Wunzin Online University - WOU

Wunzin Online University - WOU အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊
အဆင့်မြင့်ပညာကဏ္ဍ၊ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် (WOU)

Happy World Teachers’ Day 2026ကမ္ဘာ့ဆရာများနေ့တွင် CDM ဆရာကြီး၊ ဆရာမကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစ...
05/10/2026

Happy World Teachers’ Day 2026

ကမ္ဘာ့ဆရာများနေ့တွင် CDM ဆရာကြီး၊ ဆရာမကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ပညာရေးအလင်းရောင်ကို ဆက်လက်ဖြန့်ဝေပေးနိုင်ကြပါစေကြောင်း ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မိသားစုက လေးစားစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ပညာရေးဖြင့်တို့တော်လှန်နွေဦးရဲ့အောင်လံ
#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်...
05/10/2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

မိုးခါးရေမသောက်ဘဲ ဓမ္မဘက်မှ ရပ်တည်ကာ နွေဦးတိုက်ပွဲခရီးကြမ်းတွင် ရဲဝံ့စွာ ပါဝင်နေကြသော ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မှ  ပညာ့...
23/09/2026

မိုးခါးရေမသောက်ဘဲ ဓမ္မဘက်မှ ရပ်တည်ကာ နွေဦးတိုက်ပွဲခရီးကြမ်းတွင် ရဲဝံ့စွာ ပါဝင်နေကြသော ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မှ ပညာ့သူရဲကောင်း CDM ကျောင်းသား/သူ ဘွဲ့ရမောင်မယ်များအတွက် ဘွဲ့လျှောက်လွှာခေါ်ယူခြင်း

#ပညာရေးဖြင့်တို့တော်လှန်နွေဦးရဲ့အောင်လံ
ာသင်နှစ်
#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်
#တတိယအကြိမ်ဘွဲ့နှင်းသဘင်

မြတ်စွာဘုရားရှင်သည်  ရဟန်းငါးရာကို အကြောင်းပြုကာ မေတ္တသုတ် ဟောကြားတော်မူခဲ့သည့် ဝါခေါင်လပြည့်နေ့ "မေတ္တာအခါတော်နေ့"သည် ဗ...
28/08/2026

မြတ်စွာဘုရားရှင်သည် ရဟန်းငါးရာကို အကြောင်းပြုကာ မေတ္တသုတ် ဟောကြားတော်မူခဲ့သည့် ဝါခေါင်လပြည့်နေ့ "မေတ္တာအခါတော်နေ့"သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်တစ်ရပ် ဖြစ်ပါသည်။

ဤသို့ မေတ္တာတရားထွန်းကားသည့် အခါသမယတွင် လူသားအချင်းချင်း နားလည်မှုနှင့် ကိုယ်ချင်းစာနာမှုများ ပိုမိုတိုးပွားလာပြီး မေတ္တာ၊ ကရုဏာ၊ စာနာမှုတို့ဖြင့် အချင်းချင်း ဖေးမကူညီနိုင်ကြပါစေ။

ဝါခေါင်လပြည့် “မေတ္တာအခါတော်နေ့ “ မှ စ၍ မြတ်ဗုဒ္ဓ ၏ မေတ္တာဓါတ်နှင့် ဘုန်းတန်ခိုးတော်ကြောင့် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်အပေါင်း ဘေးရန်ကင်းကွာပြီး သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေကြောင်း ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် မိသားစုက ဆုမွန်ကောင်း‌​တောင်းအပ်ပါသည်။

#ပညာရေးဖြင့်တော်လှန်နွေဦးရဲ့အသံ
#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

Diploma in Public Administration batch 2 is comming soon at the Wunzin Online University - WOU, Department of Political ...
25/08/2026

Diploma in Public Administration batch 2 is comming soon at the Wunzin Online University - WOU, Department of Political Science-WOU.

#ပညာရေးဖြင့်တို့တော်လှန်နွေဦးရဲ့အောင်လံ
#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

ဩဂုတ်လ ၁၂ ရက်နေ့သည် ကမ္ဘာတစ်ဝန်းရှိ လူငယ်များ၏ အခန်းကဏ္ဍ၊ အိပ်မက်များနှင့် အနာဂတ်အတွက် လူငယ်များ၏ ပါဝင်ဆောင်ရွက်မှုကို အ...
12/08/2026

ဩဂုတ်လ ၁၂ ရက်နေ့သည် ကမ္ဘာတစ်ဝန်းရှိ လူငယ်များ၏ အခန်းကဏ္ဍ၊ အိပ်မက်များနှင့် အနာဂတ်အတွက် လူငယ်များ၏ ပါဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုဂုဏ်ပြုသည့် International Youth Day (အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့) ဖြစ်ပါသည်။

လူငယ်ဆိုသည်မှာ အနာဂတ်ကို စောင့်မျှော်နေသူများသာမက အနာဂတ်ကို ပုံဖော်နေသူများလည်း ဖြစ်ကြပါသည်။

ပညာကို ရှာဖွေခြင်း၊ အသိပညာကို မျှဝေခြင်း၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားခြင်းနှင့် မိမိတို့၏ အသိုင်းအဝိုင်းအတွက် အကျိုးပြုသော အပြောင်းအလဲများကို ဖန်တီးခြင်းတို့မှတစ်ဆင့် လူငယ်တိုင်းသည် မိမိတို့၏ အခန်းကဏ္ဍကို ထမ်းဆောင်နေကြပေသည်။

