Study In India With Yin

Study In India With Yin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study In India With Yin, College & University, Delhi.

17/05/2026

Sharda University မှာ B.Tech CSE/IT, BCA, Computer Science တို့ ယူမယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ပြောပြပေးပါ့မယ်။

B.Tech သမားတွေ ဆိုရင်တော့ first year မှာ Mathematics, Physics နဲ့ Electronics ဘာသာရပ်တစ်ခုစီကို ယူရပါတယ်။
သင်္ချာမှာ Calculus, Probability & Statistics တို့ကို ကြိုတင်လေ့လာထားသင့်ပါတယ်။
Physics မှာဆိုရင် Eletric Field တွေ အကြောင်း၊ Laser အကြောင်းနဲ့ Modern Physics အပိုင်းတို့ကို အခြေခံလောက်တော့ နားလည်အောင် ကြိုတင်ဖတ်ရှုထားသင့်ပါတယ်။
Motor, transformer တွေနဲ့ circuit တွေအကြောင်းလည်း အခြေခံလောက် ပြန်ဖတ်ထားသင့်ပါတယ်။

B.Tech ရော BCA, B.Sc CS ရောတို့က ကျောင်းမတက်ခင်မှာ programming language တစ်ခုခုကို အခြေခံလေ့လာထားဖို့ လိုအပ်ပါတယ်။ Python, C, C++, Java, Javascript, C # တို့ထဲက တစ်ခုခုကို ကြိုတင်သင်ယူထားရင် ကောင်းပါတယ်။

13/05/2026

🏥 Sharda University မှာ Nursing & Paramedical Course တွေကို တက်လို့ရနေပါပြီ။

ဘယ်သူတွေ လျှောက်လို့ ရပါသလဲ⁉️
Sharda University ဟာ flexible ဖြစ်တဲ့ကျောင်းဖြစ်တာနဲ့အညီ နိုင်ငံကူးလက်မှတ် (passport) နဲ့ လာမည့်ကျောင်းသားတွေကို လက်ခံတဲ့အပြင် နိုင်ငံရေးစစ်ရေးကြောင့် နယ်စပ်ကို ထွက်ခွာလာကြတဲ့ စစ်ဘေးရှောင်တွေအတွက် UNHCR ကတ်နဲ့လည်း ကျောင်းတက်ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံသားတွေကို up to 25% scholarship လည်းပေးထားပါတယ်။

ကျောင်းဝင်ခွင့်အတွက်

(၁) Passport or UNHCR card
(၂) Grade 10 အောင်လက်မှတ် နဲ့ Grade 12 အောင်လက်မှတ် — နှစ်ခုလုံး ရှိရပါမယ်။ မြန်မာနိုင်ငံမှာက Grade 10 နဲ့ 12 ဆိုပြီး အောင်လက်မှတ် နှစ်ခုမထုတ်ပေးတဲ့အတွက် ကိုယ်တက်ခဲ့တဲ့ကျောင်းမှာ Grade 10 ပြီးဆံုးကြောင်းလက်မှတ်ကို ပြန်တောင်းရပါမယ်။ India က Examboard တစ်ခုခုကနေ ပြီးထားတဲ့သူဆိုရင်လည်း Grade 10 နဲ့ 12 အောက်လက်မှတ်နှစ်ခုစလံုး လိုအပ်ပါတယ်။​ Physics, Chemistry, Biology (PCB) subject တွေ ယူထားတဲ့သူဖြစ်ရပါမယ်။
(၃) အမှတ်စာရင်း
တို့ လိုအပ်ပါတယ်။

Sharda University ဆိုတာ ဘယ်လိုကျောင်းလဲ⁉️

Sharda University ဆိုတာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ အနီးမှာရှိတဲ့ Greater Noida မှာ တည်ရှိပါတယ်။ အိန္ဒိယအစိုးရ အသိအမှတ်ပြု (UGC Recognized) private university တွေထဲမှာ ranking မြင့်တဲ့ ကျောင်းဖြစ်တဲ့အပြင် နိုင်ငံတကာ ကျောင်းသားအများဆုံး ကျောင်းလည်း ဖြစ်ပါတယ်။
⏩ India နိုင်ငံမှာ International students အများဆုံး private university ကျောင်းဖြစ်ပါတယ်
⏩ အာရှရဲ့ ထိပ်တန်းတက္ကသိုလ် 4% မှာ Sharda University ပါဝင်ပါတယ်
⏩ India ရဲ့ National Assessment Accreditation Committee ရဲ့ အဆင့်သတ်မှတ်ချက် A+ ရရှိထားတဲ့ ကျောင်းဖြစ်ပါတယ်

Nursing & Paramedical မှာ ဘာတွေ တက်လို့ ရလဲ⁉️
🔹 B.Sc. Nursing — ၄ နှစ်
🔹 B.Sc. Post Basic Nursing — ၂ နှစ်
🔹 M.Sc. Nursing (Community Health / Obstetrics & Gynecology / Child Health / Medical Surgical / Psychiatric) — ၂ နှစ်စီ
🔹 M.Sc. Medical Anatomy / Biochemistry / Microbiology / Pharmacology / Physiology — ၃ နှစ်
🔹 Ph.D. Nursing / Ph.D. Medical — အနည်းဆုံး ၃ နှစ်
Bachelor, Master, PhD အဆင့်သုံးဆင့်လုံး တက်ရောက်နိုင်ပါတယ်။

