19/09/2026
အလိုက်သိပါ
---
ဒီနေ့ ကိုလံဘိုတက္ကသိုလ် (သီရိလင်္ကာ) Buddhist studies ဌာနက ၂၀၂၆/၇ ပညာသင်နှစ်အတွက် ကျောင်းသားတွေကို အင်တာဗျူးကြတယ်။
မနက် ၁၀ နာရီခွဲလောက် ကျောင်းကိုရောက်ရောက်ချင်း အင်တာဗျူးသွားတဲ့ ဆင်ဟာလဦ:ဇင်းတပါး ပြန်ထွက်လာတာ တွေ့တော့ နှုတ်ဆက်စကားပြောရင်း လေကြောရှည်သွားတော့
သူ့ကိုအင်တာဗျူးမိပြန်ရော၊ ဟိုမေးသည်မေး
ဒီပဇင်လေး သနားစရာပါ၊ တနေ့တည်း ၂အင်တာဗျူးခံလိုက်ရတယ်။
သူက ကေလနိယတက္ကသိုလ်မှာ
ဘီအေ၊ အမ်အေပြီးပြီးသားပါ၊
သူအင်တာဗျူးကထွက်လာတော့ မျက်နှာပြုံးရွှင်လို့
ကိုယ်နဲ့စကားပြောတော့ မျက်နှာမအီမသာဖြစ်လာတယ်
သူကပြန်ချင် ကိုယ်ကအလိုက်မသိ ဆက်ဗျူး။
ရှေးရှေးဆုံးမစာမှတ်ကြဟေ့
၁။ အလိုက်သိပါ
၂။ အားနာပါ
၃။ အရှက်အကြောက်ရှိပါ