For You - Korea Education

For You - Korea Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from For You - Korea Education, College & University, Hledan, Sanyeik Nyein (6) Street, No. 2 Ward, 66/68, 3rd floor, Insein Road, Kamayut, Yangon.

🇰🇷ကိုရီးယားကို ကျောင်းသွားတက်ဖို့
ပြင်ဆင်နေတဲ့ ယောရောဘွန်းတို့အတွက်
ပညာရေး၀န်ဆောင်မှုများကို
For You - Korea Education ကနေ
ဆောင်ရွက်ပေးနေပါတယ်💫

✨당신의 미래, 당신의 꿈, For You와 함께
나아가세요.✨

📢 ရုံးပိတ်ရက် ကြေညာခြင်းလေးစားအပ်ပါသော 𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ၏ ကျောင်းသား/သူများနှင့် Customer များခင်ဗျာ...၂၀၂၆ ခုနှစ...
26/03/2026

📢 ရုံးပိတ်ရက် ကြေညာခြင်း

လေးစားအပ်ပါသော 𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ၏ ကျောင်းသား/သူများနှင့် Customer များခင်ဗျာ...

၂၀၂၆ ခုနှစ်၊ မတ်လ (27) ရက်၊ သောကြာနေ့သည်
အစိုးရရုံးပိတ်ရက်(တပ်မတော်နေ့)
ဖြစ်ပါသဖြင့် For You Korea Education ရုံးအား ပိတ်ထားမည်ဖြစ်ပါသည်။

ရုံးပိတ်ရက်အတွင်း မေးမြန်းလိုသည်များရှိပါက Page Chat မှတစ်ဆင့် ဆက်သွယ်နိုင်ပြီး
ရုံးပြန်ဖွင့်သောနေ့တွင် အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ကျေးဇူးတင်ရှိပါသည် 🙏
𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

🇰🇷👉၂၀၂၆ ခုနှစ်၊ ၅ လပိုင်း နိုတြီ အွန်လိုင်းဘိုက‌င်လျှောက်ထားရန် ၄ လပိုင်း ဘိုကင်ယူရမည့် Date တွေ ထွက်လာပါပြီ ယောရောဘွန်း...
26/03/2026

🇰🇷👉၂၀၂၆ ခုနှစ်၊ ၅ လပိုင်း နိုတြီ အွန်လိုင်းဘိုက‌င်
လျှောက်ထားရန် ၄ လပိုင်း ဘိုကင်ယူရမည့် Date တွေ ထွက်လာပါပြီ ယောရောဘွန်း🍀

🇰🇷 ကိုရီးယားမှာ ပညာရေးအိပ်မက်ကို တကယ့်အဖြစ် ပြောင်းလဲချင်ရင် For You Korean Education Consultancy Center ကို ယုံကြည်စိတ်ချစွာ အခမဲ့ ဆွေးနွေးတိုင်ပင်ကာ ဆယ်သွယ်လိုက်တော့နော်။

✨သင့်အနာဂတ် သင့်အိမ်မက် For You နဲ့အတူ ရှေ့ဆက် 당신의 미래, 당신의 꿈, For You와 함께 나아가세요.✨

📍Contact Us.....

🗯️စုံစမ်းမေးမြန်းလိုပါက >>> Messenger ကို စာပို့ပြီး မေးမြန်းနိုင်သလို အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက်၍လဲ အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)

⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀

📞ရုံးဖုန်း ~ 09421680404(Viber), 09792062159

📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၄)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။










#ကိုရီးယားမှာကျောင်းတက်မယ်

🇰🇷ကိုရီးယားနိုင်ငံတွင် ကျောင်းသွားတက်လိုသူများအတွက် နောက်ထပ် သိထားသင့်သော အချက်အလက်များ (Part 2)ပထမပိုင်းမှာ အခြေခံအချက်...
24/03/2026

🇰🇷ကိုရီးယားနိုင်ငံတွင် ကျောင်းသွားတက်လိုသူများအတွက် နောက်ထပ် သိထားသင့်သော အချက်အလက်များ (Part 2)

ပထမပိုင်းမှာ အခြေခံအချက်များကို မျှဝေပေးခဲ့ပြီးသားဖြစ်ပါတယ်။ အခုတော့ ကိုရီးယားမှာ တကယ်သွားတက်မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ နောက်ထပ် အရေးကြီးတဲ့ အချက်လေးတွေကို ဆက်လက် မျှဝေပေးလိုက်ပါတယ် 👇

📌 7. နေထိုင်စရိတ်နှင့် အသုံးစရိတ်ကို ကြိုတင်တွက်ချက်ပါ
ကိုရီးယားမှာ Tuition Fee တင်မကဘဲ နေထိုင်စရိတ် (အိမ်ငှား၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး) တွေပါ ပါဝင်ပါတယ်။ မြို့အလိုက် စရိတ်ကွာခြားနိုင်တဲ့အတွက် Budget Plan တစ်ခု သေချာချမှတ်ထားဖို့ အရေးကြီးပါတယ်။

📌 8. Part-time Job အခြေအနေကို နားလည်ထားပါ
ကျောင်းတက်နေစဉ် Part-time လုပ်နိုင်ပေမယ့် Working Hours ကန့်သတ်ချက်တွေ ရှိပါတယ်။ Visa Rule မလိုက်နာဘဲ အလုပ်လုပ်ခြင်းက ပြဿနာကြီးတွေ ဖြစ်စေနိုင်ပါတယ်။

📌 9. Accommodation (နေရာထိုင်ခင်း) ကို ကြိုတင်စီစဉ်ပါ
Dormitory (ကျောင်းအိမ်)၊ Share House၊ One Room စတဲ့ နေရာထိုင်ခင်းအမျိုးမျိုး ရှိပါတယ်။ ကိုယ့် Budget နဲ့ Lifestyle ကိုက်ညီတဲ့နေရာကို ကြိုတင်ရှာထားတာက အရမ်းအရေးကြီးပါတယ်။

📌 10. Insurance (ကျန်းမာရေးအာမခံ) မဖြစ်မနေရှိရမယ်
ကိုရီးယားမှာ နေထိုင်တဲ့ နိုင်ငံတကာကျောင်းသားတွေ အတွက် Health Insurance မရှိမဖြစ်လိုအပ်ပါတယ်။ မရှိရင် ဆေးကုသစရိတ် အလွန်ကြီးနိုင်ပါတယ်။

📌 11. Cultural Differences ကို နားလည်ထားပါ
ကိုရီးယားမှာ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေးပုံစံတွေ မြန်မာနဲ့ မတူနိုင်ပါဘူး။ Respect, Time Management, Hierarchy စတဲ့အရာတွေကို နားလည်ထားခြင်းက အဆင်ပြေစေပါတယ်။

