University of Wisdom Land

University of Wisdom Land This is University Of Wisdom Land Official page
(1)

Objectives
ပါဠိဘာသာ နှင့် ဗုဒ္ဓတရားတော်များသင်ကြားရေ
ရှေးဟောင်းပါဠိပြန်စာပေများ တည်တန့် ပြန့်ပွါးရေး
ပါဠိ ပိဋက အထောက်အကူပြု ပါဠိမြန်မာ (အင်္ဂလိပ်) ကျမ်းများ အသစ်ပြုစုရေး

ပညာဘူမိတက္ကသိုလ်University Of Wisdom Landကြေညာချက်၁၂/၀၅/၂၀၂၆၁၃၈၈ ခုနှစ် ကဆုန်လဆုတ် ၁၂ ရက်⭐️⭐️⭐️ထုတ်ပြန်ထားသော အောင်စာရင်...
12/05/2026

ပညာဘူမိတက္ကသိုလ်
University Of Wisdom Land
ကြေညာချက်
၁၂/၀၅/၂၀၂၆
၁၃၈၈ ခုနှစ် ကဆုန်လဆုတ် ၁၂ ရက်
⭐️⭐️⭐️
ထုတ်ပြန်ထားသော အောင်စာရင်းပါ ပုဂ္ဂိုလ်များသည်
ပညာဘူမိတက္ကသိုလ် သုတဓမ္မဝေဒီ (M.A) ဘွဲ့အတွက် အုပ်ချုပ်ရေးနှင့် ပညာရေး အဖွဲ့ (ဗဟို) က သုတဓမ္မဝေဒီ ဘွဲ့ အောင်မြင်သူ အဖြစ် ထုတ်ပြန်ကြေညာလိုက်ပါသည်။
အောင်စာရင်းကြည့်ရန် https://admission.universitywisdomland.edu.mm/result ကို နှိပ်၍ သာသနာဝင်အမှတ်/မှတ်ပုံတင် နံပါတ် ရိုက်ထည့်ပါ။

အုပ်ချုပ်ရေး နှင့် ပညာရေး အဖွဲ့
ပညာဘူမိတက္ကသိုလ်
ငါးဆူတောင်ဒေသ
လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

၂၀၂၆ ခုနှစ် ဇွန်လအတွက် ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပသော သုတဓမ္မစာမေးပွဲ ဒီပလိုမာတန်း Level (1,2,3) နှင့် BA (Part 1,...
28/04/2026

