Gakken Classroom Bago Zaypaing Centre

Gakken Classroom Bago Zaypaing Centre Gakken Classroom is a learning center to develop each child's Logical Thinking Skills and Self-learning Skills needed to live in the 21st century.

24/04/2026
Hello Gakken Members လေးတို့ရေ…🤗🤗🏡Gakken Classroom အနေနဲ့ Summer ကာလမှာအသစ်တက်ရောက်မယ့်သားသားမီးမီးတွေအတွက် Summer packa...
21/02/2026

Hello Gakken Members လေးတို့ရေ…🤗🤗

🏡Gakken Classroom အနေနဲ့ Summer ကာလမှာအသစ်တက်ရောက်မယ့်သားသားမီးမီးတွေအတွက် Summer package လေးတွေကိုစီစဉ်ပေးထားတာမို့ လက်ရှိတက်ရောက်နေတဲ့သားသားမီမီးလေးတွေအတွက်ရော Campaing မရှိဘူးလားမေးနေတဲ့ Gakken Classroom ရဲ့ Regular Members လေးတွေအတွက် 35 days Summer Streak Challenge လေးနဲ့မိတ်ဆက်ပေးပါရစေရှင့်။

🏡Gakken Classroom မှလက်ရှိတက်ရောက်လျက်ရှိတဲ့သားသားမီးမီးတွေအားလုံး 35 Days Summer Streak Challenge လေးမှာပါဝင်လို့ရမှာပဲဖြစ်ပါတယ်။

🏡Gakken Classroom မှာ သင်္ချာကို အင်္ဂလိပ်ဘာသာနဲ့လေ့လာသင်ယူရင်း ကလေးငယ်တို့ရဲ့ကိုယ်တိုင်လေ့လာသင်ယူနိုင်စွမ်းကိုတည်ဆောက်ဖို့ရာ Continues Learning (စဉ်ဆက်မပြတ်လေ့လာသင်ယူမှု) ဟာအလွန်ပဲအရေးကြီးလှပါတယ်။

အခုလိုစာမေးပွဲတွေဖြေ နွေရာသီကျောင်းတွေပိတ်တော့မယ့်အချိန်မှာတောင် Gakken Classroom မှာစဉ်ဆက်မပြတ်တက်ရောက်ကာ 21 ရာစုအတွက်မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တွေကို လေ့လာသင်ယူနေတဲ့ သားသားမီးမီးလေးတွေအတွက် 35 days Summer Streak Challenge လေးကို အထူးပြင်ဆင် ပေးထားတာပဲဖြစ်ပါတယ်။💪💪

ဖေဖော်ဝါရီလမှစတင်ပြီး မိမိတို့တက်ရောက်လျက်ရှိတဲ့အတန်းတွေကိုမပျက်မကွက် 35 ကြိမ် အထိတက်ရောက်တာနဲ့ Gakken Classroom ရဲ့ Original Crossbody Bag လေးကို လက်ဆောင်အဖြစ်ရရှိမှာပဲဖြစ်ပါတယ်ရှင့်။

‌နွေအပူကိုအံတုရင်း အနာဂါတ်အတွက်လိုအပ်တဲ့စွမ်းရည်တွေကိုရရှိဖို့ စဉ်ဆက်မပြတ်လေ့လာသင်ယူလျက်ရှိတဲ့ သားသားမီးမီးတွေအတွက် Gakken Classroom မှအလွန်ပဲဂုဏ်ယူမိပါတယ်ရှင်။

Campaign လေးအကြောင်းကိုအသေးစိတ်သိရှိလိုလို့ပဲဖြစ်ဖြစ် Summer Class လေးတွေစုံစမ်းလိုလို့ပဲဖြစ်ဖြစ် ဖုန်းနံပတ် 09 420240421 09-445300588 တို့ကိုဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Gakken Classroom Myanmar page Messenger မှာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေး ချန်ထားပေးမယ်ဆိုရင်လည်းပြန်လည်ကာဆက်သွယ်ဖြေကြားပေးပါမယ်ရှင့်။

