07/29/2026
ယနေ့ သည် သာသနာတော်နှစ် ၂၅၇၀ ပြည့်နှစ် ၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါသည်။
Today marks the 2570th Buddhist Era (B.E.), Myanmar Era 1388, the Full Moon Day of Second Waso (Dhamma Cakka Day).
(Please Kindly See English Version)
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြား မြင့်မြတ်သည့် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ယူဆကြပါသည်။
ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူခဲ့သည့် ဂေါတမဗုဒ္ဓ ၏ ဗုဒ္ဓဝင် ဖြစ်တော်စဉ်တွင် ဤ ဝါဆိုလပြည့်နေ့ သည်-
• ပဋိသန္ဓေယူသောနေ့ (ဂေါတမဘုရားလောင်းသည် မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ စတင်ယူတော်မူသောနေ့ )
• တောထွက်တော်မူသောနေ့ (ဂေါတမဘုရားလောင်းသည် ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ တောထွက်တော်မူသောနေ့ )
• တရားဦး ဟောကြားတော်မူသောနေ့ (ဂေါတမမြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီ (၅) ပါးတို့အား မိဂဒါဝုန်တော၌ "ဓမ္မစက္ကပဝတ္တနသုတ်" (ဓမ္မစကြာ တရားဦး) ကို စတင်ဟောကြားတော်မူသောနေ့ )
• သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ (တရားဦးဟောကြားအပြီးတွင် အရှင်ကောဏ္ဍညသည် သောတာပန်တည်၍ ဗုဒ္ဓဘာသာတွင် သံဃာရတနာ စတင်ပေါ်ပေါက်ကာ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါး စုံညီခဲ့သည့်နေ့ )
• ဝါဆိုဝါကပ်ပြုသောနေ့ (ရဟန်းသံဃာတော်များ ဝါတွင်း ၃ လပတ်လုံး ကျောင်းသင်္ခမ်း၌ သီတင်းသုံးနေထိုင်သည့် ဝါဆိုဝါကပ်မှု (Buddhist Lent) စတင်သောနေ့ ) စသည့် ထူးခြားသည့် ဖြစ်စဉ် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ဤ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှသည် မြန်မာပြည်မြေနှင့် ပြည်သူပြည်သားတို့အပေါ်တွင် ငြိမ်းချမ်းမှု၊ မေတ္တာနှင့် ဒီမိုကရေစီတို့ ပွင့်လင်းတောက်ပပါစေ။
မှ
ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ယာယီတက္ကသိုလ်ကောင်စီ မိသားစု
/
The Full Moon Day of Waso (Dhamma Cakka Day) is one of the most sacred and historically significant days in Theravada Buddhism.
The Full Moon Day of Waso (Dhamma Cakka Day) is revered by Buddhists as a deeply auspicious occasion. In the sacred life history of Gautama Buddha, who appeared in this auspicious aeon (Bhadrakalpa), this profound day marks several monumental events:
• The Day of Conception_ The day the Bodhisatta (Gautama Buddha-to-be) was conceived in the womb of Queen Maya.
• The Day of Great Renunciation_ The day the Bodhisatta renounced royal luxury and worldly comforts to depart into the forest in search of Enlightenment.
• The Day of the First Sermon_ The day Gautama Buddha delivered his first discourse, the Dhammacakkappavattana Sutta (Setting into Motion the Wheel of Dhamma), to the five ascetics (Pañcavaggīya) at the Deer Park in Isipatana (Isipatana Migadāvana)
• The Emergence of the Sangha Gem_ Following the delivery of the first sermon, Venerable Kondañña attained the first stage of Enlightenment (Sotāpanna), marking the birth of the Sangha Gem and bringing into full fruition the Triple Gem—the Buddha, the Dhamma, and the Sangha.
• The Commencement of the Monastic Retreat_ The day the monastic community begins the three-month rain retreat (Buddhist Lent / Vassa), residing within their monastery grounds for intensive meditation and practice.
Starting from this holy Full Moon Day of Waso (Dhamma Cakka Day), may peace, loving-kindness, and democracy shine brightly across the land of Myanmar and upon all its people.
From
University of Medicine (1) Yangon, Interim University Council