Tokyo Hikari Japanese Language School

Tokyo Hikari Japanese Language School Tokyo Hikari Japanese Language School, 大学, 東京都 江戸川区, Edogawa-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

27/08/2023
( ၁၆.၀၆.၂၀၁၉ ) ရက်နေ့ (တနင်္ဂနွေနေ့) တွင် (N-1,N-2,N-3 , N-4 , N-5) NAT-TEST စာမေးပွဲဖြေဆိုရမယ့် ကျောင်းသား/သူများ အားလုံး...
09/06/2019

( ၁၆.၀၆.၂၀၁၉ ) ရက်နေ့ (တနင်္ဂနွေနေ့) တွင် (N-1,N-2,N-3 , N-4 , N-5) NAT-TEST စာမေးပွဲဖြေဆိုရမယ့် ကျောင်းသား/သူများ အားလုံးမိမိရဲ့ ခုံနံပါတ်များကို လာရောက်ကြည့်ရှုလို့ရပါပြီ ခင်ဗျာ ။
ရုံးခန်းပြင်ပတွင်ကပ်ထားပေးသောကြောင့် အချိန်မရွေးလာရောက်ကြည့်ရှုနိုင်ပါတယ်။ ရုံးပိတ်ရက်များတွင်လည်းလာရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ ။
မှတ်ချက်။ ။ မိမိ ဖြေဆိုရမည့်နေရာ၊အချိန်တို့ကို Page တွင်တင်ပေးထားပါတယ်ခင်ဗျာ ။ စာမေးပွဲ ခုံနံပါတ်များကို Page တွင်မတင်ပေးပါ Nat.test ဌာနတွင်လာရောက်ကြည့်ရှုရမည်ဖြစ်ပါသည်။
မိမိ၏စာမေးပွဲခုံနံပါတ်ကိုအောက်ပါလိပ်စာအတိုင်းလာရောက်ကြည့်ရှုနိုင်ပါတယ် ။
👉 အမှတ် ဘီ-၁၁၊ မြေညီထပ်၊ အနော်ရထာအိမ်ရာ၊ ရန်ကုန်-အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်အနီး ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
📞 - 01-514418 , 01-535626 , 09-772959312
📌 စာမေးပွဲ ဖြေဆိုမယ့်နေ့မှာ ယူသွားရမယ့် ပစ္စည်းတွေကတော့
***************************************************************
(1) မှတ်ပုံတင်မူရင်း ၊ passport ၊ယာဉ်မောင်းလိုင်စင်
(2) ခဲတံ
(3) ခဲဖျက်
(4) Ball pen ( မှင်အနက်ရောင် ) မှတ်ချက်... မှင်စိုမရပါ။
ဒီ (4)မျိုးကလွဲပြီး ကျန်တဲ့ပစ္စည်းတွေကို စာဖြေခန်းထဲသို့ လုံးဝ ယူဆောင်ခွင့် မပြုပါဘူး။
(ဥပမာ - သောက်ရေဘူး၊ ခဲတံအိတ်၊ ကွန်ပါဘူး၊ Tissue စတဲ့ ပစ္စည်းတွေကို ယူဆောင်ခွင့်မပြုပါဘူး ..)
📌 အထူးသတိပြုရမည့် အချက်များ
***********************************
စာမေးပွဲခန်းထဲမှာ လက်ကိုင်ဖုန်း၊ လျှပ်စစ်အဘိဓာန်၊ အသံဖမ်းစက်၊ Smart Watch နာရီတွေ၊ လျှပ်စစ်ပစ္စည်းတွေကို လုံးဝ (လုံးဝ) မယူဖို့ အထူးတားမြစ်ပါတယ်။
စာဖြေခန်းထဲ စာမေးပွဲချိန်မှာ မိမိလက်ဝယ် ဖုန်းရှိနေတာတို့၊ ဖုန်းသံမြည်လာတာတို့ (Vibration လည်းမရပါ) ရှိရင် မသမာမှုဖြင့်ဖြေဆိုသူစာရင်းအဖြစ်သတ်မှတ်ခံရမည်ဖြစ်လို့ အထူးသတိပြုစေလိုပါသည်။
❣ အားလုံးပဲ ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ (NAT-TEST ) ကို ရမှတ်ပြည့်နဲ့ ဖြေဆိုနိုင်ကြပါစေ။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ ( Nat-Test ) ၏၂၀၁၉ တျတိယ အကြိမ်မြောက်စာမေးပွဲဖြစ်သည့် (၁၆.၀၆.၂၀၁၉ ) ရက်နေ့တွင်ကျင်းပမည့် စာမေးပွဲတွင် ကျောင်းသား/သူများအားလုံး
အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
📌 ဖြေဆိုသူရဲ့ ကိုယ်ရေးအချက်အလက် အမှားပြင်ဆင်ခြင်း
****************************************************************
လျှောက်လွှာဖြည့်ခဲ့တုန်းက အမည်၊ မွေးသက္ကရာဇ် တွေ မှားဖြည့်မိလို့ ပြန်ပြင်ချင်တယ်ဆိုရင် စာမေးပွဲပြီးပါက ချက်ချင်း သက်ဆိုင်ရာ စာဖြေဌာန(OFFICE) သို့ အထောက်အထားအပြည့်အစုံဖြင့် လာရောက်ပြင်ဆင်ပေးရမယ်နော်။
မှတ်ချက် ။ ။ မပြောမိရင်တော့ Certificate မှာ (နာမည်၊ မွေးသက္ကရာဇ်) အမှားအတိုင်းဘဲ ထွက်လာမှာမို့ ပြောဖို့တော့ မမေ့ပါနဲ့နော်။

