Pinnya Hall - University of Yangon

Pinnya Hall - University of Yangon ရန်ကုန်တက္ကသိုလ် ပင်းယဆောင်
၁၉၂၈ တွင?

09/10/2025

အဆောင်သူအလွမ်းပြေ.....🎶
၂၀၁၄-၁၅ ခုနှစ် ရန်ကုန်တက္ကသိုလ် နှစ်သစ်ကူး မိတ်ဆုံစားပွဲအမှတ်တရပုံရိပ်များ 🎥

7 July, 1962ဆဲဗင်းဂျူလိုင်(ဆဲဗင်းဂျူလိုင်၅၉)နှစ်ပြည့်ပင်းယဆောင်နေကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
07/07/2021

7 July, 1962

ဆဲဗင်းဂျူလိုင်(ဆဲဗင်းဂျူလိုင်၅၉)နှစ်ပြည့်
ပင်းယဆောင်နေကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

ပင်းယဆောင်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
14/03/2021

ပင်းယဆောင်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်



ရန်ကုန်တက္ကသိုလ်၊ ပင်းယအဆောင်နေ ဘာသာရပ်အသီးသီးရှိကျောင်းသားညီအစ်ကိုများ၏ သဘောထားထုတ်ပြန်ချက်
03/02/2021

ရန်ကုန်တက္ကသိုလ်၊ ပင်းယအဆောင်နေ ဘာသာရပ်အသီးသီးရှိကျောင်းသားညီအစ်ကိုများ၏ သဘောထားထုတ်ပြန်ချက်

"ပင်းယနှင်အင်းလျားမောင်နှမဆောင်သီချင်း''"ဒီလိုညလေး ကောင်းမြတ်တဲ့အချိန်.....အတူဆုံစည်းခဲ့ကြ....တို့အပေါင်းသင်းတွေရယ်....သ...
01/12/2020

"ပင်းယနှင်အင်းလျားမောင်နှမဆောင်သီချင်း''

"ဒီလိုညလေး ကောင်းမြတ်တဲ့အချိန်.....အတူဆုံစည်းခဲ့ကြ....တို့အပေါင်းသင်းတွေရယ်....သံယောဇဥ်တွေခိုင်မြဲခဲ့..... ထာဝရလတ်ဆတ်နေဆဲ...ကံ့ကော်မြေ''

ဒီသီချင်းလေးက၂၀၁၃ ခုနှစ်နောက်ပိုင်း ပင်းယဆောင်နဲ့ အင်းလျားဆောင်က ကျောင်းသား၊ကျောင်းသူတွေတော့ ကြားဖူးလေ့ရှိကြပါတယ်။ ကျွန်တော်တို့ ပင်းယနဲ့ အင်းလျား မောင်နှမဆောင် မိတ်ဆုံညစာစားပွဲ (Hall Dinner) တွေမှာ ဆိုလေ့ရှိကြပါတယ်။

#သီချင်းလေးရဲ့ရာဇဝင်

ဒီသီချင်းလေးကို ၂၀၁၅ ခုနှစ် ပင်းယနဲ့ အင်းလျား မောင်နှမဆောင် မိတ်ဆုံညစာစားပွဲမှာ စတင်သီဆိုခဲ့ကြတာပါ။ အင်းလျားဆောင် အဆောင်မှူး တီချယ်ကြီးက ညစာစားပွဲမှာဆိုဖို့ Theme Song လိုချင်လို့ ပင်းယဆောင်က ကျောင်းသားတွေကို အကူအညီတောင်းပါတယ်။ ထိုကိစ္စကို ကျွန်တော်တို့ရဲ့ စီနီယာ ကိုအောင်ချစ်မိုး ( First Batch, Geology )က သယ်ဆောင်လက်ဆင့်ကမ်းရင်း ကိုကောင်းမင်းခန့် (Geology)ဆီရောက်လာခဲ့ပါတယ်။ အဲ့ဒါနဲ့ ကိုကောင်းမင်းခန့်က ဒီသီချင်း​လေးကို ရေးဖြစ်ခဲ့ပြီး ကျန်တဲ့ အဆောင်နေ ဘူမိကျောင်းသားတွေက ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။

အဲ့ဒီ့အချိန်က ပင်းယဆောင် အဆောင်မှူးက ဆရာကြီး ဒေါက်တာအောင်မင်းနိုင် (ကထိက၊ မြန်မာစာဌာန) ဖြစ်ပါတယ်။ ကိုကောင်းမင်းခန့်က ဆရာကြီးကို ဒိသီချင်းလေး ဂစ်တာနဲ့တီးပြီးဆိုပြတော့ ဆရာကြီးလည်း သဘောကျသွားပြီး ဆိုခွင့်ပေးခဲ့ပါတယ်။