📌 12. Long-term Plan တစ်ခုထားပါ
Language Course ပြီးရင် University ဆက်တက်မလား၊ Job ရှာမလား ဆိုတာကို ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ အစီအစဉ်မရှိဘဲ သွားတာက နောက်ပိုင်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်။

✨ ကိုရီးယားကျောင်းသွားတက်ခြင်းဟာ အခွင့်အလမ်းကြီးတစ်ခု ဖြစ်ပေမယ့်
သေချာစီစဉ်ပြီးမှ သွားမယ်ဆိုရင် ပိုပြီးအောင်မြင်နိုင်ပါတယ်။

ကိုရီးယားသွားဖို အစီအစဉ်ရှိတဲ့ ယောရောဘွန်းတိုအတွက် ဒီ Knowledge လေးက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

ကိုရီးယားမှာ ကျောင်းတက်ဖို စနစ်တကျ ပြင်ဆင်ချင်သူတွေအတွက် “အချက်အလက် မှန်ကန်မှု” က အရေးကြီးဆုံးပါ။

📩 မိမိရဲ့ Profile နဲ့ လျှောက်ထားမည့် လမ်းကြောင်း ကိုက်ညီမယ့် ကျောင်းတွေကို သိချင်ရင်
𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို ယုံကြည်စိတ်ချစွာ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

✨သင့်အနာဂတ် သင့်အိမ်မက် For You နဲ့အတူ ရှေ့ဆက် 당신의 미래, 당신의 꿈, For You와 함께 나아가세요.✨

#ကိုရီးယားကို ကျောင်းသွားတက်မည့် ကျောင်းသား/သူတွေအတွက် Knowledge ဖြစ်အောင် သီးသန့်အချိန်ပေး ရေးထားထာမို့ ပြန်လည်တည်းဖြတ်ရေးသားခြင်းများ စာသားများကို ကူယူးဖော်ပြခြင်းများ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုရီးယားနိုင်ငံတွင် ကျောင်းသွားတက်လိုသူများအတွက် သိထားသင့်သော အချက်အလက်များ(Prat-1)

https://m.facebook.com/story.php?story_fbid=122163012818900439&id=61577013192431&mibextid=Nif5oz

📍Contact Us.....
🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)
⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀
📞ရုံးဖုန်း ~ 09421680404(Viber), 09792062159
📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၃)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။










#ကိုရီးယားမှာကျောင်းတက်မယ်

🇰🇷𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟔 (𝟏𝟐 လပိုင်း 𝐈𝐧𝐭𝐚𝐤𝐞) အတွက် ကြိုတင်အပ်နှံမှုများ စတင်လက်ခံနေပါပြီ📌ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ စဉ်းစားထ...
20/03/2026

🇰🇷𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟔 (𝟏𝟐 လပိုင်း 𝐈𝐧𝐭𝐚𝐤𝐞) အတွက် ကြိုတင်အပ်နှံမှုများ စတင်လက်ခံနေပါပြီ

📌ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ စဉ်းစားထားတဲ့သူတွေထဲမှာ “ဒီတစ်ခါတော့ မဖြစ်မနေ သွားမယ်” ဆိုတဲ့သူတွေရှိရင် ဒီ Post လေးကို မဖြစ်မနေ ဖတ်ကြည့်ပါနော် 👇✨

𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟔 (𝟏𝟐 လပိုင်း 𝐈𝐧𝐭𝐚𝐤𝐞) အတွက်
𝐃-𝟒-𝟏 (𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦) နဲ့
𝐃-𝟒-𝟕 (𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐫𝐚𝐜𝐤 / 𝐊𝐨𝐫𝐞𝐚𝐧 𝐓𝐫𝐚𝐜𝐤 𝐏𝐫𝐨𝐠𝐫𝐚𝐦)
တွေကို 𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှာ အခုကတည်းက ကြိုတင်အပ်နှံလို့ရနေပါပြီ ✔️

👉 တကယ်တော့ 𝐈𝐧𝐭𝐚𝐤𝐞 တစ်ခုကို အမှီလိုက်နိုင်ဖို့
ဆိုတာ “အချိန်မီ ပြင်ဆင်ထားမှု” က အရေးကြီးဆုံးဖြစ်ပါတယ်။ စာရွက်စာတမ်း📄၊ 𝐒𝐡𝐨𝐰 𝐌𝐨𝐧𝐞𝐲💰၊ 𝐕𝐢𝐬𝐚 𝐏𝐫𝐨𝐜𝐞𝐬𝐬 🛂 တွေကို နောက်မှလုပ်မယ်ဆိုရင် အချိန်မီမမှီနိုင်တဲ့ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ် ⚠️

ဒါကြောင့်—

✔️ ဘာစာရွက်စာတမ်းတွေ လိုအပ်လဲ 📑
✔️ 𝐒𝐡𝐨𝐰 𝐌𝐨𝐧𝐞𝐲 ကို ဘယ်လိုပြင်ဆင်ရမလဲ 💵
✔️ သံရုံးစည်းကမ်းတွေကို ဘယ်လိုလိုက်နာရမလဲ 📌 အချက်လက်တွေကို အစကနေ အဆုံးထိ သေချာ လမ်းညွှန်ပေးနိုင်ဖို့ 𝐀𝐠𝐞𝐧𝐜𝐲 နဲ့ ကြိုတင်အပ်နှံထားတာက အရေးကြီးပါတယ် 👍

ကိုရီးယားဗီဇာ လျှောက်ထားခြင်းလုပ်ငန်းစဉ်ဟာ
အချိန်ယူ ပြင်ဆင်ရတဲ့အပြင် တိကျသေချာဖို့
အလွန် အရေးကြီးပါတယ်။

📋ဘာကြောင့် ကြိုတင်ပြင်ဆင်သင့်တာလဲ?

မိမိတို့ မျှော်မှန်းထားတဲ့ 𝐈𝐧𝐭𝐚𝐤𝐞 မှာ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ လျှောက်ထားနိုင်ဖို့ဆိုရင် အချိန်ယူပြီး အားကောင်းကောင်းနဲ့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကြိုတင်အပ်နှံထားမှသာ လိုအပ်တဲ့စာရွက်စာ
တမ်းများ၊ 𝐒𝐡𝐨𝐰 𝐌𝐨𝐧𝐞𝐲 ပြင်ဆင်ပုံစံများနှင့် သံရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သေသေချာချာ စနစ်တကျ လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်။