31/12/2025

🎉🎉"Happy New Year"🎉🎉
"နှစ်သစ်မှာ စိတ်ချမ်းသာမှုတွေ၊ အောင်မြင်မှုတွေ ရရှိပြီး မိသားစုနဲ့အတူ ပျော်ရွှင်တဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေ 💖 လိုချင်တဲ့အိမ်မက်တွေ အားလုံးလည်း အကောင်အထည်ဖော်နိုင်ပါစေ လို့ Gakken Classroom Myanmar မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း ဆုတောင်းပေးအပ်ပါသည်။ "🥰🥰🥰

25/12/2025

🎉𝐇𝐞𝐥𝐥𝐨 𝐆𝐚𝐤𝐤𝐞𝐧 𝐌𝐞𝐦𝐛𝐞𝐫𝐬! 🎉
𝐀𝐫𝐞 𝐲𝐨𝐮 𝐫𝐞𝐚𝐝𝐲 𝐭𝐨 𝐣𝐨𝐢𝐧 𝐭𝐡𝐞 𝐆𝐚𝐤𝐤𝐞𝐧 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐯𝐞𝐧𝐭!!!

မနက်ဖန် 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟔 ရက်နေ့မှာ
📍 𝐒𝐞𝐝𝐨𝐧𝐚 𝐇𝐨𝐭𝐞𝐥 – 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 တွင် ကျင်းပမယ့်
𝐆𝐚𝐤𝐤𝐞𝐧 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐯𝐞𝐧𝐭 ကို စိတ်လှုပ်ရှားစွာ ကြိုဆိုဖို့ အချိန်ရောက်လာပါပြီ! ✨

𝐆𝐚𝐤𝐤𝐞𝐧 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 ရဲ့
🌟 “𝐌𝐚𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐕𝐢𝐬𝐢𝐛𝐥𝐞”🌟
ဆိုတဲ့ 𝐁𝐫𝐚𝐧𝐝𝐢𝐧𝐠 𝐌𝐞𝐬𝐬𝐚𝐠𝐞 နဲ့အညီ

🏆 𝐀𝐰𝐚𝐫𝐝 𝐆𝐢𝐯𝐢𝐧𝐠
🎤 𝐓𝐚𝐥𝐞𝐧𝐭 𝐒𝐡𝐨𝐰
🔬 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐒𝐡𝐨𝐰
🤖 𝐑𝐨𝐛𝐨𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐁𝐨𝐨𝐭𝐡

စတဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို 𝐆𝐚𝐤𝐤𝐞𝐧 𝐌𝐞𝐦𝐛𝐞𝐫𝐬 လေးတွေအတွက် အပြည့်အဝ ပြင်ဆင်ထားပါတယ် 💙

အမှတ်တရနဲ့ ပျော်ရွှင်စရာ အချိန်တွေကို
မနက်ဖန် 𝐄𝐯𝐞𝐧𝐭 မှာ အတူတူ ဖန်တီးကြရအောင်နော် ✨

👉 𝐋𝐞𝐭’𝐬 𝐬𝐞𝐞 𝐲𝐨𝐮 𝐭𝐨𝐦𝐨𝐫𝐫𝐨𝐰, 𝐆𝐚𝐤𝐤𝐞𝐧 𝐌𝐞𝐦𝐛𝐞𝐫𝐬!🎊

06/10/2025

06/10/2025

✨ Happy Thadingyut Festival! ✨

As the Festival of Lights fills our homes with brightness and our hearts with warmth, let’s also celebrate the light of knowledge. 🌟

At Gakken Classroom, we nurture children with care, confidence, and wisdom—just as Thadingyut reminds us of gratitude, respect, and new beginnings.

💡 May this season bring joy, learning, and success to all our students, instructors, and families.