ကျောင်းလခက ဘယ်လောက် ရှိလဲ⁉️
ဘာသာရပ်အလိုက် အနည်းငယ်ကွာခြားမှု ရှိပြီး USD $3,200 မှ $5,000 ဝန်းကျင် ရှိပါတယ်။ ဒါပေမယ့် 25% Scholarship အထိ ရရှိနိုင်ပါတယ်။

Sharda Hospital ဆိုတာ ဘာလဲ⁉️
ဒါကတော့ Sharda University ရဲ့ အကြီးမားဆုံး အားသာချက်ပဲ ဖြစ်ပါတယ်။ တက္ကသိုလ် ဝင်းထဲမှာပင် ကိုယ်ပိုင် Sharda Hospital ကြီး ရှိတာမို့ Nursing ကျောင်းသားတွေဟာ textbook ထဲကသာ မဟုတ်ဘဲ လက်တွေ့ ဆေးရုံမှာ လူနာတွေနဲ့ ထိတွေ့ကာ Clinical Training ရနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဘွဲ့ပြီးချင်းဆိုသလို အလုပ်အကိုင် ရှာဖွေရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

ဘွဲ့ရပြီးရင် ဘာတွေ လုပ်နိုင်မလဲ⁉️

🇮🇳 အိန္ဒိယ — Sharda Hospital အပါ ဆေးရုံကြီးများမှာ Internship ဆက်လက်လုပ်ကိုင်နိုင်ပြီး India Nursing Council (INC) Registration ရယူကာ တရားဝင် Nurse အဖြစ် လုပ်ကိုင်နိုင်ပါတယ်
🇲🇲 မြန်မာ — ပြည်ပဘွဲ့နဲ့ WHO, MSF, ICRC, IRC, Save the Children လို နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများမှာ ဝင်ရောက်ခွင့် ပိုမိုလွယ်ကူပြီး လစာလည်း ပိုမိုများပြားပါတယ်
🌍 Gulf / UK / Australia — B.Sc. Nursing ဘွဲ့ဖြင့် UAE, Saudi Arabia, Qatar, UK, Australia တို့မှာ Registered Nurse အဖြစ်လုပ်ကိုင်နိုင်ပါတယ်။
🇹🇭🇸🇬 ASEAN ဒေသ — ထိုင်း၊ စင်္ကာပူ၊ မလေးရှားတို့မှာလည်း Nurse, Lab Technician, Medical Imaging Specialist အဖြစ် အလုပ်ခန့်မှု တိုးမြင့်လာနေပါတယ်

⚠️ တစ်ချက် သတိပေးချင်တာ ရှိပါတယ်
Sharda University ဟာ Nursing & Paramedical အတွက် နိုင်ငံစံုက International Student ၅၀ ဦး သာ လက်ခံမှာ ဖြစ်ပြီး အခုဆို အယောက် ၃၀ အပ်ထားပြီးပြီသိရပါတယ်။ ကျန်ရှိသည်မှာ ၂၀ နေရာ သာ ဖြစ်ပါတယ်။ “နောက်မှ လျှောက်မယ်” ဆိုရင် နောက်ကျသွားနိုင်ပါတယ်။

ဘယ်ကို ဆက်သွယ်ရမလဲ⁉️
အသေးစိတ်သိချင်ရင် ဒီ Page Messenger မှာဖြစ်ဖြစ် +919667588151 (WhatsApp / Viber) မှာဖြစ်ဖြစ် ဆက်သွယ်စံုစမ်းနိုင်ပါတယ်။

#ပညာသင်ဆု #ကျန်းမာရေးပညာ

13/05/2026

Top 3 takeaways for future Shardans….

