05/03/2026
Mae Fah Luang University (MFU) ရဲ့ Pre-University Program အကြောင်း အသေးစိတ်ရှင်းပြထားပါတယ်ခင်ဗျာ။ GED ပြင်ဆင်ရင်း MFU တက္ကသိုလ်တက်ရောက်ရန် စိတ်ဝင်စားသော ကျောင်းသားများ စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။
🎓 𝐆𝐄𝐃 ဖြေရင်း 𝐌𝐅𝐔 မှာ တက္ကသိုလ်ကျောင်းသားဘဝကို ကြိုတင်ခံစားကြည့်ချင်ပါသလား? 𝐌𝐚𝐞 𝐅𝐚𝐡 𝐋𝐮𝐚𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐌𝐅𝐔) ရဲ့ 𝐏𝐫𝐞-𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝟐𝟎𝟐𝟔) နဲ့ မိတ်ဆက်ပေးပါရစေ 🇹🇭
Pre-University Program ဆိုတာဘာလဲ?
Mae Fah Luang University (MFU) ရဲ့ Pre-University Program ဆိုတာ အထက်တန်းကျောင်းသားများ GED စာမေးပွဲအတွက် ပြင်ဆင်နေစဉ်အတွင်း MFU တက္ကသိုလ်ရဲ့ ပုံမှန်ဘာသာရပ်အနည်းဆုံး (၅) ခုကို လက်ရှိတက္ကသိုလ်ကျောင်းသားများနှင့်အတူ ကြိုတင်တက်ရောက်ခွင့်ရရှိမယ့် အထူးအစီအစဉ်တစ်ခုဖြစ်ပါတယ်။ 🥳
🌟 Pre-University Program ရဲ့ အားသာချက်များ
𝐓𝐢𝐦𝐞 𝐒𝐚𝐯𝐢𝐧𝐠: GED အောင်ပြီးလို့ MFU မှာ Bachelor တက်တဲ့အခါ Pre-Uni မှာ C Grade နဲ့အထက်ရခဲ့တဲ့ ဘာသာရပ်တွေကို Credit Transfer လုပ်လို့ရပါတယ်။ ဒါကြောင့် ဘွဲ့ကို ၃ နှစ် သို့မဟုတ် ၃ နှစ်ခွဲနဲ့ ကျောင်းပြီးနိုင်မှာမို့ အချိန်ကုန်၊ ငွေကုန် သက်သာပါမယ်။
𝐌𝐚𝐣𝐨𝐫 𝐒𝐞𝐥𝐞𝐜𝐭𝐢𝐨𝐧: ကိုယ်နဲ့ ဘယ် Major က ကိုက်ညီမလဲဆိုတာကို ဘာသာရပ်အစမ်း (၂) ကြိမ်ကနေ (၃) ကြိမ်အထိတက်ရင်း လေ့လာခွင့်ရပါမယ်။
𝐋𝐞𝐠𝐚𝐥 𝐒𝐭𝐚𝐲: ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့အတွက် Thai ED Visa ကို အတန်းပြီးဆုံးတဲ့အထိ တရားဝင်ရရှိမှာဖြစ်ပါတယ်။ ဒီ Program မပြီးခင် MFU လျှောက်ထားပြီး accept ခံရပါက 3rd country ထွက်စရာမလိုဘဲ ထိုင်းနိုင်ငံမှာပဲ MFU ED Plus Visa ကို ပြောင်းလို့ရတဲ့အတွက် Visa ကိစ္စစိတ်ပူစရာမလိုပါ။
𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐅𝐥𝐮𝐞𝐧𝐜𝐲: MFU မှာ English လိုသင်ကြားမှာဖြစ်လို့ GED ပြင်ဆင်တဲ့အခါမှာလည်း အထောက်အကူရှိစေပါတယ်။
Note: ဤ Program ကို တက်ပြီးပါက နောက်ပိုင်း MFU ကျောင်းလျှောက်သည့်ချိန်တွင် MFU ၏ဝင်ခွင့်ကို လုံးဝရနိုင်မည်ဟု မဆိုလိုပါ။ သို့သော် ဤ program တက်ပြီးပါက အားသာချက်အနေနဲ့ SOP မှာထည့်ရေးလို့ရပြီး ဝင်ခွင့်ရနိုင်ခြေ Chance ပိုများစေနိုင်ပါတယ်။ ဝင်ခွင့်က မိမိ အထက်တန်း/ GED အမှတ်ပေါ်မူတည်ပါတယ်။
🗓️ သင်တန်းကာလနှင့် အရေးကြီးရက်စွဲများ
Pre-University Program ကို Mae Fah Luang University ရဲ့ ပုံမှန်စာသင်နှစ်အတိုင်း တက်ရောက်ရမှာဖြစ်ပါတယ်။
👉1st Semester (ပထမနှစ်ဝက်) - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ကနေ ဒီဇင်ဘာလအထိ (၄) လ၊
