AIO Academy

AIO Academy ‘’Unlock the door to your future with AIO’’

AIO University ရဲ့ သီတင်းကျွတ်အထူး ပရိုမိုးရှင်းကြီးAIO University ရဲ့ Main Course ဖြစ်တဲ့Alll In One Course ကြီးကို တက်...
21/09/2025

AIO University ရဲ့ သီတင်းကျွတ်အထူး ပရိုမိုးရှင်းကြီး

AIO University ရဲ့ Main Course ဖြစ်တဲ့Alll In One Course ကြီးကို တက်ရောက်ချင်ပေမယ့် သက်တန်းကြေး များနေလို့ စဉ်းစားနေရတဲ့ မိတ်ဆွေတို့အတွက် အထူးအခွင့်ရေးအနေနဲ့ သီတင်းကျွတ်ပရိုမိုးရှင်းကို (၅)ရက်တိတိပေးသွားပါမယ်။

Basic to Advance Editing Main Course ရဲ့ မူရင်းစျေး (၁) သိန်း (၈) သောင်းကျပ်ကို
(၈) သောင်းကျပ်တိတိ Discount ပေးသွားမှာဖြစ်လို့ (၁)သိန်းကျပ်ဖြင့် အပ်နှံခွင့်ရရှိမှာဖြစ်ပါတယ်။ 50% နီးပါ Budget save ဖြစ်နိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပြီး သင်တန်းကလဲ Life Time class မို့ Editing မှာ Pro ကျချင်တဲ့ မိတ်ဆွေတို့အတွက် နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးတစ်ခုပဲနော်။

(1.10.2025) က‌နေ (6.10.2025) သီတင်းကျွတ်လပြည့်နေ့အထိ All In One Course ကြီးကို (တစ်သိန်း) တိတိဖြင့် အပ်နှံခွင့်ရရှိမှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်း ဈေးနှုန်း ၁သိန်းကျပ်နဲ့ (၅)ရက်သာ လက်ခံမှာ ဖြစ်တာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ မမေ့နဲ့နော်။

သင်တန်းအပ်နှံဖို့အတွက် AIO University ရဲ့ page မှာစာရင်းပေးသွင်းနိုင်သလို 09773586262သို့လဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Career တစ်ခုကို ဘယ်လိုရွေးချယ်ရမလဲ?ကလေးဘဝတုန်းက "ကြီးလာရင် ဘာဖြစ်ချင်လဲ" ဆိုတဲ့ မေးခွန်းကို လူတိုင်း မေးခံခဲ့ရဖူးမယ်ထင်တ...
20/09/2025

Career တစ်ခုကို ဘယ်လိုရွေးချယ်ရမလဲ?

ကလေးဘဝတုန်းက "ကြီးလာရင် ဘာဖြစ်ချင်လဲ" ဆိုတဲ့ မေးခွန်းကို လူတိုင်း မေးခံခဲ့ရဖူးမယ်ထင်တယ်။ အဲ့တုန်းကတော့ ဆရာဝန်၊ ရှေ့နေ၊ စွမ်းအားရှင်၊ စီးပွားရေး လုပ်ငန်းရှင် စသဖြင့် စိတ်ထဲရှိတဲ့အတိုင်း ကိုယ်ဖြစ်ချင်တာကို လွယ်လွယ်ကူကူဖြေခဲ့ကြလိမ့်မယ်။

ဒါပေမယ့် တကယ်တမ်း အရွယ်ရောက်လာတဲ့အခါ ဆယ်တန်းအောင်ပြီး တက္ကသိုလ်စရွေးရတဲ့အခါ၊ ဘွဲ့ရပြီ လုပ်ငန်းခွင် စဝင်ရတဲ့အခါ ကျွန်တော်တို့အားလုံး ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးရတယ်။ အိပ်မက်ဆိုတာ ဝေးသထက် ဝေးလာတယ်။ နေ့စဉ် နေ့တိုင်း တာဝန်တွေနဲ့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာကြတယ်။

ဒီနေ့တော့ Career တစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မယ့် အဆင့် (၇)ဆင့်ကို ပြောပြပေးသွားပါမယ်။

အဆင့်(၁)
ကိုယ်ရဲ့ ဝါသနာကို သိအောင်လုပ်ပါ
ငယ်စဉ်တုန်းက ပုံဆွဲတာ၊ သီးချင်ဆိုတာ၊ ခရီးသွားရတာ ဝါသနာပါတယ်လို့ ကိုယ့်ကိုယ်ကိုသိထားပေမယ့် တကယ်တမ်း ပုံလဲမဆွဲဖြစ်သလို သီးချင်လဲ မဆိုဖြစ်ဘူး၊ ခရီးသွားဖို့လဲ အချိန်ရှိမနေဘူး။ ဒီလို အဖြစ်မခံပါနဲ့ သေချာပေါက် ကိုယ်ဝါသနာပါတာတွေ ချရေးလိုက်ပါ။

အဆင့်(၂)
ကိုယ်က ဘယ်နေရာမှာ တော်တာလဲ?
ဖြစ်ဖူးကြလား၊ တခြားသူတွေအတွက် ခက်ခဲနေပေမယ့် ကိုယ်က လွယ်လွယ်လေး လုပ်နိုင်တဲ့ အခိုက်တန့်မျိုးလေ၊ ဥပမာ အတန်းထဲမှာ ဆရာတွက်ခိုင်းတဲ့ သင်္ချာပုစ္ဆာရဲ့ အဖြေကို ကိုယ်က ပထမဆုံး ရသွားတာမျိုး။ ဒီလိုပဲ လူတိုင်းမှာ သူမတူတဲ့ ထူးခြားတဲ့ စွမ်းရည်ဆိုတာ ရှိတယ်။ ကိုယ်က ဘာသာစကားတွေ လေ့လာရင် သူများထက် အတတ်မြန်တာကစ ဟင်းချက်ကောင်းတာတွေအဆုံး ကိုယ်တော်တဲ့အရာတွေကို ချရေးပါ။