12/05/2026

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ 2026 July Intake အတွက် ကျောင်းတက်ဖို့ စဉ်းစားနေပါသလား⁉️ဒါဆိုရင်တော့ ဒါတွေ သိထားဖို့ လိုပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ဘယ်သူတွေ လက်ခံလဲ⁉️
Sharda University ဟာ ဘယ်လိုကျောင်းလဲဆိုတာမပြောခင် ဘယ်သူတွေ တက်လို့ရလဲဆိုတာကို အရင်ပြောပြပါမယ်။ Sharda University ဟာ flexible ဖြစ်တဲ့ကျောင်းဖြစ်တာနဲ့အညီ နိုင်ငံကူးလက်မှတ် (passport) နဲ့ လာမည့်ကျောင်းသားတွေကို လက်ခံတဲ့အပြင် နိုင်ငံရေးစစ်ရေးကြောင့် နယ်စပ်ကို ထွက်ခွာလာကြတဲ့ စစ်ဘေးရှောင်တွေအတွက် UNHCR ယာယီကတ်နဲ့လည်း ကျောင်းတက်ခွင့်ပြုထားပါတယ်။ တရားမဝင် ဝင်ခွင့်ပြုထားတာမျိုးမဟုတ်ဘဲ အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ဝင်ခွင့်ပြုတာဖြစ်လို့ ကျောင်းဘက်ကလည်း အပြည့်အဝ အာမခံချက်ပေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို up to 50% scholarship လည်းပေးထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်အတွက်
(၁) Passport or UNHCR card
(၂) စနစ်ဟောင်း ဆယ်တန်းအောင်လက်မှတ် (or) စနစ်သစ် Grade 12 လက်မှတ် (or) GED (or) IGCSE A level
(၃) အမှတ်စာရင်း တို့လိုအပ်ပါတယ်။ Visa လျှောက်မယ့်သူတွေအတွက်က bank statement လို အခြား documents တွေ ထပ်ပြင်ဆင်ရပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဆိုတာ ဘယ်လိုကျောင်းလဲ⁉️
Sharda University ဆိုတာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ အနီးမှာရှိတဲ့ Greater Noida ဆိုတဲ့ ပညာရေးမြို့မှာ တည်ရှိပါတယ်။ အိန္ဒိယအစိုးရအသိအမှတ်ပြု private university တွေထဲမှာ ranking မြင့်တဲ့ ကျောင်းဖြစ်တဲ့အပြင် နိုင်ငံတကာ ကျောင်းသားအများဆုံးကျောင်းလည်းဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ စာကြည့်တိုက်ကြီးရယ်၊ AC အပြည့်နဲ့ စာသင်ခန်းကျယ်ကြီးတွေရယ်၊ အမျိုးအစားစုံလင်လှတဲ့ အားကစားကွင်းတွေရယ်၊ ကျယ်ဝန်းလှတဲ့ campus ကြီးတွေက Sharda University ရဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေ ဖြစ်ပါတယ်။
⏩Sharda University ဟာ India နိုင်ငံမှာ International students အများဆုံး private university ကျောင်းဖြစ်ပါတယ်။
⏩အာရှရဲ့ ထိပ်တန်းတက္ကသိုလ် 4% မှာ Sharda University ပါဝင်ပါတယ်။
⏩နိုင်ငံတကာတက္ကသိုလ်ပေါင်း ၃၀၀ ခန့်နဲ့လည်း academic partnership ထူထောင်ထားပါတယ်။
⏩India ရဲ့ National Assessment Accreditation Committee ရဲ့ အဆင့်သတ်မှတ်ချက် A+ ရရှိထားတဲ့ ကျောင်းလည်းဖြစ်ပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ဘာတွေ တက်လို့ရလဲ ⁉️
Sharda University ဟာ major ပေါင်းများစွာ တက်ရောက်နိုင်တဲ့ comprehensive university ဖြစ်ပါတယ်။ Health Science, IT, Computer Science, Business Management, Political Science, Law, Architecture, Civil Engineering, International Relations, Environmental Science, Social Sciences, Blockchain Technology, Cyber Security, IoT, Robotics, Electrical engineering, Biotechnology, Microbiology, Food Science စတဲ့ ဘာသာရပ်တွေအပြင် အခြားအခြားသော ဘာသာရပ်မျိုးစုံကို Bachelor, Master, PhD တက်ရောက်သင်ကြားနိုင်ပါတယ်။

ကျောင်းလခက ဘယ်လောက်ရှိလဲ ⁉️
ကိုယ်တက်ချင်တဲ့ ဘာသာရပ်အလိုက် အနည်းငယ်ကွာခြားမှု ရှိပြီးတော့ ကျောင်းလခ (tuition fee) က USD 1600 - 2100 ဝန်းကျင် ရှိပါတယ်။ ပထမနှစ် စဝင်ဝင်ချင်း admission fees USD 500 သွင်းရပြီးတော့ ကျန်တဲ့နှစ်တွေမှာ USD 250 သွင်းရပါတယ်။ ကိုယ်က ကျောင်းအဆောင်မှာနေချင်တယ်ဆိုရင်တော့ ကျောင်းက စီစဉ်ပေးတဲ့ အဆောင်ကြီးတွေမှာ နေလို့ရပါတယ်။ ဒါပေမယ့် အဆောင်လခက နည်းနည်းဈေးကြီးတာမို့ ကျောင်းသားအများစုက အပြင်မှာ နေကြပါတယ်။ နေစားရိတ် စားစရိတ် ဘယ်လောက်ကုန်လဲဆိုတာကို video ထဲမှာ ပြောပြပေးထားပါတယ်။

တစ်ခြားမြန်မာတွေ အတက်များတဲ့ ကျောင်းတွေထက် အားသာချက်က ဘာလဲ⁉️
ပထမအားသာချက်က သူ့ရဲ့ တည်နေရာပါ။ နယူးဒေလီမြို့ရဲ့ အနီးအနားမှာ ရှိတာမို့လို့ C1 လို မြန်မာတွေ အများစုနေတဲ့ နေရာကို အချိန်တိုတိုအတွင်းရောက်ရှိနိုင်တဲ့အပြင် မြန်မာအစားအသောက်မျိုးစုံကိုလည်း ရရှိတာမို့လို့ cultural shock သိပ်မရပါဘူး။ နောက်တစ်ခုကတော့ campus ပါ။ facility စုံလင်တဲ့ စာသင်ခန်းတွေ lab ခန်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ Europe Dream, America Dream ရှိတဲ့သူတွေအတွက် ဒီမှာ bachelor တက်ပြီး ဟိုမှာ master သွားတက်နိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်ရှိပါတယ်။

India မှာ ကျောင်းလာတက်တာနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ၊​ လိုအပ်ချက်တွေကို page မှာ တင်ပေးထားတာမို့ ဝင်ရောက် လေ့လာနိုင်ပါတယ်။​

