UTC 1 Dagon University

UTC 1 Dagon University UTC 1 ဒဂုံတက္ကသိုလ်မှကျောင်းသားကျောင်းသူများကို နွေးထွေးစွာ ကြိုဆိုပါတယ်💓

2025- 2026 တက္ကသိုလ် ပညာသင်နှစ် အတွက်အမှတ် 1 တက္ကသိုလ်လေ့ကျင့်ရေးတပ် ဒဂုံတက္ကသိုလ်နယ်မြေ မှ ကျောင်းသား ကျောင်းသူများကို ...
16/12/2025

2025- 2026 တက္ကသိုလ် ပညာသင်နှစ် အတွက်
အမှတ် 1 တက္ကသိုလ်လေ့ကျင့်ရေးတပ် ဒဂုံတက္ကသိုလ်နယ်မြေ မှ
ကျောင်းသား ကျောင်းသူများကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်✨
ဝင်ရောက်လိုသည့် ကျောင်းသား ကျောင်းသူများအနေဖြင့်
တက်ရောက်နေသည့်မေဂျာမှ ဌာနမှူးများ သင်တန်းတက်ရောက်နေသောစီနီယာများထံတွင် နာမည်စာရင်းပေးနိုင်ကြောင်း အသိပေးလိုက်ရပါတယ်ရှင်✌️

(27.1.2025)နေ့ မနက်(၁၀)နာရီတွင် ဒဂုံတက္ကသိုလ်မှ utcတပ်ဖွဲ့ဝင်များအား စစ်ပစ္စည်း(၈)မျိုးကို ထုတ်ဝေပေးသွားခဲ့ပါသည်။Utcကိုစ...
28/01/2025

(27.1.2025)နေ့ မနက်(၁၀)နာရီတွင် ဒဂုံတက္ကသိုလ်မှ utcတပ်ဖွဲ့ဝင်များအား စစ်ပစ္စည်း(၈)မျိုးကို ထုတ်ဝေပေးသွားခဲ့ပါသည်။
Utcကိုစိတ်ပါဝင်စားစွာဖြင့်ဝင်ရောက်‌ခဲ့ပါသောညီငယ်၊ညီမငယ်များကိုအထူးလေးစားအပ်ပါသည်။

UTC -1 ဒဂုံတက္ကသိုလ်မှတပ်ဖွဲ့ဝင်အသစ်များအား (15.1.2025)ရက်နေ့ မနက် (9)နာရီတွင် ဆေးစစ်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကျသည်။ ...
16/01/2025

UTC -1
ဒဂုံတက္ကသိုလ်မှတပ်ဖွဲ့ဝင်အသစ်များအား (15.1.2025)ရက်နေ့ မနက် (9)နာရီတွင် ဆေးစစ်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကျသည်။

09/01/2025

သင်တန်းကို မကြာမီမှာ ပြုလုပ်သွားမှာဖြစ်ပါသည်။ထို့ကြောင့် သင်တန်းတက်ချင်သော ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဝင်ခွင့် formများကို မိမိသက်ဆိုင်ရာမေဂျာမှဌာနမှူးများ၊ မေဂျာမှစီနီယာများနှင့် messenger chat box (or) ဖုန်းနံပါတ်များသို့ဆက်သွယ်တောင်းဆိုနိုင်ပါသည်။

07/01/2025

တပ်ဖွဲ့ဝင်တစ်ဦးတွင်ရရှိလာမည့်အကျိုးကျေးဇူးများ
၁။ တက္ကသိုလ်ပညာတက်ရောက်ရင်း စစ်ပညာပါသင်ကြားခွင့်ရရှိသည့်အပြင်တပ်မတော်၏ ဓလေ့စရိုက်နှင့်သဘောသဘာဝများအားနားလည်စေခြင်း၊
၂။ လက်ရုံးတပ်ဖွဲ့များနှင့် ဒေသတွင်းအထိမ်းအမှတ်နေရာများသို့ လေ့လာရေးခရီးများ သွားရောက်သည့်အတွက် ဒေသန္တရဗဟုသုတနှင့် လက်ရုံးတပ်ဖွဲ့များ၏ ဗဟုသုတတိုးပွားစေခြင်း၊
၃။ တပ်စုအထိစစ်ပညာရပ်များအား လေ့ကျင့်သင်ကြားရသည့် အခွင့်အလမ်းရရှိခြင်း၊
၄။ အနာဂတ်တွင် လုပ်ငန်းနယ်ပယ်အသီးသီး၌ တိုင်းပြည်တာဝန်ထမ်းဆောင်ချိန်များတွင် တွေ့ကြုံရမည့်စိန်ခေါ်မှုအခက်ခဲများအား ဖြေရှင်းနိုင်ခြင်းနှင့် ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးများတိုးတက်စေခြင်း၊
၅။ မြန့်မာရိုးရာကိုယ်ခံပညာရပ်များဖြစ်သော အနီးကပ်တိုက်နည်းများအားသင်ကြားခွင့်ရရှိခြင်း၊
၆။ ပြည်သူ့စစ်အခြေခံသဘောတရားများ သိရှိနားလည်‌စေခြင်း၊
၇။ နိုင်ငံတော်ကာကွယ်ရေးအတွက် အရန်အင်အားစုတစ်ရပ်အဖြစ်အကျိုးပြုစေခြင်း၊
၈။ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာစုပေါင်းဆောင်ရွက်တက်စေခြင်း၊
၉။ အချိန်ကိုအကျိုးရှိစွာ စနစ်တကျစီမံခန့်ခွဲ အသုံးပြုတက်စေခြင်း၊
၁၀။ နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြုံလာ လျှင်နိုင်ငံသားတစ်ဦးအနေဖြင့် တစ်တောင့်တစ်နေရာမှတာဝန်ထမ်းဆောင်နိုင်ရန်အသင့်ဖြစ်‌စေခြင်း စသည့်အကျိူးများရရှိလာမှာဖြစ်ပါသည်။