📋ဝန်ဆောင်မှု အားသာချက်

ကျွန်တော်တို့ 𝐀𝐠𝐞𝐧𝐜𝐲 အနေနဲ့ ကျောင်းသားတစ်ဦးချင်းစီအပေါ် အပြည့်အဝ အာရုံစိုက်နိုင်စေဖို့အတွက် 𝐏𝐫𝐨𝐠𝐫𝐚𝐦 တစ်ခုချင်းစီအလိုက် လူဦးရေ ကန့်သတ်ပြီး လက်ခံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူဦးရေ အကန့်အသတ်မရှိ လက်ခံခြင်းမျိုး မဟုတ်ဘဲ ဝန်ဆောင်
မှုအရည်အသွေးကိုသာ ဦးစားပေးတာကြောင့် 𝐏𝐫𝐨𝐜𝐞𝐬𝐬 တစ်ခုချင်းစီကို တိကျသေချာစွာ ဆောင်ရွက်ပေးနိုင်မှာပါ။

📌“ဒီတစ်ခါတော့ Korea သွားမယ်” ဆိုပြီး
ရည်မှန်းထားပြီဆိုရင် နောက်မကျသွားခင် အခုကတည်းက စတင်ပြင်ဆင်လိုက်ပါ 🔥

📩 မိမိရဲ့ Profile နဲ့ လျှောက်ထားမည့် လမ်းကြောင်း ကိုက်ညီမယ့် ကျောင်းတွေကို သိချင်ရင်
𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို ယုံကြည်စိတ်ချစွာ
အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

✨သင့်အနာဂတ် သင့်အိမ်မက် For You နဲ့အတူ ရှေ့ဆက် 당신의 미래, 당신의 꿈, For You와 함께 나아가세요.✨

📍Contact Us.....
🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)
⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀
📞ရုံးဖုန်း ~ 09421680404(Viber), 09792062159
📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၃)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။










#ကိုရီးယားမှာကျောင်းတက်မယ်

20/03/2026

၅မိနစ်လောက်နဲ့ အထဲရောက်ပြီဆိုတော့ ဒီတခါ ကျိန်းသေပေါက်ရပြီ ထင်နေတာ .....

ဒါကြီးက ဘာကြီးတုန်းတွေ ဖြစ်ကုန်တယ် ... 🥴😅

ကြုံဖူးကြလား ...ဘာဖြစ်တာလဲ ပြောပြပေးကြပါအုံး ...
တကယ်ပဲ ဒါကြီးက ဘာကြီးတုန်း ...🙄

အံ့တွေလဲဩရပါတယ် Seal ဘိုကင်ရယ် ...🤌


🇰🇷ကိုရီးယားနိုင်ငံတွင် ကျောင်းသွားတက်လိုသူများအတွက် သိထားသင့်သော အချက်အလက်များ(Part-1)    ယနေ့ခေတ်မှာ ကိုရီးယားနိုင်ငံမှ...
18/03/2026

🇰🇷ကိုရီးယားနိုင်ငံတွင် ကျောင်းသွားတက်လိုသူများအတွက် သိထားသင့်သော အချက်အလက်များ(Part-1)

ယနေ့ခေတ်မှာ ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားသူများ ပိုများလာပါတယ်။ သို့သော် ကိုရီးယားကျောင်းသွားတက်ဖို့ စီစဉ်မယ်ဆိုရင် အချို့အချက်အလက်များကို ကြိုတင်သိထားခြင်းက အလွန်အရေးကြီးပါတယ်။ မသိဘဲ အလျင်အမြန်ဆုံးဖြတ်မိပါက အခက်အခဲများ ဖြစ်နိုင်တာကြောင့် အောက်ပါ အချက်များကို အထူးသတိထားဖို့လိုပါတယ်။

📌 1. သင့်အတွက် သင့်တော်သော Visa ကို ရွေးချယ်ပါ -

ကိုရီးယားမှာ ပညာသင်ကြားဖို့ Visa အမျိုးအစားများ ရှိပါတယ်။ Language Course တက်မည့်သူများ၊ College / University တက်မည့်သူများအတွက် Visa အမျိုးအစား မတူကြပါဘူး။ ကိုယ့်ရဲ့ ရည်ရွယ်ချက်နှင့် ကိုက်ညီသော Visa ကို ရွေးချယ်ခြင်းက အရေးကြီးပါတယ်။

📌 2. University / Language School ရွေးချယ်မှုကို သေချာစွာ စစ်ဆေးပါ -

ကိုရီးယားမှာ University များစွာရှိသော်လည်း ကျောင်းအရည်အသွေး၊ Visa အတည်ပြုရလွယ်ကူမှု၊ နိုင်ငံတကာကျောင်းသားများအတွက် စနစ်များက မတူညီနိုင်ပါဘူး။ ဒါကြောင့် Government အသိအမှတ်ပြုထားသော University များကို ရွေးချယ်ခြင်းက ပိုလုံခြုံပါတယ်။

📌 3. အမှန်တကယ်လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်ပါ -

Passport, Education Certificates, Bank Statement, Financial Proof စတဲ့ စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ထားဖို့လိုပါတယ်။ စာရွက်စာတမ်း မပြည့်စုံခြင်းက Visa လျှောက်ထားရာမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။

📌 4. ကိုရီးယားဘာသာစကားကို ကြိုတင်လေ့လာထားပါ -

ကိုရီးယားနိုင်ငံမှာ နေထိုင်ပြီး ပညာသင်ကြားရာတွင် ဘာသာစကားက အလွန်အရေးကြီးပါတယ်။ Language School တက်မယ့်သူများအတွက်လည်း အခြေခံ ကိုရီးယားစာကို ကြိုတင်လေ့လာထားခြင်းက နေထိုင်မှု၊ အလုပ်ရှာဖွေမှုများတွင် အထောက်အကူပြုနိုင်ပါတယ်။

📌 5. မမှန်ကန်သော သတင်းအချက်အလက်များကို သတိထားပါ -

Social Media မှာ ကိုရီးယားကျောင်းသွားခြင်းနှင့်ပတ်သက်ပြီး မမှန်ကန်သော သတင်းများ၊ အလွန်လွယ်ကူသလို ပြောဆိုကြော်ငြာမှုများလည်း တွေ့ရနိုင်ပါတယ်။ အဲ့ဒါကြောင့် အတည်ပြုနိုင်သော အရင်းအမြစ်များမှသာ အချက်အလက်များကို လေ့လာသင့်ပါတယ်။

📌 6. စည်းကမ်းများကို လိုက်နာပါ -

ကိုရီးယားနိုင်ငံမှာ ကျောင်းတက်နေစဉ် Attendance, Visa Rules, Part-time Work Rules စတဲ့ စည်းကမ်းများကို မလိုက်နာပါက ပြဿနာများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျောင်းနဲ့ သံရုံး စည်းကမ်းများကို သေချာနားလည်ထားဖို့ လိုပါတယ်။

✨ ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားခြင်းက သင့်အနာဂတ်အတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ပါတယ်။ သို့သော် မှန်ကန်သော အချက်အလက်များကို သိရှိပြီး စနစ်တကျ ပြင်ဆင်ခြင်းက အောင်မြင်မှုအတွက် အရေးကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။

