Jangan University Myanmar Community

Jangan University Myanmar Community It aims to facilitate the convenience of all Myanmar students studying at Jangan University.

12/12/2024

Janganကိုကျောင်းလျှောက်မယ့် သူများ
12လပိုင်း 10ကနေ 25ထိ စာရွက်စာတမ်းလက်ခံနေပါပြီ

Makeupမေဂျာကို စိတ်ဝင်စားတဲ့ ကလေးတွေအတွက် သတင်းကောင်းကတော့ 외국 အတန်းက အတိအလင်းကို 신입생အတန်းသစ် စတင်လိုက်ပါပြီ 외국 신입생တင်ကို...
26/11/2024

Makeupမေဂျာကို စိတ်ဝင်စားတဲ့ ကလေးတွေအတွက် သတင်းကောင်းကတော့

외국 အတန်းက အတိအလင်းကို 신입생အတန်းသစ် စတင်လိုက်ပါပြီ

외국 신입생တင်ကို အယောက် 40ရှိပါတယ်တဲ့
တခုကောင်းတာက
ပါမောက္ခက ဒီနှစ် မြန်မာတွေရော
ဗီယက်နမ်တွေပါ များတာမို့
မြန်မာ တစ်တန်း ဗီယက်နမ် တစ်တန်း ခွဲပေးမယ်ပြောပါတယ်

တခြား နိုင်ငံခြားသားတွေပါရှိလာနိုင်ရင်
မြန်မာတွေနဲ့ တခြားန်ုင်ငံခြားသားကတစ်တန်း
ဗီယက်နမ်နဲ့ တခြားနိုင်ငံခြားသားက တစ်တန်း မျှခွဲမယ်လို့ ပြောပါတယ်

ဒါကြောင့်
အမရေ ညီမတော့ Agencyမအပ်ချင်ဘူး ငွေ အကုန်ကျ နည်းနည်းများသွားလို့ ကိုယ့်ဘာသာ လျှောက်ချင်တယ်ဆို လာပြောပါ ကူညီပေးပါ့မယ်

ကျောင်းလျှောက်ဖို့အတွက်
12လပိုင်း 10ရက်ကနေ 25ရက်
1လပိုင်း10ရက်ကနေ 19ရက်နေ့ထိ လျှောက်လို့ ရပါတယ်

Jangan ကျောင်း ကို ကိုယ့်ဘာသာ မေဂျာပြောင်းမယ့်ဂျူနီယာလေးတွေ ဒုတိယ အသုတ်ကို11လပိုင်း 8~20ရက်နေ့ထိ  စာရွက်စာတမ်းတင်လို့ရပါ...
13/11/2024

Jangan ကျောင်း ကို ကိုယ့်ဘာသာ မေဂျာပြောင်းမယ့်

ဂျူနီယာလေးတွေ
ဒုတိယ အသုတ်ကို
11လပိုင်း 8~20ရက်နေ့ထိ စာရွက်စာတမ်းတင်လို့ရပါတယ်ရှင့်

ကျောင်း ကိုယ့်ဘာသာ လျှောက်ချင်လို့
Fileလိုတယ်လို့ pageမှာ လာတောင်းယူနိုင်ပါတယ်

Beauty Majorကို ဝင်ထွင့်လျှောက်မယ့် ဂျာနီယာလေးတွေလည်း page messager ဒါမှမဟုတ်
Beauty Major က အမရဲ့ ကိုယ်ပိုင် Accမှာ လာတောင်းနိုင်ပါတယ်

ပါမောက္ခတွေကိုပါ အသိပေးထားတာမို့
အလွယ်တကူ ကျောင်းရဖို့ သေချာပါတယ်ရှင့်

ပါမောက္ခတွေကလည်း သဘောကောင်းပြီး ဒုတိယနှစ်ရောက်တာနဲ့ အင်တာဗျူး ရှိတဲ့ မေဂျာပါ
ပါမောက္ခတွေကလည်း အမြဲ အလုပ်ကိုင် အခွင့်လမ်းနဲ့ပတ်သတ်ပြီး အသိပေးနေပါတယ်ရှင့်

Jangan Universityကို မိမိဘာသာ လျှောက်မယ့် ကျောင်းသားတွေအတွက် ပြင်ဆင်ရမယ့် စာရွက်စာတမ်း-자기소개-ဆယ်တန်းအောင်လက်မှတ် -ဆယ်တန်း...
13/10/2024