🌸 Wishing you and your loved ones a peaceful, happy, and prosperous Thadingyut! 🌸

05/09/2025

🥰ဒီအပတ်မှာတော့ Gakken Classroom ရဲ့ Philosophy ကိုသေချာစွာ
နားလည်သဘောပေါက်လိုက်နာတတ်စေရန် ဒီဇိုင်းထုတ်ထားသော Guidance Principle (3) ခုထဲကနောက်ဆုံးအချက်ဖြစ်တဲ့ Tokuiku ကိုမိတ်ဆက်ပေးပါမယ်။

🤗“Tokuiku”ဆိုတာကတော့ ဂျပန်စကားလုံးလေးဖြစ်ပြီး "လူတစ်ဦးချင်းစီအတွက် လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့အရည်အသွေးတွေကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားတဲ့စကားလုံး”ဖြစ်ပြီး မြန်မာလို “လောကနီတိ” လို့အဓိပ္ပာယ်ရပါတယ်။

🏡Gakken Classroom မှာဆိုရင်ကလေးငယ်တွေကို အသိပညာ၊ စာရိတ္တနှင့် ကိုယ်ကျင့်တရား မျှတမှုရှိသော ပုဂ္ဂိုလ်များဖြစ်လာစေရန်ရည်ရွယ်ကာ ကျွန်ုပ်တို့ရဲ့ Philosophy အတိုင်း “Tokuiku”ကို ပြုစုပျိုးထောင်ပေးလျက်ရှိပြီး ၎င်းဟာမည်သည့်လေ့လာသင်ယူမှုမှာမဆို လိုအပ်တဲ့အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်။

🥰ကလေးငယ်များ လူမှုပတ်ဝန်းကျင်မှာ ကောင်းမွန်စွာပြောဆိုဆက်ဆံတတ်စေဖို့၊ လူ့အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းများကို လေ့လာသင်ယူတတ်စေဖို့၊ အသိဉာဏ်နဲ့ စိတ်ခံစားမှုတို့ကို အခြေခံပြီး အမှားအမှန်ကိုကိုယ်တိုင်ဆုံးဖြတ်နိုင်စေဖို့နဲ့ သူတပါးအပေါ် ကိုယ်ချင်းစာတရားရှိတတ်စေဖို့အတွက်ကို ငယ်စဉ်
ကတည်းက အလေ့အကျင့်ဖြစ်အောင်ပြုစုပျိုးထောင်ဖို့ဟာ ကလေးငယ်
တွေရဲ့ဘဝအနာဂတ်အတွက် အလွန်အရေးပါပါတယ်။💪💪💪

🏡Gakken Classroom ဟာ ကလေးများ ၎င်းတို့ကိုယ်တိုင် ကိုယ်ပိုင်ဘဝကိုတာဝန်ယူနိုင်ကာ ထိုအသိစိတ်ဖြင့်ပင် အခြားသူများကို စာနာပေးနိုင်သော လူ့အဖွဲ့အစည်းရဲ့ တာဝန်သိတတ်သောအဖွဲ့ဝင်များဖြစ်လာစေရန် ကူညီပေးလျက်ရှိပါတယ်။

🏡Gakken Classroom အကြောင်းအသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ☎️09 424264642 ကို ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Gakken Classroom Myanmar page ရဲ့ page messenger ကနေ လူကြီးမင်းရဲ့ ဖုန်းနံပါတ်ကိုချန်ထားပေးခဲ့မယ် ဆိုလျှင်လည်း ပြန်လည်ဆက်သွယ်ပေးဖို့အသင့်ရှိပါတယ်။

Gakken Classroom ရဲ့ Website ဖြစ်တဲ့ https://gakken.com တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်

ဒီတစ်ခါမှာတော့ Gakken Classroom ရဲ့ Philosophy ကိုသေချာစွာ နားလည်သဘောပေါက်လိုက်နာတတ်စေရန် ဒီဇိုင်းထုတ်ထားသော Guidance Pr...
05/08/2025