ကိုရီးယားမှာ ပညာသင်ဖိုဆိုတာ လွယ်ကူတဲ့ လမ်းကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက် မှန်ကန်စွာ သိရှိပြီး စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ထားမယ်ဆိုရင်တော့ သင့်ရဲ့ အိပ်မက်တွေဟာ လက်တစ်ကမ်းမှာတင် ရှိနေမှာပါ။

ကိုရီးယားသွားဖို အစီအစဉ်ရှိတဲ့ ယောရောဘွန်းတိုအတွက် ဒီ Knowledge လေးက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

ကိုရီးယားမှာ ကျောင်းတက်ဖို စနစ်တကျ ပြင်ဆင်ချင်သူတွေအတွက် “အချက်အလက် မှန်ကန်မှု” က အရေးကြီးဆုံးပါ။

📩 မိမိရဲ့ Profile နဲ့ လျှောက်ထားမည့် လမ်းကြောင်း ကိုက်ညီမယ့် ကျောင်းတွေကို သိချင်ရင်
𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို ယုံကြည်စိတ်ချစွာ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

✨သင့်အနာဂတ် သင့်အိမ်မက် For You နဲ့အတူ ရှေ့ဆက် 당신의 미래, 당신의 꿈, For You와 함께 나아가세요.✨

#ကိုရီးယားကို ကျောင်းသွားတက်မည့် ကျောင်းသား/သူတွေအတွက် Knowledge ဖြစ်အောင် သီးသန့်အချိန်ပေး ရေးထားထာမို့ ပြန်လည်တည်းဖြတ်ရေးသားခြင်းများ စာသားများကို ကူယူးဖော်ပြခြင်းများ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📍Contact Us.....
🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)
⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀
📞ရုံးဖုန်း ~ 09421680404(Viber), 09792062159
📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၃)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။










#ကိုရီးယားမှာကျောင်းတက်မယ်

🇰🇷ကိုရီးယားကို ကျောင်းနဲ့သွားမည့်သူများအတွက် အခြေခံသိထားသင့်သော "Key Points" များ📌ကိုရီးယားနိုင်ငံမှာ ပညာသင်ယူဖို့ ပြင်ဆ...
15/03/2026

🇰🇷ကိုရီးယားကို ကျောင်းနဲ့သွားမည့်သူများအတွက် အခြေခံသိထားသင့်သော "Key Points" များ📌

ကိုရီးယားနိုင်ငံမှာ ပညာသင်ယူဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသား/ကျောင်းသူများအတွက် လျှောက်ထားခြင်းမပြုမီ မဖြစ်မနေ သိထားရမယ့် အခြေခံအချက် (၅) ချက်ကို 𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ Visa အမျိုးအစားကို မှန်ကန်စွာ ရွေးချယ်ခြင်း

ပထမဆုံးအနေနဲ့ ကိုယ်သွားမယ့် ရည်ရွယ်ချက်ကို သေချာခွဲခြားဖို့ လိုပါတယ်။
D-4 Visa: ကိုရီးယားဘာသာစကားသင်တန်း (Language Program) အတွက် သွားရောက်မည့်သူများ။

D-2 Visa: တက္ကသိုလ်ဘွဲ့ဒီဂရီ၊ မာစတာ (Master) နှင့် ဒေါက်တာဘွဲ့ (PhD) တို့အတွက် တိုက်ရိုက်သွားရောက်မည့်သူများ။

၂။ ECU နှင့် Non-ECU ကျောင်းများအကြောင်း သိထားခြင်း

ကိုရီးယားမှာ ကျောင်းရွေးချယ်တဲ့အခါ ကျောင်းအမျိုးအစားကို ကြည့်ဖို့ လိုပါတယ်။
ECU (Excellent Certified University): ကိုရီးယားအစိုးရ အသိအမှတ်ပြု ယုံကြည်စိတ်ချရတဲ့ ကျောင်းများဖြစ်ပြီး ဗီဇာလျှောက်ထားရာမှာ စာရွက်စာတမ်းစစ်ဆေးမှု ပိုမိုမြန်ဆန် ချောမွေ့တတ်ပါတယ်။

Non-ECU: ဤကျောင်းများအတွက်မူ စာရွက်စာတမ်းနှင့် နောက်ခံအခြေအနေများကို ပိုမိုအသေးစိတ် စစ်ဆေးခံရနိုင်ပါတယ်။

၃။ Financial Proof (ဘဏ်စာရင်း) ပြင်ဆင်ခြင်း

ကျောင်းသားဗီဇာအတွက် အရေးကြီးဆုံးက ငွေကြေးထောက်ပံ့မှု (Bank Balance) ဖြစ်ပါတယ်။
ပညာသင်စရိတ်နဲ့ နေထိုင်စရိတ်ကို တတ်နိုင်ကြောင်း သက်သေပြရတာဖြစ်လို့ ဘဏ်စာရင်းကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ အချိန်မီ မပြင်ဆင်ထားပါက လျှောက်ထားမှု ကြန့်ကြာသွားနိုင်ပါတယ်။

၄။ ကိုရီးယားဘာသာစကား (Korean Language)

အခြေခံဘာသာစကား သိထားခြင်းက မဖြစ်မနေ လိုအပ်ချက်မဟုတ်သော်လည်း-
Interview ဖြေဆိုရာတွင်လည်းကောင်း၊
ကိုရီးယားရောက်လျှင် နေထိုင်မှု အဆင်ပြေစေရန်လည်းကောင်း၊
ဘာသာစကားသင်တန်းပြီးနောက် ဒီဂရီ ဆက်တက်ရန်အတွက်လည်းကောင်း များစွာ အထောက်အကူပြုပါတယ်။

၅။ ကျောင်းသားဘဝနှင့် Part-time အလုပ်

ကိုရီးယားကျောင်းသားဘဝဟာ စည်းကမ်းအရမ်းကြီးပါတယ်။ အတန်းတက်မှန်ဖို့နဲ့ စာမေးပွဲတွေကို တာဝန်ယူမှုရှိရှိ ဖြေဆိုဖို့ လိုပါတယ်။
အခွင့်အလမ်း: ဥပဒေအရ သတ်မှတ်ထားတဲ့ အချိန်အတိုင်း Part-time အလုပ် လုပ်ကိုင်နိုင်ခွင့်ရှိပြီး နိုင်ငံတကာ ကျောင်းသားများနှင့်လည်း အတွေ့အကြုံသစ်များ ဖလှယ်နိုင်မှာဖြစ်ပါတယ်။

ကိုရီးယားမှာ ပညာသင်ဖို့ဆိုတာ လွယ်ကူတဲ့ လမ်းကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက် မှန်ကန်စွာ သိရှိပြီး စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ထားမယ်ဆိုရင်တော့ သင့်ရဲ့ အိပ်မက်တွေဟာ လက်တစ်ကမ်းမှာတင် ရှိနေမှာပါ။