Jangan Universityကို မိမိဘာသာ လျှောက်မယ့် ကျောင်းသားတွေအတွက်

ပြင်ဆင်ရမယ့် စာရွက်စာတမ်း
-자기소개
-ဆယ်တန်းအောင်လက်မှတ်
-ဆယ်တန်းအောင်ကြောင်းထောက်ခံစာ
-passport
-မိဘ မှတ်ပုံတင်
-အိမ်ထောင်စုဇယား
-Show money 2000만원
-(3.5*4.5cm)ဓာတ်ပုံ 3ပုံ
-Topik result (Topik မရှိသူ ကျောင်း Topik ဖြေရပါ့မယ်)
-Language တန်းက 성적증명서 /재학증명서
-외국인 등록증 ရှေ့နောက်
-출입구 사실 증명서

အောက်က ပုံက ကျောင်းလျှောက်နိုင်တဲ့ အချိန်ပါ ဖောင်တင်ရမယ့်ရက်
အင်တာဗျူးရမယ့်ရက်က အစ ပါပါတယ်

အခုတလော 장안대နဲ့ပတ်သတ်ပြီး အမေးများလာလို့  장안နဲ့ပတ်သတ်ပြီး ပြောပြပေးပါ့မယ့် ကိုယ်ကတော့ 장안대 2학년 2학기 뷰티학과မှာ လက်ရှိ ပညာသင်နေ...
11/10/2024

အခုတလော 장안대နဲ့ပတ်သတ်ပြီး အမေးများလာလို့ 장안နဲ့ပတ်သတ်ပြီး ပြောပြပေးပါ့မယ့်

ကိုယ်ကတော့ 장안대 2학년 2학기 뷰티학과မှာ လက်ရှိ ပညာသင်နေပါတယ်

뷰티မေဂျာနဲ့ပတ်သတ်ပြီး sem 4ခုစာ စာသင်ကြားပုံကို နောက်မှပြောပြပေးပါ့မယ်

လက်ရှိ 장안대မှာ 외국인방 / 한국인방ဆိုပြီး နှစ်မျိုး ပေါ်လာပြီ
အရင်က 외국인방မရှိခဲ့ပေမယ့် 2023-9လပိုင်း semester ကစပြီး ပေါ်လာခဲ့သလို အခုဆို မေဂျာတိုင်းလိုလိုမှာ 외국인방စတင်နေပါပြီ

외국인방ဆို တပတ်နှစ်ရက် လက်တွေ့အတန်းတွေရှိပြီး လက်ချာတန်းတွေကိုတော့ onlineကနေ သင်ပါတယ်
Onlineအတန်းဆို ရက်အကန့်သတ်သတ်မှတ်ထားတာမို့ သတ်မှတ်ထားတဲ့ ရက်အတွင်းအားတဲ့အချိန်မှ လေ့လာပြီး assignment တင်ပေးရင် ရပါတယ်

외국인방ပေါ်လာသလို Korea ဘာသာတန်း /Englishဘာသာ အတန်းဆိုပြီးလည်း ထပ်မံ ခွဲသွားပါသေးတယ်

မေဂျာတွေအနေနဲ့ပြောရမယ်ဆိုရင်
호텔관광학부 မှာဆို
호텔외식조리과 (နိုင်ငံခြားသားတန်းခွဲရှိ)
호텔경영과 (နိုင်ငံခြားသား တန်းခွဲရှိ)(Korea/English)
관광레저경영과(နိုင်ငံခြားသားတန်းခွဲရှိ)(Korea/English)
예술디자인학부
- [ ] 미디어스토리텔링과
- [ ] 뷰티케어과(နိုင်ငံခြားသားတန်းခွဲရှိ)
- [ ] 스타일리스트과(နိုင်ငံခြားသားတန်းခွဲရှိ)
- [ ] 패션디자인과
- [ ] 패션주얼리디자인과
IT 콘텐츠학부
- [ ] 컴퓨터공학과(3년)
인문사회학부
- [ ] 경영과(온라인케팅전공/비즈니스창업전공)(korea/English)နိုင်ငံခြားသားသီးသန့်အခန်းရှိမရှိ မသိပေမယ့် Englishတန်းရှိတာမို့ နိုင်ငံခြားသားရှိမယ့်ပုံပါဘဲ
- [ ] 글로벌경영과
- [ ] 일본어컨텐츠과
- [ ] 유아교육과(3년)
글로벌자율학부
- [ ] 자유전공
- [ ] 글로벌케어복자과(Korea/중국어/English)
- [ ] IT융합과(한국어/중국어/영어)

