15/05/2026
Applicants are invited for PGD in Pali and Buddhist Studies.
,....
https://www.facebook.com/share/p/1EFwN6QUhe/
[English Text Below]
ပါဠိနှင့် ဗုဒ္ဓစာပေ လေ့လာမှုဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း (တန်းခွဲ-၁) အတွက် လျှောက်ထားနိုင်ပါပြီ
(PGDip in Pāli and Buddhist Studies)
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
ရက္ခပူရဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်ဌာနခွဲ)
ရက္ခပူရဗုဒ္ဓတက္ကသိုလ်၏ ရန်ကုန်ဌာနခွဲတွင် ပါဠိနှင့် ဗုဒ္ဓစာပေ လေ့လာမှုဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းကို စတင် ဖွင့်လှစ် ပို့ချပေးတော့မည် ဖြစ်ပါသည်။ ဤသင်တန်းကို တက်ရောက်ခြင်းဖြင့် ပါဠိဘာသာနှင့် ဗုဒ္ဓတရား အနှစ်သာရ အခြေခံကောင်းများအပြင်၊ မော်ဒန်ခေတ် တွေးခေါ်နားလည်ပုံများနှင့် သုတေသနပညာရပ်ဆိုင်ရာ လုပ်ဆောင်ပုံများကိုပါ မျှတစွာ ကျွမ်းကျင်သွားစေမည် ဖြစ်ပါသည်။ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ပြီးလျှင် ရက္ခပူရဗုဒ္ဓတက္ကသိုလ် သို့မဟုတ် အခြားပညာရေးဌာနများ၌ MA (မဟာဝိဇ္ဇာ) ကဲ့သို့ ပို၍ အဆင့်မြင့်သော ဘွဲ့လွန်ဒီဂရီ သင်တန်းများကို တက်ရောက်နိုင်ရန် လိုအပ်သော အရည်အချင်း ပြည့်မီသွားပါမည်။ ဤသင်တန်းတွင် နယ်ပယ်မတူသော ပညာရပ်များကြား ဆက်စပ်နှိုင်းယှဉ်တွေးမြင်နိုင်စွမ်းကို ထက်မြက်လာစေရန် ပညာရပ်စုံ ယှက်ဖြာ နှီးနော သင်ကြားနည်းကို အသုံးပြု၍ ပို့ချသင်ကြားပေးမည် ဖြစ်ကာ၊ ယုံကြည်မှု မြင့်မားသော, ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်တတ်သော သုတေသီများ ဖြစ်လာစေရန် လေ့ကျင့်ပေးသွားပါမည်။
• သင်တန်းစတင်မည့်အချိန်။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ
• သင်တန်းကာလတာ။ ။ (၁) နှစ်
• တက်ရောက်မှုပုံစံ။ ။ အချိန်ပြည့်
• သင်တန်းနေရာ။ ။ ရက္ခပူရဗုဒ္ဓတက္ကသိုလ်
• သင်ကြားမှုအသုံးပြုဘာသာစကား။ ။ မြန်မာ၊ အင်္ဂလိပ်
• သင်တန်းကြေးနှင့် နေရာထိုင်ခင်း။ ။ တက္ကသိုလ်မှ ကုန်ကျခံပေးသည်
သင်ကြားပေးမည့်ဘာသာရပ်များ
• ဗုဒ္ဓဘာသာအခြေခံအုတ်မြစ်များ
—တရားသဘောဆိုင်ရာ အခြေခံအုတ်မြစ်
—သမိုင်းဆိုင်ရာ အခြေခံအုတ်မြစ်
—အဘိဓမ္မာ/ဒဿနဗေဒဆိုင်ရာ အခြေခံအုတ်မြစ်
—ဖွင့်ဆိုမှု (အဋ္ဌကထာ၊ ဋီကာ) ဆိုင်ရာ အခြေခံအုတ်မြစ်
• ပါဠိဘာသာနှင့် စာပေ
• သတိပဋ္ဌာန်ကမ္မဋ္ဌာန်းနှင့် စိတ်၏သန့်စင်မှု (သီအိုရီနှင့် လက်တွေ့)
• မော်ဒန်ခေတ်သဘောတရားများနှင့် တွေးခေါ်နားလည်ပုံများ
• ပညာရပ်သုတေသနလုပ်ထုံး
လျှောက်ထားသူတွင်ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များ
1. (မြန်မာနိုင်ငံသား) အသက် (၃၅) အောက် ရဟန်းရှင်လူ မည်သူမဆို လျှောက်ထားနိုင်သည်။
2. လျှောက်ထားသူသည် ဓမ္မာစရိယဘွဲ့ သို့မဟုတ် တက္ကသိုလ်တခုခုမှ ဘီအေဘွဲ့ (သို့မဟုတ် ယင်းတို့နှင့်အလားတူ ပညာရည်သတ်မှတ်ချက်တခု) ရရှိထားရမည်။
3. ဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်ဘာသာအရည်အချင်း စစ်ဆေးခံရမည်။ အရည်အချင်း မပြည့်မီပါက တက္ကသိုလ်၌ လိုအပ်သလို မွမ်းမံသင်ယူရမည်။
လျှောက်လွှာတင်ရာ၌ ပါရှိရမည့် စာရွက်စာတမ်း အထောက်အထားများ
1. မကြာသေးခင်က ရိုက်ကူးထားသော ၁-လက်မအရွယ် ဓါတ်ပုံ ၁-ပုံ
2. သင်တန်းကို တက်ရောက်လိုခြင်းနှင့် ပတ်သက်၍ စာလုံးရေ ၅၀၀-ပါ အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြချက်
3. ဓမ္မာစရိယဘွဲ့ သို့မဟုတ် တက္ကသိုလ်တခုခုမှ ဘီအေဘွဲ့ (သို့မဟုတ် ယင်းတို့နှင့်အလားတူ ပညာရည်သတ်မှတ်ချက်တခု) မိတ္တူ
4. လက်ရှိ သီတင်းသုံးရာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ထောက်ခံချက်