ဒီတစ်ခါမှာတော့ Gakken Classroom ရဲ့ Philosophy ကိုသေချာစွာ နားလည်သဘောပေါက်လိုက်နာတတ်စေရန် ဒီဇိုင်းထုတ်ထားသော Guidance Principle (3) ခုထဲကပထမဆုံး တစ်ခုဖြစ်တဲ့ Visible and Invisible abilities (မြင်နိုင်သောစွမ်းရည်နှင့် မမြင်နိုင်သောစွမ်းရည်များ) အကြောင်းလေးကို ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။🧐🧐

- visible skills (မြင်နိုင်သောစွမ်းရည်) နဲ့ invisible skills (မမြင်နိုင်သောစွမ်းရည်) တွေက ဘာတွေလဲ?

✅ visible skills(မြင်နိုင်သောစွမ်းရည်) တွေကတော့ စာမေးပွဲရလဒ်တွေနဲ့ အလွယ်တကူတိုင်းတာသိရှိနိုင်ပြီးတော့
✅invisible skills (မမြင်နိုင်သောစွမ်းရည်) တွေကတော့ စာမေးပွဲရလဒ်တွေနဲ့ အလွယ်တကူ တိုင်းတာ၍ မရသော စွမ်းရည်တွေပဲဖြစ်ပါတယ်။

သင်္ချာစာမေးပွဲအမှတ်ဘယ်လောက်ရလဲ?
အင်္ဂလိပ်စာ စကားလုံးအသစ်တွေရော ဘယ်လောက်ကျက်ပြီးပြီလဲ?
ဒီလိုမေးခွန်းတွေကိုမိဘတိုင်းက ကလေး‌တွေရဲ့ သင်ယူတိုးတက်မှုကိုတိုင်းတာဖို့မေးလေ့ရှိကြပါတယ်။

ရလဒ်အနေနဲ့ ကလေးငယ်တွေရဲ့ Visible Skills (မြင်နိုင်သောစွမ်းရည်) ဟုခေါ်သော စာမေးပွဲရမှတ်များနှင့်တိုင်းတာသိရှိနိုင်သော စွမ်းရည်များရဲ့ရလဒ်ကိုသာ သိနိုင်မှာပဲဖြစ်ပါတယ်။
ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်မှု၊ ပြဿနာကိုဖြေရှင်းနိုင်ခြင်း၊ အာရုံစူးစိုက်နိုင်မှု၊ တက်ကြွစွာ လေ့လာသင်ယူမှုအစရှိတဲ့ (၂၁) ရာစုစွမ်းရည်တွေကတော့ Invisible Skill (မမြင်နိုင်သောစွမ်းရည်များ) ဖြစ်ကြပြီး ၎င်းစွမ်းရည်တွေဟာ ကလေးများရဲ့ Visible Skills (မြင်နိုင်သောစွမ်းရည်များ) ဖွံ့ဖြိုးတိုးတက်စေဖို့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ကျွန်ုပ်တို့ Gakken Classroom မှ ယုံကြည်သောကြောင့် ကလေးငယ်တွေကို ရလဒ်များဖြင့်တိုင်းတာနိုင်သော Visible Skills (မြင်နိုင်သောစွမ်းရည်) များသာမက စာမေးပွဲရမှတ်ဖြင့် တိုင်းတာလို့မရတဲ့ Invisible skills (မမြင်နိုင်သောစွမ်းရည်) တွေကိုပါ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိနေပါတယ်။

Gakken Classroom အကြောင်းအသေးစိတ်သိရှိလိုပါကဖုန်းနံပါတ် 09 445300588 ကိုဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Gakken Classroom Myanmar page ရဲ့ page messenger ကနေ လူကြီးမင်းရဲ့ ဖုန်းနံပါတ်ကိုချန်ထားပေးခဲ့မယ် ဆိုလျှင်လည်း ပြန်လည်ဆက်သွယ်ပေးဖို့အသင့်ရှိနေပါတယ်။
Gakken Classroom ရဲ့ Global Website ဖြစ်တဲ့ https://www.gakken-classroom-global.com/ တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Gakken Classroom၏ သဘောထားခံယူချက် (၃)ချက်💯မင်္ဂလာပါဖေဖေမေမေတို့ရေ...🏡Gakken Classroom မှာတက်ရောက်နေတဲ့ သားသားမီးမီးလေးတွ...
10/07/2025