Study In India With Yin page က ဘာတွေ လုပ်ဆောင်ပေးနေပါသလဲ⁉️
⏩မြန်မာပြည်ကနေ Passport နဲ့ လာမည့်သူတွေအတွက် Visa ကိစ္စ ကူညီဆောင်ရွက်ပေးခြင်း၊ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း၊ လေဆိပ်မှာ သွားရောက်ကြိုပေးခြင်း၊ အခန်းများကြိုတင် ငှားရမ်းပေးထားခြင်း၊ ကျောင်း admission process ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
⏩အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး Mizoram ဘက်ရောက်နေကြတဲ့သူတွေအတွက်လည်း Delhi အထိ လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊ UNHCR registration ကူညီဆောင်ရွက်ပေးခြင်း၊ အခန်းငှားကြိုတင်ငှားရမ်းပေးခြင်း၊ ကျောင်း admission process ဆောင်ရွက်ပေးခြင်း စတာတွေကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဘယ်ကို ဆက်သွယ်ရမလဲ⁉️
Study In India with Yin page မှာလည်းကောင်း +919667588151 (Whatsapp or Viber) မှာ သော်လည်းကောင်း လာရောက်ဆက်သွယ်နိုင်ပါတယ်။


12/05/2026

India ကျောင်းမတက်ခင် ဒါတွေကြိုပြင်ဆင်ထားဖို့ ကောင်းပါတယ်ဗျ။

ကျောင်းတက်ရင်း အိမ်ငှါးတဲ့အခါ ၁။ ဘယ်သူတွေနဲ့ ငှါးကြမှာလဲ         သူငယ်ချင်းတွေ အသိတွေနဲ့ အများစုပြီး ငှါးနေရင် ဈေးသက်သာပ...
28/04/2026

ကျောင်းတက်ရင်း အိမ်ငှါးတဲ့အခါ

၁။ ဘယ်သူတွေနဲ့ ငှါးကြမှာလဲ
သူငယ်ချင်းတွေ အသိတွေနဲ့ အများစုပြီး ငှါးနေရင် ဈေးသက်သာပါတယ်။ ဉပမာ 30K တန် 3BHK ကို ၆ ယောက်စုပြီး ငှါးနေရင်တော့ တစ်ယောက် ၅၀၀၀ စီပဲ ကျသင့်မှာပေါ့။ ဒါပေမယ့် red flag ရှိပါတယ်။ ကိုယ့်နဲ့ အတူတူနေတဲ့သူက ကိုယ့်နဲ့ type မတူတာဖြစ်ဖြစ် life style မတူမျိုးဖြစ်ဖြစ် ရှိရင် ကြာလာတဲ့အခါ ကိုယ့်အချင်းချင်းအကြား အဖုအထစ်တွေ ရှိလာတတ်ပါတယ်။ လက်တွေ့ မြင်နေရကြားနေရတဲ့ ကိစ္စလေး တစ်ခုပါ။ လူများရင် ပိုဆိုးပါတယ်။ မတူညီတဲ့ background, living standard တွေကြားမှာ ညှိနှိုင်းရတာ အတော်ခက်ပါတယ်။ ငွေတတ်နိုင်ရင်တော့ လူနည်းနည်းနဲ့ 2 BHK လောက်မှာ နေနိုင်ရင် ပိုကောင်းပါတယ်။

၂။ ဘာတွေ ကြိုတင်ညှိနှိုင်းထားသင့်လဲ။
လူအများနဲ့ စုနေပြီးမှ တစ်ယောက်ယောက်က မနေချင်တော့ဘဲ ထွက်သွားတဲ့အခါ အိမ်လခအတွက် ခေါင်းခဲရပါတယ်။ ဒီလိုမဖြစ်အောင် အစကတည်းက ကြိုတင် ညှိနှိုင်းရပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ထွက်သွားရင် သူ့အစား တစ်ခြားကျောင်းသား တစ်ယောက်ကို အစားထိုးရှာပေးဖို့၊ တကယ်လို့ မရှာပေးနိုင်ရင် အိမ်စာချုပ်ပြည့်တဲ့အထိ အိမ်လခကို တာဝန်ယူပေးဖို့ အစကတည်းက ကတိကဝတ်ပြုထားသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကြာကြာမနေနိုင်ရင် သူများတွေနဲ့ ပေါင်းပြီးငှားတာမျိုး မလုပ်သင့်ပါဘူး။

၃။ အိမ်စငှားတဲ့အခါ
ပွဲစားကောင်းကောင်းရှာပါ။ တွေ့ကရာ ပွဲစားနဲ့ လုပ်ရင် ကိုယ့်ပိုက်ဆံ ပလုံသွားပါလိမ့်မယ်။ ကိုယ်က society ထဲမှာ ငှားမယ်ဆိုရင် ပထမဉီးဆုံး ကျောင်းသားတွေကိုလက်ခံလား၊ နိုင်ငံခြားသားတွေ လက်ခံလားဆိုတာကို society က တာဝန်ရှိသူတွေကို အရင်ဆုံးမေးမြန်းပါ။ အိမ်ရှင်က လက်ခံတိုင်းလည်း society လက်မခံရင် တက်နေလို့မရပါဘူး။ ပွဲစားပြောတဲ့စကားကို ၁၀၀ ရာခိုင်နှုန်း လုံးဝမယုံကြည်ပါနဲ့။ ပြောတုန်းက တစ်မျိုးလက်တွေကျ တစ်မျိုး ဖြစ်ဖြစ်သွားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ခံခဲ့ရဖူးပါတယ်။ သူများတွေလည်း ခံရပါတယ်။

