20/05/2026
ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ်
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
ဝင်ခွင့်စာမေးပွဲရက်စွဲ နှင့်
အဆောင်ဝင်ခွင့်ရက်များ ကြေညာခြင်း
(ဝင်ခွင့်လျှောက်ထားလွှာများကို ဆက်လက်လျှောက်ထားနိုင်ပါသေးသည်။)
ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် အောက်ပါ ကြေညာချက်များကို ထုတ်ပြန်လိုက်သည်။
(က) ကျောင်းသားဟောင်းများအားလုံးသည် မေလ (၃၁) ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထား၍ ပြန်လည်ရောက်ရှိ သီတင်းသုံးကြရမည်၊
(ခ) ကျောင်းသားဟောင်းများအားလုံးသည် အဆောင်နေအဖြစ် ဆက်လက်သီတင်းသုံးခွင့် (သို့မဟုတ်) ရပ်နားခွင့်အတွက် အဆောင်နေဝင်ခွင့်ပုံစံများ ဖြည့်စွက်ကာ မေလ (၃၁) ရက် မတိုင်မီ တစ်ပတ်ကြိုတင်၍ တင်သွင်းလျှောက်ထားကြရမည်၊
(ဂ) ကျောင်းသားသစ်များအတွက် ဝင်ခွင့်စာမေးပွဲကို ဇွန်လ (၆) ရက်၊ စနေနေ့တွင် ကျင်းပမည်၊
(ဃ) ဝင်ခွင့်စာမေးပွဲ ဂေဇက်ကို ဇွန်လ (၈) ရက်၊ တနင်္လာနေ့တွင် ထုတ်ပြန်မည်၊
(င) ဝင်ခွင့်အောင်မြင်သော ကျောင်းသားသစ်များသည် ဇွန်လ (၁၄) ရက်၊ နယုန်လကွယ်နေ့ နောက်ဆုံးထားကာ တက္ကသိုလ်သို့ အရောက်လာကြရမည်၊
(စ) အတန်းသစ်များကို ဇွန်လ (၁၅) ရက် (တနင်္လာနေ့)၊ ပထမဝါဆိုလဆန်း (၁) ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားပေးမည်။
သတ်မှတ်ရက်အတွင်း စာရင်းသွင်းခြင်းမရှိသော ကျောင်းသားများကို သီတင်းသုံးနေထိုင်လိမ့်မည် မဟုတ်ဟု နားလည်သတ်မှတ်မည်ဖြစ်သည်။
𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐨𝐟
𝐄𝐧𝐭𝐫𝐚𝐧𝐜𝐞 𝐄𝐱𝐚𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝
𝐇𝐨𝐬𝐭𝐞𝐥 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞
Dhammadūta Chekinda University hereby announces the commencement of the 2026–2027 Academic Year and issues the following notifications:
1. All returning students are required to resume residence at the University hostel no later than 31 May 2026 (Sunday).
2. All resident students who wish to continue or suspend their hostel residence are required to complete and submit the Hostel Residence Registration Form at least one week prior to 31 May 2026.
3. The Entrance Examination for new applicants will be held on 6 June 2026 (Saturday).
4. The results of the Entrance Examination will be officially released on 8 June 2026 (Monday).
5. All newly admitted students must arrive at the University no later than 14 June 2026, the New Moon Day of Nayon.
6. Classes for the new Academic Year will officially commence on 15 June 2026 (Monday), the 1st Waxing Day of Warso.
Students who fail to complete registration within the prescribed period will be regarded as having forfeited their hostel residency.
Dhammaduta Chekinda University