ဂျပန်အလုပ်ဗီဇာအသစ်ဂျပန်အစိုးရဟာ ၂၀၁၈ခုနှစ်၁၁လပိုင်း၂ရက်နေ့ရဲ့ လွှတ်တော် အစည်းအဝေးမှာ အလုပ်ဗီဇာအသစ်ကို အတည်ပြုလိုက်ပါတယ်။ဒ...
02/06/2019

ဂျပန်အလုပ်ဗီဇာအသစ်

ဂျပန်အစိုးရဟာ ၂၀၁၈ခုနှစ်၁၁လပိုင်း၂ရက်နေ့ရဲ့ လွှတ်တော် အစည်းအဝေးမှာ အလုပ်ဗီဇာအသစ်ကို အတည်ပြုလိုက်ပါတယ်။

ဒီအလုပ်ဗီဇာအသစ်နဲ့ပတ်သက်ပြီး လေ့လာကြည့်ကြပါစို့။

ဒီဗီဇာကို ဂျပန်လို "特定技能" tokuteiginou ဗီဇာလို့ ခေါ်ပါတယ်။

ဒီဗီဇာမှာ 特定技能 1号(ဗီဇာNo.1)နဲ့ 特定技能 2号( ဗီဇာNo.2) ဆိုပြီး အမျိုးအစား (၂)မျိုး ရှိပါတယ်။

ပထမဦးဆုံး ဗီဇာNo.1 ကို လေ့လာကြည့်ကြပါစို့။
●特定技能 1号(ဗီဇာNo.1)
ဒီဗီဇာဟာ ဂျပန်မှာ အများဆုံး (၅)နှစ်အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။ မိသားစုကို ဂျပန်ကို ခေါ်လို့ မရပါဘူး။

ဒီဗီဇာနဲ့ အလုပ်လုပ်ခွင့်ရှိတဲ့လူတွေကတော့ 日本語1号(ဂျပန်စာ N4 Level )အနည်းဆုံးရှိရပါမယ်။ နောက်တစ်ခုက 技能試験(ginoushiken) လို့ခေါ်တဲ့ အလုပ်အခြေခံတတ်ကျွမ်းမှုစာမေးပွဲကို အောင်ရပါမယ်။
(ဒီစာမေးပွဲတွေကိုတော့ အလုပ်ခေါ်မယ့် အဖွဲ့အစည်းတွေက ကျင်းပပါလိမ့်မယ်။)

