05/09/2024
TOWS, SWOT တဖြစ်လဲ SOFT
SWOT ကို လူသုံးများ လူသိများပေမယ့် သူ့ရဲ့မှုလအမည်ဖြစ်တဲ့ SOFT ကို လူသိနည်းမယ် ထင်ပါတယ်၊
Marketer တွေအများစု အသုံးပြုနေကြတဲ့ SWOT ရဲ့ ဇတ်ကြောင်းလေးကို ဆွေးနွေးချင်ပါတယ်၊
SWOT ကို ဆရာကြီး အယ်ဘတ်ထ် ဟမ်ဖရီ ဆိုတဲ့ ဂုရုကြီးက 1960 ဝန်းကျင်မှာ ဖန်တီးခဲ့တယ်လို့ အဆိုရှိပါတယ်၊ SWOT က အစတုန်းက SOFT လို့ အဆိုရှိကြပါတယ်၊
S - satisfactory,
O - opportunity,
F - fault,
T - threat ဆိုပြီး အသုံးပြုခဲ့ကြတာပါ၊
1964 ခုနှစ်အရောက်မှာ ဆရာကြီး Urick နဲ့ Orr တို့က Conference တခုမှာ SOFT ကို SWOT ဆိုပြီး ပြောင်းလဲခဲ့ကြပါတယ်၊
S - strengths,
W - weakness/ limitation,
O - opportunities,
T - threats လို့ သတ်မှတ် ပြောင်းလဲခဲ့ကြတာပါ၊
SWOT ကိုသိရင် USED ကိုလဲ သိရပါ့မယ်၊
USED နဲ့ SWOT က တွဲလျက်ပါ၊
U - Use your strengths. သင့်ရဲ့ strengths ကို အပြည့်အဝ အသုံးချပါ၊
S - Stop your weakness. သင့်ရဲ့ အားနည်းချက်တွေကို ပပျောက်သွားအောင် အားထုတ်ပါ၊
E - Exploit each opportunities. အခွင့်အလမ်းတွေကို အပြည့်အဝ ရအောင် ယူပါ၊
D - Defend against each threat. သင့်ကို ခြောက်လှန့်နေတဲ့ အဟန့်အတားတွေကို ကာကွယ်ပါ၊
အဲ့ဒီတော့ လူတိုင်းနီးပါး သိနေကြတဲ့ SWOT ကို ရှည်ရှည်ဝေးဝေး ဆက် မဆွေးနွေးတော့ပါဘူး၊ အဓိက ဆွေးနွေးချင်တာ TOWS ပါ၊ 1982 လောက်မှာ TOWS Matrix ကို ဂုရုကြီး အမေရိကန်ပရောဖက်ဆာ တစ်ဦးဖြစ်တဲ့ Heinz Weirich က SWOT ပေါ်မှာ အခြေခံပြီး developed လုပ်ခဲ့တာပါ၊
SWOT မှာက Internal, External, Positive နဲ့ Negative ဆိုပြီး တခုချင်းစီ ထပ်ခွဲခြား လေ့လာလို့ ရပါတယ်၊
S - strengths က မိမိအဖွဲ့အစည်းရဲ့ internal နဲ့ positive factor ဖြစ်ပါတယ်၊
W - weakness က မိမိအဖွဲ့အစည်းရဲ့ internal နဲ့ negative factor ဖြစ်ပါတယ်၊
O - opportunities က မိမိအဖွဲ့ရဲ့ ပြင်ပ external နဲ့ positive factor ဖြစ်ပါတယ်၊
T - threats က မိမိအဖွဲ့ရဲ့ပြင်ပ external နဲ့ negative factor ဖြစ်ပါတယ်၊
SWOT ကတော့ factor တခုချင်းအပေါ်မှာ ပိုင်းခြားစိပ်ဖြာ လေ့လာတဲ့ သဘောဖြစ်ပါတယ်၊ မိမိအဖွဲ့အစည်းရဲ့ internal ကနေစပြီး လေ့လာ သုံးသပ်ချက်တွေ ထုတ်ရတာပါ၊
