ့ပေမယ့် နှစ်ချုပ်တဲ့အခါ ကုမ္ပဏီက အမြတ်အစွန်း ဘယ်လောက်ရလဲဆိုတာ ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံသူတွေ၊ ကုမ္ပဏီကို မောင်းနှင်နေသူတွေ မဖြစ်မနေ သိဖို့ အရေးကြီးတာမျိုးပါ၊

အမြတ်အစွန်းကို တိုင်းတာတဲ့နေရာမှာ - Gross Profit အကြမ်းအမြတ်က အမြတ်အစွန်း ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ၊ - Net Profit အသားတင်အမြတ်က အမြတ်အစွန်း ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ၊ - Operating Profit လုပ်ငန်းဆောင်ရွက်မှုစစ်စစ်မှ အမြတ်က အမြတ်အစွန်း ဘယ်လောက်ရှိလဲဆိုတာ လုပ်ငန်းရှင်တိုင်း သိနေရမယ့်ကိစ္စတွေပါ၊ ကိန်းဂဏန်းအနေအထားထက် ရာခိုင်နှုန်းအနေအထားနဲ့ပါ သိမှ ရှေ့ဆက် လုပ်ဆောင်ရမယ့် စီမံခန့်ခွဲမှုတွေကို ချမျတ် ဆောင်ရွက်နိုင်မှာပါ၊

(၁) Gross Profit အကြမ်းအမြတ်က အမြတ်အစွန်း ရာခိုင်နှုန်း ဘယ်လောက်ရှိလဲဆိုတာကို Gross Profit Margin Ratio နဲ့ Gross Profit Mark-up Ratio တို့ကို တွက်ချက်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်၊

အရောင်းမှ ရငွေ Revenue ထဲကနေပြီး ရောင်းကုန်အတွက် ကုန်ကျစရိတ် Cost of Goods Sold ကို နှုတ်လိုက်ခြင်းအားဖြင့် Gross Profit ကို ရရှိနိုင်ပါတယ်၊

Gross Profit = Revenue – Cost of Goods Sold
အထက်က ညီမျှခြင်းပေါ် မူတည်ပြီး Gross Profit Margin Ratio နဲ့ Gross Profit Mark-up Ratio တို့ကို တွက်ချက်နိုင်ပါတယ်၊
Gross Profit Margin Ratio = Gross Profit/Revenue X 100 = အဖြေက % Percentage တခု ရမှာပါ၊
Gross Profit Mark-up Ratio = Gross Profit/Cost of Goods Sold X 100 = အဖြေက % တခု ရမှာပါ၊

အကြမ်းအမြတ်က အမြတ်အစွန်း ရာခိုင်နှုန်းက 40% နဲ့ အထက် ရမှ အခြေအနေ ကောင်းတယ်လို့ ယူဆနိုင်ပါတယ်၊ သို့ပေမယ်လို့ အကြမ်းအမြတ်မှာ အမြတ်အစွန်း ရာခိုင်နှုန်း များနေပေမယ့် အသားတင်အမြတ်က အမြတ်အစွန်း ရာခိုင်နှုန်းမှာ နည်းနေရင် ကုမ္ပဏီမှာ overhead Cost တွေနဲ့ ဝန်ပိနေတယ်လို့ ပြောလို့ရတာမျိုးပါ၊ ဒါတွေကို သိနေရင် အဲ့ဒီကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုက ဘယ်ကိန်းဂဏ္ဌန်းတွေအပေါ် အဓိကထားပြီး ဆွေးနွေးရမယ်ဆိုတာ သိနိုင်မှာပါ၊ အဲ့ဒါသိမှသာ မှန်ကန်တဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို ချမှတ်နိုင်ကြမှာပါ၊ မဟုတ်ရင်တော့ တလွဲတွေ ဖြစ်နေဦးမှာပါ၊

(၂) Operating Profit Margin Ratio လုပ်ငန်းဆောင်ရွက်မှုစစ်စစ်မှ ရရှိနိုင်တဲ့ အမြတ်အစွန်း၊
ဒါကို တွက်ချက်နိုင်ဖို့ EBIT (Earning Before Interest & Tax) အတိုးနှင့်အခွန် မနှုတ်ယူမီ အမြတ် ကို သိဖို့ လိုပါတယ်၊ ပထမဆုံး EBITDA (Earning Before Interest, Tax, Depreciation & Amortization) အတိုး၊ အခွန်နှင့် တန်ဖိုးလျော့လျာထားစရိတ်အား မနှုတ်ယူမီ အမြတ်ကို တွက်ချက်ရမှာပါ၊
EBITDA (Earning Before Interest, Tax, Depreciation & Amortization) တွက်ချက်ပုံကတော့
EBITDA = Net Income + Interest + Tax + Depreciation & Amortization

