06/01/2021
ထားဝယ်တက္ကသိုလ် ကျောင်းသူ/ကျောင်းသားများသို့
UK အခြေစိုက် The Open University နှင့် Tide Project (Myanmar) တို့မှ ပူးပေါင်းဖွင့်လှစ်ထားသော Online Courses for Higher Education Students ကို ကျောင်းသူကျောင်းသားများ တက်ရောက်နိုင်ရန် ထားဝယ်တက္ကသိုလ်မှ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ထို Online Course Collection တွင်
Get started with online learning
Am I ready to study in English?
Am I ready to be a distance learner?
Digital skills, digital learning
ဟူသော Course (၄) ခု ပါရှိပြီး ထားဝယ်တက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများအတွက် Am I ready to study in English? ကို စတင်လေ့လာနိုင်ရန် ထားဝယ်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှာ ဆရာ၊ ဆရာမ (၃) ဦးက facilitator အဖြစ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထို Online Course ကို ထားဝယ်တက္ကသိုလ်၌ နေ့သင်တန်း တက်ရောက်နေဆဲကျောင်းသူကျောင်းသားများ လျှောက်ထားနိုင်ပြီး ယခင်က သက်ဆိုင်ရာ မိမိတို့ဌာနအသီးသီး၌ စာရင်းပေးထားသူများလည်း ထပ်မံလျှောက်ထားရန် လိုအပ်ပါသည်။
တက်ရောက်လိုသော ကျောင်းသူကျောင်းသားများသည် မိမိတို့၏ အမည်၊ အထူးပြုဘာသာရပ်၊ အတန်း၊ ခုံအမှတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် လက်ရှိအသုံးပြုနေသော Gmail address များကို အောက်ပါ Google form တွင် (၁၀-၁-၂၀၂၁)ရက်နေ့နောက်ဆုံးထား ဝင်ရောက်ဖြည့်သွင်း စာရင်းပေးရပါမည်။ လျှောက်ထားသူများသည် English Proficiency Test နှင့် IT Knowledge Test များကို ဖြေဆိုရမည်ဖြစ်ပြီး ပထမအသုတ် တက်ရောက်ခွင့်ရရှိသူ (၅၀) ဦးကို ဆက်လက်ကြေငြာပေးသွားမည်ဖြစ်ပါသည်။
ပထမအသုတ်တွင် တက်ရောက်ခွင့်မရရှိသေးသော ကျောင်းသူကျောင်းသားများသည် နောက်အသုတ်များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ထို Online Course ကို စုစုပေါင်း (၅) နာရီကြာ တက်ရောက်ရမည်ဖြစ်၍ အောင်မြင်ပြီးဆုံးအောင်တက်ရောက်ပြီးပါက The Open University (UK) မှပေးအပ်သော Statement of Participation Certificate ကို ရရှိမည်ဖြစ်သည်။
ဝင်ရောက်စာရင်းပေးရမည့် Google form link - https://forms.gle/SVy4yo86ECup7C5Q7
နောက်ဆုံးလျှောက်ထားရမည့်အချိန် - 10.1.2021 (တနင်္ဂနွေနေ့) 8:00 p.m.
အောက်ပါအချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းပါ။ ပြည့်စုံမှုမရှိသော form များကို လက်ခံမည်မဟုတ်ပါ။