၂၀၂၆ ခုနှစ် ဇွန်လအတွက် ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပသော သုတဓမ္မစာမေးပွဲ ဒီပလိုမာတန်း Level (1,2,3) နှင့် BA (Part 1, Part 2, Part 3) စာမေးပွဲများကျင်းပမည့် စာဖြေဌာန (၅၃) ဌာနနှင့် ခုံအမှတ်စာရင်းများ ထုတ်ပြန်ခြင်း။
ဝင်ခွင့်စာရင်းစစ်ဆေးကြည့်နိုင်ရန် Link ကို နှိပ်ပါ။
https://admission.universitywisdomland.edu.mm/entrance
၁။ ၂၇.၆.၂၀၂၆ ရက်နေ့တွင် ဒီပလိုမာ Level (1) နှင့် BA (Part 3) စာမေးပွဲကို နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီ အထိလည်းကောင်း၊
၂၈.၆.၂၀၂၆ ရက်နေ့တွင် ဒီပလိုမာ Level (2), (3) နှင့် BA (Part 1) , (Part 2) စာမေးပွဲများကို နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိလည်းကောင်း အသီးသီး ကျင်းပပြုလုပ်ပါမည်။
၂။ ဝင်ခွင့်စာရင်းစစ်ဆေးကြည့်နိုင်ရန် Link ကို နှိပ်ပါ။
https://admission.universitywisdomland.edu.mm/entrance
၃။ ရန်ကုန်စာဖြေဌာနများတွင် ဖြေဆိုရမည့်သူများသည် စာမေးပွဲဝင်ခွင့်ကတ် ဒီပလိုမာ Level (1,2,3) နှင့် BA (Part 1, Part 2, Part 3) ကတ်များကို ရန်ကုန်အနုဂ္ဂဟဌာနရုံးချုပ်တွင် (၂၅ . ၅ . ၂၀၂၆) နေ့မှ (၆ . ၆ . ၂၀၂၆) နေ့အတွင်း ထုတ်ယူရပါမည်။
ရန်ကုန်စာဖြေဌာန (၂) အ.ထ.က (၁) သန်လျင်တွင် ဖြေဆိုမည့်သူများသည် စာဖြေခွင့်ကတ်များ ကို ဓမ္မဝိဇ္ဇာလယသုဗောဓာရုံကျောင်းတိုက် ၊ မြတ်လေးလမ်း ၊ အမှုထမ်းရပ်ကွက် ၊ သန်လျင်မြို့နယ်၌ (၂၅ . ၅ . ၂၀၂၆) နေ့မှ (၆ . ၆ . ၂၀၂၆) နေ့အတွင်း ထုတ်ယူရပါမည်။
၄။ တိုင်းနှင့်ပြည်နယ် စာဖြေဌာနများတွင် ဖြေဆိုရမည့်သူများသည် မိမိဖြေဆိုရမည့် စာဖြေဌာနများတွင် (၂၂.၆.၂၀၂၆) ရက်နေ့မှစ၍ စာမေးပွဲဖြေမည့်နေ့အထိ စာဖြေကတ်ပြားများကို ထုတ်ယူနိုင်ပါသည်။
၅။ Online မှ လျှောက်ထားသူဖြစ်ခဲ့ပါက စာမေးပွဲဝင်ခွင့်ကတ်ပြား လာရောက်ထုတ်ယူချိန်တွင် 1” x 1.25” size ဓာတ်ပုံ (၁)ပုံ ယူဆောင်လာရန် လိုအပ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
၆။ စာဖြေခွင့်ကတ်ထုတ်ပြီးသော်လည်း (စာမေးပွဲနေရာထိုင်ခင်း တိကျစွာရေတွက်နိုင်ရန်) စာမေးပွဲ မဖြေဆို ဖြစ်ပါက ရန်ကုန်အနုဂ္ဂဟဌာနရုံးချုပ်သို့ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၇။ ထပ်မံသိရှိလိုသည်များရှိပါက website form https://admission.universitywisdomland.edu.mm/review မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အနုဂ္ဂဟဌာနရုံးချုပ် အမှတ် (၁၀/ဃ)၊ အင်းလျားရိပ်သာလမ်း၊ (၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ရုံးခန်းဖွင့်ချိန် တနင်္လာမှ စနေနေ့အထိ (နံနက် ၁၀:၀၀) နာရီမှ (၂:၀၀) နာရီအတွင်း ဖုန်းနံပါတ် (09-788955566, 09-885445533) သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့

08/04/2026

၂၀၁၈ ခုနှစ်ကာလဆီက ကယားပြည်နယ် လွိုင်ကော်မြို့ အထူးဓမ္မသဘင် တရားပွဲကျင်းပပြုလုပ်ရာသို့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး လာရောက် တရားဟောကြားချီးမြှင့်ခဲ့သည့် အခါ၌

“ဆရာတော်ဘုရားကြီးက ရန်ကုန်-မန္တလေး အမြန်လမ်း (၇မိုင် ၆ ဖာလုံ) မြေ (၅) ဧက ကျယ်ဝန်းတဲ့နေရာမှာ တက္ကသိုလ်ကြီးတစ်ခုတည်ထောင်ရန်” ရှိသည်ကို ကြားသိရသည်နှင့် လှူဒါန်းခွင့်ရရှိရန် ဆရာတော်ဘုရားထံ လျှေက်ထား ခွင့်တောင်းပြီး လှူဒါန်းခဲ့သည့် မိသားစု ဝင်တစ်ဦးဖြစ်သူ၊

ဆရာတော်ဘုရားကြီးသည် ပညာနှင့်ပတ်သက်ပြီး အင်မတန်မှ အလေးနက်ထားသည်ကို သိရှိထားသဖြင့် ပညာဘူမိတက္ကသိုလ်ကြီးကို ဆောက်လုပ် လှူဒါန်းပြီး ပညာပါရမီ ကောင်း ဖြစ်စေရန် တောင်းဆု ပြုခွင့်ရရှိအောင် ကြိုးစားခဲ့သူ၊

ဆရာတော်ဘုရားကြီး၏ လမ်းညွန်ချက်များကို အမြဲဦးထိပ်ထားပြီး သာသနာပြုလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်နေသည့် အနုဂ္ဂဟအဖွဲ့ဝင် တစ်ဦးဖြစ်သူ၊ မဟန်စုခိုင်ရဲ့ စကားသံများကို အနုဂ္ဂဟအဖွဲ့ဝင်ဆွေးနွေးပြောကြားချက်များ အပိုင်း(၄) အဖြစ် ဖော်ပြအပ်ပါသည်။