နောက်တနည်းက Operating Income + Depreciation & Amortization တို့ကို ပေါင်းခြင်းအားဖြင့်လဲ ရရှိနိုင်ပါတယ်၊
EBIT (Earning Before Interest & Tax) ကို တွက်ချက်ရာမှာတော့
EBIT = (Gross profit + Other Income) – (Operating Expenses)
Operating Profit Margin Ratio ရဲ့ တွက်ချက်မှု ပုံစံကတော့
Operating Profit Margin Ratio = EBIT/Revenue X 100 = အဖြေက % Percentage တခု ရမှာပါ၊

ဒီနည်းလမ်းကိုတော့ IFRS နဲ့ GAAP တိုက အသိအမှတ်ပြုထားတဲ့ တိုင်းတာမှုပုံစံတော့ မဟုတ်ပါဘူး၊ အကြောင်းကတော့ တချို့ ကုမ္ပဏီကြီးတွေမှာ အလွန်များပြားတဲ့ Depreciation Cost တွေ ရှိနေလို့ပါပဲ၊

(၃) Net Profit Margin Ratio အသားတင်အမြတ်က အမြတ်အစွန်း ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ၊
ဒါကတော့ EAT (Earning After Tax) ကိန်းဂဏ္ဌန်းအပေါ်မှာ မူတည်ပြီး တွက်ချက်ရတာမျိုးပါ၊

အရင်ဆုံး သိရမှာက EBT (Earning Before Tax) အခွန် မနှုတ်ယူမီ အမြတ်ပါ၊
EBT = EBIT – Interest ဒါဆို အခွန် မနှုတ်ယူမီ အမြတ်ကို တွက်ချက် ရရှိနိုင်ပါတယ်၊
EAT = EBT – Taxation ဒါဆို အခွန် နှုတ်ယူပြီး အမြတ်ကို ရရှိနိုင်မှာပါ၊
အဲ့ဒါဆို Net Profit Margin Ratio ကို တွက်လို့ ရပါပြီ၊
Net Profit Margin Ratio = EAT/Revenue X 100 = အဖြေက % Percentage တခု ရမှာပါ၊

တခါတလေ အကြမ်းအမြတ်ကရရှိတဲ့ အမြတ်အစွန်းရာခိုင်နှုန်းက မြင့်မားနေပေမယ့်၊ အသားတင်အမြတ်က ရရှိတဲ့ အမြတ်အစွန်းရာခိုင်နှုန်းက နည်းနေတတ်တာမျိုး တွေ့ရတတ်ပါတယ်၊ Overhead cost တွေကို လုပ်ငန်း စီမံခန့်ခွဲမှုလုပ်ဆောင်တဲ့သူတွေက စီစစ်ဖို့ လိုအပ်နေတာမျိုးပါ၊

ဒါတွေ အားလုံးကို လုပ်ငန်းရှင်တွေ သိဖို့ လိုအပ်ပါတယ်၊ မသိရင် လုပ်ငန်းရဲ့ အမြတ်အခြေအနေကို မသိဘဲ ရမ်းသန်းပြီး အလုပ်တွေ လုပ်နေတာမျိုး ဖြစ်နေမှာပါ၊ ချမှတ်ထားတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကလဲ လုပ်ငန်းရဲ့
လိုအပ်ချက်နဲ့ ဝေးနေတာမျိုးတွေ၊ မကိုက်ညီတာမျိုးတွေ ဖြစ်နေမှာပါ၊
အထက်ပါ Profit Ratio တွေကို ကုမ္ပဏီအတွက် KPI တွေအဖြစ် မဖြစ်မနေ သတ်မှတ်ရမှာမျိုးပါ၊

မိမိ လုပ်ငန်းအခြေအနေမှန်ကို သိရှိပြီး ရှေ့ဆက် ဆောင်ရွက်နိုင်ကြပါစေ၊

Maung San Shin

Address

No. 156(A), Baho Street, Sanchaung
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when School of Management and Administration - SOMA TCC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share