28/06/2026
မိဘများရှင့်...
လာမည့် ဇူလိုင်လ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ် အဆင့် (၅) ၌ ရပ်တည်နေသော Kasetsart University (KU) (ကဆက်ဆာ့တ်တက္ကသိုလ်) မှ ကိုယ်စားလှယ်များ အောက်ပါအချိန်များတွင် Promise International School များသို့ လာရောက်ပြီး တက္ကသိုလ်နှင့်ကောလိပ်များအကြောင်း လာရောက်ရှင်းလင်းပြောပြမည် ဖြစ်ပါသည်။
1. Promise International School - Ahlone Campus: 9:00 AM To 10:30 AM
2. Promise International School - Insein Campus 2: 11:00 AM To 12:30 PM
Kasetsart University International College (KUIC) နှင့် Promise International Academy (Owner & Operator of Promise International Schools) တို့ကြား နားလည်မှု စာချွန်လွှာနှင့် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို Promise International School, Insein Camus 2, အမှတ် ၁၉၆၇၊ နိဗ္ဗာန်လမ်း၊ တောင်သူကုန်း၊ အင်းစိန်၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။
သို့ပါ၍ နိုင်ငံတကာကျောင်းသားများ Kasetsart University ၌ တက်ရောက်နိုင်မည့် ဘာသာရပ်များနှင့် မြန်မာကျောင်းသားများ ရရှိနိုင်သည့် Scholarship အခွင့်အရေးများအကြောင်း စိတ်ပါဝင်စားသူမိဘများ လာရောက်နားထောင်နိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
Management Team
Promise International Academy Co., Ltd.
(Owner & Operator of Promise International Schools)
Date: July 7, 2026
Location for Promise Ahlone: PKBC Hall, 5th Floor, PKBC Building
Time: 9:00 AM To 10:30 AM
Location for Promise Insein: Assembly Hall, 3rd Floor, Insein Campus 2
Time: 11:00 AM to 12:30 PM
မှတ်ချက်။ ။ Level 7 နှင့်အထက် တက်ရောက်နေသောကျောင်းသားများ၏ မိဘများ မဖြစ်မနေ တက်ရောက်သင့်ပါသည်။
Kasetsart University (KU) အကြောင်းကိုအောက်၌ အကျဉ်းချုပ် ဖော်ပြအပ်ပါသည်။
Kasetsart University (KU) သည် ထိုင်းနိုင်ငံ၏ အစိုးရတက္ကသိုလ် (Public University) ဖြစ်ပြီး ၁၉၄၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးတက္ကသိုလ် ဖြစ်ပြီး ယနေ့တွင် ထိုင်းနိုင်ငံ၏ အကြီးဆုံးနှင့် အထင်ရှားဆုံး တက္ကသိုလ်များထဲမှ တစ်ခုအဖြစ် ရပ်တည်နေပါသည်။
တည်နေရာ
အဓိက Campus သည် Bangkok တွင် တည်ရှိပြီး စုစုပေါင်း ၄ ခုသော Campus ရှိပါသည်။
> Bangkhen (Main Campus)
> Kamphaeng Saen
> Si Racha
> Chalermphrakiat Sakon Nakhon
သင်ကြားပေးသော ဘာသာရပ်များ
Kasetsart University သည် စိုက်ပျိုးရေးဘာသာရပ်များသာမက အောက်ပါနယ်ပယ်များတွင်လည်း အရည်အသွေးမြင့် ပညာရေးကို ပေးအပ်နေပါသည်။
> Agriculture
> Engineering
> Science
> Business Administration
> Economics
> Education
> Arts & Humanities
> Social Sciences
> Veterinary Medicine
> Fisheries
> Forestry
> Environmental Science
> Computer Science စသည့် ဘာသာရပ်များကို သင်ကြားပေးပါသည်။
အဆင့်သတ်မှတ်ချက် (Ranking)
Kasetsart University သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များထဲတွင် ပါဝင်ပြီး QS World University Rankings 2026 တွင် 721–730 အတွင်း ရပ်တည်ထားပါသည်။ EduRank 2026 အရ ထိုင်းနိုင်ငံ အဆင့် (၄)၊ ကမ္ဘာ့အဆင့် 907 ဖြစ်ပါသည်။ အခြား Renking များအရ ထိုင်းနိုင်ငံ အဆင့် (၅) ဟုလည်း ဖော်ပြပါသည်။ Agriculture ဘာသာရပ်မှာတော့ ထိုင်းနိုင်ငံရဲ့ အဆင့် (၁) မှာ ရပ်တည်နေပါသည်။
အားသာချက်များ
Kasetsart University သည် အထူးသဖြင့်
> Agriculture
> Food Science
> Forestry
> Fisheries
> Environmental Science
> Veterinary Medicine
စသည့် ဘာသာရပ်များတွင် အာရှဒေသ၌ နာမည်ကောင်းရှိပြီး သုတေသနလုပ်ငန်းများလည်း အားကောင်းပါသည်။
နိုင်ငံတကာ
နိုင်ငံပေါင်းများစွာမှ ကျောင်းသားများ လာရောက်ပညာသင်ကြားကြပါသည်။ Exchange Program များနှင့် International Collaboration များလည်း ရှိပါသည်။
ဘွဲ့လက်မှတ်သည် ထိုင်းနိုင်ငံအစိုးရမှ အသိအမှတ်ပြုထားသော ဘွဲ့ဖြစ်ပြီး နိုင်ငံတကာတွင်လည်း အသုံးပြုနိုင်ပါသည်။
အနှစ်ချုပ်
Kasetsart University သည် ထိုင်းနိုင်ငံ၏ သက်တမ်းရှည် အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး ပညာရေး၊ သုတေသနနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင် အားကောင်းသော တက္ကသိုလ်ဖြစ်ပါသည်။ Agriculture နှင့် Engineering အပါအဝင် Business, Science, Education, Computer Science စသည့် ဘာသာရပ်များတွင်လည်း အရည်အသွေးမြင့် သင်ကြားပေးလျက်ရှိပြီး ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပါသည်။