Youtube Link: https://www.youtube.com/watch?v=rbh2LDC3Tqo

26/03/2026

ပေပုရပိုက်တွေ၊ မသုတ်သင်ရသေးတဲ့ ကျမ်းတွေကို ပညာဘူမိတက္ကသိုလ် အနေနဲ့ အဟောင်းစု အသစ်ပြု အစီအစဉ် မှာ ပါဝင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ရာကနေ ခုလို Doctor of Literature (D.Litt) ဘွဲ့ကို ချီးမြှင့်ခံရသည်အထိ ခရီးပေါက်ခဲ့ သည့် ပါဠိစာပေပညာရှင် ဘဒ္ဒန္တပညာနန္ဒာလင်္ကာရ၏ သာသနာ့အကျိုး သယ်ပိုးနေကြောင်းကို နားဆင်ပြီး စိတ်ကြည်ညိုဖွယ် ပီတိပွားနိုင်ရန်အတွက် အတွေ့အကြုံများကို ကုသိုလ်ပြု ရိုက်ကူးထားသည့် ပါဠိသတ္ထဝိဘာဝီစကားသံများ အစီအစဉ်အပိုင်း (၅) အနေဖြင့် ဖော်ပြအပ်ပါသည်။

Youtube Link: https://youtu.be/62igEtfrAXo

ဆရာတော် ဘဒ္ဒန္တပညာနန္ဒာလင်္ကာရသည် နှစ်ပေါင်း (၃၇၅) နှစ် သက်တမ်းရှိသော နိရုတ္တိသာရမဥ္ဇူသာဋီကာကျမ်းကို စနစ်တကျ တည်းဖြတ်ပြုစုခဲ့ပါသည်။

26/03/2026

ပါဠိစာပေပညာရှင် ဘဒ္ဒန္တ သီရိန္ဒ၏ ပညာဘူမိတက္ကသိုလ်အတွက် နှစ်ပေါင်း (၁၀၀)ကျော်က ရှေးဟောင်းကျမ်းတွေကို ပြုစုခဲ့တဲ့ အတွေ့အကြုံနဲ့ သာသနာအကျိုး ဆောင်ရွက်နေပုံကို ကြည်ညိုသဒ္ဓါတရားပွားများ စေနိုင်ရန်အတွက် အတွေ့အကြုံများကို ကုသိုလ်ပြု ရိုက်ကူးထားသည့် ပါဠိသတ္ထဝိဘာဝီစကားသံများ အစီအစဉ်အပိုင်း (၄) အနေဖြင့် ဖော်ပြအပ်ပါသည်။
Youtube Link: https://youtu.be/sW669AOzZ5s
ဆရာတော် ဘဒ္ဒန္တ သီရိန္ဒသည် နှစ်ပေါင်း (၁၀၇)နှစ် သက်တမ်းရှိသော ပရမတ္ထဝိသောဓနီဋီကာကျမ်းကို စနစ်တကျ တည်းဖြုတ်ပြုစုခဲ့ပါသည်။

26/03/2026

ပါဠိစာပေပညာရှင် ဘဒ္ဒန္တ သီရိန္ဒ၏ ပညာဘူမိတက္ကသိုလ်အတွက် နှစ်ပေါင်း (၁၀၀)ကျော်က ရှေးဟောင်းကျမ်းတွေကို ပြုစုခဲ့တဲ့ အတွေ့အကြုံနဲ့ သာသနာအကျိုး ဆောင်ရွက်နေပုံကို ကြည်ညိုသဒ္ဓါတရားပွားများ စေနိုင်ရန်အတွက် အတွေ့အကြုံများကို ကုသိုလ်ပြု ရိုက်ကူးထားသည့် ပါဠိသတ္ထဝိဘာဝီစကားသံများ အစီအစဉ်အပိုင်း (၄) အနေဖြင့် ဖော်ပြအပ်ပါသည်။
Youtube Link: https://youtu.be/sW669AOzZ5s

26/03/2026

ဆရာတော်ကြီး ဘဒ္ဒန္တအာဒိစ္စဝံသာလင်္ကာရ သည် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်မှ သာမဏေကျော်နှင့် ဓမ္မာစရိယဘွဲ့များကို ရရှိခဲ့သူဖြစ်ပြီး၊ သဒ္ဓမ္မရံသီ မဟာစည်ရိပ်သာတွင်လည်း (၅) နှစ်တိုင်တိုင် ကမ္မဋ္ဌာန်းပြသခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