#တေးရေးသူ

ဒီသီချင်းလေးရဲ့ပိုင်ရှင်ကတော့ ကိုကောင်းမင်းခန့်ဖြစ်ပါတယ်။ အဆောင်သားတွေကတော့ ကို့ခန့်လေး လို့ချစ်စနိုးနဲ့ အတိုကောက်ခေါ်ကြတယ်။

ကိုကောင်းမင်းခန့်က၂၀၁၃ ခုနှစ်မှာ ဘူမိဗေဒ ဂုဏ်ထူးတန်းဘွဲ့ကို ပြည်တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ၂၀၁၄ မှာမြန်မာ့ရေနံမှာ အလုပ်လုပ်ခဲ့ပြီး
၂၀၁၅ မှာ ဘူမိ​ဗေဒ မဟာတန်းကို မြေအောက်ရေဆိုင်ရာဘူမိရူပဗေဒ ဘာသာရပ် အထူးပြု၍
ရန်ကုန်တက္ကသိုလ်မှာတက်ခဲ့ပါတယ်။ ၂၀၁၇ မှာ မဟာဘွဲ့ရရှိခဲ့ပြီး ၂၀၁၈မှာ မဟာသုတေသနပညာသင်တန်းပြီးခဲ့ပါတယ်။

လက်ရှိမှာတော့ အကိုကြီးက StrataLog ဆိုတဲ့ Data Loggingလုပ်ငန်းမှာ Chief Geologistအနေနဲ့ တာဝန်ယူလုပ်ကိုင်နေပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝကို ပင်းယဆောင်မှာနေထိုင်ခဲ့ပြီး တက်လှမ်းခဲ့ပါတယ်။ သူက ဂစ်တာတီးအလွန်ကောင်းသလို စီနီယာ၊ ဂျူနီယာ အပေါ်အလွန်သဘောပြည့်ခဲ့တဲ့ အကိုကြီးပါ။ အမှတ်တရတွေက များလွန်းလို့ ရေးပြရင် ကုန်မှာ မဟုတ်ပါဘူး။

မှတ်မှတ်ရရပြောရရင်ဖြင့် ပင်းယဆောင် ထမင်းစားခန်းမှာ မီးဖိုဆောင်ကိုသွားတဲ့ ပထမတံခါးမှာ သူ့လက်ရာတွေ တွေ့နိုင်ပါသေးတယ်။ ပင်းယ​ဆောင်ဝါဆိုသင်္ကန်းကပ်ပွဲအတွက် ညပိုင်းချက်ပြုတ်နေကြချိန် ကျွန်တော်တို့ရဲ့ အချစ်တော် ဆရာသက်(ဒေါက်တာသက်မျိုးဇော်)ကို အကိုကြီးကောင်းမင်းခန့်က သူ့ရည်းစားဟောင်းအကြောင်း မူးမူးနဲ့ပြောပြရင်း သူ့လက်ကို ဓားနဲ့သွေးဖောက်ပြီး သူ့ရည်းစားဟောင်းနာမည်ကို နံရံပေါ်မှာရေးခဲ့တာပါပဲ။ အခုထိ အဲ့ဒိီ့စာ မည်းမည်းကြီး ရှိပါသေးတယ်။ အခုတော့ အကိုကြီးလည်း လူကြီးလူကောင်းအနေဖြင့် ဘဝပြေးလမ်းကို လျှောက်လှမ်းနေပါပြီ။ အကိုကြီး အစစ အရာရာ အဆင်ပြေပါစေ။ ပင်းယဆောင်ကြီးကလည်း သူ့ရဲ့ ကျောင်းသားတွေအားလုံးကို သတိရနေပါတယ်။

သီချင်း Link
https://www.facebook.com/pinnyahallyu/videos/527308014844937/

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ ကိုဗစ်ကပ်ရောဂါရန်မှလည်း ကင်းဝေးကြပါစေခင်ဗျာ။

#ပင်းယဆောင်မိသားစု
#ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်အမှတ်တရ

“ပင်းယဆောင်အမှတ်တရများမျှဝေရန်”ယခင်ကRASUခေါ် ကျွန်တော်တို့ချစ်တဲ့ရန်ကုန်တက္ကသိုလ်ကြီးဟာ ခေတ်အဆက်ဆက်ကိုဖြတ်သန်းလာပြီးနောက...
28/11/2020

“ပင်းယဆောင်အမှတ်တရများမျှဝေရန်”