၄။ ဘယ်နေရာမှာ အိမ်ရှာမလဲ။
ဖြစ်နိုင်ရင် ကျောင်းနဲ့နီး ဈေးနဲ့ နီးတဲ့နေရာမှာသာ ရှာသင့်ပါတယ်။ အိမ်လခသက်သာလို့ နဲနဲဝေးနဲ့ နေရာမှာ နေရင် ကျောင်းသွားကျောင်းပြန်ခနဲ့တင် ကုန်ကျစားရိတ်က အတူတူလောက်ပြန်ဖြစ်သွားပါတယ်။

၅။ အိမ်ငှားတဲ့အခါ documents တွေ ပြင်ဆင်ရာမှာ ....
ယူအန် နဲ့က တစ်ချို့ နေရာတွေက လက်ခံတယ်။ တစ်ချို့တွေက လက်မခံပါ။ (လက်မခံတာများပါတယ်)။ ad...ar နဲ့ပဲ ငှားကြတဲ့သူတွေများပါတယ်။ (ကျောင်းမှာ စာရင်းသွင်းတဲ့နာမည်နဲ့ အတူတူဖြစ်ဖို့တော့ လိုအပ်ပါတယ်)။ Passport သမားတွေကတော့ FRRO ပြင်ဆင်ဖို့အတွက် အိမ်စာချုပ်မှာ ကိုယ့်နာမည်ပါဖို့ လိုပါတယ်။ မပါရင် FRRO သက်တမ်းတိုးလို့မရပါ။ နောက်တစ်ခုက form C ကို အိမ်ရှင်ဆီမှာ တောင်းရပါတယ်။ passport သမားတွေကတော့ police verification မဖြစ်မနေ လုပ်စရာတော့မလိုပါဘူး။ ကျနော့်တုန်းကတော့ police verification ခ ထပ်ပေးရမှာမို့ မလုပ်တော့ဘူး FRRO လက်မှတ်ရှိပြီးသားဆိုပြီး ပွဲစားကို ပြောလိုက်ရပါတယ်။ နည်းနည်းတော့ စကားများကြရပါတယ်။ India နိုင်ငံမှာ ကိုယ်က သူများထက် ဉီးအောင် စွာနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ်ပဲခံရဖို့ များပါတယ်။

အမှားပါရင် ထောက်ပြပေးပါခင်ဗျ။ အားလုံးကျေးဇူးတင်ပါတယ်။

University Ranking Times Higher Education ရဲ့ Asia University Ranking ထွက်လာတော့ သိချင်ဇောနဲ့ university တစ်ချို့ရဲ့ ran...
28/04/2026

University Ranking

Times Higher Education ရဲ့ Asia University Ranking ထွက်လာတော့ သိချင်ဇောနဲ့ university တစ်ချို့ရဲ့ ranking တွေကို ရှာကြည့်ရင်းနဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေက အိန္ဒိယက ကျနော်တို့တက်နေတဲ့ ကျောင်းတွေထက် ကောင်းလောက်တယ်ဆိုပြီး ထင်ခဲ့တာတွေက ဒီ ranking အရ ကြည့်ရင်တော့ တန်းတူလောက်ရှိပါတယ်။ ပထမဆုံး သတိပြုရမယ့်အချက်က ဒီ ranking ကို research quality, teaching quality, knowledge transfer, international outlook စတဲ့ parameters တွေအပေါ် အခြေခံပြီး အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ ထိုင်းကတော့ အိန္ဒိယထက် မြန်မာအငွေ့အသက်ပိုရပြီး ပိုပြီးနေပျော်စရာကောင်းပါတယ်။

မြန်မာတွေအတက်များတဲ့ Thai university တွေရဲ့ ranking တွေပါ။

Thammasat University - 501-600 ကြား
Mae Fah Lung University - 401 - 500 ကြား
UTCC - 1001-1500 ကြား
Rangsit - N/A (ranking ထဲမှာ မပါတာဖြစ်နိုင်သလို research လုပ်တဲ့အထဲ မပါတာလည်းဖြစ်နိုင်ပါတယ်)

ကျနော်တို့နေတဲ့ Noida ဝန်းကျင်က private ကျောင်းအချို့ရဲ့ ranking တွေပါ။

Amity (Noida Branch) - 201-250 (Amity University က branch များတဲ့အတွက် တစ်ချို့ branch တွေက 501-600)
Sharda - 301-350
Galgotias University - 501-600
Noida International University - N/A
Starex - N/A