ပညာဘူမိတက္ကသိုလ် အဓိပတိ ဆရာတော်ဘုရား အပ်နှင်းသည့် ပါဠိစာပေပညာရှင် Doctor of Literature (D.Litt) ဘွဲ့ ကို အပ်နှင်းခြင်းခံရသည့် ဆရာတော် အရှင်သူမြတ် တစ်ပါး ဖြစ်ပါသည်။

ယခုအခါ မြတ်ဗုဒ္ဓ၏ ဝိပဿနာတရားတော်များကို ကမ္ဘာက ပိုမိုသိရှိနားလည်နိုင်စေရန် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဖော်တင်ပြဖို့ ကြိုးစားအားထုတ်နေမှုကို ဓမ္မမိတ်ဆွေများအားလုံး သဒ္ဓါကြည်ညိုပွားများနိုင်စေရန် အစီအစဉ်အပိုင်း (၃) ဝေမျှပေးလိုက်ပါတယ်။
Youtube Link: https://youtu.be/38ZapOQk3eY

ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသာလင်္ကာရသည် နှစ်ပေါင်း (၁၂၀) နှစ် သက်တမ်းရှိသော အင်္ကုရဋီကာ ကျမ်းကို စနစ်တကျ တည်းဖြတ်ပြုစုခဲ့ပါသည်။

25/03/2026

ခေတ်မီနည်းပညာနဲ့ စာပေကျမ်းဂန် အတတ်ပညာကို ပေါင်းစပ်ပြီး သာသနာပြုနေတဲ့ ပါဠိစာပေပညာရှင် ဘဒ္ဒန္တ သာသနဝရ ဆရာတော်ကြီး ရဲ့ သာသနာပြုလုပ်ငန်းစဉ်တွေနဲ့ ပညာရေးခရီးလမ်းအကြောင်းကို ကြည်ညိုသဒ္ဓါတရားပွါးများစေဖို့အတွေ့အကြုံများကို ကုသိုလ်ပြု ရိုက်ကူးထားသည့် ပါဠိသတ္ထဝိဘာဝီစကားသံများ အစီအစဉ်အပိုင်း (၂) အနေဖြင့် ဖော်ပြအပ်ပါသည်။
Youtube Link: https://youtu.be/fWaGYIAGfc8

ပါဠိစာပေပညာရှင် ဘဒ္ဒန္တ သာသနဝရ ဆရာတော်ကြီး သည် ပညာဘူမိတက္ကသိုလ် မှ အပ်နှင်းသည့် အမြင့်ဆုံးဘွဲ့ ဖြစ်သည့် ပါဠိစာပေပညာရှင် ပါဠိသတ္ထဝိဘာဝီ Doctor of Literature (D.Litt) ဘွဲ့ အား ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ဆရာတော် ဘဒ္ဒန္တသာသနဝရသည် နှစ်ပေါင်း (၃၅၇) နှစ် သက်တမ်းရှိသော ဂန္ထာဘရဏကျမ်း၊ နှစ်ပေါင်း (၄၄၈) နှစ် သက်တမ်းရှိသော ဂန္ထာဘရဏဋီကာ‌ေဟာင်း၊ နှစ်ပေါင်း (၁၉၀) နှစ် သက်တမ်းရှိသော ဂန္ထာဘရဏဋီကာသစ်ကျမ်း နှင့် နှစ်ပေါင်း (၂၆၂) နှစ် သက်တမ်းရှိသော ဂန္ထာဘရဏယောဇနာကျမ်း စသဖြင့် ကျမ်း(၄)ခုကို စနစ်တကျ တည်းဖြတ်ပြုစုခဲ့ပါသည်။