ကိုရီးယားသွားဖို့ အစီအစဉ်ရှိတဲ့ ယောရောဘွန်းတို့အတွက် ဒီ Knowledge လေးက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

ကိုရီးယားမှာ ကျောင်းတက်ဖို စနစ်တကျ ပြင်ဆင်ချင်သူတွေအတွက် “အချက်အလက် မှန်ကန်မှု” က အရေးကြီးဆုံးပါ။

📩 မိမိရဲ့ Profile နဲ့ လျှောက်ထားမည့် လမ်းကြောင်း ကိုက်ညီမယ့် ကျောင်းတွေကို သိချင်ရင်
𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို ယုံကြည်စိတ်ချစွာ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

✨သင့်အနာဂတ် သင့်အိမ်မက် For You နဲ့အတူ ရှေ့ဆက် 당신의 미래, 당신의 꿈, For You와 함께 나아가세요.✨

📍Contact Us.....
🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)
⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀
📞ရုံးဖုန်း ~ 09421680404(Viber), 09792062159
📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၃)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။





#ကိုရီးယားမှာကျောင်းတက်မယ်

🇰🇷𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧🇰🇷𝑺𝒆𝒓𝒗𝒊𝒄𝒆𝒔 နှင့် 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒚 𝑰𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏 များကို အလွယ်တကူ သိရှိနိုင်ရန် သက်ဆိုင်ရာ link များကိုအ...
13/03/2026

🇰🇷𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧🇰🇷

𝑺𝒆𝒓𝒗𝒊𝒄𝒆𝒔 နှင့် 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒚 𝑰𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏 များကို အလွယ်တကူ သိရှိနိုင်ရန် သက်ဆိုင်ရာ link များကို
အောက်တွင် စုစည်းဖော်ပြပေးလိုက်ပါတယ်>>>

𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ ရရှိနိုင်သော Service များ

https://www.facebook.com/share/p/182xR7QLpm/

𝟐𝟎𝟐𝟔 𝐄𝐂𝐔 (𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲) 𝐋𝐢𝐬𝐭

https://www.facebook.com/share/p/17LxqiTeqe/

𝐊𝐨𝐫𝐞𝐚 ကို ကျောင်းသွားတက်မည့်သူတွေအတွက်
ဘာတွေပြင်ဆင်ထားရမလဲ?

https://www.facebook.com/share/p/1E9DicEdH1/

𝐃-𝟒 / 𝐃-𝟐 ဆိုတာဘာလဲ? ဘယ်လိုခွဲခြားမလဲ?

https://www.facebook.com/share/p/1Aj1ortQic/

𝐆𝐄𝐃, 𝐈𝐆𝐒𝐄, 𝐈𝐄𝐋𝐓𝐒 ဆိုတာ ဘယ်လိုအသုံးဝင်လဲ?

https://www.facebook.com/share/p/1AiDCrpLWQ/

𝐊𝐨𝐫𝐞𝐚 ကျောင်းသွားတက်ချင်သူတိုင်း သိထားသင့်တဲ့ အခြေအနေ အချက်အလက်များ

https://www.facebook.com/share/p/1AiDCrpLWQ/

❗️ဗီဇာလျှောက်တော့မယ်ဆိုရင် ဒါလေးတွေ အရင်ဖတ်ထားဦး! 사증 발급 거부통지서 (Refusal of Visa Application)

https://www.facebook.com/share/p/1D7oVjMGTP/

𝐊𝐨𝐫𝐞𝐚 ကျောင်းသွားမယ့်သူတွေကြားမှာ ရေပန်းစားနေတဲ့ 𝐄-𝐕𝐈𝐒𝐀 ဆိုတာ ဘာလဲ?

https://www.facebook.com/share/p/1YC1wLb7ph/

ကိုရီးယားကျောင်းသွားမယ့်သူတွေကြားမှာ လတ်တလော ရေပန်းစားလာနေတဲ့ 𝗠𝗲𝘁𝗿𝗼𝗽𝗼𝗹𝗶𝘁𝗮𝗻 𝗩𝗶𝘀𝗮 ဆိုတာကို သိပြီးပြီလား?

https://www.facebook.com/share/p/1C7tznvLvv/

𝐄𝐂𝐔 (𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲) ဆိုတာ ဘာလဲ?

https://www.facebook.com/share/p/17GCSKzzmf/

𝐂𝐡𝐮𝐧𝐠𝐧𝐚𝐦 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐂𝐍𝐔) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/v/1DLZMHtgsy/

𝐇𝐚𝐧𝐲𝐚𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐒𝐞𝐨𝐮𝐥 𝐂𝐚𝐦𝐩𝐮𝐬) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1G8yLDEAos/

𝐂𝐡𝐮𝐧𝐠-𝐀𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐂𝐀𝐔) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1C1euUxWwF/

𝐊𝐞𝐢𝐦𝐲𝐮𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1CFPd7Di1a/

𝐊𝐨𝐧𝐤𝐮𝐤 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/v/1BpJ3vZxUZ/

𝐏𝐮𝐤𝐲𝐨𝐧𝐠 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐏𝐊𝐍𝐔) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1GxVTvZqNA/

𝐊𝐲𝐮𝐧𝐠 𝐇𝐞𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/17zZP87Aon/

𝐏𝐮𝐬𝐚𝐧 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐏𝐍𝐔) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/18XnQLbmcJ/

𝐒𝐮𝐧𝐠𝐤𝐲𝐮𝐧𝐤𝐰𝐚𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐒𝐊𝐊𝐔) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/18BEtePRN6/

𝐊𝐨𝐫𝐞𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1N3zrp5HZM/

𝐒𝐞𝐣𝐨𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/19uSHgw24w/

𝐒𝐞𝐨𝐮𝐥 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐚𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 (𝐒𝐞𝐨𝐮𝐥 𝐓𝐞𝐜𝐡) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1AfB6QVVTu/

𝗦𝗲𝗼𝘂𝗹 𝗡𝗮𝗰𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1Chbe7yNHC/

𝗞𝘆𝘂𝗻𝗴𝗽𝗼𝗼𝗸 𝗡𝗮𝗰𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1aMz9A8oz5/

𝗔𝗷𝗼𝘂 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/19B1njxs1Z/

𝗚𝗮𝗰𝗵𝗼𝗻 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1ANmKwhJ5c/

𝗦𝘂𝗻𝗴𝘀𝗵𝗶𝗻 𝗪𝗼𝗺𝗲𝗻’𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1aMqbkrwqH/

𝗬𝗼𝗻𝘀𝗲𝗶 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1EV197dvpZ/

𝗦𝗲𝗺𝘆𝘂𝗻𝗴 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/17nxAca67m/

𝗛𝗮𝗻𝘆𝗮𝗻𝗴 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 (𝗘𝗿𝗶𝗰𝗮 𝗖𝗮𝗺𝗽𝘂𝘀) - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/17ykseFo2w/