ယခင် 技能実習(ginoujisshuu)သင်တန်းသားဗီဇာနဲ့ ၃နှစ်နဲ့အထက် အလုပ်လုပ်ခဲ့တဲ့လူတွေကတော့ ဒီဗီဇာNo.1 ကို ပြောင်းယူလို့ရပါတယ်။(ဂျပန်စာစာမေးပွဲနဲ့ အလုပ်ကျွမ်းကျင်မှုစာမေးပွဲ ဖြေစရာ မလိုအပ်ပါဘူး။)

ဗီဇာNo.1 မှာ အောက်ပါ လုပ်ငန်းအမျိုးအစား (၁၄)မျိုး ပါဝင်ပါတယ်။

(၁). 建設業 ( ဆောက်လုပ်ရေးလုပ်ငန်း)
(၂). 造船・舶用工業(သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း)
(၃). 自動車整備業(ကားပြုပြင်ရေးလုပ်ငန်း)
(၄). 航空業( လေကြောင်း၊လေဆိပ်လုပ်ငန်း)
(၅). 宿泊業( ဟော်တယ်လုပ်ငန်း)
(၆). 介護(သက်ကြီးရွယ်အိုစောင့်ရှောက်ရေး)
(၇). ビルクリーニング(အဆောက်အဦးသန့်ရှင်းရေး)
(၈). 農業(စိုက်ပျိုးရေးလုပ်ငန်း)
(၉). 漁業(ငါးလုပ်ငန်း)
(၁၀). 飲食料品製造業(စားသောက်ကုန်လုပ်ငန်း)
(၁၁). 外食業(စားသောက်ဆိုင်လုပ်ငန်း)
(၁၂). 素形材産業(သံထည်ပုံသွင်းလုပ်ငန်း)
(၁၃). 産業機械製造業(အကြီးစားစက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း)
(၁၄). 電子・電気機器関連産業(လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း)

ဆက်လက်ပြီး ဗီဇာNo.2 အကြောင်းကို လေ့လာကြည့်ကြပါစို့။
●特定技能 2号( ဗီဇာNo.2)
အထက်က ဗီဇာNo.1 နဲ့ အလုပ်(၅) နှစ် လုပ်ပြီးတဲ့ လူတွေ၊ ဗီဇာNo.2 ရဲ့ အလုပ်ကျွမ်းကျင်မှုစာမေးပွဲ အောင်မြင်တယ်ဆိုရင် ဗီဇာNo.2 ကို ပြောင်းလို့ ရပါတယ်။
ဒီဗီဇာNo.2 မှာတော့ ဗီဇာNo.1 လို ဘယ်နှစ်နှစ်အထိပဲ နေထိုင်ခွင့်ရှိတယ်လို့ မသတ်မှတ်ထားပါဘူး။ ဗီဇာပြောင်းလျှင် ၁နှစ်မှ၃နှစ်အထိ ဗီဇာရရှိနိုင်ပြီး၊ အလုပ်ရှိလျှင် ဗီဇာသက်တမ်းထပ်တိုးပြီး ဂျပန်မှာ ဆက်လက်နေထိုင်ခွင့်ရှိပါတယ်။ လက်ရှိ အလုပ်ဗီဇာ(Work Visa)လို ဗီဇာအမျိုးအစားဖြစ်ပြီး မိသားစု(အိမ်ထောင်ဖက်နှင့်သားသမီး)ကိုလည်း ဂျပန်ကိုခေါ်ယူပြီး အတူတကွ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အရည်အချင်းပြည့်မီပါက အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