5. သာသနာဝင်ကဒ် မိတ္တူ (လူဆိုလျှင် နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ)
လျှောက်လွှာပိတ်ရက်။ ။ ၂၀၂၆ ဇွန်လ ၇
လျှောက်လွှာပို့ရမည့်လိပ်စာ။ ။ရက္ခပူရဗုဒ္ဓတက္ကသိုလ် (ရန်ကုန်ဌာနခွဲ)၊ မြောက်ဦးဓမ္မစင်တာတောရ၊ ဆယ်မိုင်ကုန်း၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ ကျောက်တန်းစံပြကျေးရွာ၊ ပဲခူးမြို့နယ်။ ဖုန်း-၀၉၂၆၆၀၁၅၇၁၁
[ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သူများ
ဒေါက်တာ ဝိသာရဒ ဖုန်း 09260760879
ဒေါက်တာ ပညိန္ဒြိယ ဖုန်း 09260645406
ဒေါက်တာ ဝရဉာဏ ဖုန်း 09449592163]
မှတ်ချက်။ ။ လျှောက်လွှာပုံစံ pdf ဖိုင်ကို ပထမ comment တွင် ရယူပါ။
¨¨¨
PGDip in Pāli & Buddhist Studies (First Intake)
Academic Year 2026-2027
Rakkhapura Buddhist University
(Yangon Campus)
The Postgraduate Diploma (PGDip) programme in Pāli and Buddhist Studies aims to provide our students with a balanced foundation in Pāli, core Buddhist teachings, modernist thinking and academic skills. Upon completing the programme, students will have developed the essential skills required to pursue higher Degree study at RBU or other institutions. Adopting an interdisciplinary approach in order to sharpen the students’ thinking ability across disciplines, we will focus on equipping the students with a strong foundation in academic research skills, thus fostering confident and independent researchers in their fields of study.
• Start of programme: July 2026
• Length of programme: 1 academic year
• Mode of attendance: Full-time
• Mode of learning: On-campus
• Medium of study: Burmese, English
• Tuition & Accommodation: Freely provided
Courses Offered:
• The Foundations of Buddhism
—Doctrinal
—Historical
—Psycho-Philosophical
—Exegetical
• Pali Language and Literature
• Buddhist Meditation and Spirituality in Theory and Practice
• Modernist Ideas and Ways of Thinking
• Academic Study Skills
Eligibility of Applicants:
1. One who applies for the program must be a Myanmar citizen—monastic member or layperson—and under 35 years of age.
2. Applicants must have completed either a Bachelor's Degree or Dhammacariya Examination—or their equivalent.
3. Applicants must take an English Proficiency Test as the entrance exam, and those who fail the test will have to take a remedial course in the language.
4. No prior knowledge of Pali and Buddhism is required.
Documents Required for Application:
1. Please attach the application form with a recent 1-inch photograph.
2. A Personal Statement (500 words) which clearly explains why you wish to take our programme.
3. Photocopy of Bachelor's Degree or Dhammācariya Certificate or their equivalent.
4. Recommendation Letter from the Abbot of the applicant’s current residing monastery.
5. Photocopy of ID Card.
Application Deadline: 7 June 2026
Applications should be submitted to Rakkhapura Buddhist University: Yangon Campus
(@ Mrauk-U Dhamma Centre Tawya, 10th Mile, Yangon-Bago Road, Bago Region. Tel: 09 266 015 711)
N.B. See the first comment for Application Form.pdf.