ယခင်ကRASUခေါ် ကျွန်တော်တို့ချစ်တဲ့ရန်ကုန်တက္ကသိုလ်ကြီးဟာ ခေတ်အဆက်ဆက်ကိုဖြတ်သန်းလာပြီးနောက် မကြာခင်မှာနှစ်တစ်ရာတင်းတင်းပြည့်တော့မှာဖြစ်ပါတယ်။ ခေတ်အဆက်အဆက် အမိတက္ကသိုလ်ကြီးမှာ ပညာလာရောက်ဆည်းပူးတဲ့ ကျောင်းသားများ မှီတင်းနေထိုင်ရာပင်းယဆောင်ကြီးဟာလည်း ထို့အတူပါပဲ။ ကျွန်တော်တို့နယ်ဝေးမှလာရောက်သော ကျောင်းသားများအတွက် အဆောင်ဆိုတာကျွန်တော်တို့အတွက်အိမ်ပါပဲ။ ထိုအိမ်မှာနေထိုင်စဉ်အတွင်းအမှတ်ရလွမ်းဆွတ်စရာတွေလည်းရှိနေမှာအမှန်ပါ။ အမှတ်ရစရာလို့ပြောတဲ့နေရာမှာ ကောင်မလေးကကိုယ့်ကိုစိတ်ကောက်လို့ ဂစ်တာတဒေါင်ဒေါင်နဲ့အသည်းကွဲသီချင်းတွေအော်နေချိန် ဘေးအခန်းကသူငယ်ချင်းကလှမ်းဆဲတာဟာလည်းအမှတ်တရပါပဲ။ ထိုပျော်စရာဖြစ်ပျက်အမှတ်တရတွေကိုမပျောက်ပျက်အောင်ထိန်းသိမ်းထားမယ့် အစီအစဉ်လေးရှိပါတယ်။ ပင်းယဆောင်နဲ့ပတ်သက်သောအမှတ်ရစရာအဖြစ်ပျက်များကို ခုနှစ်များနှင့်အတူစာနဲ့ရေးပို့လို့ရသလို/ပင်းယဆောင်နဲ့ပတ်သက်တဲ့ဓာတ်ပုံများကိုလည်း ကျွန်တော်တို့page cbမှာပေးပို့လို့ရပါတယ်။ ပေးပို့သည့်ထဲမှကျွန်တော်တို့စီစစ်ပြီးစာဆိုလျှင်တစ်နေ့လျှင်တစ်ပုဒ်တန်သည်နှစ်ပုဒ်တန်သည်ပင်းယဆောင်နဲ့ပတ်သတ်တဲ့အမှတ်တရတွေကိုစုပြီးတင်ပေးသွားမှာပါ။

ရည်ရွယ်ချက်။ ။ထိုပင်းယဆောင်တွင်ဖြစ်တည်ခဲ့သည့်အမှတ်တရများကို နောင်ပင်းယဆောင်တွင်နေထိုင်မည့်ကျောင်းသားများသိရှိကာ နှစ်တစ်ရာသက်တမ်းရှိနေပြီးဖြစ်တဲ့ချစ်သောပင်းယအားတန်ဖိုးထားတတ်စေရန် ထိုအမှတ်တရများမပျောက်ပျက်သွားစေရန်ဖြစ်ပါသည်။

သိီတင်းကျွတ်အခါသမယမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်း ​​​ရေ​လိုအေး၍ ပန်းလိုလန်းဖြာပြီး စ...
31/10/2020

သိီတင်းကျွတ်အခါသမယမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်း ​​​ရေ​လိုအေး၍ ပန်းလိုလန်းဖြာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိစွာဖြင့် ကပ်ရောဂါရန်မှလည်း ကင်းဝေးကြပါစေကြောင်း ပင်းယဆောင်မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

#အနယ်နယ်အရပ်ရပ်ရှိပင်းယကျောင်းသားဟောင်း_ကျောင်းသားသစ်များလည်းကျန်းမာချမ်းသာကြပါစေ။

#ပင်းယဆောင်မိသားစု

Photo - Ko Min Khant ( Geology)

06/09/2020

မနွေးနွေးနှင်းဦးနဲ့အတူ ဂျူနီယာ မောင်လေး၊ ညီမလေးများ၏ ပူးပေါင်းတေးသရုပ်ဖော် တင်ဆက်မှု

(၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပင်းယနှင့် အင်းလျား မောင်နှမဆောင်မိတ်ဆုံညစာစားပွဲ အမှတ်တရ)

24/08/2020


(၂၀၁၈-၂၀၁၉ပညာသင်နှစ် ပင်းယနှင့်အင်းလျားမောင်နှမဆောင်မိတ်ဆုံညစာစားပွဲ အမှတ်တရ)

Unicode
အင်းလျားဆောင်က စီနီယာအမကြီးရဲ့ ကိုယ်တိုင်ဂစ်တာတီးပြီး သီဆိုခဲ့သော Can't take my eyes of you

(၂၀၁၈-၂၀၁၉ပညာသင်နှစ် ပင်းယနှင့်အင်းလျားမောင်နှမဆောင်မိတ်ဆုံညစာစားပွဲ အမွတ္တရ)

Address

Chancellor Road, University Of
Yangon

Website

Alerts

Be the first to know and let us send you an email when Pinnya Hall - University of Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share