Mizoram ဘက်က ဘယ်တက္ကသိုလ်မှာ ဒီ ranking စာရင်းထဲမှာ မတွေ့ရပါ။

နိဂုံးချုပ်အနေနဲ့ Ranking တစ်ခုတည်းကို ကြည့်ပြီး ကျောင်းကောင်းမကောင်း ဆုံးဖြတ်လို့မရပေမယ့် Ranking ထဲမှာတော့ မပါတဲ့ကျောင်းတွေကိုတော့ မတက်ခင် အရင်စဉ်းစားသင့်ပါတယ်။ ကုန်ကျစားရိတ်အတူတူချင်းဆိုရင်တောင် ranking ကောင်းတဲ့ကျောင်းကိုပဲ ရွေးပါ။ UN card နဲ့ ကျောင်းတက်လို့ရတာချင်းတူတူ ranking ပိုကောင်းတဲ့ ကျောင်းကိုပဲ ဉီးစားပေးပါ။ Public university တွေက ပို rank မြင့်ပါတယ်။ ကိုယ့်မှာ သူတို့တောင်းတဲ့ requirement ရှိရင် public ကိုပဲ ရွေးပါ။ မရှိတဲ့သူတွေအတွက်တော့ private university တွေထဲက စဉ်းစားလို့ရအောင် တင်ပြပေးခြင်းသာဖြစ်ပါတယ်။

ကိုယ်တက်တဲ့ကျောင်းက ranking ဘယ်လောက်ချိတ်လဲဆိုတာ အောက်က Website မှာ ဝင်စစ်နိုင်ပါတယ်။
https://www.timeshighereducation.com/world-university-rankings/2026/regional-ranking

အခုပြထားတဲ့ ranking က Times Higher Education က ထုတ်ထားတာပါ။ QS ranking မှာတော့ result တစ်မျိုးဖြစ်ပြန်ပါတယ်။ နှစ်ခုစလံုး ယှဉ်ကြည့်ပြီး ကိုယ်ရွေးချယ်တဲ့ နိုင်ငံမှာ ranking ကောင်းတာလေး ရွေးရှာလို့ရအောင် တင်ပြပေးထားပါတယ်

India နိုင်ငံမှာ ကျောင်းတက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် information sharing ပါ။ ၁။ Public University Vs Private Universit...
26/04/2026

India နိုင်ငံမှာ ကျောင်းတက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် information sharing ပါ။

၁။ Public University Vs Private University
Public University တွေက ယေဘုယျအားဖြင့် private တွေထက် ပိုကောင်းကြပါတယ်။ ဒါပေမယ့် တစ်ခုခက်တာက public university တွေက အစိုးရတက္ကသိုလ်တွေဖြစ်လို့ ဝင်ခွင့်ရဖို့ ခက်ပါတယ်။ Entrance Exam တွေ ဖြေရတတ်တယ်။ India နိုင်ငံသားတွေအတွက်တော့ ဈေးနှုန်းသက်သာပေမယ့် international students တွေအတွက်ကတော့ အင်မတန်စျေးကြီးပြန်ပါတယ် (Mizoram ဘက်က တက္ကသိုလ်တွေတော့ ဈေးသက်သာတယ်လို့ သိရပါတယ် ) ။ ကျောင်းလျှောက်ဖို့ requirements တွေလည်း များပါတယ်။ Grade 10, 12 အောင်လက်မှတ်နှစ်ခုစလုံးလိုအပ်ပါတယ်။ ကျနော်တို့လို စနစ်ဟောင်းနဲ့ အောင်ခဲ့တဲ့သူတွေအတွက် အဆင်မပြေလို့ private university ဘက်ကို စဉ်းစားကြရတာဖြစ်ပါတယ်။

၂။ Private University တွေမှာ ဘယ်ဟာတွေ အဆင်ပြေလဲ။
ဘယ်ကျောင်းကောင်းလဲဆိုတာက ကျနော်တို့ရဲ့ expectations တွေ ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တကယ်တော့ ကျောင်းတက်တယ်ဆိုတာ စာတစ်ခုတည်း လေ့လာဖို့ မဟုတ်ပါဘူး။ ကိုယ်သွားမယ့် လမ်းကြောင်းအတွက် အသိုင်းအဝိုင်းတစ်ခု လာတည်ဆောက်တာဖြစ်ပါတယ်။ India ရဲ့ higher education က အနောက်တိုင်းနိုင်ငံတွေ၊ တရုတ်၊ ဂျပန် တွေနဲ့တော့ မယှဉ်သာပေမယ့် မြန်မာနိုင်ငံထက်တော့ အများကြီးပိုအဆင့်မြင့်ပြီး facility ပိုစုံပါတယ်။ တစ်ခြားကျောင်းရဲ့ အကြောင်းကိုတော့ ထဲထဲဝင်ဝင်မသိပေမယ့် ကျနော်တို့ Sharda ကျောင်းမှာတော့ ကိုယ်ရှာရင် ရှာသလောက် opportunities တွေ ရှိပါတယ်။ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့သူတွေအတွက်တော့ hackathon ခenter တို့ launchpad တို့လို ရှိတဲ့အတွက် ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အရှေ့ရောက်ပါတယ်။