နိုင်ငံခြားသားတွေ လျှောက်ထားနိုင်တဲ့ အဓိက 학부တွေရဲ့ မေဂျာခွဲတွေပါ 3학년လို့ ရေးထားတာကလွဲရင် အကုန် 2학년 အတန်းတွေ ဖြစ်ပါတယ်

ကျောင်းလခတွေကတော့
3124000원
호텔경영과/관광레저경영과/경영과(올라인마케팅전공,비즈니스창업전공)/글로벌경영과/일본어컨텐츠과/유아교육과/글로벌케어복지과

3659000원
호텔외식조리과/미디어스토리텔링과/뷰티케어과/스타일리스트과/패션디자인과,패션주얼리디자인과/컴퓨터공학과/IT융합과

장학금(ပညာသင်ထောက်ပံ့ကြေး)

နိုင်ငံခြားသားကျောင်းသားတွေအတွက် Semester 4ခုကို ဝမ် သိန်း 20 ရရှိမှာဖြစ်ပြီး

ကျောင်းစအပ်တဲ့ ပထမ semester မှာ 10သိန်းရရှိမှာဖြစ်ပြီး
ကျန်တဲ့ semester 3ခုကို ကျန် 10သိန်းကို ခွဲပေးမှာဖြစ်ပါတယ်

အတန်းထဲမှာ အမှတ်ကောင်းတယ်ဆိုလည်း မေဂျာကပေးတဲ့ ပညာသင်ထောက်ပံ့ကြေးလည်း ရရှိမှာဖြစ်ပါတယ်

ပထမနှစ် ပထမsemester ကျောင်းပြောင်း မေဂျာပြောင်းတွေအတွက် Topik 3급 ရှိရပါ့မယ်

ပြောင်းနိုင်တဲ့မေဂျာတွေက
스타일리스트과
글로벌케어복지과 ကို ပြောင်းလို့ ရနိုင်တယ်လိုဘ ကျောင်းဘက်ကပြောထားပါတယ်

အမရဲ့ 뷰티케어ကိုပြောင်းချင်ရင်လည်း ပါမောက္ခကို မေးထားပါတယ်ပြောင်းလို့ရတယ်လို့ ပြောပါတယ်
ကျောင်းဘက်ကတော့ မေဂျာဘက်ကို မေးပြီး အတည်ပြုပေးမယ်ပြောပါတယ်

Topikမရှိဘဲ Languageတန်းကနေ မေဂျာပြောင်းမယ့် ကျောင်းသားတွေကတော့
ကျောင်းမှာ Topikဖြေရပါ့မယ် ပြီးရင် အင်တာဗျူးဝင်ရပါ့မယ်

ဖောင်ကြေးသီးသန့်ပေးရပါ့မယ် -10000~30000

안녕 안녕 Beauty Majorကိုလည်း စိတ်ဝင်စားတယ် 2နှစ်ဘဲ တက်ချင်တယ် ဒါပေမယ့် ငါးရက်လည်းမတက်ချင်ဘူး ကျောင်း rank ကောင်းတာထဲကလည်းလိ...
02/07/2024

안녕 안녕

Beauty Majorကိုလည်း စိတ်ဝင်စားတယ်
2နှစ်ဘဲ တက်ချင်တယ် ဒါပေမယ့် ငါးရက်လည်းမတက်ချင်ဘူး ကျောင်း rank ကောင်းတာထဲကလည်းလိုချင်တယ်
တစ်ပတ်နှစ်ရက်ဘဲ တက်ချင်တယ်
D2 Visaလည်း စိတ်ချရတယ် ပေါ့ပေါ့ပါးပါး ကျောင်းတက်ပြီး အချိန်ပိုင်းအလုပ်လေးလုပ်မယ်ဆို

Jangan University ကနေ 9လပိုင်း beauty major 9လပိုင်း မှာ နိုင်ငံခြားသီးသန့် အတန်းလေး စီစဉ်ပေးမှာဖြစ်ပါတယ်
Jangan Universityက 수원역ကနေ 45min
35/30/30-1 busစီးတာနဲ့ ကျောင်းတိုက်ရိုက်ရောက်ပါတယ်
ဒါမှမဟုတ် 수원역ကနေ 오목천역 ကို ရထားပြောင်းစီးပြီး သွားလို့ရပါတယ်
အချိန်ပိုင်းအတွက်လည်း အလုပ်ပေါပါတယ်