𝗞𝗼𝗼𝗸𝗺𝗶𝗻 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1DBv11BPuc/

𝗦𝗼𝗼𝗸𝗺𝘆𝘂𝗻𝗴 𝗪𝗼𝗺𝗲𝗻’𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1CfCcFju1o/

𝗛𝗼𝗻𝗴𝗶𝗸 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1AZdESp3WU/

𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗦𝗲𝗼𝘂𝗹 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1LSAL9TUoq/

𝗦𝘂𝗻𝗺𝗼𝗼𝗻 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1DnGCNi79P/

𝗪𝗼𝗻𝗸𝘄𝗮𝗻𝗴 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1cozn46XEi/

𝗛𝗮𝗻𝘀𝘂𝗻𝗴 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1AtGCRDLZ7/

𝗦𝗵𝗶𝗻𝗵𝗮𝗻 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1BBAkxVDVP/

𝗖𝗵𝗲𝗼𝗻𝗴𝗷𝘂 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/174J5aWauz/

𝗠𝘆𝗼𝗻𝗴𝗷𝗶 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1BwxkSkDdx/

𝗜𝗚𝗦𝗘 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1C1bNwQz9N/

𝗦𝗮𝗻𝗴𝗺𝘆𝘂𝗻𝗴 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1GdUNdEoVm/

𝗕𝗮𝗲𝗸𝘀𝗲𝗼𝗸 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1B6XtjQuYt/

𝗚𝘆𝗲𝗼𝗻𝗴𝘀𝗮𝗻𝗴 𝗡𝗮𝗰𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/18NFXUfqDj/

𝗗𝗼𝗻𝗴𝗴𝘂𝗸 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/1CKTHZsLNs/

𝗘𝘄𝗵𝗮 𝗪𝗼𝗺𝗮𝗻𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

https://www.facebook.com/share/p/18Hv2LBXMp/

📍Contact Us.....
🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)
⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀
📞ရုံးဖုန်း ~ 09421680404, 09792062159
📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၃)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။




#2026



#ကိုရီးယားမှာကျောင်းတက်မယ်

🇰🇷Calling မကျလို့ စိတ်ညစ်နေရတဲ့ EPS ကျောင်းသားတွေထဲက ကျောင်းနဲ့ ပြောင်းပြီး Try ချင်သူတွေအတွက် သတင်းကောင်းလေးတစ်ခု ပေးချ...
07/03/2026

🇰🇷Calling မကျလို့ စိတ်ညစ်နေရတဲ့ EPS ကျောင်းသားတွေထဲက ကျောင်းနဲ့ ပြောင်းပြီး Try ချင်သူတွေအတွက် သတင်းကောင်းလေးတစ်ခု ပေးချင်လို့ပါ ...

အဓိကတော့ ဝန်ဆောင်မှုနဲ့ စာမေးပွဲအောင်ထားပြီး Calling အခြေအနေက မျှော်လင့်ချက်မရှိသလိုဖြစ်နေတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် EPS သင်တန်းဆရာ တစ်ယောက်အနေနဲ့ ကိုယ့်ဘက်က တတ်နိုင်တာလေး ဝင်ပြီး ကူညီပေးချင်လို့ စပြီး စီစဉ်‌ပေးဖြစ်ခဲ့တဲ့ Program လေးပါ ...

အရင်ကလဲ EPS ကျောင်းသားတွေအနေဖြင့် Calling အခြေအနေကြောင့် အဆင်မပြေလို့ ကျောင်းနဲ့ပဲ ပြောင်းပြီး Try မယ်ဆိုရင်လဲ ကျနော်တို့ အေဂျင်စီဘက်ကနေ ဝန်ဆောင်ခ $100 လျှော့ပေးမယ်ဆိုပြီး ကြော်ငြာပေးခဲ့ဖူးပါတယ် ...

အခုတော့ ကျနော်တို့ရဲ့ For You Korea အေဂျင်စီတစ်ခုထဲတင် မဟုတ်တော့ပဲ Review တွေကောင်းပြီး ကျောင်းသား/ကျောင်းသူတွေကြားမှာ နာမည်ကောင်းတွေ အများကြီးရထားတဲ့ တခြားသော နာမည်ကြီး အေဂျင်စီတွေကိုပါ ထည့်သွင်းတောင်းဆိုပေးထားပါတယ် ...

ကျောင်းလျှောက်တဲ့ Agency တွေအများကြီးထဲကမှ နီးစပ်ရာကျနော်နဲ့ ခင်မင်တဲ့ နာမည်ကြီး အေဂျင်စီတချို့ကို

ယခုလက်ရှိ စာမေးပွဲအောင်ထားပြီး Calling အခြေအနေကြောင့် လမ်းပျောက်နေတဲ့ ဝန်ဆောင်မှုကျောင်းသား‌တွေရဲ့ အခက်အခဲ‌တွေကို လိုက်လံတင်ပြဆွေးနွေးမှုတွေလုပ်ခဲ့ပြီး အတတ်နိုင်ဆုံး ကူညီပေးချင်လို့ သူတို့ကျောင်းလျှောက်တဲ့အခါမှာ ဈေးနှုန်းလျှော့ပေးဖို့ အကူအညီတောင်းခဲ့ပါတယ် ...

ဒီ Program အတွက် အေဂျင်စီ 9 ခုလောက်ထိကို ထည့်သွင်း တောင်းဆိုခဲ့ပေမယ့် အခက်အခဲတချို့ကြောင့် ပါဝင်နိုင်ခြင်းမရှိတဲ့ Agency တွေလဲရှိတာမို့ 6 ခုလောက်နဲ့ပဲ အကောင်အထည်ဖော် စီစဉ်ပေးလိုက်ပါတယ် ...

ဒီအထဲက အေဂျင်စီ ခုမှစလုပ်တဲ့ ကျနော်တို့ကလွဲရင် ကျန်တဲ့ အေဂျင်စီတွေ အကုန်လုံးဟာ နာမည်ကြီး အေဂျင်စီတွေဖြစ်ပြီး ကျောင်းလျှောက်တဲ့ အပိုင်းမှာ ကျောင်းသား/ ကျောင်းသူတွေကြားမှာ Reviews ကောင်းတွေ အများကြီးရထားကြတဲ့ အေဂျင်စီတွေချည်းပဲ သေချာစီစစ် ရွေးချယ်ပေးထားတာဖြစ်လို့ ကိုယ်ကြိုက်ရာ အေဂျင်စီကို စိတ်ချယုံကြည်စွာနဲ့ ရွေးချယ် အပ်နှံနိုင်ပါတယ်ခင်ဗျ ...