TOWS ကတော့ အဖွဲ့အစည်းရဲ့ ပြင်ပ အခြေအနေပေါ်ကို စတင်ပိုင်းခြား လေ့လာသုံးသပ်ရတဲ့ external-internal analysis ပါ၊ တကယ့်ကို လက်တွေ့ကျပါတယ်၊ အဖွဲ့အစည်းတွေမှာ တကယ့်အရေးအကြောင်းကိစ္စရပ်တွေ ကြုံလာရင် ဒီ TOWS tools ကိုအသုံးပြုပြီး အကောင်းဆုံး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာပါ၊
TOWS Matrix Strategy မှာ
1. Strengths-Opportunities Strategy
မိမိရဲ့ အားသာချက်ကို ထိရောက်စွာ အသုံးပြုပြီး စျေးကွက်ထဲမှာရှိနေတဲ့ အခွင့်အလမ်းတွေကို ပြိုင်ဘက်တွေကို အနိုငိယူပြီး ရယူတာမျိုးပါ၊
2. Strengths-Threats Strategy
မိမိရဲ့ အားသာချက်တွေကို ထိရောက်စွာ အသုံးချပြီး ပြိုင်ဘက်ရဲ့ ခြိန်းခြောက်မှု၊ စျေးကွက်ထဲမှာ ရှိတဲ့ အတားအစီး၊ အဟန့်အတားတွေကို လျော့နည်းသွားအောင်၊ အားနည်းသွားအောင်၊ နောက်ဆုံး ဖယ်ရှားပစ်တဲ့ နည်းလမ်းပါ၊
3. Weakness-Opportunities Strategy
မိမိရဲ့ အားနည်းချက်တွေကို အားသာချက်အဖြစ်ပြောင်းလဲပြီး စျေးကွက်မှာ ရှိနေတဲ့ အခွင့်အလမ်းတွေကို ရယူတဲ့ ဗျူဟာပါ၊
4. Weakness-Threats Strategy
ကိုယ်ရဲ့အားနည်းချက်နဲ့ ခြိမ်းခြောက်လာတဲ့ ရန်သူတွေကို သူတို့ တွေးထင်မထားတဲ့ နည်းလမ်းတွေ သုံးပြီး အနိုင်ယူတဲ့ နည်းဗျူဟာပါ။
နံပါတ် ၁ ဖြစ်တဲ့ Strengths-Opportunities ဗျူဟာမှာ ကိုယ်က ပြိုင်ဘက်တွေထက် နှာတဖျားအသာနဲ့ စျေးကွက်မှာ ရှိတဲ့ အခွင့်အလမ်းတွေကို ရယူတာမျိုးပါ၊ ဥပမာ အက်လက်ထရောနှစ်စျေးကွက်မှာ အရောင်းရဆုံး ပြိုင်ဘက်ရဲ့ ပစ္စည်း ပြတ်လတ်သွားတဲ့အချိန်၊ ရောင်းလို့ အကောင်းဆုံး ဖြစ်တဲ့အချိန်က ကိုယ့်အတွက် တကယ့်အခွင့်အလမ်းကြီးပါပဲ၊
အဲ့ဒီအချိန် ကိုယ့်ဆီမှာ ပစ္စည်းတွေ လိုအပ်သလောက်ရှိနေပြီး စျေးကွက်မှာရှိတဲ့ ဝယ်လိုအားကလဲ မဖြစ်မနေ ဝယ်ရမယ့် ဝယ်လိုအားမျိုးဆို ကိုယ့်အတွက် တကယ့် ရွှေအိုးကြီးပါပဲ၊ စျေးကွက်မှာရှိတဲ့ တခြား ပြိုင်ဘက်တွေမှာလဲ ပစ္စည်းတွေ ရှိနေပေမယ့် ကိုယ်က သူတို့ထက် ဦးအောင် စျေးကွက်ထဲကို ကိုယ့်ပစ္စည်းတွေ ထိုးထည့်နိုင်မယ်ဆိုရင် ပြီးပြီ၊
အင်တိုက်အားတိုက် လုပ်နိုင်ရင်၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် တချက်တည်း ကိုယ့်ရဲ့ Brand ကိုပါ စျေးကွက်ထဲမှာ နေရာယူပြီးသား ဖြစ်သွားမယ်၊