Jangan Uniရဲ့ Beauty Major မှာဘာတွေသင်ရလဲ ပြောပြပေးသွားပါ့မယ်

အမကတော့ လက်ရှိမှာ JGUရဲ့ Beauty Majorက တစ်ဦးတည်းသော 외국인ပါ
အမကတော့ ကိုရီးယားတွေနဲ့ တပတ် ငါးရက် တက်ရပေမယ့်
ဒီတခေါက် 9လပိုင်းမှာ ပါမောက္ခတွေက နိုင်ငံခြားသီးသန့် အတန်းခွဲပေးမယ်ဆိုပြီး ဆက်သွယ်လာပါတယ်

အရင်ဆုံး အမတို့ JG Beauty Majorက 2နှစ် မေဂျာဖြစ်ပြီး

ပထမနှစ်မှာ
ဘာသာရပ် 8-9ခုကို သင်ရပါတယ်
Majorအနေနဲ့
피부/네일/헤어/메이크업/화장폼학 ကို သင်ယူရပြီး
Minorအနေနဲ့ ဘာသာရပ်တခုကိုရွေးချယ်ရပါတယ်
ပထမနှစ် ပထမ sem အနေနဲ့
기초 헤어 ဆံပင်ညှပ်နည်း အခြေခံ
기초 네일 လက်သည်း အခြေခံ
기초 메이크업 မိတ်ကပ်အခြေခံ
기초 에스테틱 မျက်နှာ နှိပ်နယ်နည်း ပိုင်းနဲ့ပတ်သတ်ပြီး အခြေခံပတ်သတ်ပြီး သင်ရမှာဖြစ်ပြီး
글쓰기와 말하기
피부과학
미용학
대학생활 ဘာသာရပ် 8ခုနဲ့ minorတစ်ခုကို သင်ကြားရမှာဖြစ်ပြီး

ဒုတိယ sem
화장총학 (မိတ်ကပ်ပစ္စည်းတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေအကြောင်းကို သင်ကြားရမှာပါ chemistry နည်းနည်း ပြန်သင်ရပါ့မယ်😂😂)
인체생리학
기초 퍼머넌트 (ဆံပင်ကောက် အခြေခံ)
응용메이크업 (မျတ်ကပ်ဘာသာမှာကျ ရာသီအသီးသီးရဲ့ မိတ်ကပ်ပြင်ပုံ /smokey makeup /မင်္ဂလာဆောင်မိတ်ကပ်ပုံစံတွေသင်ကြားရပါ့မယ်)ကိုရီးယား lookကိုဘဲ သင်ကြားရမှာပါ 😁
응용 에스테틱(ပထမနှစ်မှာ သင်တဲ့ခဲ့ မျက်နှာ နှိပ်နည်နည်းကို အခြေခံပြီး
Spaတွေမှာ မျက်နှာ messageလုပ်ပေးတာတွေ
မျက်နှာပေါင်းတင်နည်းတွေ ခြေထောက် နှိပ်နယ်နည်းတွေကို သင်ပေးမှာပါ)
기초네일스컬프 လက်သည်းဆက်နည်း shape ဖော်နည်း အခြေခံ ဆိုးနည်းတွေကို သင်ကြားရမှာဖြစ်ပြီး
နောက်ဆုံးဘာသာရပ်အနေနဲ့
자기개발능력ကို အဓိကသင်ကြားရပါ့မယ်
Minorအနေနဲ့ဘာသာရပ်တခုပါ သင်ကြားရပါ့မယ်

ဒုတိယနှစ်ကစပြီး ကိုယ် သဘောကျတဲ့ဘာသာရပ် နှစ်ခုကိုရွေးလို့ရပါပြီ
메이크업/헤어/피부ဆိုပြီး သုံးဘာသာထဲက နှစ်ဘာသာရွေးလို့ရပြီး
아로마테라피 (ရေမွှေး/ဆပ်ပြာ/body oilထုတ်ဖော်ပုံတွေကိုသင်ကြားရပါ့မယ်)
미용적무인성과ဆိုပြီး အလှအပရေးရာနဲ့ဆိုင်တဲ့ သင်ရပါ့မယ်)
ဘယ်ဘာရပ်နှစ်ခုကိုရွေးရွေး အထက်ပါ ဘာသာရပ်နှစ်ခုက ဘုံသင်ကြားရပါ့မယ်