ဒီ Program လေးကိုတော့ ကျနော်တို့ For You Korea အေဂျင်စီဘက်ကနေ အကောင်အထည်ဖော်ပေးထားတာဖြစ်ပြီး ယခု Program သည် Calling အခြေအနေကြောင့် အဆင်မပြေဖြစ်နေသည့် EPS ကျောင်းသား/ကျောင်းသူတွေရဲ့ အခက်အခဲကို နားလည် ကိုယ်ချင်းစာတဲ့ စိတ်တခုထဲကြောင့် 100% စေတနာသက်သက်နဲ့ ကူညီပေးထားတာဖြစ်ပြီး ဒီအထဲကနေ ဘာအကျိုးအမြတ် ‌ငွေအပေးအယူတခုမှ မရှိကြောင်းလဲ စိတ်ရှင်းအောင်လို့ ကြိုတင်အသိပေးလိုက်ပါတယ် ...

အကူအညီတောင်းတာ တခုကလွဲပြီး တခြား ဘယ်လိုငွေအပေးအယူ ကိစ္စမှ မရှိပဲ ပါဝင်ကူညီပေးခဲ့တဲ့ ဒီအေဂျင်စီတွေ အကုန်လုံးကိုလဲ ကျောင်းသားတွေကိုယ်စား ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားပါရစေ ...

👉ယခု အစီစဉ်ကတော့ ...
16 ကြိမ်မြောက် EPS စာမေးပွဲ အောင်ထားပြီး အခုထိ Calling မကျသေးလို့ ကိုရီးယား အိမ်မက်ကို ကျောင်းနဲ့ ပြောင်းပြီး Try တော့မယ့် ကျောင်းသား/ကျောင်းသူတွေ အားလုံးအတွက် ယခု Post ထဲမှာ ပါဝင်တဲ့ အေဂျင်စီအားလုံးဟာ ဝန်ဆောင်ခ 300,000 ကျပ်တိတိကို လျှော့ပေးမှာဖြစ်ပါတယ် ...

𝐋𝐞𝐭’𝐬 𝐋𝐞𝐚𝐫𝐧 𝐊𝐨𝐫𝐞𝐚𝐧
https://www.facebook.com/share/1BskzNGShF/

𝐊𝐇𝐀𝐍 𝐄𝐃𝐔
https://www.facebook.com/share/1C21acQK3u/

𝐊𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫
https://www.facebook.com/share/1B83ZWL2xj/

𝐒𝐞𝐨𝐧𝐛𝐚𝐞 𝐂𝐥𝐚𝐬𝐬
https://www.facebook.com/share/172tKQJVZF/

𝐊𝐓𝐄𝐒
https://www.facebook.com/share/1AfpiWbPDr/

𝐅𝐨𝐫 𝐘𝐨𝐮 𝐊𝐨𝐫𝐞𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
https://www.facebook.com/share/178kgPz5s2/

ဒီနာမည်ကြီး အေဂျင်စီတွေရဲ့ Review တွေကိုလဲ ကိုယ်တိုင်ဝင်ရောက်လေ့လာကြည့်ပြီး မိမိနဲ့ အဆင်ပြေ အကိုက်ညီဆုံးဖြစ်မယ့် အေဂျင်စီကို ကိုယ့်ဘာသာ စိတ်တိုင်းကျ ရွေးချယ်နိုင်ဖို့
Page Link တွေကိုပါ အတူတကွ ဖော်ပြပေးထားပါတယ် ...

ဒီအစဉ်အတွက် လိုအပ်တဲ့ စည်းကမ်းချက်လေးတွေကိုပြောပြပေးပါမယ် ...

1. ၁၆ ကြိမ်မြောက် EPS စာမေးပွဲ အောင်မြင်ထားသူဖြစ်ရမယ်..
2. 10 တန်းအောင်မြင်ပြီးသူ ဖြစ်ရမယ် ...
3. ဟိုရောက်မှ အလုပ်နဲ့ G1 ပြောင်းမယ့်သူမဟုတ်ပဲ ကျောင်းတက်မယ့်သူပဲ ဖြစ်ရမယ် ...

ဒီအချက်လက်တွေနဲ့ ကိုက်ညီပြီး ကျောင်းနဲ့သွားမယ် စိတ်ကူးထားသူတွေက မိမိစိတ်ကြိုက် အေဂျင်စီကို ရွေးချယ်ထားပြီးပြီဆိုရင် လျှော့ဈေး 300,000 ကျပ်ရယူဖို့ ...

For You Korea Agency Page မှာသာလျှင် ...👇👇👇
EPS အောင်ထားပြီး Calling စောင့်နေသူဖြစ်ကြောင်း
အမည် ...
ဖုန်းနံပါတ် ...
Passport No ... နဲ့အတူ အတည်ပြုစစ်ဆေးဖို့အချက်အလက်တွေ ပို့ပြီးပြီဆိုတာနဲ့ လျှော့ဈေး 300,000 ကျပ် ရနိုင်မယ့် Discount ကူပွန် Code ကို ထုတ်ယူနိုင်မှာဖြစ်ပါတယ် ...

Discount ပေးထားတဲ့ ဒီအစီအစဉ်‌လေးကိုတော့
ယခု Post တင်တဲ့ 3လပိုင်း 7 ရက်နေ့မှစပြီး 4လပိုင်း 30 ရက်နေ့အထိ 2လခန့် ရယူနိုင်မှာဖြစ်လို့ အချိန်မီလေး ရနိုင်ကြပါစေ ...

စည်းကမ်းချက်ထဲမှာ Post လေးကို Share ပေးဖို့တွေအထိ မလိုအပ်ဘူးဆိုပေမယ့်လဲ EPS ထဲက လမ်းပျောက်နေတဲ့ ဘဝတူ သူငယ်ချင်း မိတ်ဆွေတွေအတွက် တစ်စုံတစ်ခု အထောက်အကူရအောင် အချင်းချင်း ကူညီ Share ပေးသွားကြဖို့လဲ တောင်းဆိုပါတယ်ဗျာ ... 😍




#2026




#ကိုရီးယားမှာကျောင်းတက်မယ်

🇰🇷👉၂၀၂၆ ခုနှစ်၊ ၄ လပိုင်း နိုတြီ အွန်လိုင်းဘိုက‌င်လျှောက်ထားရန် ၃ လပိုင်း ဘိုကင်ယူရမည့် Date တွေ ထွက်လာပါပြီ ယောရောဘွန်း...
03/03/2026

🇰🇷👉၂၀၂၆ ခုနှစ်၊ ၄ လပိုင်း နိုတြီ အွန်လိုင်းဘိုက‌င်
လျှောက်ထားရန် ၃ လပိုင်း ဘိုကင်ယူရမည့် Date တွေ ထွက်လာပါပြီ ယောရောဘွန်း🍀

🇰🇷 ကိုရီးယားမှာ ပညာရေးအိပ်မက်ကို တကယ့်အဖြစ် ပြောင်းလဲချင်ရင် For You Korean Education Consultancy Center ကို ယုံကြည်စိတ်ချစွာ အခမဲ့ ဆွေးနွေးတိုင်ပင်ကာ ဆယ်သွယ်လိုက်တော့နော်။

✨သင့်အနာဂတ် သင့်အိမ်မက် For You နဲ့အတူ ရှေ့ဆက် 당신의 미래, 당신의 꿈, For You와 함께 나아가세요.✨

📍Contact Us.....