၃။ စားသောက်နေထိုင်မှု ပတ်ဝန်းကျင် အနေအထား
ရာသီဉတုက နွေရာသီဆို အင်မတန်ပူ ဆောင်းရာသီဆို ခိုက်နေအောင် အေးတဲ့ ရာသီဉတုပါ။ အခု နွေရာသီရောက်နေပြီမို့ တစ်နေကုန် ချွေးဒီးဒီးကျရပါတယ်။ AC မပါတဲ့အခန်းမှာနေတဲ့သူတွေဆို နည်းနည်းတိုင်ပတ်ပါတယ်။ အစားအသောက်ကတော့ ကိုယ်တိုင်ချက်စားနိုင်မှ တော်ကာကျပါတယ်။ India food တွေက လုံးဝအဆင်မပြေပါဘူး (စားနိုင်တဲ့သူတွေကိုတော့ ချီးကျူးပါတယ်)။ အဆောင်မှာနေတဲ့သူတွေဆိုရင် တစ်နှစ်ပတ်လုံး ပဲဟင်း၊ နံပြား တွေနဲ့ ရုန်းကန်ရပါလိမ့်မယ်။ တစ်ပတ်မှာ ၆ ရက်က veg ကျွေးမှာပါ။ ကျနော့်အနေနဲ့ကတော့ အဲလို မစားသောက်နိုင်လို့ အပြင်မှာ အခန်းငှားပြီး ကိုယ့်ဘာသာကိုယ်ပဲ ချက်စားပါတယ်။ စျေးဝယ်ရတာ၊ ချက်ပြုတ်ရတာ အချိန်တော့ ကုန်ပါတယ်။

၄။ ကျောင်းပြီးရင် ဘာဆက်လုပ်မလဲ။
International students အနေနဲ့ ဆိုရင် အလုပ်ရဖို့ ခက်ပါတယ်။ Employment Visa လည်း လွယ်လွယ်မရပါဘူး။ ကျနော်က ဘာလို့တက်တာလဲဆိုတော့ အစကတည်းက အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတက်တာမဟုတ်လို့ပါ။ ကျောင်းပြီးရင် ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့မို့လို့ လာတက်တာဖြစ်ပါတယ်။ တစ်ခြား တတိယနိုင်ငံတစ်ခုခုမှာ ပညာဆက်သင်ယူချင်တဲ့သူတွေအတွက်တော့ အခွင့်အရေးကောင်းပါ။ ဒီမှာ စရိတ်စက နည်းနည်းနဲ့ ဘွဲ့ယူပြီး master ကို တစ်ခြားနိုင်ငံမှာ join ပေါ့။ ( အာဖရိကတွေ တော်တော်များများ အဲလိုလုပ်ကြပါတယ်)

၅။ ဘယ်သူတွေက ဘာ major သင့်တော်လဲ
ဒါက တော်တော်အရေးကြီးပါတယ်။ IT ကောင်းလို့ IT လာတက်မယ်ဆိုတာမျိုး၊ သူများတွေ BBA တက်လို့ ကိုယ်လည်း BBA တက်မယ်ဆိုတာမျိုးဆိုရင်တော့ ဒီမှာ ရုန်းကန်ရပါလိမ့်မယ်။ ကိုယ်က ဘယ်လမ်းကြောင်းအဆင်ပြေတယ်၊ ကိုယ်အမှန်တကယ်စိတ်ပါဝင်စားတယ်ဆိုမှ လာတက်ပါလို့ အကြံပြုချင်ပါတယ်။ ဘာလုပ်ရမှန်းမသိရင် ကျနော့်ဆီကို လာမေးလို့ရပါတယ်။ Career Counselling အခမဲ့ လုပ်ပေးပါ့မယ်။

၆။ ဘယ် major တွေ ကန့်သတ်ချက်ရှိလဲ။
ဆေးကျောင်းတက်လို့မရပါ။ India နိုင်ငံသားတွေပဲ ရပါတယ်။ Nursing နဲ့ တစ်ခြား ဆေးဘက်ဆိုင်ရာတွေကတော့ international students တွေ တက်လို့ရပါတယ်။ Grade 10 + Grade 12 အောင်လက်မှတ် အမှတ်စာရင်း နှစ်ခုစလုံး ပြနိုင်ဖို့ လိုပါတယ်။ India Nursing Council ရဲ့ ခွင့်ပြုချက်ရမှ ကျောင်းတက်လို့ရပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။ အားလုံး ကျေးဇူးပါဗျ။

Sharda University 2nd Year IT student အနေနဲ့ အခုမှ ကျောင်းအပ်မယ့်သူတွေအတွက် အကြံပေးစရာလေး ရှိပါတယ်။ ကျောင်း project တွေန...
25/04/2026

Sharda University 2nd Year IT student အနေနဲ့ အခုမှ ကျောင်းအပ်မယ့်သူတွေအတွက် အကြံပေးစရာလေး ရှိပါတယ်။ ကျောင်း project တွေနဲ့ အလုပ်များနေလို့ မပြောဖြစ်သေးတာလေး အခုကြုံတုန်း ပြောလိုက်ပါဉီးမယ်။

1. မေဂျာ အရွေးမမှားအောင် ဂရုစိုက်ပါ။
ကိုယ်ရွေးလိုက်တဲ့ major ဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီးသားဖြစ်ပါတယ်။ ဒီဘာသာက ဈေးသက်သာလို့၊ ကိုယ့်သူငယ်ချင်းတွေ ရွေးလို့ တက်တာ ဆိုတဲ့စဉ်းစားချက်နဲ့ မေဂျာရွေးရင်တော့ လုံးဝအမှားကြီးမှားသွားပါလိမ့်မယ်ဗျ။ နောက်ပြီး ဘွဲ့ရရင်ပြီးရော ဘာပဲရရ တက်မယ်ဆိုတာမျိုးမလုပ်သင့်ပါဘူး။ တစ်နှစ်တစ်နှစ် ကျောင်းစားရိတ် နေစားစရိတ် အတော်ကုန်ကျပါတယ်။ major တိုင်းလိုလိုက သူ့ဟာနဲ့သူတော့ အဆင်ပြေကြပါတယ်။