အမနေနဲ့ ဒုတိယနှစ်မှာ
메이크업/피부ကိုရွေးခဲ့တာမို့
메이크업မှာဆို
무대영상 메이크업ဆိုပြီး ကကြီး နန်းတွင်းမှာ ပါတဲ့မိတ်ကပ်ပုံစံတွေ နှုတ်ခမ်းမွှေးအတုတပ်နည်းတွေ လက်မှာ မျက်နှာမှာ အနာဖြစ်တာတို့ လိမ်းတဲ့ မိတ်ကပ်ပုံစံတွေကိုသင်ကြားရပြီး)
아트메이크업ဆိုပြီး မျက်နှာပေါ်မှာ ပုံဖော်ပြီး လိမ်းရတဲ့ မိတ်ကပ်ပုံစံတွေကို လေ့လာရပါတယ်)
피부ပိုင်းဆို
Salon ပိုင်းနဲ့ပတ်သတ်တဲ့ မျက်နှာနှိပ်နယ်နည်းတွေ beauty toolsတွေကိုသုံးပြီး လက်တွေ့ သင်ယူရပါတယ် skin Oil/dry/com/Senလေးမျိုးနဲ့ပတ်သတ်ပြီး လေ့လာရတာတွေလည်းသင်ယူရပါတယ်)
버티케어 ဆိုပြီးတော့ spaတွေမှာ ခန္ဓာကိုယ်နှိပ်နည်းတွေ့ကို လက်တွေ့သင်ယူရပါတယ်)
ဒုတိယနှစ်မှာတော့ ကိုယ်ရွေးချယ်ထားတဲ့ အဓိက ဘာသာရပ်ကနေ နှစ်မျိုးစီခွဲပြီး လေးဘာသာလေ့လာရသလို အပေါ်က ဘုံ ဘာသာရပ် နှစ်ခုပါလေ့လာရတာမို့
လက်တွေ့ လေးဘာသာ စာတွေ့နှစ်ဘာသာ သင်ယူရပါတယ်ရှင့်

ကျောင်းလခ အနေနဲ့
ပထမနှစ် ပထမ sem 3609000
Scholar -1500000
နိုင်ငံခြားသားအတွက် scholar -500000
ပထမနှစ် ဒုတိယ sem 3409000
နိုင်ငံခြားသား scholar-500000
ဒုတိယနှစ် ပထမ sem -3409000
နိုင်ငံခြားသား scholar -500000

ကိုရီးယားမှာရှိနေတဲ့ မြန်မာတွေအတွက်
Agency ခ မကုန်အောင် အမက ကြားထဲက ကျောင်းနဲ့ချိတ်ဆက်ပေးပြီး

ကျောင်းလျှောက်တဲ့ လုပ်ငန်းစဉ်ကိုလည်း မြန်အောင်ကူညီပေးနိုင်ပါတယ်

လိုအပ်တဲ့စာရွက်စာတမ်းတွေသာ အဆင်သင့်ရှိတယ်ဆို
ဒီနေ့အပ် နောက်နေ့ အင်တာဗျူး ကျောင်းလခသွင်းပြီးတာနဲ့ ဗီဇာလျှောက်ဖို့ကို ကျောင်းနဲ့အတူ လဝက သွားရုံပါဘဲ
ကျောင်းလျှောက်နေစဉ်အတွင်း 2ကြိမ်တော့ကျောင်းကိုသွားပေးရပါ့မယ်

ပထမ အကြိမ် -အင်တာဗျူးဖြေဆိုဖို့
ဒုတိယ အကြိမ်-ဗီဇာပြောင်းဖို့ လဝက သွားရန်

Topikမရှိတဲ့ မြန်မာကျောင်းသားတွေအတွက်
ကျောင်း Topikဖြေလို့ရပါတယ်
ကျောင်းဝင်ခွင့် မရမရှိအောင် ကူညီပေးနိုင်ပြီး

တခြားကျောင်းတွေ 9လပိုင်းအတွက် အသီးသီး လျှောက်လွှာတင်ခွင့်တွေပိတ်ပေမယ့်
အမအနေနဲ့ ကျောင်းဘက်ကို ပြောထားပေးမှာမို့ ကျောင်းမဖွင့်ခင် နှစ်ပတ်အလိုထိ ဝင်ခွင့်လျှောက်လို့ ရပါတယ်
မှတ်ချက် -Languageတန်းမှာတော့ ကျောင်းခေါ်ချိန် ကောင်းမှရပါ့မယ်