တခါက coffeemix စျေးကွက်မှာ အဲ့ဒါမျိုး ဖြစ်ဖူးတယ်ဗျ၊ တကယ် လူကြိုက်များတဲ့ ကော်ဖီမစ်ကြီး ပစ္စည်း ပြတ်သွားတဲ့အချိန် စျေးကွက်ထဲမှာ အဆင့်သင့် စောင့်ကြည့်နေတဲ့ challenger brand တခုဖြစ်တဲ့ ဒွေးကြေငြာတဲ့ ကော်ဖီမစ်လေ စျေးကွက်ထဲမှာ အချိန်ကိုက် နေရာယူနိုင်ခဲ့တယ်၊ ဟို အရောင်းအကောင်းဆုံးဆိုတဲ့ ကာ်ဖီမစ် brand ကြီးက ပစ္စည်းတွေရောက်လာတဲ့အခါ စျေးကွက်ဝေစု ရရှိသွားတဲ့ brand ကို ပြန်မတိုးနိုင်တော့ဘူး၊ ဒါတွေက တကယ်ဖြစ်ခဲ့တာတွေ၊
နံပါတ် ၂ ဖြစ်တဲ့ Strengths-Threats Strategy ကတော့ ကိုယ့်မှာရှိတဲ့ အားသာချက်ကို ထိရောက်စွာ အသုံးချပြီး စျေးကွက်ထဲမှာရှိနေတဲ့ ကိုယ့်ကို ခြောက်လှန်နေတဲ့ အခြေအနေတွေကို တွန်းလှန်တဲ့ ဗျူဟာပါ၊ ဥပမာ ပြောရရင် Colgate သွားတိုက်ဆေးကို သိကြမှာပါ၊
တချိန်တုန်းက မြန်မာနိုင်ငံ တဝှန်းမှာ ၆လစာဆိုပြီး နံမည်ကြီးခဲ့တဲ့ လေဆာ သွားတိုက်ဆေးကို အမှတ်ရကြမှာပါ၊ ပုံစံအမျိုးမျိုးနဲ့ ကြေငြာတဲ့ brand မို့လို့ သတိထားမိကြမှာပါ၊ အဲ့ဒီအချိန် မြန်မာနိုင်ငံမှာ လေဆာက စျေးကွက် ဦးဆောင်သူ Market Leder ပါပဲ၊ Colgate က မြန်မာနိုင်ငံ စျေးကွက်ထဲ ဝင်လာတဲ့အခါ စျေးကွက်ထဲမှာ ဦးဆောင်နေတဲ့ လေဆာက သူ့အတွက် တကယ့် ပြိုင်ဘက် Threats ပါပဲ၊
Colgate က မြန်မာနိုင်ငံမှာ သွားတိုက်ဆေး စက်ရုံဆောက်လုပ်နိုင်တဲ့ Financial strength ရှိပြီးသားပါ၊ ဒါပေမယ့် Colgate ဒီမှာ စက်ရုံအသစ်မဆောက်ဘဲနဲ့ စျေးကွက်ထဲမှာ Leader ဖြစ်နေတဲ့ လေဆာရဲ့ စက်ရုံကို ဝယ်လိုက်ခြင်းအားဖြင့် သူ့ရဲ့ ပြိုင်ဘက်ကို စျေးကွက်ထဲမှာ ယှဉ်စရာမလိုပဲ စျေးကွက်ကို သိမ်းပိုက်ခဲ့တာမျိုးပါ၊ ခုဆို စျေးကွက်ထဲမှာ လေဆာ သွားတိုက်ဆေး တွေ့ရတော့မှာ မဟုတ်ပါဘူး၊ ဒါ အင်မတန် ရိုးရှင်းတဲ့ Strategy တခုပါ၊ Strength-Threats Strategy လို့ ခေါ်ပါတယ်။
နံပါတ် ၃ က Weakness-Opportunities Strategy ပါ၊ အဲ့ဒါမျိုး ဗျုဟာတွေကို KFC, Burger King, Pizza Hut, 7-eleven, McDonald’s, အစရှိသဖြင့် အများကြီးပါ၊
အားနည်းချက်က ဘာလဲဆိုတော့ ကိုယ့်မှာ စျေးကွက်ထဲကို တွန်းတွန်းတိုက်တိုက်နဲ့ ဝင်ပြီး နေရာယူဖို့ Financially Strong မဖြစ်တဲ့အခါ တခြား လုပ်နိုင်တဲ့သူတွေနဲ့ ပူးပေါင်းပြီး ကိုယ့်ရဲ့ Brand ကို ရောင်းချပေးဖို့ ဗျုဟာ ချမှတ်တာပါ၊ စျေးကွက်မှာ Damand ရှိတယ်ဆိုတဲ့ opportunities ကို မြင်ရင် အဲ့ဒီ demand ကို အရယူဖို့ တခြား partner တွေနဲ့ ပူးပေါင်းပြီး စျေးကွက်ထဲမှာ ရှိတဲ့ demamd ကို ရအောင်ယူတာပါ၊