✨ လူငယ်တို့၏ အိပ်မက်များသည် အနာဂတ်၏ အစပြုရာဖြစ်သည်။
✨ လူငယ်တို့၏ အသံသည် အပြောင်းအလဲ၏ အစပြုရာဖြစ်သည်။
✨ လူငယ်တို့၏ ကြိုးစားမှုသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်သည်။

အခက်အခဲများကြားမှာပင် မိမိတို့၏ အိပ်မက်များကို မစွန့်လွှတ်ဘဲ ပညာနှင့် အသိပညာကို ဆက်လက်ရှာဖွေနေကြသော​ တော်လှန်လူငယ်များအားလုံးကို ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် မှ လေးစားဂုဏ်ပြုအပ်ပါသည်။

Happy International Youth Day 2026!

ယနေ့ ၈.၈.၂၀၂၆ သည် (၃၈) နှစ်ပြည့် ၈၈၈၈ “ ပြည်သူ့အရေးတော်ပုံနေ့ “ ဖြစ်ပါသည်။၁၉၈၈ ခုနှစ်တွင် ပြည်သူများ၏ လွတ်လပ်ရေး၊ တရားမျ...
08/08/2026

ယနေ့ ၈.၈.၂၀၂၆ သည် (၃၈) နှစ်ပြည့် ၈၈၈၈ “ ပြည်သူ့အရေးတော်ပုံနေ့ “ ဖြစ်ပါသည်။

၁၉၈၈ ခုနှစ်တွင် ပြည်သူများ၏ လွတ်လပ်ရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများအား အမှတ်ရဂုဏ်ပြု အပ်ပါသည်။ သူရဲကောင်းတို့၏ သတ္တိ၊ အားမာန်နှင့် ယုံကြည်ချက်များသည် ယနေ့ မျိုးဆက်သစ်များအတွက် အလင်းတန်းတစ်စင်းအဖြစ် ဆက်လက်တည်ရှိနေဆဲပင် ဖြစ်ပါသည်။

အတိတ်မှ သင်ခန်းစာများကို မှတ်မိသိမ်းဆည်းပြီး တရားမျှတသော လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။

၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသူ အားလုံးကို အမြဲတမ်း မမေ့မလျော့ဘဲ ဦးညွတ်အလေးပြု ပါသည်။ ထိုသူတို့၏ သွေးနှင့်အသက်ဖြင့် ရေးသားခဲ့သော သမိုင်းကို ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မိသားစုက ကမ္ဗည်းမှတ်တမ်း​ရေးထိုးရင်း လေးစားဂုဏ်ပြုလိုက်ရပါသည်။

#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ ၂၀၂၆ ပညာသင်နှစ် (Batch-5)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်တွ...
06/08/2026

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ ၂၀၂၆ ပညာသင်နှစ် (Batch-5)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်တွင် တက်ရောက်နေသော ဒဿနိကဗေဒမေဂျာ ဒုတိယနှစ်ကျောင်းသား Reyရွတ်ဖတ်သည့် မှန်ကြည့်ပါကွယ် ကဗျာ တင်ဆက်မှုကို အောက်ပါ Youtube Link မှ တစ်ဆင့် သွားရောက် နားဆင် ခံစားကြည့်ရှူနိုင်ပါသည်။

https://youtube.com/shorts/1YLQYR2n5BY?si=H5cNLu3CSFd0K-8j

Channel ကို Like& Subscribe လုပ်ရန်လဲ တိုက်တွန်းလိုက်ရပါသည်။

#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

#မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား
#ပညာရေးဖြင့်တို့တော်လှန်နွေဦးရဲ့အသံ

မှန်ကြည့်ပါကွယ်- ဒဿနိကဗေဒမေဂျာ ဒုတိယနှစ်ကျောင်းသား Rey #မှန်ကြည့်...

ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC) ၏ အလုပ်အမှုဆောင်ကော်မတီ တာဝန်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ဝန်ဇ...
05/08/2026

ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC) ၏ အလုပ်အမှုဆောင်ကော်မတီ တာဝန်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့
ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်( WOU )မှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ ၂၀၂၆ ပညာသင်နှစ် (Batch-5)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်တွ...
05/08/2026

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ ၂၀၂၆ ပညာသင်နှစ် (Batch-5)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်တွင် တက်ရောက်နေသော အင်္ဂလိပ်စာစတုတ္ထနှစ်ကျောင်းသူ Eliora ၏ ယိမ်းသမလေးရေသီချင်းဖြင့် အကအလှဖျော်ဖြေ တင်ဆက်မှုကို အောက်ပါ Youtube Link မှ တစ်ဆင့် သွားရောက် နားဆင် ခံစားကြည့်ရှူနိုင်ပါသည်။

https://youtu.be/XEzCs8tTyfs?si=Ghh4FealbEIdSS6E

Channel ကို Like& Subscribe လုပ်ရန်လဲ တိုက်တွန်းလိုက်ရပါသည်။

#ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်

#မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား
#ပညာရေးဖြင့်တို့တော်လှန်နွေဦးရဲ့အသံ

ယိမ်းသမလေးရေ - Eliora #ယိမ်းသမလေးရေ #အင်္ဂလိပ်စာစတ...

ที่อยู่

Bangkok Noi

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Wunzin Online University - WOU โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์