2. Sharda University ရဲ့ pros and cons
ကိုယ်တိုင်က Sharda မှာတက်လို့ Sharda ပဲ ကောင်းတယ်ဆိုပြီး အမွှန်းမတင်လိုပါဘူး။ ကောင်းကွက်ဆိုးကွက်တွေရှိပါတယ်။ ကောင်းတာကတော့ admission လွယ်တယ်။ UN သမားတွေကို လက်ခံပေးတယ်။ ဘာသာရပ်စုံတယ်။ International Students တွေများတယ်။ ခုနောက်ပိုင်းမှာ research အပိုင်းကို ပိုအားထုတ်လာတယ်။ ဒါတွေက ကောင်းကွက်တွေပါ။ အားနည်းချက်တွေကတော့ old school ပုံစံလိုက်နေသေးတယ် (India University အားလုံးနီးပါး မှာ ဒီပြဿနာရှိပါတယ်)။ ဆရာဆရာမတွေက lecture ကို powerpoint နဲ့သင်မယ်။ ကျောင်းသားတွေက သူပေးတဲ့ ဟာကို လေ့လာမယ်။ စာမေးပွဲဖြေမယ်။ Assessment တွေ လုပ်မယ်။ ဒါတွေပါပဲ။ memorization ကို အဓိကထားနေရတုန်းပါပဲ။ ကိုယ်ကိုယ်တိုင် research လုပ်ပြီး လေ့လာရတဲ့ ဘာသာရပ်က နည်းနေသေးတယ်။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ Job Opportunity ပါ။ India မှာ ကျောင်းတက်ပြီး India မှာ အလုပ်ပြန်လုပ်ဖို့က chance တအားနည်းပါတယ်။ ရခဲ့ရင်တောင် လစာက တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်လို့မရပါဘူး။ တစ်ခြားနိုင်ငံတစ်ခုခုမှာ master တစ်ခုခုကို ဆက် join ချင်လို့ ကြားခံအနေနဲ့ ဒီမှာ ဘွဲ့လာယူမယ့်သူတွေအတွက်က လွဲရင် ကျန်တာ အများကြီး မျှော်လင့်လို့မရပါဘူး။

3. ဘယ်သူတွေနဲ့ အပ်မှာလဲ။
ကျောင်း ​admission ကတော့ လွယ်ပါတယ်။ ကျောင်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ကျောင်းအပ်လို့လည်း ရပါတယ်။ Sharda မှာက Referral စနစ်ဆိုတာရှိပါတယ်။ လူတစ်ယောက်က (ကျောင်းသားဖြစ်ဖြစ် အပြင်လူဖြစ်ဖြစ်) လူသစ်တစ်ယောက်ယောက်ကို အပ်ပေးရင် ကျောင်းက bonus ပေးတဲ့သဘောပါ။ Indian တွေရဲ့ marketing စနစ်ပေါ့။ ဆိုတော့ ကိုယ်က ကျောင်းအပ်မယ်ဆိုရင် တိုက်ရိုက်မအပ်ဘဲ မြန်မာကျောင်းသားတစ်ယောက်ယောက်နဲ့ အပ်ခိုင်းတာက သူ့အတွက်လည်း အကျိုးဖြစ် ကိုယ့်အတွက်လည်း အကျိုးရှိပါတယ် (ကျောင်းအပ်ပေးတဲ့သူက နေစရာရှာပေးတာ၊ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ပေးတာတွေ လုပ်ပေးကြတာဖြစ်လို့ပါ)။ ဒီစနစ်ရဲ့ ဆိုးကျိုးတစ်ခုကတော့ ကျောင်းအပ်ပေးတဲ့သူတစ်ချို့က ကျောင်းသားရရင်ပြီးရော Sharda မှာပဲ ကောင်းတယ် အကုန်အဆင်ပြေတယ်ဆိုပြီး marketing ဆင်းကြတာပါပဲ။ သူများပြောတိုင်းမယုံဘဲ ကိုယ်ကိုယ်တိုင် ကိုယ်ဘာတက်မလဲဆိုတဲ့ဟာကို သေသေချာချာလေ့လာပြီးမှ ကျောင်းအပ်သင့်ပါတယ်။ အဆင်ပြေမယ်ထင်ပြီး ကျောင်းလာတက်ပြီးမှ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းနားသွားတဲ့သူတွေလည်း ရှိလို့ အစကတည်းက ရွေးချယ်မှုမှန်မှန်ကန်ကန်ဖြစ်ဖို့လိုပါတယ်။

Sharda University နဲ့ ပတ်သက်ပြီး မေးမြန်းချင်တာရှိရင် page messenger မှာ ဆက်သွယ်နိုင်ပါတယ်။

30/03/2026

Library vibe at Sharda📸📸
02/03/2026

Library vibe at Sharda

📸📸

Address

Delhi

Opening Hours

Monday 9am - 11pm
Tuesday 9am - 11pm
Wednesday 9am - 11pm
Thursday 9am - 11pm
Friday 9am - 11pm
Saturday 9am - 11pm
Sunday 9am - 11pm

Website

Alerts

Be the first to know and let us send you an email when Study In India With Yin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Study In India With Yin:

Share