အဆင့်(၃)
လုပ်ဖို့အတွက် ကိုယ်မကြောက်တဲ့အရာက ဘာလဲ?
ကိုယ်က ပုံဆွဲမတော်တဲ့သူတစ်ယောက် ဒါပေမယ့် Design ကိုတော့ ဖန်တီးရတာ စိတ်ဝင်စားတာ၊ ဆွဲနိုင်တာ။ ကျောင်းစာ အားနည်းချက်ရှိပေမယ့် စာရေးရတာ စိတ်ဝင်စားတာ Content ရေးရတာ ပျော်တာ၊ အာရုံမစိုက်နိုင်တဲ့ သူတစ်ယောက် ဒါပေမယ့် Video Editing ရတာကို သဘောကျတာ၊ စကားနည်းတဲ့သူတစ်ယောက် ဒါပေမယ့် မျှဝေရတာကို ကြိုက်တာ၊ အဲ့လိုပုံစံမျိုး ကိုယ်မှာ အားနည်းချက်ရှိနေရင်တောင် ရအောင် လုပ်ဖို့ မကြောက်တာက ဘာလဲဆိုတာ ချရေးပါ။

အဆင့်(၄)
ဆုံးဖြတ်ပါ
ကိုယ့်ဝါသနာ၊ ကိုယ်တော်တဲ့အရာ၊ ကိုယ်လုပ်ရတာ ပျော်တဲ့အရာ ဒါတွေကို သိသွားပြီဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို ဆုံးဖြတ်လို့ရပါပြီ။ ကိုယ်နဲ့ သင့်တော်တဲ့ Career တွေကို ချရေးလို့ရပါပြီ။

အဆင့်(၅)
ကျွမ်းကျင်သူတွေနဲ့ စကားပြောပါ
ကိုယ်ရွေးချယ်ထားတဲ့ Career နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေနဲ့ စကားပြောပါ။ လေ့လာသင့်တာတွေ၊ သိထားရမှာတွေ၊ ကိုယ်လုပ်ဆောင်ရမှာတွေကအစ ကိုယ်ဒီcareerကနေ ဘာပြန်ရမှာလဲ ဒါတွေကို လေ့လာပါ။

အဆင့်(၆)
ကိုက်ညီမှုကို တွက်ချက်ပါ
ကိုယ်ရွေးချယ်ထားတဲ့ Career နဲ့ပတ်သက်ပြီး ရနိုင်တဲ့ အခွင့်အလမ်း၊ ဝင်ငွေက ကိုယ်လိုချင်တာနဲ့ ဘယ်လောက်ထိ ကိုက်ညီမှုရှိတယ်၊ ကိုယ်ဖြစ်ချင်တာနဲ့ ဘယ်လောက်ထိ ထပ်တူကျတယ်ဆိုတာကို ပြန်လည်ဆန်းစစ်ပါ။

အဆင့်(၇)
တန်ဖိုး
ကိုယ်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးပေးနိုင်တယ်၊ ကိုယ်ဝါသနာပါတဲ့အရာဖြစ်တယ်၊ ကိုယ်တော်တဲ့အရာ၊ ကိုယ်လုပ်နေရရင် ပျော်တဲ့အရာ၊ ကိုယ်လိုချင်တဲ့ ဘဝ နေထိုင်မှုပုံစံမျိုးနဲ့ ထပ်တူကျတဲ့အရာဖြစ်မယ်ဆိုရင် ဒီ Career က ကိုယ်နဲ့ ကိုက်ညီတဲ့ Career ပါပဲ။ ကိုက်ညီတဲ့ (%)တော့ရှိတာပေါ့။

ဒါက အလုပ်တစ်ခုကို သူများလုပ်တာ ဝင်ငွေအများကြီးရလို့ လိုက်လုပ်တာ၊ ခေတ်စားနေလို့ လိုက်လုပ်တာ၊ လုပ်စရာမရှိလို့၊ ဘာလုပ်ရမယ်မှန်းမသိလို့ ဆိုပြီ ဖြစ်နေကြတဲ့ လူငယ်လေးတွေအတွက်ပါ။ AIO University မှာတော့ Online Career အတွက် လိုအပ်တဲ့ Skill တွေကို အခြေခံကစပြီး သင်ကြားပေး‌နေပါတယ်။

ကိုယ်ရဲ့ အလုပ်က Full time job ဖြစ်နေတယ်ဆိုရင်တောင် တစ်နေ့ကို (၂)နာရီ၊ (၁)လလောက် ကိုယ့်အတွက် အချိန်ပေးရုံနဲ့ Online Career ကို စတင်နိုင်ပါတယ်။

14/09/2025

မြန်မာနိုင်ငံမှာတစ်ခုတည်းရှိတဲ့ Digital Skill Library 📚

ဘာသာရပ် (၁၂) မျိုးကိုတစ်သက်တာလေ့လာသင်ယူနိုင်မယ့် အခွင့်အရေး 🏆

Address

Yangon

Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when AIO Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share