25/03/2026

ပညာဘူမိတက္ကသိုလ် မှ အပ်နှင်းသည့် အမြင့်ဆုံးဘွဲ့ ဖြစ်သည့် ပါဠိစာပေပညာရှင် ပါဠိသတ္ထဝိဘာဝီ Doctor of Literature (D.Litt) ဘွဲ့ အား ရရှိခဲ့သော ပါဠိစာပေပညာရှင် ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသ၏ ပါဠိကျမ်းပြုစုမှုအတွေ့အကြုံများနှင့် ဖြတ်သန်းခဲ့သော သာသနာ့ ခရီးလမ်းအတွေ့အကြုံများ ကြည်ညိုသဒ္ဒါတရားပွားများ စေနိုင်ရန်အတွက် အတွေ့အကြုံများကို ကုသိုလ်ပြု ရိုက်ကူး ထားသည့် ပါဠိသတ္ထဝိဘာဝီစကားသံများ အစီအစဉ် အပိုင်း(၁) အနေဖြင့် ဖော်ပြအပ်ပါသည်။
Youtube Link: https://youtu.be/ptL__BId4Jg
ဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသသည် နှစ်ပေါင်း (၁၂၅)နှစ် သက်တမ်းရှိသော သဒ္ဒသင်္ဂဟ ပါဠိသဒ္ဒါကျမ်းကြီးကို စနစ်တကျ တည်းဖြတ်ပြုစုခဲ့ပါတယ်။

ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာတန်း Level 1, Level 2, Level 3 စာမေးပွဲ များ နှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2 P...
03/03/2026

ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာတန်း Level 1, Level 2, Level 3 စာမေးပွဲ များ နှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2 Part 3 စာမေးပွဲဝင်ခွင့် များအတွက် Application Forms များကို ၃/၃/၂၀၂၆ ရက်နေ့ မှ စ၍ Online Form ဖြင့်လည်းကောင်း၊ ၄/၃/၂၀၂၆ မှစ၍ Physical Form ဖြင့်လည်းကောင်း အောက်ဖော်ပြပါ ရုံးခန်းနေရာများတွင်လျှောက်လွှာများတင်သွင်းနိုင်ပါသည်။
🔹🔹🔹🔹🔹🔹

Online မှလျှောက်လွှာတင်သွင်းရန် Link:
https://admission.universitywisdomland.edu.mm/

🔹🔹🔹🔹🔹🔹
ပညာဘူမိတက္ကသိုလ် က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ပထမ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက်

သုတဓမ္မ ဒီပလိုမာအတန်း Level အလိုက် လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 လျှောက်လွှာများကို အောက်ဖေါ်ပြပါ ရုံးခန်းနေရာများတွင် ၄/၃/၂၀၂၆ ရက်နေ့မှ ၂၁/၃/၂၀၂၆ ရက်နေ့ နေ့ခင်း၂:၀၀ နာရီ အထိလျှောက်လွှာများတင်သွင်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Registration Fees မှာ ၇၀၀၀ ကျပ် ကျသင့်ပါမည်။ MMQR ဖြင့်လည်း Form ကြေး ပေးသွင်းနိုင်ပါသည်။

၄/၃/၂၀၂၆ ရက်နေ့ မှစ၍ လျှောက်လွှာတင်ရန် ရုံးလိပ်စာများမှာ

(၁) အမှတ် (၁၀/ဃ)၊ အင်းလျားရိပ်သာလမ်း၊ (၁၀)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့၊ ရန်ကုန်းတိုင်းဒေသကြီး၊ ၁၁၀၆၁၊
ရုံးခန်းဖွင့်ချိန်။ Monday To Friday (10:00 AM to 02:00PM)
Tel: +959788955566
Email:[email protected]
www.universitywisdomland.edu.mm

(၂) ဓမ္မသဟာယသာသနစင်တာ ရုံးခန်း နံနက် (၈း၀၀) နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့ခင်း (၁း၀၀) နာရီမှ (၃း၀၀) နာရီ အတွင်း၊ (အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။) ပိတ်ရက်မရှိပါ။

(၃) ၀ဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ရုံးခန်း ရုံးခန်း (ယာယီ) နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊
(ခွါညိုပန်းဝိုင်း၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန် ရက်များအားလုံးရုံးခန်းဖွင့်သည်။

(၄) စစ်ကိုင်း မဟာ သုဗောဓာရုံကျောင်းတိုက်
ဉုးနန္ဒောဘာသာလင်္ကာရ
+959798262626
ရတနသုခ မဉ္ဇရီ ကျောင်းဆောင်
မဟာသုဗောဓာရုံကျောင်းတိုက်
စစ်ကိုင်းမြို့

(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)
ပညာဘူမိတက္ကသိုလ်

ပညာဘူမိတက္ကသိုလ် မှ အပ်နှင်းသည့် အမြင့်ဆုံးဘွဲ့ ဖြစ်သည့် ပါဠိစာပေပညာရှင် ပါဠိသတ္ထဝိဘာဝီ Doctor of Literature (D.Litt) ဘွ...
26/02/2026