06/01/2025

Utc တပ်ဖွဲ့ဝင်ဖြစ်လာပါက သာမာန်လေ့ကျင့်ရေးကာလအတွင်းခရီးမိုင်အလိုက် ခရီးစရိတ်များရရှိသည့်အပြင် စခန်းချလေ့ကျင့်ရေးကာလတွင်လည်း တပ်မတော်သားနည်းတူ အဆင့်လိုက် လစာနှင့်စရိတ်များကိုခံစားခွင့်ရရှိသွားမှာဖြစ်ပါသည်။

သင်တန်းကာလတွင် သာမာန်သင်တန်းချိန်နှင့် စခန်းထွက်လေ့ကျင့်ချိန် ဟူ၍နှစ်မျိုးရှိတယ်။
၁။ သာမာန်သင်တန်းချိန်- သင်တန်းစတင်မဖွင့်လှစ်မီချိန်တွင်စစ်ဝတ်ပစ္စည်း(၈)မျိုးကိုအခမဲ့ထုတ်ဝေပေးသွားမှာဖြစ်ပါသည်။ ၎င်းမှာ-(၁)လျှာထိုးဦးထုပ်၊ (၂)ဦးထုပ်တံဆိပ်ရွှေရောင်၊ (၃)အင်္ကျီ၊ (၄)ဘောင်းဘီရှည်၊ (၅)ခါပတ်၊ (၆)ခြေအိတ်၊ (၇)စစ်ဖိနပ်အမဲ၊ (၈)ကော်လံတံဆိပ်ရွှေရောင် တို့ဖြစ်သည်။
၂။ စခန်းထွက်လေ့ကျင့်ချိန်- မိုးရာသီစခန်းချလေ့ကျင့်ချိန်သင်တန်းစတင်မဖွင့်လှစ်မီ စစ်ဝတ်ပစ္စည်း(၂၅)မျိုးကိုအခမဲ့ထုတ်ဝေသွားမှာဖြစ်ပါသည်။ ၎င်းတို့မှာ (၁)အင်္ကျီ၊(၂)ဘောင်းဘီရှည်၊(၃)စွပ်ကျယ်၊ (၄)တောစီးဖိနပ်၊(၅)မြေခင်း၊(၆)စောင်ထူ၊ (၇)ချည်စောင်၊ (၈)ခြင်ထောင်၊ (၉)ဟန်ကော၊ (၁၀) ပခုံးသိုင်းကြိုး၊(၁၁)ကျည်အိတ်၊(၁၂)ဘေးလွယ်အိတ်၊(၁၃)ကျောပိုးအိတ်၊(၁၄)သတ္တုရေဘူး၊ (၁၅)ရေဘူးအိတ်၊(၁၆)ဇွန်း/ခရင်း၊ (၁၇)ခါးပတ်ကြီး၊ (၁၈)မျက်နှာသုတ်ပုဝါ၊(၁၉)ပုဝါအသေး၊(၂၀)ခြေအိတ်၊ (၂၁)သိုင်းကြိုး၊ (၂၂)ဟန်ကောထိန်း၊ (၂၃)ဦးထုပ်၊ (၂၄)ဦးထုပ်တံဆိပ်၊ (၂၅)ကော်လံတံဆိပ် တို့ဖြစ်သည်။

06/01/2025

ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေကျသော ညီငယ်၊ ညီမလေးများကို တက္ကသိုလ်လေ့ကျင့်ရေးတပ် (Utc)မှ နွေးထွေးစွာကြိုဆိုပါသည်။ ညီငယ်၊ညီမလေးငယ်များအနေဖြင့် (Utc)ကို စိတ်ပါဝင်စားပါက page messenger မှတစ်ဆင့် စုံးစမ်းမေးမြန်းနိုင်ပါသည်။

Send a message to learn more

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when UTC 1 Dagon University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share