သို့ပေမယ့် ဒီဗီဇာNo.2 မှာကတော့ အောက်ပါလုပ်ငန်းအမျိုးအစား (၄)မျိုးကိုပဲ ခွင့်ပြုထားပါသေးတယ်။
(၁). 建設業 ( ဆောက်လုပ်ရေးလုပ်ငန်း)
(၂). 造船・舶用工業(သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း)
(၃). 自動車整備業(ကားပြုပြင်ရေးလုပ်ငန်း)
(၄). 航空業( လေကြောင်း၊လေဆိပ်လုပ်ငန်း)
(ဗီဇာNo.1 ထဲမှာပါဝင်တဲ့ (၁၄)မျိုးထဲက (၄)မျိုးကိုပဲ ဗီဇာNo.2 ကို ပြောင်းလဲခွင့် ပေးထားပါတယ်။)

အနှစ်ချုပ်ပြီး လေ့လာကြည့်မယ်ဆိုလျှင် အခြေခံအလုပ်တွေကို နိုင်ငံခြားသားတွေ အလုပ်ဗီဇာဖြင့် လုပ်ကိုင်ခွင့် ရရှိလာပါတယ်။ ကြိုးစားမယ်ဆိုလျှင် အမြဲတမ်းနေထိုင်ခွင့်အထိ ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံက ဂျပန်စကားတတ်တဲ့ လူငယ်တွေ၊ GTI, B tech, Engineer ကျောင်းသားတွေအတွက် အခွင့်အလမ်းတွေ အများကြီး ရှိလာနိုင်ပါတယ်။

အများသိချင်မယ့် မေးခွန်းလေးတွေကိုလည်း အမေးအဖြေပုံစံဖြင့် ရေးသားပေးလိုက်ပါတယ်။

မေး ။ ။ (၁). ဒီဗီဇာအသစ်ကို ဘယ်တော့စမှာလည်း။
ဖြေ။ ။ ဂျပန်အစိုးရဟာ ၂၀၁၉ခုနှစ်၎လပိုင်းကနေ စတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အတိုက်အခံပါတီက လိုအပ်ချက်တွေ ထောက်ပြမှုတွေရှိတဲ့အတွက် အနည်းငယ် နောက်ကျချင်လည်း နောက်ကျနိုင်ပါတယ်။

မေး ။ ။(၂). ဒီဗီဇာနဲ့ဂျပန်လာချင်ပါတယ်၊ ဘာတွေလိုအပ်ပါသလဲ။
ဖြေ။ ။ ဒီဗီဇာနဲ့လာချင်ရင် ပထမဦးဆုံး ဂျပန်စာ N4 Level အောင်အောင်ကြိုးစားထားသင့်ပါတယ်။

မေး ။ ။(၃). ဒီဗီဇာနဲ့လာချင်ပါတယ် ဘယ်လိုလုပ်ရပါမလဲ။
ဖြေ။ ။ တရားဝင်အေးဂျင့်တွေမှာ စုံစမ်းပါ။ဒါက လက်ရှိမြန်မာနိုင်ငံက တရားဝင်အေးဂျင့် list ပါ။
http://www.otit.go.jp/soushutsu_kikan_list/
(ミャンマーကို နှိပ်ပါ)

မေး ။ ။(၄). ဒီဗီဇာနဲ့ Training Visa (技能実習 သင်တန်းသားဗီဇာ) ဘာကွာပါသလဲ။
ဖြေ။ ။ Training Visa က သင်တန်းသားဗီဇာပါ။ ဒီဗီဇာအသစ်က အခြေခံအလုပ်ဗီဇာ အမျိုးအစားပါ။ ခံစားခွင့်တွေကွာပါတယ်။ လခကလည်း ဂျပန်လူမျိုးနဲ့တန်းတူ(သို့) ဂျပန်လူမျိုးထက်ကို ပိုရပါမယ်။