မြန်မာက လူတွေအတွက်ကျ ကိုယ်က
ကကြီးစကားအခြေခံဘဲရတယ် makeupမေဂျာကို စိတ်ဝင်စားတယ် ဆို
လိုအပ်တဲ့စာရွက်စာတမ်းက အပြည့်စုံရှိပြီး
Mofa /သံရုံးတုံးထု /ဗီဇာအတွက်ဘဲ လုပ်ဖို့ လိုအပ်ပြီး မြန်မြန်လာချင်တဲ့ သူတွေအတွက်ကျ
ကျောင်းဝင်ခွင့်ကိုမြန်မြန်ရနိုင်ပြီး
ဗီဇာရတဲ့ချိန်မှ ပြည်ဝင်လို့ရတာမို့
ကျောင်းကဖွင့်ပြီ ဗီဇာက မရသေးဘူးဆိုပြီး လောင်စရာမလိုပါဘူးရှင့်
ဘာသာစကားအခက်ခဲအတွက်လည်း နိုင်ငံခြားသားများအတွက် ကိုရီးယား ဘာသာစကား သင်တန်းပါ ထည့်ပေးထားပါတယ်ရှင့်
ပိုပြီး အသေးစိတ် သိချင်ပါက
Kakao Talk-knmyat99(Seyoon)
Viber-+821076393349

Jangan Myanmar Page ကနေ လည်း postတင်ပေးမှာမို့ မိတ်ကပ်မေဂျာအတွက် သီးသန့် ဆက်သွယ်ချင်တယ်ဆို
Kakao Talk(or) Viberကနေ ဆက်သွယ်ပေးပါ

ဖုန်းတော့ ဆက်မရပါဘူးရှင့် အမ နောက်လကစပြီး ကိုရီးယားနိုင်ငံအတွင်းမှာ ရှိမှာမဟုတ်ပါဘူးရှင့်

Jangan University Global Cultural Exchange Institute ကျောင်းနိုင်ငံတကာဆက်ဆံရေးရုံ website page ပြင်ဆင်ပြောင်းလဲရန်အတွက် ...
30/05/2024

Jangan University Global Cultural Exchange Institute
ကျောင်းနိုင်ငံတကာဆက်ဆံရေးရုံ website page ပြင်ဆင်ပြောင်းလဲရန်အတွက် ကြော်ငြာ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှု 🥰

봄 학기 한국어교육과정 수료식 ~ နွေဦးရာသီစာသင်နှစ် ကိုရီးယားဘာသာစကားသင်တန်း ကျောင်းဆင်းပွဲ🥰24.5.2024 (Friday)
24/05/2024

봄 학기 한국어교육과정 수료식 ~ နွေဦးရာသီစာသင်နှစ် ကိုရီးယားဘာသာစကားသင်တန်း ကျောင်းဆင်းပွဲ🥰
24.5.2024 (Friday)

22/05/2024

“သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု ကဆုန်လပြည့် ၁၅ရက်နေ့ ဗုဒ္ဓနေ့မှာ အရပ် ဆယ်မျက်နှာရှိ လူ ၊ နတ် ၊ ဗြဟ္မာ ၊သတ္တဝါ များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘေးဒုက္ခ အန္တရာယ် ရန်စွယ် အားလုံးမှ ကင်းရှင်းကြရပါလို၏ /စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံကြပါစေ” ဟု Jangan University Myanmar Community မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။
#ကဆုန်လပြည့်နေ့


Send a message to learn more

Jangan ကျောင်းမှာ ကျင်းပသွားတဲ့ နိုင်ငံတကာ ယဉ်ကျေးမှုပွဲလေးမှာ ကျောင်းသားတွေ ပါဝင်ဆင်နွှဲဖြစ်ပုံလေး😍
21/05/2024

Jangan ကျောင်းမှာ ကျင်းပသွားတဲ့ နိုင်ငံတကာ ယဉ်ကျေးမှုပွဲလေးမှာ ကျောင်းသားတွေ ပါဝင်ဆင်နွှဲဖြစ်ပုံလေး😍


30/04/2024
28/04/2024

ရွှင်လန်းကာစိတ်ချမ်းသာကြစေ သီချင်းဖြင့် ကပြဖျော်ဖြေခြင်း

Address

경기도 화성시 봉담읍 삼천병마로 1182
Hwaseong
18331

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+821032263659

Alerts

Be the first to know and let us send you an email when Jangan University Myanmar Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Jangan University Myanmar Community:

Share