ပညာဘူမိတက္ကသိုလ် မှ အပ်နှင်းသည့် အမြင့်ဆုံးဘွဲ့ ဖြစ်သည့် ပါဠိစာပေပညာရှင် ပါဠိသတ္ထဝိဘာဝီ Doctor of Literature (D.Litt) ဘွဲ့ အား တက္ကသိိုလ် အဓိပတိဆရာတော်ဘုရား ကိုယ်တော်တိုင် ဆရာတော် သံဃာတော် အရှင်သူမြတ် (၅) ပါး အား အပ်နှင်းသည့် အခမ်းအနား မှတ်တမ်းဓာတ်ပုံများ နှင့် တိုက်ရိုက်
ရိုက်ကူး ထုတ်လွှင့်ခဲ့သည့် တက္ကသိုလ် YouTube Live https://www.youtube.com/live/8NsYeB-aSJ0?si=KT9myM6k8pbBVgZ9 က်ုဖေါ်ပြအပ်ပါသည်။

D.Litt ဘွဲ့ အပ်နှင်းဆပ်ကပ်ခြင်းခံရသည့်ဆရာတော် များ ပြင်ဆင် သုတ်သင်တည်းဖြတ် ခဲ့ ပြီး တက္ကသိုလ် သို့ တင်သွင်းခဲ့သည့် ကျမ်းစာ များမှာ နှစ်ပေါင်း ၁၀၀ ကျော်
ကနေ နှစ်ပေါင်း ၄၄၈ နှစ် အကြာ ရှိ ကျမ်းစာများပင်ပါဝင်သည်။

ပေ ပုရပိုက်များ၌သာ ရှိသော ပါဠိကျမ်းစာများနှင့် နှစ်ပေါင်းများစွာ တည်းဖြတ်ခြင်းမရှိ၍ အရေးအသားချွတ်ချော် တိမ်းပါးလျက်ရှိသော ပါဠိကျမ်းအိပ်များကို ပြင်ဆင်တည်းဖြတ်၍ ပညာဘူမိ တက္ကသိုလ် Academic Board အဖွဲ့သို့ တင်သွင်းသူအား စိစစ်ရွေးချယ်၍ ပါဠိသတ္ထဝိဘာဝီ ( ပါဠိစာပေပညာရှင် ) Doctor of literature (D.Litt) ဘွဲ့ အပ်နှင်းမည့် (မူဝါဒ) နှင့် အညီ အပ်နှင်းခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ် မှ D.Litt ဘွဲ့ အပ်နှင်းခဲ့သည့် ဆရာတော် ကြီးများမှာ

(၁) ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသ ကျမ်းအမည်- သဒ္ဒသင်္ဂဟပါဠိမဟာဗျာကရဏ (ပေမူ) (နှာ- ၈၆၅)
မဟာဂန္ဓာရုံကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့။
(၂) ဘဒ္ဒန္တသာသနဝရ ကျမ်းအမည်- ဂန္ထာဘရဏာဒိပကရဏစတုက္က (နှာ-၂၅၇) စိန်ရတနာ ဓမ္မာစရိယစာသင်တိုက်၊ ရန်ကုန်မြို့။
(၃) ဘဒ္ဒန္တ အာဒိစ္စဝံသာလင်္ကာရ
ကျမ်းအမည်- အင်္ကုရဋီကာ (နှာ-၄၄၂) ဓမ္မာဓိပတိဓမ္မရိပ်သာ၊ လှည်းကူးမြို့။
(၄) ဘဒ္ဒန္တသိရိန္ဒ ကျမ်းအမည်- ပရမတ္ထဝိသောဓနီဋီကာ (နှာ-၂၈၁) ဓမ္မပါရဂူကျောင်း၊ ရှိမ္မကားရွာ၊ ဝက်လက်မြို့နယ်။
(၅) ဘဒ္ဒန္တပညာနန္ဒာလင်္ကာရ
ကျမ်းအမည်- နိရုတ္တိသာရမဉ္ဇူသာဋီကာ ( နှာ-၇၂ဝ)
မဟာမင်းထင်ကျောင်းတိုက်၊ မင်းဝံတောင်ရိုး၊ စစ်ကိုင်းမြို့ တို့ဖြစ်သည်။

Address

Yangon-Mandalay Express Highway, 7/6 Mile
Hlegu
11375

Alerts

Be the first to know and let us send you an email when University of Wisdom Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to University of Wisdom Land:

Share