မေး ။ ။(၅). ကျွန်တော်က ထရိန်နီဗီဇာ(၃)နှစ်ပြီးလို့ ပြန်သွားပါတယ်။ ဒီဗီဇာနဲ့ပြန်လာလို့ ရပါသလား။
ဖြေ။ ။ စနစ်သစ်စရင် ရပါတယ်။ အထက်ပါ အေးဂျင့်တွေမှာ စုံစမ်းကြည့်ပါ။

မေး ။ ။ ကျွန်တော်ကလက်ရှိ ဂျပန်မှာ ထရိန်နီဗီဇာနဲ့ အလုပ်လုပ်နေတာ (၃)နှစ်ရှိပါပြီ။ နောက်နှစ်ထဲမှာ ဒီဗီဇာအသစ်ကို ပြောင်းလို့ရပါသလားသလား။
ဖြေ။ ။ စနစ်သစ်စရင် ရပါတယ်။ ကြိုးစားကြည့်ပါ။

မေး ။ ။(၆). ဂျပန်မှာ လက်ရှိကျောင်းတက်နေပါတယ်။ ကျောင်းပြီးတဲ့အခါမှာလည်း ကုမ္ပဏီမှာ အလုပ်မဝင်ချင်ပါဘူး။ လက်ရှိအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာ(သို့) ဟိုတယ်မှာ ဆက်လုပ်ချင်ပါတယ်။ လုပ်လို့ရနိုင်မလား။
ဖြေ။ ။ ဗီဇာအသစ်မှာဆိုရင် ရပါတယ်။ ကျောင်းသားဗီဇာကနေ 特定技能 ဗီဇာကို ပြောင်းဖို့ လိုအပ်ပါလိမ့်မယ်။ ပြောင်းပုံပြောင်းနည်း အသေးစိတ်ကတော့ လက်ရှိမသိရသေးပါဘူး။

မေး ။ ။(၇). ဘယ်လိုအလုပ်အမျိုးအစားကို ရွေးချယ်သင့်ပါသလဲ။
ဖြေ။ ။ နောက်ပိုင်းမှာ အမြဲတမ်းနေထိုင်ခွင့်အထိ ရနိုင်မယ့် လုပ်ငန်းအမျိုးအစား (၄)မျိုးကတော့ ပိုကောင်းပါလိမ့်မယ်။

မေး။ ။ (၈). အလုပ်သမား တစ်နှစ်ကို ဘယ်နှစ်ယောက်လောက်ခေါ်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ၂၀၁၉ခုနှစ်မှာတော့ အယောက်(၄)သောင်းခန့် ခေါ်မယ်လို့ စီစဉ်နေပါတယ်။

မေး ။ ။ (၉). ခေါ်မယ့်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကော ပါပါသလား။
ဖြေ။ ။ ပါဖို့များပါတယ်။ သို့ပေမယ့် တရားဥပဒေဘောင်အတွင်းမှာ မနေတဲ့နိုင်ငံခြားသားတွေနဲ့၊ နိုင်ငံရေးအလျှောက်များတဲ့နိုင်ငံသားတွေ ကိုတော့ သေသေချာချာ စဉ်းစားပြီးမှ လက်ခံမယ်လို့ပြောပါတယ်။

အားလုံးအဆင်ပြေကြပါစေ
မေတ္တာဖြင့်
အကီ ။ ။
Photo credit@internet

外国政府認定送出機関一覧 ○ベトナム 認定送出機関リスト ○カンボジア 認定送出機関リスト ○インド 認定送出機関リスト   過去に認定されていた機関 ○フィリピン 認定送出機関リスト   過去に認定されていた....

04/09/2016

၁၁ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား
Awarding ceremony of 11th Japanese Literature Translation Contest
第11回日本文学翻訳コンテスト表彰式の開催
http://www.mm.emb-japan.go.jp/profile/japanese/news/2016/new-30.html

住所

東京都 江戸川区
Edogawa-ku, Tokyo
1320031

ウェブサイト

アラート

Tokyo Hikari Japanese Language Schoolがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー