04/08/2021
အချစ်
ချစ်တယ်...
ဆိုတဲ့စကားလုံးတွေက
အသက်မပါတော့ဘူးဆိုပြီး
သံသယတွေနဲ့ စိတ်အထင်ကို
အဟုတ်တကယ်လို့
မထင်လိုက်ပါနဲ့
တကယ်တော့
ငါတို့အတွက် ဒီထက်ပိုပြီး နက်နဲတဲ့ခံစားချက် အဓိပ္ပါယ်တွေကို ဖေါ်ပြဖို့
ချစ်တယ်ဆိုတဲ့ စကားလုံးက မပြည့်မစုံနဲ့
ရင်ထဲကခံစားချက်တွေအတိုင်း
ထပ်တူကျအောင်ဖော်ပြဖို့
ကမ္ဘာကြီးမှာ
လုံလောက်တဲ့ စကားလုံးတွေ မရှိတော့လို့ပါ
မိန်းမရယ်...😘😘😘...