🗯️စုံစမ်းမေးမြန်းလိုပါက >>> Messenger ကို စာပို့ပြီး မေးမြန်းနိုင်သလို အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက်၍လဲ အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)

⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀

📞ရုံးဖုန်း ~ 09421680404(Viber), 09792062159

📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၄)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။










#ကိုရီးယားမှာကျောင်းတက်မယ်

🇰🇷 TOPIK 쓰기 အောင်မြင်ဖို့ လိုအပ်တာ တစ်ခု!쓰기 - အတွက် လေ့ကျင့်ဖို့ သီးသန့် ••••   TOPIK စာမေးပွဲမှာ ✨쓰기 (Writing)✨ ကို ကော...
03/03/2026

🇰🇷 TOPIK 쓰기 အောင်မြင်ဖို့ လိုအပ်တာ တစ်ခု!
쓰기 - အတွက် လေ့ကျင့်ဖို့ သီးသန့် ••••

TOPIK စာမေးပွဲမှာ ✨쓰기 (Writing)✨ ကို ကောင်းကောင်းပြင်ဆင်ချင်သူတွေအတွက် မဖြစ်မနေလိုအပ်တဲ့ 원고지 စာအုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။

စာမေးပွဲနီးလာပြီဆိုတာနဲ့…
👉 “쓰기 ကို ဘယ်လိုလေ့ကျင့်ရမလဲ?” ဆိုပြီး စိတ်ပူနေသူတွေ များနေမယ်လို့ ထင်ပါတယ်။

အဲဒီအချိန်မှာ ✨원고지 စာအုပ်✨က သင်တို့ရဲ့ အိမ်မက်တွက် အကောင်းဆုံး အထောက်အကူပါ!

TOPIK 쓰기 အောင်မြင်ဖို့ တကယ့်အထောက်အကူ ဖြစ်စေမယ့် စာအုပ်လေးပါ။

✔ TOPIK စာမေးပွဲ ပုံစံအတိုင်း လေ့ကျင့်လို့ရမယ်။

✔ စာရေးတဲ့ အချိန် စာလုံးပေါင်းမမှားဖို့ ကူညီပေးမယ်၊ စာလုံးပေါင်း၊ အကြောင်းအရာ ချိန်ညှိတာ လွယ်ကူမယ်။

✔စာလုံးအရေအတွက်ကို အမှန်အတိုင်း တွက်နိုင်မယ်။

✔TOPIK 쓰기 စာမေးပွဲ ပုံစံအတိုင်း (칸) သုံးပြီး လေ့ကျင့်နိုင်မယ်။

✔စဉ်ဆက်မပြတ် လေ့ကျင့်မှတ်စုတင်မယ့်သူများအတွက် အသုံးချရလွယ်ကူစေမယ်။

👉51, 52, 53 쓰기 နံပါတ် တွေတွက်လည်း အသေးစိပ် လေ့ကျင့်နိုင်ပြီး၊ 54 쓰기 နံပါတ်တွက်လည်း စာမေးပွဲပုံစံအတိုင်း စာလုံးရေ(700)ထိ လေ့ကျင့်နိုင်ပါတယ်။

✅ စာအုပ်ရဲ့ အစမှာ 원고지 ရေးသားတဲ့အခါ သိထားရမယ့် အခြေခံစည်းမျဉ်းထဲက အကြောင်းအရာတချို့ကို Note ဖြင့် သေချာ ထည့်သွင်းဖော်ပြပေးထားပါတယ် ...
( လူသုံးများပြီး အရေးပါတဲ့ Tip အချို့သာဖြစ်ပြီး အပြည့်အစုံအသေးစိတ် လမ်းညွှန်ချက်တော့မဟုတ်ပါ )
ကျောင်းသား/ကျောင်းသူတွေ အတွက် တကယ့်အချိန်မှီ အဆင်သင့် စာအုပ်လေးဖြစ်ပြီး 💰ဈေးနှုန်းလည်း သက်သာပြီး 쓰기 တွက် ၀ယ်ယူလေ့ကျင့်လို့ရမယ့် စာအုပ်လေးလည်း ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ 10000 ကျပ်ဖြင့်
ရောင်းချပေးနေတာမို့ စာအုပ်တွေမကုန်ခင်
အမြန်ဆုံး လာရောက်၀ယ်ယူလိုက်တော့နော်။

📞ဆက်သွယ်၀ယ်ယူနိုင်ရန် Messenger မှာဖြစ်စေ၊
09 - 7920 621 59 (Telegram)တို့ကနေ
ဆက်သွယ်မှာယူနိုင်ပါတယ်•••••

📍Contact Us.....
🏢ရုံးဖွင့်ရက် ~ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ
(တနင်္လာနေ့ ရုံးပိတ်ပါသည်)

⏰ရုံးဖွင့်ချိန် ~ မနက် ၉:၀၀ မှ ညနေ ၅:၀၀

📌လိပ်စာ ~ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်းထိပ်၊ (၃)လွှာ၊ အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။








#ကိုရီးယားမှာကျောင်းတက်မယ်

#원고지



🇰🇷ကိုရီးယားဘာသာစကားသင်တန်း (D-4) နှင့် ပညာတော်သင် (D-2) အတွက် ဗီဇာအတည်ပြုချက် နံပါတ်ဖြင့် ဗီဇာလျှောက်ထားမှုအတွက်  ထပ်တို...
26/02/2026

🇰🇷ကိုရီးယားဘာသာစကားသင်တန်း (D-4) နှင့် ပညာတော်သင် (D-2) အတွက် ဗီဇာအတည်ပြုချက် နံပါတ်ဖြင့် ဗီဇာလျှောက်ထားမှုအတွက် ထပ်တိုး လက်ခံကြောင်း ကြေညာခြင်း








#ကိုရီးယားမှာကျောင်းတက်မယ်

Address

Hledan, Sanyeik Nyein (6) Street, No. 2 Ward, 66/68, 3rd Floor, Insein Road, Kamayut
Yangon

Website

Alerts

Be the first to know and let us send you an email when For You - Korea Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share