30/01/2021
နည်းပညာတက္ကသိုလ်(မှော်ဘီ) တွင်
(၃)ထပ်စာသင်ဆောင် အသစ် (၁)ဆောင်အား
လက်ရှိ (၃)ထပ်ဆောင်နှင့် အပြိုင် ဆောက်လုပ်ရန် ယနေ့ (၃၀-၁-၂၀၂၁) စနေနေ့ မနက်တွင် မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်မင်္ဂလာ ကျင်းပပြုလုပ်သည်။ စီမံ/နယ်မြေ/ကသ တာဝန်ခံပုဂ္ဂိုလ်များ၊ ဆရာသမဂ္ဂကိုယ်စားလှယ်/ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ Master Plan ရေးဆွဲနေသည့် Archi Team အဖွဲ့ဝင် ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူများ ပန္နက်တိုင်စိုက်ထူပါသည်။