👉2nd Semester (ဒုတိယနှစ်ဝက်) - ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ကနေ မေလအထိ (၄) လကြာမြင့်ပါတယ်။
⏳ ကျောင်းလျှောက်သည့်ကာလ (Application Period): Today - 31 May 2026 📌
May 31 ကျော်လျှင် လုံးဝ လျှောက်လို့မရတော့ပါ။ အဲ့ကြောင့် Deadline မတိုင်ခင် လျှောက်ထားရန် တိုက်တွန်းပါသည်။
💰 ကုန်ကျစရိတ်ခန့်မှန်းခြေ
Pre-University Program အတွက် အဓိက ကုန်ကျစရိတ် (၂) မျိုးရှိပါမယ်။
👉 Admission Fee: 4,000 THB (Health Insurance & Public Facility Fee ပါဝင်ပြီး)
👉 Tuition Fee: 1 Credit လျှင် 1,500 THB (5 ဘာသာတက်ရမည်ဖြစ်ပြီး 3 Credits x 5 Subjects = 15 Credits)
15 Credits x 1,500 THB = 22,500 THB
👉 Total Semester Fee: 4,000+ 22,500= 26,500 THB (နေထိုင်စားသောက်စရိတ် မပါဝင်သေးပါ)
Tuition Fee ကို June လကုန်လောက်သွင်းရမှာဖြစ်ပါတယ်။
📝 လျှောက်ထားရန် လိုအပ်ချက်များ
Pre-University Program လျှောက်ဖို့ အဓိက (၃) မျိုးပဲလိုအပ်ပါတယ်။
▪️Passport မိတ္တူ
▪️ဓာတ်ပုံ (jpg file type)
▪️Statement of Purpose (SOP)
(မှတ်ချက် - အခြားလက်မှတ်နှင့် အမှတ်စာရင်းများရှိလျှင် ပူးတွဲတင်ပြနိုင်ပါသည်။)
💡 ဘယ်သူတွေတက်သင့်လဲ?
▪️GED ဖြေဆိုရင်း MFU ဝင်ဖို့ ရည်မှန်းထားသူများ။
▪️မိမိအထက်တန်းကျောင်းက အသိအမှတ်ပြုလက်မှတ် (Accreditation) မရှိလို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ရမှာ အခက်တွေ့နေသူများ နှင့်
▪️၁၅ နှစ်အထက်ရှိပြီး မြန်မာအထက်တန်း မပြီးဆုံးသေးသူများ။
▪️ထိုင်းနိုင်ငံမှာ တရားဝင်ဗီဇာနဲ့ ကျောင်းကြိုတက်ချင်သူများ။
💡 Valuverse Global မှ ဘာတွေကူညီပေးမလဲ?
Valuverse Global Agency အနေနဲ့ -
✅ MFU ကျောင်းလျှောက်ထားခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို Service Fees အခမဲ့ ဖြင့် ဆောင်ရွက်ပေးနေပါတယ်။
✅Pre-University Program တွင် တက်မည့် course များရွေးချယ်ရာတွင် နောက်ပိုင်း မိမိတက်မည့် major ပေါ်မူတည်ပြီး တက်သင့်သည့် course များကို ရွေးချယ်ကူညီပေးပါတယ်။
✅ ဒါ့အပြင် Pre-University ရဲ့ Timeline နဲ့ကိုက်ညီပြီး GED ပြင်ဆင်တဲ့အခါ အခက်အခဲမရှိစေရန်အတွက် Valuverse Global GED School မှာ (၅) လတာ Online Preparation + Intensive Course ကို တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
GED Preparation ကနေ MFU University ဝင်ခွင့်ရတဲ့အထိ တစ်နေရာတည်းမှာ အစအဆုံး အကူအညီပေးနေတဲ့ Valuverse Global နဲ့အတူ ခိုင်မာတဲ့ အနာဂတ်တစ်ခုစတင်ဖို့ အခုပဲ Chat Box (Messenger) မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။ 📩