Gakken Classroom၏ သဘောထားခံယူချက် (၃)ချက်💯

မင်္ဂလာပါဖေဖေမေမေတို့ရေ...

🏡Gakken Classroom မှာတက်ရောက်နေတဲ့ သားသားမီးမီးလေးတွေရဲ့မိဘတွေအနေနဲ့ကတော့ ကျွန်ုပ်တို့ Gakken Classroom ရဲ့ Philosophy (3)ချက်နဲ့ ရင်းနှီးပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။

✅“Joy of Learning” ၊ “Self-confidence”၊ နဲ့ “Zest for Living” ဆိုတဲ့ Gakken Classroom ရဲ့ Philosophy (3)ချက်ဟာ သားသားမီးမီးတို့အနေနဲ့ သင်ယူလေ့လာခြင်းမှတဆင့် ပျော်ရွှင်မှု၊ မိမိကိုယ်ကိုယုံကြည်မှု နှင့် လူမှုပတ်ဝန်းကျင် နှင့်လိုက်လျောညီထွေရှိမှု စတဲ့ ကလေးငယ်များရဲ့အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းများနှင့် စွမ်းရည်များကိုသင်္ချာလေ့လာသင်ယူရင်းမှတဆင့် ပြုစုပျိူးထောင်ပေးပါတယ်။

🏡Gakken Classroom မှ Instructors တွေဟာဆိုရင် ကျွန်ုပ်တို့ရဲ့ Guidance Principles များကိုအခြေခံကာ ကလေးငယ်တစ်ဦးချင်းစီနဲ့ ကိုက်ညီသင့်လျော်တဲ့ Learning Worksheets တွေကို ပြင်ဆင်ပေးပြီး ချမှတ်ထားတဲ့ Learning Methods တွေအတိုင်း ကလေးငယ်များကို ၎င်းတို့ကိုယ်တိုင်လေ့လာသင်ယူစေပါတယ်။
ထိုသိုလေ့လာသင်ယူခြင်းစေမှတဆင့် ကလေးငယ်တွေအနေနဲ့ ကိုယ်တိုင်လေ့လာသင်ယူနိုင်ခြင်းစွမ်းရည် ကဲ့သို့ လူသားတိုင်းအတွက် အချိန်မရွေး အခြေအနေမရွေးမှာ လိုအပ်တဲ့စွမ်းရည်ကိုရရှိကာ အလျင်အမြန်ပြောင်းလဲနေတဲ့ ယနေ့ခေတ်နဲ့လိုက်လျောညီထွေစွာနေထိုင်နိုင်ဖို့ ကိုယ်တိုင်လေ့လာသင်ယူခြင်းအလေ့အကျင့်ကိုရရှိမှာပဲဖြစ်ပါတယ်။

Gakken Classroom အကြောင်းအသေးစိတ်သိရှိလိုပါကဖုန်းနံပါတ် 09 445300588 ကိုဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Gakken Classroom Myanmar page ရဲ့ page messenger ကနေလူကြီးမင်း ရဲ့ ဖုန်းနံပါတ်ကိုချန်ထားပေးခဲ့မယ်ဆိုလျှင်လည်း ကျွန်ုပ်တို့ကပြန်လည်ဆက်သွယ်ပေးဖို့အသင့်ရှိနေပါတယ်။

Address

No. (509A), Lake Pyar Kan (1st)
Bago

Alerts

Be the first to know and let us send you an email when Gakken Classroom Bago Zaypaing Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share