ဒါဆို financial risk လဲ နည်းသွားတာပေါ့။ မကောင်းဘူးလား၊ မြန်မာနိုင်ငံမှာလဲ အဲကွန်းစျေးကွက်မှာ ကုမ္ပဏီကြီးတွေ အဲ့ဒါမျိုး ဗျုဟာကို ကျင့်သုံးပြီး ကိုယ့်ရဲ့ အားနည်းချက် Risk တွေကို နည်းအောင်လုပ်တာ ကာကွယ်တာ အလွယ်တကူ တွေ့နိုင်ကြမှာပါ၊ အဲ့ဒါကို Weakness-Opportunities Strategy ဗျူဟာလို့ ခေါ်ပါတယ်၊
နောက်ဆုံး တခုကတော့ ၄) Weakness-Threats Strategy ဗျူဟာပါ၊ ကျွန်တော့ အကြိုက်ဆုံး ဗျူဟာတခုပါ၊ ဒီဗျူဟာက အခုမှ ပေါ်ခဲ့ပေမယ့်
ဟိုး BC 350 ကျော်ကတည်းက ကျင့်သုံးခဲ့ကြတာပါ၊ အဲ့ဒီအချိန်တုန်းက လျန်းလျန်းတောက် နံမည်ကြီးခဲ့တဲ့ Alexander အက်လက်ဇန်းဒါး ဘုရင်ကြီးက ပါရှန်းအင်ပါယာကြီးကို ဝင်တိုက်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ ဗျူဟာကြီးပါ၊ အဲ့ဒီအချိန်တုန်းက အက်လက်ဇန်းဒါးက အေသင်၊ ဂရိ၊ ပါရှားပြည်နယ်တွေကို တက်သိမ်းနေတဲ့အချိန်ပါ၊ ပါရှားလူမျိုးတွေမှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ ရေတပ်ကြီး ပိုင်ဆိုင်ထားတာပါ၊ အဲ့လို ပါးရှားတွေမှာ ရှိတဲ့ ရေတပ်ကြီးမျိုး ဘုရင် အက်လက်ဇန်းဒါးမှာ မပိုင်ဆိုင်ပါဘူး၊ ဒါ အက်လက်ဇန်းဒါးဘုရင်ကြီးရဲ့ အားနည်းချက်ပါ၊ ဘုရင်ကြီးရဲ့ စစ်သူကြီးတွေက အက်လက်ဇန်းဒါးကို အင်အားတောင့်တင်းတဲ့ ပါးရှားရေတပ်ကို ယှဉ်နိုင်တဲ့ ရေတပ်ကြီးမျိုး ထူထောင်ဖို့ရာ အကြံပေးပါတယ်၊
ဒါပေမယ့် အက်လက်ဇန်းဒါး ဘုရင်ကြီးက စစ်သူကြီးတွေပေးတဲ့ အကြံညာဏ်ကို လျစ်လျူရှုပြီး ပါးရှန်းအင်ပါယာထဲက အရေးပါတဲ့ ပါရှန်းတွေရဲ့ ဆိပ်ကမ်းတွေကို ကုန်းတွင်းပိုင်းကနေ ဝင်ရောက် သိမ်းယူစေပါတယ်၊ ပါရှမ်း ဆိပ်ကမ်းတွေ တော်တော်များများ ဘုရင် အက်လက်ဇန်းဒါးလက်ထဲ ရောက်သွားတော့ ပြိုင်ဘက်ကင်းပြီး အင်အားကြီးမားပါတယ်ဆိုတဲ့ ပါရှမ်း ရေတပ်ကြီးလဲ သုံးမရ ဖြစ်သွားပါတယ်၊
အဲ့ဒီတော့ ဘုရင်ကြီးက ကျွန်တော်တို့ကို သင်ကြားပေးခဲ့တာက တန်ဘိုးရှိလွန်းလှပါတယ်၊ ကိုယ့်ကို ခြောက်လှန်နေတဲ့ အင်အား ကြီးမားတဲ့ ပြိုင်ဘက်ကို သူ့ရဲ့ အားသာချက်တွေ စျေးကွက်ထဲမှာ အသုံးပြုလို့ မရအောင် ဆောင်ရွက်ခြင်း ဗျူဟာပါ၊
တကယ်တော့ အက်လက်ဇန်းဒါး အဲ့လို ဗျူဟာတွေ အသုံးပြုနိုင်တာ မထူးဆန်းပါဘူး၊ ဘာပြုလို့လဲဆိုတော့ အက်လက်ဇန်းဒါးရဲ့ ဆရာက တွေးခေါ်ပညာရှင်ကြီး Aristotle ဖြစ်နေလို့ပါပဲ၊ စစ်ဘုရင်ကြီး Nepoleon တောင်မှ ဘုရင်ကြီး အက်လက်ဇန်းဒါးကို အားကျရတဲ့ လူတယောက်ပါ၊
ကဲ စာဖတ်ရတာလဲ ပျင်းလာရောမယ်၊ ဒီနေရာမှာ ခဏ နားဦးမယ်ဗျို့၊
Source:
Maung San Shin
၂၇ မေ၂၀၂၀